အင်ဒိုနီးရှားမှာ လိင်တူချစ်သူ အမျိုးသား ၂ ဦးကို လူမြင်ကွင်းမှာ ကြိမ်ဒဏ်ပေး

947
ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂၈
အင်ဒိုနီးရှားနိုင်ငံရဲ့တင်းကြပ်တဲ့ အစ္စလာမ်ဥပဒေရှိရာ အာချေးပြည်နယ်မှာ လိင်တူချစ်သူအမျိုးသားနှစ်ဦးကို လိင်တူလိင်ဆက်ဆံမှုနဲ့ ဖေဖော်ဝါရီ ၂၇ ရက်က အများပြည်သူရှိ ကြိမ်ဒဏ်အပြစ်ပေးခဲ့ပါတယ်။
ကမ္ဘာ့လူဦးရေ အများဆုံးနေထိုင်ရာ အင်ဒိုနီးရှားနိုင်ငံမှာ လိင်တူလိင်ဆက်ဆံခြင်းဟာ တရားမဝင်ပါဘူး။ ကြိမ်ဒဏ် အပြစ်ပေးခြင်းကို အာချေးစီရင်စုမြို့တော် ဘန်ဒါအက်ချ် ပန်းခြံတစ်ခုမှာပြုလုပ်ခဲ့တာဖြစ်ပြီး လိင်ဆက်ဆံဖို့ စတင် ဆွဲဆောင်သူအမျိုးသားကို ကြိမ်ဒဏ် ၈၂ ချက်၊ နောက် အမျိုးသားကို ကြိမ်ဒဏ် ၇၇ ချက် ချမှတ်ခဲ့ပါတယ်။
ဒါပေမယ့် ၂ ယောက်လုံး အကျဉ်းထောင်မှာ ၃ လကြာ နေခဲ့ရတဲ့အတွက် ကြိမ်ဒဏ် ၃ ချက် လျှော့ပေါ့ပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီအပြစ်ပေးမှုကို လူအရေအတွက် ဒါဇင်နဲ့ချီ လာရောက်ကြည့်ရှုကြပါတယ်။
အဲဒီအမျိုးသား ၂ ဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာလက ဘန်ဒါအက်ချ်ရှိ သူတို့ရဲ့ငှားရမ်းထားတဲ့အခန်းထဲမှာ အတူတူတွေ့ရှိ ရတာဖြစ်ပြီး လိင်တူ လိင်ဆက်ဆံမှု ရာဇ၀တ်မှုနဲ့ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
Zawgyi Version:
အင္ဒိုနီးရွားမွာ လိင္တူခ်စ္သူ အမ်ိဳးသား ၂ ဦးကို လူျမင္ကြင္းမွာ ႀကိမ္ဒဏ္ေပး
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂၈
အင္ဒိုနီးရွားႏိုင္ငံရဲ႕တင္းၾကပ္တဲ့ အစၥလာမ္ဥပေဒရွိရာ အာေခ်းျပည္နယ္မွာ လိင္တူခ်စ္သူအမ်ိဳးသားႏွစ္ဦးကို လိင္တူလိင္ဆက္ဆံမႈနဲ႔ ေဖေဖာ္ဝါရီ ၂၇ ရက္က အမ်ားျပည္သူရွိ ႀကိမ္ဒဏ္အျပစ္ေပးခဲ့ပါတယ္။
ကမာၻ႔လူဦးေရ အမ်ားဆုံးေနထိုင္ရာ အင္ဒိုနီးရွားႏိုင္ငံမွာ လိင္တူလိင္ဆက္ဆံျခင္းဟာ တရားမဝင္ပါဘူး။ ႀကိမ္ဒဏ္ အျပစ္ေပးျခင္းကို အာေခ်းစီရင္စုၿမိဳ႕ေတာ္ ဘန္ဒါအက္ခ်္ ပန္းၿခံတစ္ခုမွာျပဳလုပ္ခဲ့တာျဖစ္ၿပီး လိင္ဆက္ဆံဖို႔ စတင္ ဆြဲေဆာင္သူအမ်ိဳးသားကို ႀကိမ္ဒဏ္ ၈၂ ခ်က္၊ ေနာက္ အမ်ိဳးသားကို ႀကိမ္ဒဏ္ ၇၇ ခ်က္ ခ်မွတ္ခဲ့ပါတယ္။
ဒါေပမယ့္ ၂ ေယာက္လုံး အက်ဥ္းေထာင္မွာ ၃ လၾကာ ေနခဲ့ရတဲ့အတြက္ ႀကိမ္ဒဏ္ ၃ ခ်က္ ေလွ်ာ့ေပါ့ေပးခဲ့တယ္လို႔ သိရပါတယ္။ အဲဒီအျပစ္ေပးမႈကို လူအေရအတြက္ ဒါဇင္နဲ႔ခ်ီ လာေရာက္ၾကည့္ရႈၾကပါတယ္။
အဲဒီအမ်ိဳးသား ၂ ဦးကို ၿပီးခဲ့တဲ့ ႏိုဝင္ဘာလက ဘန္ဒါအက္ခ်္ရွိ သူတို႔ရဲ႕ငွားရမ္းထားတဲ့အခန္းထဲမွာ အတူတူေတြ႕ရွိ ရတာျဖစ္ၿပီး လိင္တူ လိင္ဆက္ဆံမႈ ရာဇ၀တ္မႈနဲ႔ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။