ဗြိတိန်ကို စစ်ရေးအရ ကူညီထောက်ပံ့ပေးရန် အမေရိကန်သမ္မတ ငြင်းဆန်

1205

Pika (NP News) - မတ် ၂
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်အစိုးရအနေဖြင့် ဗြိတိန်နိုင်ငံကို စစ်ရေးအရ backup ပေးရန် ငြင်း ဆန်လိုက်ကြောင်း သိရသည်။ ရုရှား နှင့် ယူကရိန်းနိုင်ငံကြား ငြိမ်းချမ်းရေးသဘောတူညီမှုများရရှိနိုင်မည်ဆိုလျှင် ဗြိတိန်တပ်ဖွဲ့ဝင်များကို ယူကရိန်းနိုင်ငံအတွင်း ဖြန့်ကြက်ချထားမည်ဆိုလျှင် အမေရိကန်နိုင်ငံက ကာကွယ်စောင့် ရှောက်ပေးမည်လားဆို သောမေးခွန်းကို မေးမြန်းချိန်အတွင်း အမေရိကန်သမ္မတက တုံ့ပြန်ဖြေဆိုခဲ့ခြင်းဖြစ်သည်။ အမေရိကန်သမ္မတက ဗြိတိန်တပ်ဖွဲ့ဝင်များကို ယူကရိန်းနိုင်ငံသို့ ဖြန့်ကြက်ချထားမည်ဆိုလျှင် ဗြိတိန်စစ်သားများ သည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း ပြောသည်။
ဗြိတိန်ဝန်ကြီးချုပ်သည် ဖေဖော်ဝါရီ(၂၇)ရက် တွင် အမေရိကန်သမ္မတနှင့် အိမ်ဖြူတော်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ယူကရိန်း နှင့် ရုရှားနိုင်ငံကြား ငြိမ်းချမ်းရေး ရယူနိုင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အမေရိကန်သမ္မတက ‘‘ဗြိတိန်စစ်သားတွေကို ယူကရိန်းနိုင်ငံထဲ ဖြန့်ကြက်ချထားမယ်ဆိုရင် ဗြိတိန်စစ်သားတွေ ကိုအများကြီးကူညီပေးမှာမဟုတ်ဘူး။ ဗြိတိန်စစ်သားတွေဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်အောင် ကြိုးပမ်းရ မယ်။ ရုရှားနိုင်ငံနဲ့ထိပ်တိုက်တွေ့ဆုံတဲ့အတွက် ဗြိတိန်စစ်သားတွေဟာ အကူအညီလိုအပ်မယ်။ ဗြိတိန်နဲ့အတူ ရပ်တည်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ဗြိတိန်စစ်သားတွေကိုအကူအညီအများကြီးပေးမှာ မဟုတ်ဘူး။ ဗြိတိန်ဟာ မယုံနိုင်စရာကောင်းတဲ့စစ်သားတွေ၊ မယုံနိုင်စရာကောင်းတဲ့စစ်တပ်တွေ ဖြစ်ပြီး သူတို့ကိုယ်သူတို့ ဂရုစိုက်နိုင်တယ်” ဟု ပြောသည်။
ဗြိတိန်ဝန်ကြီးချုပ် စတာမာက ၎င်းတို့သည် ဗြိတိန်နိုင်ငံသည် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များ ဖြန့်ကြက်ချထားရန်အတွက် အခြား ဥရောပခေါင်းဆောင်များနှင့်ဆွေးနွေးနေကြောင်း ပြောဆိုထားသည်။
ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့သည် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များ ဖြန့်ကြက်ချထား ရန်အတွက် ဦးဆောင်လုပ်ကိုင်နေကြောင်းသိရသည်။ ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့သည် မဟာမိတ်နိုင်ငံများဖြစ်ပြီး နှစ်ကိုယ့် တစ်စိတ်နိုင်ငံများဖြစ်ခဲ့သော်လည်း အမေရိကန်သမ္မတအသစ်ဒေါ်နယ်ထရမ့် လက်ထက်တွင် ယခင်သမ္မတ ဟောင်း ဂျိုးဘိုင်ဒန် လက်ထက်နှင့် တူညီမှုရှိမည်မဟုတ်ကြောင်း ထင်ကြေးပေး သုံးသပ်မှုများ ရှိနေသည်။ အမေရိကန်သမ္မတသည် ပြီးခဲ့သောသီတင်းပတ်အတွင်း ရုရှားသမ္မတပူတင် နှင့် ဖုန်းဆက်ဆွေးနွေးချိန်အတွင်း ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များဖြန့် ကျက်ချထားရန် ဆွေးနွေးခဲ့ကြောင်း ထုတ်ဖော်ပြောဆို ထားသည်။
