ထွေအုပ်ဝန်ထမ်းအယောင်ဆောင်ကာ ငွေလိမ်လည်တောင်းခံသူ (၂)ဦးကို ဖမ်းဆီးရန် ရှာဖွေနေ

1985

Pearl (NP News) - မတ် ၁
ရန်ကုန်တိုင်းဒေသကြီး၊ ပန်းပဲတန်းမြို့နယ်တွင် ထွေအုပ်ဝန်ထမ်းအယောင်ဆောင်၍ ငွေကြေးလိမ်လည်တောင်းခံ မှုများပြုလုပ်ခဲ့သော အမျိုးသား(၂)ဦးကို ဖမ်းဆီးရန် ရှာဖွေနေကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဖေဖော်ဝါရီလ ၂၈ ရက်) ၊ နေ့လည်(၂)နာရီ အချိန်ခန့်က ကျောက်တံတားခရိုင်၊ ပန်းဘဲတန်း မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ရွှေဘုံသာလမ်း(အောက်) တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရွှေဘုံသာလမ်း(အောက်)၊ အမှတ် (၁၅၄/၁၅၆) ရှိ ဒိုင်မွန်းဖလားဝါး ကျောက်မျက်ရတနာဆိုင်သို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝတ်စုံဝတ်ဆင်ထားသော အသက်(၃၀)နှစ်ဝန်းကျင်ခန့်ရှိ အမျိုးသား(၁)ဦး နှင့် အရပ်ဝတ် ဝတ်ဆင်ထားသော (၃၀) နှစ် ဝန်းကျင်ရှိ အမျိုးသားတစ်ဦးတို့ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
ထို့သို့ဝင်ရောက်လာပြီးနောက် သဘာဝဘေးအန္တရယ် ရန်ပုံငွေအတွက် လာရောက်အလှူခံခြင်းဖြစ်ကြောင်း၊ အထက်မှ အမိန့်ပါကြောင်းပြော၍ စာပြ၍အလှူခံရာ ဆိုင်တွင်ရှိနေသူ အမျိုးသမီးက ဖခင်ဖြစ်သူခွင့်ပြုမှ လှူနိုင် မည်ဖြစ်ကြောင်း ပြောဆိုသဖြင့် ဆိုင်ထဲမှပြန်လည် ထွက်သွားခဲ့ကြောင်း သိရသည်။
အလားတူ ရွှေဘုံသာလမ်း(အောက်)၊အမှတ် (၁၀၀)၊ မြေညီရှိ ဦးညီညီလွင်၏ ကျောက်မျက်ရတနာရောင်းဝယ်ရေး ဆိုင်သို့ အဆိုပါအမျိုးသား(၂)ဦးက ယခင်ဆိုင်နည်းတူပြောဆို၍ အလှူခံရာ ဆိုင်ရှင်မှ ငွေကျပ်သိန်း ၂ဝ ပေးအပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါအမျိုးသား(၂)ဦးသည် ယာဥ်အဖြူရောင်ဖြင့်လာရောက်ခြင်းဖြစ်ပြီး သက်ဆိုင်ရာဝန်ထမ်းများမှ စုံစမ်းသော အခါ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ ဝတ်စုံဝတ်ဆင်ထားသောအမျိုးသားသည် ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲ မြို့၊ (၁)ရပ်ကွက်၊ လမ်းမတော်လမ်းရှိ ကျန်ကျောင်းလက်ဖက်ရည်ဆိုင် ဇင်မင်းထက်(ခ)ကျန်ကျောင်းဟု သိရှိရပြီး ကျန်အချက်အလက်များကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့ကို ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး လုံခြုံရေးတာဝန်ရှိသူများနှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိပြီး ပန်းဘဲတန်းမြို့မရဲစခန်းမှ အမှုအမှတ် ပ ၂၈/၂၀၂၅ ရာဇသတ်ကြီးပုဒ်မ ၁၇၀၊ ၄၂၀ဖြင့် အမှုဖွင့်လှစ်၍ ၎င်းတို့အား ဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း သိရသည်။
