မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်ငွေပေးချေမှုအတွက် National QR Standard ဖြစ်သည့် MMQR စတင်အသုံးပြုနိုင်ပြီ

2738

ပီယ (NP News) ဖေဖော်ဝါရီ ၂၈
မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်ငွေပေးချေမှုအတွက် National QR Standard ဖြစ်သည့် MMQR စတင်အသုံးပြုခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၂၇ ရက်၊ နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ ၊ ကျောက်စိမ်းခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားကာ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ ငွေရေးကြေးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသည့် ငွေပေးချေမှုစနစ်၏ အောင်မြင်မှုမှတ်တိုင်တစ်ခုအဖြစ် မြန်မာနိုင်ငံ အမျိုးသားစံ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ထားသည့် “လျင်မြန်လွယ်ကူစွာ ငွေပေးချေနိုင်သည့် နိုင်ငံတော်အဆင့် ကြူအာကုတ်စနစ်၊ မြန်မာကြူအာ(MMQR)”ကို နိုင်ငံတကာ စံသတ်မှတ်ချက်များနှင့်အညီ အများပြည်သူများအနေဖြင့် ယနေ့မှ စတင် အသုံးပြုနိုင်ပြီဖြစ်ကြောင်းကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ပထမဦးစွာ အသိပေးပြောကြားလို ကြောင်း ထည့်သွင်းပြောကြားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံ၏ငွေပေးချေမှုစနစ်များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကတာဝန်ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် လည်း မြန်မာနိုင်ငံ၏ ငွေပေးချေမှုစနစ်ကို ခေတ်နှင့်အညီ တိုးတက်လာရန်၊ နိုင်ငံတကာ စံသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန်၊ အများပြည်သူ၏ နေ့စဉ်လူမှုဘဝတွင် ငွေလွှဲပြောင်းပေးချေမှုများကို လုံခြုံစိတ်ချစွာဖြင့် လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရန်၊ ငွေရေးကြေးရေးစနစ်တွင် ပြည်သူများအားလုံး အလုံးစုံပါဝင်လာနိုင်ရေးကို မြှင့်တင်နိုင် ရန်၊ နိုင်ငံအတွင်း ငွေသားကိုင်တွယ်သုံးစွဲမှု လျှော့ချနိုင်ပြီး ဒစ်ဂျစ်တယ်ပေးချေမှုများကို တိုးမြှင့်သုံးစွဲနိုင်ရန်၊ နိုင်ငံ၏ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်းနှင့် ပြည်ပ ငွေလွှဲဆိုင်ရာကိစ္စရပ်များကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် စသည်တို့အတွက် ငွေပေးချေမှုစနစ် ဖွံ့ဖြိုးတိုးတက်လာစေမည့်လုပ်ငန်းစဉ်များကို အစဉ်တစိုက် ဆောင်ရွက်ပေးနေသည်ကို တွေ့ရှိရကြောင်း ပြောကြားသည်။
ပြည်တွင်း၌မိုဘိုင်းသုံးစွဲမှုတိုးတက်လာသည်နှင့်အမျှ ဘဏ်လုပ်ငန်း ဝန်ဆောင်မှု မရရှိသေးသည့်ဒေသက ပြည်သူများအနေဖြင့်လည်း ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုများကို ရရှိရန်လိုအပ်ကြောင်း၊ ထို့ကြောင့်လည်း ဒစ်ဂျစ်တယ်ပေးချေမှု နည်းလမ်းများကို အခြေခံလူတန်းစားများအထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရန် မြန်မာနိုင်ငံတော် ဗဟို ဘဏ်သည် မိုဘိုင်းဘဏ်လုပ်ငန်း၊ အင်တာနက် ဘဏ်လုပ်ငန်း၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်း၊ မိုဘိုင်းပေးလုပ်ငန်း၊ ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်း ပေးသည့် ဝန်ဆောင်မှုလုပ်ငန်းများကို ဥပဒေ၊ စည်းမျဉ်းများ၊ ညွှန်ကြားချက်များ၊ အမိန့် များ ထုတ်ပြန်ဆောင်ရွက်ပေးခဲ့ကြောင်း၊ မီတာခ၊ အခွန်အခများ၊ အစိုးရဝန်ထမ်း လစာများ၊ အာမခံကြေးကောက်ခံမှုများ၊ အသေးစားချေးငွေ ထုတ်ချေးခြင်းနှင့် ကောက်ခံ ခြင်းများစသည့် အစိုးရငွေပေးချေမှုများသာမက အသေးစား ငွေပေးချေမှုများအတွက် လည်း စနစ်တကျခွင့်ပြုပေးထားသည်ကို တွေ့ရှိရကြောင်း ထည့်သွင်းပြောကြားသည်။
အမျိုးသားငွေပေးချေမှုစနစ် မဟာဗျူဟာ၏ ရည်ရွယ်ချက်များနှင့်အညီ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးပြီး ဘဏ်များအကြားကွဲပြားသည့် မိုဘိုင်း ငွေကြေးဝန်ဆောင်မှု ပေးသူများအကြား မြန်မြန်ဆန်ဆန် ချိတ်ဆက်ဆောင်ရွက်နိုင် မည့် စနစ်တစ်ခုလိုအပ်ခဲ့ကြောင်း၊ ထို့ကြောင့်လည်း ကြူအာကုတ်ကို မြန်မာနိုင်ငံ အမျိုးသား စံသတ်မှတ်ချက်အဆင့် အသုံးပြုပြီး အပြန်အလှန် ချိတ်ဆက်ပေးချေနိုင်သည့် မြန်မာ ကြူအာ(MMQR)စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် စီစဉ် ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း၊ နိုင်ငံအတွင်း၌ မတူညီသည့် ငွေပေးချေမှုစနစ်များ၏ ကြူအာ ကုတ်အမျိုးမျိုး ကိုချိတ်ဆက်ပြီး ငွေပေးချေမှုများ ပိုမိုအဆင်ပြေ သုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများ ၏ နေ့စဉ်ဘဝတွင် အသုံးပြုမှုများသည့် လက်လီငွေလွှဲပြောင်းပေးချေမှုများကို စရိတ် သက်သက်သာသာဖြင့် လွယ်ကူမြန်ဆန်စွာ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာကြူအာ (MMQR) ကနေတစ်ဆင့် ငွေလွှဲပြောင်းပေးချေမှုများ ပြုလုပ်နိုင်ပုံအဆင့်ဆင့်ကိုလည်း သုံးစွဲသူပြည်သူများ ရှင်းရှင်းလင်းလင်း နားလည် အသုံးပြုနိုင်အောင် အသိပညာပေးသွားရန် လိုအပ်ကြောင်း ပြောကြားသည်။
မြန်မာကြူအာ(MMQR)ကို အသုံးပြုခြင်းအားဖြင့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှု အသုံးပြုနိုင်ခြင်းမရှိသေးသူများသာမက ရှိပြီးသားသူများကိုပါ ငွေရေးကြေးရေး စနစ် တွင် ပိုမိုပါဝင်လာနိုင်ပြီး ငွေကြေးဝန်ဆောင်မှုများကိုရယူနိုင်ရန် အထောက်အကူပြု နိုင်မည်ဖြစ်ကြောင်း၊ ငွေသားကိုင်တွယ်သုံးစွဲမှုအား လျှော့ချနိုင်မည်လည်းဖြစ်ကြောင်း၊ ထို့ပြင် မတူညီသည့် ဘဏ်စာရင်းများ၊ မတူညီသည့် ဒစ်ဂျစ်တယ် မိုဘိုင်းပိုက်ဆံအိတ် များ၊ မတူညီသည့် ပေးချေမှုစနစ်များကို ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည့်အတွက် ကုန်သည်များနှင့် အသုံးပြုသူများအကြား ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာများတွင် လျင်မြန် လွယ်ကူပြီး ရှုပ်ထွေးမှုများကို ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။
မြန်မာကြူအာ (MMQR)အသုံးပြုပြီး ငွေပေးချေမှုနှင့် အစိုးရကို အခွန်အခ၊ မီတာခပေးဆောင်ခြင်း၊ ခရီးသွားလုပ်ငန်း၊ နိုင်ငံ့ဝန်ထမ်းများ လစာပေးခြင်း၊ ပင်စင် ထုတ်ပေးခြင်း၊ အသေးစားစီးပွားရေးလုပ်ငန်း၊ စက်သုံးဆီအရောင်းဆိုင်၊ ပုဂ္ဂလိက ဆေးရုံများ၊ ကျောင်းများနှင့် လူသုံးကုန်ပစ္စည်းများရောင်းချခြင်း အစရှိသည့် စီးပွားရေး လုပ်ငန်းစုံစုံလင်လင်တွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ကဏ္ဍစုံက စီးပွားရေး လုပ်ငန်းများ စုံစုံလင်လင်ပါဝင်လာနိုင်မည်ဖြစ်သည့်အတွက် လွယ်ကူထိရောက် မြန်ဆန် ပြီး စွမ်းဆောင်ရည်ပြည့်သည့်ငွေပေးချေမှုစနစ်တစ်ရပ်ကိုဖော်ဆောင်နိုင်မည်ပင်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ က ပြောသည်။

