ပြည်တွင်း၌ ထုတ်ဝေနေသော ညစ်ညမ်းစာပေများသည် ကျောင်းနေအရွယ် ကလေးများသို့ ဦးတည်နေ

 248

Pearl (NP News) - မတ် ၁
ပြည်တွင်း၌ ထုတ်ဝေနေသော ညစ်ညမ်းစာပေများသည် ကျောင်းနေအရွယ် ကလေးများသို့ ဦးတည်နေကြောင်း သိရသည်။
ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ညစ်ညမ်းစာအုပ်များကို ပုံနှိပ်ထုတ်ဝေခဲ့သည့်အတွက် လုပ်ငန်းပိတ်သိမ်းခံရသော ပုံနှိပ်သူနှင့် ထုတ်ဝေသူများစာရင်းကို အသိပေးဖော်ပြသည်ကို တွေ့ရသည်။
၎င်းတို့တွင် တရားမဝင် ပုံနှိပ်ထုတ်ဝေခဲ့သော ညစ်ညမ်းစာအုပ် (၇)အုပ်နှင့်အတူ ပုံနှိပ်သူနှင့် ထုတ်ဝေသူများကိုလည်း လိပ်စာနှင့်တကွ ဖော်ပြထားသည်ကို တွေ့ရသည်။
၎င်းထဲတွင် ဒေါ်ဆုစန္ဒီသင်းဆိုသည့် ပုံနှိပ်သူမှာ ညစ်ညမ်းစာအုပ် (၇) အုပ်အနက် (၅)အုပ်ကို ရိုက်နှိပ်ထားပြီး ဒေါ်လှိုင်ယမင်း ဆိုသူမှလည်း ညစ်ညမ်းစာအုပ် (၇)အုပ်အနက် (၄)အုပ်ကို ထုတ်ဝေထားသည်ကို ဖော်ပြချက်များအရသိရသည်။
“ဒီဟာတွေကဗျာ ခဏခဏ ကြားနေရတာ။ သေသေချာချာ စဥ်စားကြည့်ရင် ကလေးတွေ တက္ကသိုလ် နဲ့ အခြေခံပညာကျောင်းက ကလေးတွေကို ဦးတည်နေတာဗျ။ ဒီခေတ်မှာ စာအုပ်တစ်အုပ်ထုတ်ဖို့ဆိုတာ လွယ်တော့တာ မဟုတ်ဘူးဗျာ။ စာရေးဆရာခ၊ ပုံနှိပ်ခစက်ဖိုး၊ ဖြန့်ချိခ အကုန်ဈေးတက်နေချိန်မှာ တော်ရုံထုတ်ဝေသူတွေ မထုတ်နိုင်ဘူး။ သူတို့အချိန်ယူတည်ဆောက်ထားတဲ့ ပစ်မှတ်ထားတဲ့ အုပ်စုရှိလို့သာ ဒါမျိုး လုပ်ရဲ ထုတ်ရဲကြတာ။ ဒါကို သက်ဆိုင်ရာကနေ သေသေချာချာ စုံစမ်းဖော်ထုတ် အရေးယူဖို့ အရမ်းအရေးကြီးသွားပြီ။ တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ်ဘူး ဆက်တိုက်ကြားနေရတာ။ ကျွန်တော်တို့ကလေးတွေ လက်ထဲကို ဒီစာအုပ်တွေ ထပ် မရောက်စေချင်တော့ဘူး။လိင် ပညာပေးဆိုတာ လုပ်လို့ရတယ် ဒါပေမဲ့ ဒီနည်းနဲ့ မဟုတ်ဘူး” ဟု သတင်းအယ်ဒီတာ တစ်ဦးက NP News ကို ပြောသည်။
ပုံနှိပ်သူ နှင့် ထုတ်ဝေသူများအနေဖြင့် ပုံနှိပ်ခြင်း နှင့် ထုတ်ဝေခြင်းလုပ်ငန်းဉပဒေကို လေးစား လိုက်နာကြပါရန် နှင့် ဥပဒေပါ စည်းကမ်းချက်များကို ဖောက်ဖျက်ပါက ဥပဒေနှင့်အညီ တရားစွဲဆိုမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်ဆိုသော်လည်း မည်သို့ အရေးယူခဲ့သည်ကိုမူ ထုတ်ပြန်ထားခြင်းမျိုးမတွေ့ရသည်ကိုလည်း ဝေဖန်မှုများရှိနေကြောင်း သိရသည်။