Zawgyi Version:
ေထြအုပ္ဝန္ထမ္းအေယာင္ေဆာင္ကာ ေငြလိမ္လည္ေတာင္းခံသူ (၂)ဦးကို ဖမ္းဆီးရန္ ရွာေဖြေန
Pearl (NP News) - မတ္ ၁
ရန္ကုန္တိုင္းေဒသႀကီး၊ ပန္းပဲတန္းၿမိဳ႕နယ္တြင္ ေထြအုပ္ဝန္ထမ္းအေယာင္ေဆာင္၍ ေငြေၾကးလိမ္လည္ေတာင္းခံ မႈမ်ားျပဳလုပ္ခဲ့ေသာ အမ်ိဳးသား(၂)ဦးကို ဖမ္းဆီးရန္ ရွာေဖြေနေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦးထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ေဖေဖာ္ဝါရီလ ၂၈ ရက္) ၊ ေန႔လည္(၂)နာရီ အခ်ိန္ခန႔္က ေက်ာက္တံတားခ႐ိုင္၊ ပန္းဘဲတန္း ၿမိဳ႕နယ္၊ အမွတ္(၆)ရပ္ကြက္၊ ေ႐ႊဘုံသာလမ္း(ေအာက္) တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
အဆိုပါ ေ႐ႊဘုံသာလမ္း(ေအာက္)၊ အမွတ္ (၁၅၄/၁၅၆) ရွိ ဒိုင္မြန္းဖလားဝါး ေက်ာက္မ်က္ရတနာဆိုင္သို႔ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ဝတ္စုံဝတ္ဆင္ထားေသာ အသက္(၃၀)ႏွစ္ဝန္းက်င္ခန္႔ရွိ အမ်ိဳးသား(၁)ဦး ႏွင့္ အရပ္ဝတ္ ဝတ္ဆင္ထားေသာ (၃၀) ႏွစ္ ဝန္းက်င္ရွိ အမ်ိဳးသားတစ္ဦးတို႔ ဝင္ေရာက္လာခဲ့ေၾကာင္း သိရသည္။
ထို႔သို႔ဝင္ေရာက္လာၿပီးေနာက္ သဘာဝေဘးအႏၲရယ္ ရန္ပုံေငြအတြက္ လာေရာက္အလႉခံျခင္းျဖစ္ေၾကာင္း၊ အထက္မွ အမိန္႔ပါေၾကာင္းေျပာ၍ စာျပ၍အလႉခံရာ ဆိုင္တြင္ရွိေနသူ အမ်ိဳးသမီးက ဖခင္ျဖစ္သူခြင့္ျပဳမွ လႉႏိုင္ မည္ျဖစ္ေၾကာင္း ေျပာဆိုသျဖင့္ ဆိုင္ထဲမွျပန္လည္ ထြက္သြားခဲ့ေၾကာင္း သိရသည္။
အလားတူ ေ႐ႊဘုံသာလမ္း(ေအာက္)၊အမွတ္ (၁၀၀)၊ ေျမညီရွိ ဦးညီညီလြင္၏ ေက်ာက္မ်က္ရတနာေရာင္းဝယ္ေရး ဆိုင္သို႔ အဆိုပါအမ်ိဳးသား(၂)ဦးက ယခင္ဆိုင္နည္းတူေျပာဆို၍ အလႉခံရာ ဆိုင္ရွင္မွ ေငြက်ပ္သိန္း ၂ဝ ေပးအပ္ခဲ့ ေၾကာင္း သိရသည္။
အဆိုပါအမ်ိဳးသား(၂)ဦးသည္ ယာဥ္အျဖဴေရာင္ျဖင့္လာေရာက္ျခင္းျဖစ္ၿပီး သက္ဆိုင္ရာဝန္ထမ္းမ်ားမွ စုံစမ္းေသာ အခါ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာ ဝတ္စုံဝတ္ဆင္ထားေသာအမ်ိဳးသားသည္ ဧရာဝတီတိုင္းေဒသႀကီး၊ ေဒးဒရဲ ၿမိဳ႕၊ (၁)ရပ္ကြက္၊ လမ္းမေတာ္လမ္းရွိ က်န္ေက်ာင္းလက္ဖက္ရည္ဆိုင္ ဇင္မင္းထက္(ခ)က်န္ေက်ာင္းဟု သိရွိရၿပီး က်န္အခ်က္အလက္မ်ားကို ဆက္လက္စုံစမ္းေနဆဲျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ ၎တို႔ကို ဖမ္းဆီးရမိေရးအတြက္ သက္ဆိုင္ရာတိုင္းေဒသႀကီး လုံၿခဳံေရးတာဝန္ရွိသူမ်ားႏွင့္ ခ်ိတ္ဆက္ ေဆာင္႐ြက္လ်က္ရွိၿပီး ပန္းဘဲတန္းၿမိဳ႕မရဲစခန္းမွ အမႈအမွတ္ ပ ၂၈/၂၀၂၅ ရာဇသတ္ႀကီးပုဒ္မ ၁၇၀၊ ၄၂၀ျဖင့္ အမႈဖြင့္လွစ္၍ ၎တို႔အား ဖမ္းဆီးရမိေရးေဆာင္႐ြက္ေနေၾကာင္း သိရသည္။