Zawgyi Version:
ျမန္မာႏိုင္ငံ၏ ဒီဂ်စ္တယ္ေငြေပးေခ်မႈအတြက္ National QR Standard ျဖစ္သည့္ MMQR စတင္အသုံးျပဳႏိုင္ၿပီ
ပီယ (NP News) ေဖေဖာ္ဝါရီ ၂၈
ျမန္မာႏိုင္ငံ၏ ဒီဂ်စ္တယ္ေငြေပးေခ်မႈအတြက္ National QR Standard ျဖစ္သည့္ MMQR စတင္အသုံးျပဳျခင္းအခမ္းအနားကို ေဖေဖာ္ဝါရီလ ၂၇ ရက္၊ နံနက္ပိုင္းက ေနျပည္ေတာ္ရွိ ျမန္မာ အျပည္ျပည္ဆိုင္ရာ ကြန္ဗင္းရွင္းဗဟိုဌာန-၁ ၊ ေက်ာက္စိမ္းခန္းမတြင္ က်င္းပခဲ့သည္။
အဆိုပါ အခမ္းအနားသို႔ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ တက္ေရာက္အမွာစကားေျပာၾကားကာ ဖြင့္လွစ္ေပးခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံ ေငြေရးေၾကးေရး က႑ဖြံ႕ၿဖိဳးတိုးတက္မႈတြင္ အေရးပါသည့္ ေငြေပးေခ်မႈစနစ္၏ ေအာင္ျမင္မႈမွတ္တိုင္တစ္ခုအျဖစ္ ျမန္မာႏိုင္ငံ အမ်ိဳးသားစံ သတ္မွတ္ခ်က္မ်ားႏွင့္အညီ ေဆာင္႐ြက္ထားသည့္ “လ်င္ျမန္လြယ္ကူစြာ ေငြေပးေခ်ႏိုင္သည့္ ႏိုင္ငံေတာ္အဆင့္ ၾကဴအာကုတ္စနစ္၊ ျမန္မာၾကဴအာ(MMQR)”ကို ႏိုင္ငံတကာ စံသတ္မွတ္ခ်က္မ်ားႏွင့္အညီ အမ်ားျပည္သူမ်ားအေနျဖင့္ ယေန႔မွ စတင္ အသုံးျပဳႏိုင္ၿပီျဖစ္ေၾကာင္းကို ဂုဏ္ယူဝမ္းေျမာက္စြာျဖင့္ ပထမဦးစြာ အသိေပးေျပာၾကားလို ေၾကာင္း ထည့္သြင္းေျပာၾကားသည္။
ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္အေနျဖင့္ ႏိုင္ငံ၏ေငြေပးေခ်မႈစနစ္မ်ား ဖြံ႕ၿဖိဳး တိုးတက္ေရးအတြက္ အဓိကတာဝန္ရွိသည့္ အဖြဲ႕အစည္းတစ္ခုျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ လည္း ျမန္မာႏိုင္ငံ၏ ေငြေပးေခ်မႈစနစ္ကို ေခတ္ႏွင့္အညီ တိုးတက္လာရန္၊ ႏိုင္ငံတကာ စံသတ္မွတ္ခ်က္မ်ားႏွင့္အညီ ေဆာင္႐ြက္ႏိုင္ရန္၊ အမ်ားျပည္သူ၏ ေန႔စဥ္လူမႈဘဝတြင္ ေငြလႊဲေျပာင္းေပးေခ်မႈမ်ားကို လုံၿခဳံစိတ္ခ်စြာျဖင့္ လြယ္ကူလ်င္ျမန္စြာ ေဆာင္႐ြက္ႏိုင္ရန္၊ ေငြေရးေၾကးေရးစနစ္တြင္ ျပည္သူမ်ားအားလုံး အလုံးစုံပါဝင္လာႏိုင္ေရးကို ျမႇင့္တင္ႏိုင္ ရန္၊ ႏိုင္ငံအတြင္း ေငြသားကိုင္တြယ္သုံးစြဲမႈ ေလွ်ာ့ခ်ႏိုင္ၿပီး ဒစ္ဂ်စ္တယ္ေပးေခ်မႈမ်ားကို တိုးျမႇင့္သုံးစြဲႏိုင္ရန္၊ ႏိုင္ငံ၏ကုန္သြယ္မႈ၊ ရင္းႏွီးျမႇဳပ္ႏွံမႈ၊ ခရီးသြားလုပ္ငန္းႏွင့္ ျပည္ပ ေငြလႊဲဆိုင္ရာကိစၥရပ္မ်ားကို အဆင္ေျပေခ်ာေမြ႕စြာ ေဆာင္႐ြက္ႏိုင္ရန္ စသည္တို႔အတြက္ ေငြေပးေခ်မႈစနစ္ ဖြံ႕ၿဖိဳးတိုးတက္လာေစမည့္လုပ္ငန္းစဥ္မ်ားကို အစဥ္တစိုက္ ေဆာင္႐ြက္ေပးေနသည္ကို ေတြ႕ရွိရေၾကာင္း ေျပာၾကားသည္။
ျပည္တြင္း၌မိုဘိုင္းသုံးစြဲမႈတိုးတက္လာသည္ႏွင့္အမွ် ဘဏ္လုပ္ငန္း ဝန္ေဆာင္မႈ မရရွိေသးသည့္ေဒသက ျပည္သူမ်ားအေနျဖင့္လည္း ေငြေရးေၾကးေရးဆိုင္ရာ ဝန္ေဆာင္မႈမ်ားကို ရရွိရန္လိုအပ္ေၾကာင္း၊ ထို႔ေၾကာင့္လည္း ဒစ္ဂ်စ္တယ္ေပးေခ်မႈ နည္းလမ္းမ်ားကို အေျခခံလူတန္းစားမ်ားအထိ က်ယ္က်ယ္ျပန႔္ျပန႔္ အသုံးျပဳႏိုင္ရန္ ျမန္မာႏိုင္ငံေတာ္ ဗဟို ဘဏ္သည္ မိုဘိုင္းဘဏ္လုပ္ငန္း၊ အင္တာနက္ ဘဏ္လုပ္ငန္း၊ မိုဘိုင္းေငြေရးေၾကးေရး ဝန္ေဆာင္မႈလုပ္ငန္း၊ မိုဘိုင္းေပးလုပ္ငန္း၊ ေရာင္းခ်သူကိုယ္စား ေငြေကာက္ခံရွင္းလင္း ေပးသည့္ ဝန္ေဆာင္မႈလုပ္ငန္းမ်ားကို ဥပေဒ၊ စည္းမ်ဥ္းမ်ား၊ ၫႊန္ၾကားခ်က္မ်ား၊ အမိန႔္ မ်ား ထုတ္ျပန္ေဆာင္႐ြက္ေပးခဲ့ေၾကာင္း၊ မီတာခ၊ အခြန္အခမ်ား၊ အစိုးရဝန္ထမ္း လစာမ်ား၊ အာမခံေၾကးေကာက္ခံမႈမ်ား၊ အေသးစားေခ်းေငြ ထုတ္ေခ်းျခင္းႏွင့္ ေကာက္ခံ ျခင္းမ်ားစသည့္ အစိုးရေငြေပးေခ်မႈမ်ားသာမက အေသးစား ေငြေပးေခ်မႈမ်ားအတြက္ လည္း စနစ္တက်ခြင့္ျပဳေပးထားသည္ကို ေတြ႕ရွိရေၾကာင္း ထည့္သြင္းေျပာၾကားသည္။
အမ်ိဳးသားေငြေပးေခ်မႈစနစ္ မဟာဗ်ဴဟာ၏ ရည္႐ြယ္ခ်က္မ်ားႏွင့္အညီ ဒစ္ဂ်စ္တယ္ဘဏ္လုပ္ငန္းမ်ား ပိုမိုဖြံ႕ၿဖိဳးၿပီး ဘဏ္မ်ားအၾကားကြဲျပားသည့္ မိုဘိုင္း ေငြေၾကးဝန္ေဆာင္မႈ ေပးသူမ်ားအၾကား ျမန္ျမန္ဆန္ဆန္ ခ်ိတ္ဆက္ေဆာင္႐ြက္ႏိုင္ မည့္ စနစ္တစ္ခုလိုအပ္ခဲ့ေၾကာင္း၊ ထို႔ေၾကာင့္လည္း ၾကဴအာကုတ္ကို ျမန္မာႏိုင္ငံ အမ်ိဳးသား စံသတ္မွတ္ခ်က္အဆင့္ အသုံးျပဳၿပီး အျပန္အလွန္ ခ်ိတ္ဆက္ေပးေခ်ႏိုင္သည့္ ျမန္မာ ၾကဴအာ(MMQR)စနစ္ကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္ရန္ စီစဥ္ ေဆာင္႐ြက္ခဲ့ ျခင္းျဖစ္ေၾကာင္း၊ ႏိုင္ငံအတြင္း၌ မတူညီသည့္ ေငြေပးေခ်မႈစနစ္မ်ား၏ ၾကဴအာ ကုတ္အမ်ိဳးမ်ိဳး ကိုခ်ိတ္ဆက္ၿပီး ေငြေပးေခ်မႈမ်ား ပိုမိုအဆင္ေျပ သုံးစြဲႏိုင္မည္ျဖစ္ေၾကာင္း၊ ျပည္သူမ်ား ၏ ေန႔စဥ္ဘဝတြင္ အသုံးျပဳမႈမ်ားသည့္ လက္လီေငြလႊဲေျပာင္းေပးေခ်မႈမ်ားကို စရိတ္ သက္သက္သာသာျဖင့္ လြယ္ကူျမန္ဆန္စြာ ျပဳလုပ္ႏိုင္မည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ျမန္မာၾကဴအာ (MMQR) ကေနတစ္ဆင့္ ေငြလႊဲေျပာင္းေပးေခ်မႈမ်ား ျပဳလုပ္ႏိုင္ပုံအဆင့္ဆင့္ကိုလည္း သုံးစြဲသူျပည္သူမ်ား ရွင္းရွင္းလင္းလင္း နားလည္ အသုံးျပဳႏိုင္ေအာင္ အသိပညာေပးသြားရန္ လိုအပ္ေၾကာင္း ေျပာၾကားသည္။
ျမန္မာၾကဴအာ(MMQR)ကို အသုံးျပဳျခင္းအားျဖင့္ ဘဏ္လုပ္ငန္း ဝန္ေဆာင္မႈ အသုံးျပဳႏိုင္ျခင္းမရွိေသးသူမ်ားသာမက ရွိၿပီးသားသူမ်ားကိုပါ ေငြေရးေၾကးေရး စနစ္ တြင္ ပိုမိုပါဝင္လာႏိုင္ၿပီး ေငြေၾကးဝန္ေဆာင္မႈမ်ားကိုရယူႏိုင္ရန္ အေထာက္အကူျပဳ ႏိုင္မည္ျဖစ္ေၾကာင္း၊ ေငြသားကိုင္တြယ္သုံးစြဲမႈအား ေလွ်ာ့ခ်ႏိုင္မည္လည္းျဖစ္ေၾကာင္း၊ ထို႔ျပင္ မတူညီသည့္ ဘဏ္စာရင္းမ်ား၊ မတူညီသည့္ ဒစ္ဂ်စ္တယ္ မိုဘိုင္းပိုက္ဆံအိတ္ မ်ား၊ မတူညီသည့္ ေပးေခ်မႈစနစ္မ်ားကို ခ်ိတ္ဆက္အသုံးျပဳႏိုင္မည္ျဖစ္သည့္အတြက္ ကုန္သည္မ်ားႏွင့္ အသုံးျပဳသူမ်ားအၾကား ေငြေၾကးစီမံခန႔္ခြဲမႈဆိုင္ရာမ်ားတြင္ လ်င္ျမန္ လြယ္ကူၿပီး ရႈပ္ေထြးမႈမ်ားကို ေျဖရွင္းႏိုင္မည္ ျဖစ္ေၾကာင္း ထည့္သြင္းေျပာၾကားသည္။
ျမန္မာၾကဴအာ (MMQR)အသုံးျပဳၿပီး ေငြေပးေခ်မႈႏွင့္ အစိုးရကို အခြန္အခ၊ မီတာခေပးေဆာင္ျခင္း၊ ခရီးသြားလုပ္ငန္း၊ ႏိုင္ငံ့ဝန္ထမ္းမ်ား လစာေပးျခင္း၊ ပင္စင္ ထုတ္ေပးျခင္း၊ အေသးစားစီးပြားေရးလုပ္ငန္း၊ စက္သုံးဆီအေရာင္းဆိုင္၊ ပုဂၢလိက ေဆး႐ုံမ်ား၊ ေက်ာင္းမ်ားႏွင့္ လူသုံးကုန္ပစၥည္းမ်ားေရာင္းခ်ျခင္း အစရွိသည့္ စီးပြားေရး လုပ္ငန္းစုံစုံလင္လင္တြင္ အသုံးျပဳႏိုင္မည္ျဖစ္ေၾကာင္း၊ ယခုကဲ့သို႔ က႑စုံက စီးပြားေရး လုပ္ငန္းမ်ား စုံစုံလင္လင္ပါဝင္လာႏိုင္မည္ျဖစ္သည့္အတြက္ လြယ္ကူထိေရာက္ ျမန္ဆန္ ၿပီး စြမ္းေဆာင္ရည္ျပည့္သည့္ေငြေပးေခ်မႈစနစ္တစ္ရပ္ကိုေဖာ္ေဆာင္ႏိုင္မည္ပင္ျဖစ္ေၾကာင္း နစက ဥကၠ႒ က ေျပာသည္။