KIA နှင့် TNLA တို့ နယ်မြေလုရာမှ ထိုးပွဲထပ်ဖြစ်ဟုဆို

 1926

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၂၇

ပုံစာ - ယခင် နယ်မြေ အငြင်းပွားစဥ်က ဓာတ်ပုံ

ရှမ်းပြည်နယ်၊ မန်တုံမြို့နယ်တွင် KIA နှင့် TNLA တပ်ဖွဲ့ဝင်တို့အကြား နယ်မြေလုရာမှ သတိလစ်မေ့မျောသည်အထိ ထိုးပွဲဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းမီဒီယာများ၏ ရေးသားထားချက်အရ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဖေဖော်ဝါရီ ၂၇ ရက်)၊ မွန်းလွဲ ၁၂ နာရီကျော်ဝန်းကျင်ခန့်က မန်တုံမြို့နယ်၊ မန်မောက်ရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကျေးရွာရှိ KIA အဖွဲ့ထံသို့ TNLA အဖွဲ့က ရောက်ရှိလာပြီးနောက် (၂)ဖက်အချင်းများရာ ထိုးကြိတ်ပွဲဖြစ်ပွားခဲ့ပြီး KIA တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ သတိလစ်သွားခဲ့ကြောင်း သိရသည်။
KIA နှင့် TNLA လက်နက်ကိုင်(၂)ဖွဲ့သည့် နယ်မြေအငြင်းပွားမှုဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မကြာခဏ အချင်းများလေ့ရှိပြီး ယခင်က တစ်ဦးချင်းစိန်ခေါ်ထိုးကြိတ်ရာမှ လက်ရှိတွင် အဖွဲ့လိုက်ထိုးကြိတ်သည်အထိ ဖြစ်ပွားလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက် နံနက်အစောပိုင်းကလည်း KIO ၏ တိုက်နယ်ရုံးတစ်ခုကို TNLA က အင်အားအလုံးအရင်းဖြင့် ရောက်ရှိလာကာ KIA တပ်ဖွဲ့ဝင်များကိုမောင်းထုတ်ကာ တိုက်နယ်ရုံးကို သိမ်းယူခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားဖူးကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၂၃ ရက်ကလည်း KIA တပ်ဖွဲ့ထိန်းချုပ်ထားရာ လောက်ကျယ်၊ ရော်ကျိန်းနှင့် မန်ဖန်ဂိတ်စခန်း(၃) ခု အပါအဝင် မန်မောက်ကျေးရွာရှိ KIO ၏ မန်ပွန်းတိုက်နယ်ရုံးကို TNLA အင်အားအလုံးအရင်းဖြင့် ရောက်ရှိလာပြီး တပ်ဖွဲ့ဝင်များကို ရိုက်နှက်ဖမ်းဆီးကာ လက်နက်ခဲယမ်းများ သိမ်းယူခဲ့ကြောင်း သိရသည်။

နယ်မြေအငြင်းပွားမှုကြောင့် စစ်ရေးတင်းမာမှုများ မကြာခဏ ဖြစ်ပွားနေသည့် KIA နှင့် TNLA ကြား ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက်တွင် မန်ဖန်ကျေးရွာ နှင့် ဇန်နဝါရီလ ၂၇ ရက်တွင် ရွှေလီချိုင့်ဝှမ်းဒေသတွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးဖြစ်ကြောင်း ဒေသတွင်းမီဒီယာများ၏ ရေးသားဖော်ပြချက်အရ သိရသည်။

Zawgyi Version:
KIA ႏွင့္ TNLA တို႔ နယ္ေျမလုရာမွ ထိုးပြဲထပ္ျဖစ္ဟုဆို
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၂၇