"ဒီစာအုပ်တွေက လူငယ်တွေ လက်ထဲမှာ ပျံ့နေတာ။ ဒီစာအုပ်တွေကြောင့် မဖြစ်သင့်တာတွေ ဖြစ်ကြတယ်။ စာရိတ္တတွေ ပျက်ပြားကြတယ်။ ဘယ်မိဘမှ ကိုယ့်ကလေး လက်ထဲမှာ ဒီစာအုပ်တွေ ရှိနေတာကို ကျေနပ်မှာ မဟုတ်ဘူး။ စာအုပ်ဆိုတာ ထုတ်လို့ ထွက်လာတာ။ ဘယ်သူထုတ်လဲ သိပြီဆိုရင် ဘယ်လို အရေးယူမယ်ဆိုတာပါ နောက်ဆက်တွဲ ဖြစ်လာရမှာ။ အခုက တိတိကျကျ ပြင်းပြင်းထန်ထန် အရေးယူတာမျိုးကို မတွေ့ရတော့ ထုတ်တဲ့လူတွေက ထုတ်မြဲအတိုင်း ဆက်ထုတ်နေတာ။ ဒါကို သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူတွေက သေသေချာချာ ကြပ်မတ် အရေးယူသင့်တယ်" ဟု သမီး တစ်ဦးရှိသူ မိဘတစ်ဦးက ပြောသည်။
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဉပဒေ၊ နည်းဉပဒေများနှင့်အညီ ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ျပည္တြင္း၌ ထုတ္ေဝေနေသာ ညစ္ညမ္းစာေပမ်ားသည္ ေက်ာင္းေနအ႐ြယ္ ကေလးမ်ားသို႔ ဦးတည္ေန
Pearl (NP News) - မတ္ ၁
ျပည္တြင္း၌ ထုတ္ေဝေနေသာ ညစ္ညမ္းစာေပမ်ားသည္ ေက်ာင္းေနအ႐ြယ္ ကေလးမ်ားသို႔ ဦးတည္ေနေၾကာင္း သိရသည္။
ယေန႔ထုတ္ ႏိုင္ငံပိုင္သတင္းစာမ်ားတြင္ ညစ္ညမ္းစာအုပ္မ်ားကို ပုံႏွိပ္ထုတ္ေဝခဲ့သည့္အတြက္ လုပ္ငန္းပိတ္သိမ္းခံရေသာ ပုံႏွိပ္သူႏွင့္ ထုတ္ေဝသူမ်ားစာရင္းကို အသိေပးေဖာ္ျပသည္ကို ေတြ႕ရသည္။
၎တို႔တြင္ တရားမဝင္ ပုံႏွိပ္ထုတ္ေဝခဲ့ေသာ ညစ္ညမ္းစာအုပ္ (၇)အုပ္ႏွင့္အတူ ပုံႏွိပ္သူႏွင့္ ထုတ္ေဝသူမ်ားကိုလည္း လိပ္စာႏွင့္တကြ ေဖာ္ျပထားသည္ကို ေတြ႕ရသည္။
၎ထဲတြင္ ေဒၚဆုစႏၵီသင္းဆိုသည့္ ပုံႏွိပ္သူမွာ ညစ္ညမ္းစာအုပ္ (၇) အုပ္အနက္ (၅)အုပ္ကို ႐ိုက္ႏွိပ္ထားၿပီး ေဒၚလႈိင္ယမင္း ဆိုသူမွလည္း ညစ္ညမ္းစာအုပ္ (၇)အုပ္အနက္ (၄)အုပ္ကို ထုတ္ေဝထားသည္ကို ေဖာ္ျပခ်က္မ်ားအရသိရသည္။