Zawgyi Version:
ၿဗိတိန္ကို စစ္ေရးအရ ကူညီေထာက္ပံ့ေပးရန္ အေမရိကန္သမၼတ ျငင္းဆန္
Pika (NP News) - မတ္ ၂
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က အေမရိကန္အစိုးရအေနျဖင့္ ၿဗိတိန္ႏိုင္ငံကို စစ္ေရးအရ backup ေပးရန္ ျငင္း ဆန္လိုက္ေၾကာင္း သိရသည္။ ႐ုရွား ႏွင့္ ယူကရိန္းႏိုင္ငံၾကား ၿငိမ္းခ်မ္းေရးသေဘာတူညီမႈမ်ားရရွိႏိုင္မည္ဆိုလွ်င္ ၿဗိတိန္တပ္ဖြဲ႕ဝင္မ်ားကို ယူကရိန္းႏိုင္ငံအတြင္း ျဖန႔္ၾကက္ခ်ထားမည္ဆိုလွ်င္ အေမရိကန္ႏိုင္ငံက ကာကြယ္ေစာင့္ ေရွာက္ေပးမည္လားဆို ေသာေမးခြန္းကို ေမးျမန္းခ်ိန္အတြင္း အေမရိကန္သမၼတက တုံ႔ျပန္ေျဖဆိုခဲ့ျခင္းျဖစ္သည္။ အေမရိကန္သမၼတက ၿဗိတိန္တပ္ဖြဲ႕ဝင္မ်ားကို ယူကရိန္းႏိုင္ငံသို႔ ျဖန႔္ၾကက္ခ်ထားမည္ဆိုလွ်င္ ၿဗိတိန္စစ္သားမ်ား သည္ ကိုယ့္ကိုယ္ကိုယ္ ကာကြယ္ေစာင့္ေရွာက္ရမည္ျဖစ္ေၾကာင္း ေျပာသည္။
ၿဗိတိန္ဝန္ႀကီးခ်ဳပ္သည္ ေဖေဖာ္ဝါရီ(၂၇)ရက္ တြင္ အေမရိကန္သမၼတႏွင့္ အိမ္ျဖဴေတာ္တြင္ ေတြ႕ဆုံ ေဆြးေႏြးခဲ့ၿပီး ယူကရိန္း ႏွင့္ ႐ုရွားႏိုင္ငံၾကား ၿငိမ္းခ်မ္းေရး ရယူႏိုင္ရန္ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
အေမရိကန္သမၼတက ‘‘ၿဗိတိန္စစ္သားေတြကို ယူကရိန္းႏိုင္ငံထဲ ျဖန႔္ၾကက္ခ်ထားမယ္ဆိုရင္ ၿဗိတိန္စစ္သားေတြ ကိုအမ်ားႀကီးကူညီေပးမွာမဟုတ္ဘူး။ ၿဗိတိန္စစ္သားေတြဟာ ကိုယ့္ကိုယ္ကိုယ္ ကာကြယ္ႏိုင္ေအာင္ ႀကိဳးပမ္းရ မယ္။ ႐ုရွားႏိုင္ငံနဲ႔ထိပ္တိုက္ေတြ႕ဆုံတဲ့အတြက္ ၿဗိတိန္စစ္သားေတြဟာ အကူအညီလိုအပ္မယ္။ ၿဗိတိန္နဲ႔အတူ ရပ္တည္မွာျဖစ္ပါတယ္။ ဒါေပမဲ့ ၿဗိတိန္စစ္သားေတြကိုအကူအညီအမ်ားႀကီးေပးမွာ မဟုတ္ဘူး။ ၿဗိတိန္ဟာ မယုံႏိုင္စရာေကာင္းတဲ့စစ္သားေတြ၊ မယုံႏိုင္စရာေကာင္းတဲ့စစ္တပ္ေတြ ျဖစ္ၿပီး သူတို႔ကိုယ္သူတို႔ ဂ႐ုစိုက္ႏိုင္တယ္” ဟု ေျပာသည္။
ၿဗိတိန္ဝန္ႀကီးခ်ဳပ္ စတာမာက ၎တို႔သည္ ၿဗိတိန္ႏိုင္ငံသည္ ယူကရိန္းႏိုင္ငံတြင္ ၿငိမ္းခ်မ္းေရးတပ္ဖြဲ႕ဝင္မ်ား ျဖန႔္ၾကက္ခ်ထားရန္အတြက္ အျခား ဥေရာပေခါင္းေဆာင္မ်ားႏွင့္ေဆြးေႏြးေနေၾကာင္း ေျပာဆိုထားသည္။
ၿဗိတိန္ႏွင့္ ျပင္သစ္ႏိုင္ငံတို႔သည္ ယူကရိန္းႏိုင္ငံတြင္ ၿငိမ္းခ်မ္းေရးတပ္ဖြဲ႕ဝင္မ်ား ျဖန႔္ၾကက္ခ်ထား ရန္အတြက္ ဦးေဆာင္လုပ္ကိုင္ေနေၾကာင္းသိရသည္။ ၿဗိတိန္ႏွင့္ အေမရိကန္ႏိုင္ငံတို႔သည္ မဟာမိတ္ႏိုင္ငံမ်ားျဖစ္ၿပီး ႏွစ္ကိုယ့္ တစ္စိတ္ႏိုင္ငံမ်ားျဖစ္ခဲ့ေသာ္လည္း အေမရိကန္သမၼတအသစ္ေဒၚနယ္ထရမ့္ လက္ထက္တြင္ ယခင္သမၼတ ေဟာင္း ဂ်ိဳးဘိုင္ဒန္ လက္ထက္ႏွင့္ တူညီမႈရွိမည္မဟုတ္ေၾကာင္း ထင္ေၾကးေပး သုံးသပ္မႈမ်ား ရွိေနသည္။ အေမရိကန္သမၼတသည္ ၿပီးခဲ့ေသာသီတင္းပတ္အတြင္း ႐ုရွားသမၼတပူတင္ ႏွင့္ ဖုန္းဆက္ေဆြးေႏြးခ်ိန္အတြင္း ယူကရိန္းႏိုင္ငံတြင္ ၿငိမ္းခ်မ္းေရး တပ္ဖြဲ႕ဝင္မ်ားျဖန႔္ က်က္ခ်ထားရန္ ေဆြးေႏြးခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာဆို ထားသည္။