ပုံစာ - ယခင္ နယ္ေျမ အျငင္းပြားစဥ္က ဓာတ္ပုံ

ရွမ္းျပည္နယ္၊ မန္တုံၿမိဳ႕နယ္တြင္ KIA ႏွင့္ TNLA တပ္ဖြဲ႕ဝင္တို႔အၾကား နယ္ေျမလုရာမွ သတိလစ္ေမ့ေမ်ာသည္အထိ ထိုးပြဲျဖစ္ပြားခဲ့ေၾကာင္း ေဒသတြင္းမီဒီယာမ်ား၏ ေရးသားထားခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ ယေန႔ (ေဖေဖာ္ဝါရီ ၂၇ ရက္)၊ မြန္းလြဲ ၁၂ နာရီေက်ာ္ဝန္းက်င္ခန႔္က မန္တုံၿမိဳ႕နယ္၊ မန္ေမာက္႐ြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေက်း႐ြာရွိ KIA အဖြဲ႕ထံသို႔ TNLA အဖြဲ႕က ေရာက္ရွိလာၿပီးေနာက္ (၂)ဖက္အခ်င္းမ်ားရာ ထိုးႀကိတ္ပြဲျဖစ္ပြားခဲ့ၿပီး KIA တပ္ဖြဲ႕ဝင္တစ္ဦး ထိခိုက္ဒဏ္ရာရရွိကာ သတိလစ္သြားခဲ့ေၾကာင္း သိရသည္။
KIA ႏွင့္ TNLA လက္နက္ကိုင္(၂)ဖြဲ႕သည့္ နယ္ေျမအျငင္းပြားမႈျဖင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ မၾကာခဏ အခ်င္းမ်ားေလ့ရွိၿပီး ယခင္က တစ္ဦးခ်င္းစိန္ေခၚထိုးႀကိတ္ရာမွ လက္ရွိတြင္ အဖြဲ႕လိုက္ထိုးႀကိတ္သည္အထိ ျဖစ္ပြားလာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ ၂၅ ရက္ နံနက္အေစာပိုင္းကလည္း KIO ၏ တိုက္နယ္႐ုံးတစ္ခုကို TNLA က အင္အားအလုံးအရင္းျဖင့္ ေရာက္ရွိလာကာ KIA တပ္ဖြဲ႕ဝင္မ်ားကိုေမာင္းထုတ္ကာ တိုက္နယ္႐ုံးကို သိမ္းယူခဲ့သည့္ျဖစ္စဥ္ျဖစ္ပြားဖူးေၾကာင္း သိရသည္။

အလားတူ ေဖေဖာ္ဝါရီလ ၂၃ ရက္ကလည္း KIA တပ္ဖြဲ႕ထိန္းခ်ဳပ္ထားရာ ေလာက္က်ယ္၊ ေရာ္က်ိန္းႏွင့္ မန္ဖန္ဂိတ္စခန္း(၃) ခု အပါအဝင္ မန္ေမာက္ေက်း႐ြာရွိ KIO ၏ မန္ပြန္းတိုက္နယ္႐ုံးကို TNLA အင္အားအလုံးအရင္းျဖင့္ ေရာက္ရွိလာၿပီး တပ္ဖြဲ႕ဝင္မ်ားကို ႐ိုက္ႏွက္ဖမ္းဆီးကာ လက္နက္ခဲယမ္းမ်ား သိမ္းယူခဲ့ေၾကာင္း သိရသည္။

နယ္ေျမအျငင္းပြားမႈေၾကာင့္ စစ္ေရးတင္းမာမႈမ်ား မၾကာခဏ ျဖစ္ပြားေနသည့္ KIA ႏွင့္ TNLA ၾကား ၿပီးခဲ့သည့္ ဇန္နဝါရီ ၁၈ ရက္တြင္ မန္ဖန္ေက်း႐ြာ ႏွင့္ ဇန္နဝါရီလ ၂၇ ရက္တြင္ ေ႐ႊလီခ်ိဳင့္ဝွမ္းေဒသတြင္ ေတြ႕ဆုံေဆြးေႏြးခဲ့ၾကၿပီးျဖစ္ေၾကာင္း ေဒသတြင္းမီဒီယာမ်ား၏ ေရးသားေဖာ္ျပခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.