“ဒီဟာေတြကဗ်ာ ခဏခဏ ၾကားေနရတာ။ ေသေသခ်ာခ်ာ စဥ္စားၾကည့္ရင္ ကေလးေတြ တကၠသိုလ္ နဲ႔ အေျခခံပညာေက်ာင္းက ကေလးေတြကို ဦးတည္ေနတာဗ်။ ဒီေခတ္မွာ စာအုပ္တစ္အုပ္ထုတ္ဖို႔ဆိုတာ လြယ္ေတာ့တာ မဟုတ္ဘူးဗ်ာ။ စာေရးဆရာခ၊ ပုံႏွိပ္ခစက္ဖိုး၊ ျဖန႔္ခ်ိခ အကုန္ေဈးတက္ေနခ်ိန္မွာ ေတာ္႐ုံထုတ္ေဝသူေတြ မထုတ္ႏိုင္ဘူး။ သူတို႔အခ်ိန္ယူတည္ေဆာက္ထားတဲ့ ပစ္မွတ္ထားတဲ့ အုပ္စုရွိလို႔သာ ဒါမ်ိဳး လုပ္ရဲ ထုတ္ရဲၾကတာ။ ဒါကို သက္ဆိုင္ရာကေန ေသေသခ်ာခ်ာ စုံစမ္းေဖာ္ထုတ္ အေရးယူဖို႔ အရမ္းအေရးႀကီးသြားၿပီ။ တစ္ခါလည္းမဟုတ္ ႏွစ္ခါလည္းမဟုတ္ဘူး ဆက္တိုက္ၾကားေနရတာ။ ကြၽန္ေတာ္တို႔ကေလးေတြ လက္ထဲကို ဒီစာအုပ္ေတြ ထပ္ မေရာက္ေစခ်င္ေတာ့ဘူး။လိင္ ပညာေပးဆိုတာ လုပ္လို႔ရတယ္ ဒါေပမဲ့ ဒီနည္းနဲ႔ မဟုတ္ဘူး” ဟု သတင္းအယ္ဒီတာ တစ္ဦးက NP News ကို ေျပာသည္။
ပုံႏွိပ္သူ ႏွင့္ ထုတ္ေဝသူမ်ားအေနျဖင့္ ပုံႏွိပ္ျခင္း ႏွင့္ ထုတ္ေဝျခင္းလုပ္ငန္းဉပေဒကို ေလးစား လိုက္နာၾကပါရန္ ႏွင့္ ဥပေဒပါ စည္းကမ္းခ်က္မ်ားကို ေဖာက္ဖ်က္ပါက ဥပေဒႏွင့္အညီ တရားစြဲဆိုမည္ျဖစ္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္ဆိုေသာ္လည္း မည္သို႔ အေရးယူခဲ့သည္ကိုမူ ထုတ္ျပန္ထားျခင္းမ်ိဳးမေတြ႕ရသည္ကိုလည္း ေဝဖန္မႈမ်ားရွိေနေၾကာင္း သိရသည္။
"ဒီစာအုပ္ေတြက လူငယ္ေတြ လက္ထဲမွာ ပ်ံ႕ေနတာ။ ဒီစာအုပ္ေတြေၾကာင့္ မျဖစ္သင့္တာေတြ ျဖစ္ၾကတယ္။ စာရိတၱေတြ ပ်က္ျပားၾကတယ္။ ဘယ္မိဘမွ ကိုယ့္ကေလး လက္ထဲမွာ ဒီစာအုပ္ေတြ ရွိေနတာကို ေက်နပ္မွာ မဟုတ္ဘူး။ စာအုပ္ဆိုတာ ထုတ္လို႔ ထြက္လာတာ။ ဘယ္သူထုတ္လဲ သိၿပီဆိုရင္ ဘယ္လို အေရးယူမယ္ဆိုတာပါ ေနာက္ဆက္တြဲ ျဖစ္လာရမွာ။ အခုက တိတိက်က် ျပင္းျပင္းထန္ထန္ အေရးယူတာမ်ိဳးကို မေတြ႕ရေတာ့ ထုတ္တဲ့လူေတြက ထုတ္ၿမဲအတိုင္း ဆက္ထုတ္ေနတာ။ ဒါကို သက္ဆိုင္ရာ အစိုးရ တာဝန္ရွိသူေတြက ေသေသခ်ာခ်ာ ၾကပ္မတ္ အေရးယူသင့္တယ္" ဟု သမီး တစ္ဦးရွိသူ မိဘတစ္ဦးက ေျပာသည္။
ျပန္ၾကားေရးဝန္ႀကီးဌာနအေနျဖင့္ ၂၀၁၄ ခုႏွစ္ ပုံႏွိပ္ျခင္းႏွင့္ ထုတ္ေဝျခင္းလုပ္ငန္းဉပေဒ၊ နည္းဉပေဒမ်ားႏွင့္အညီ ပုံႏွိပ္ျခင္းလုပ္ငန္း၊ ထုတ္ေဝျခင္းလုပ္ငန္းမ်ားကို ႀကီးၾကပ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

© 2021. All rights reserved.