ကွန်ဖူးလှုပ်ရှားမှုများ လုပ်ဆောင်နေသည့် လူသားပုံစံစက်ရုပ်၏ ဗီဒီယိုဖိုင်ကို တရုတ်စက်ရုပ်ကုမ္ပဏီတစ်ခု ထုတ်ဖော်ပြသ

395

Pika (NP News) - မတ် ၂
တရုတ်စက်ရုပ်ကုမ္ပဏီ Unitree သည် ကွန်ဖူးလှုပ်ရှားမှုများလုပ်ဆောင်နေသော ၎င်း၏လူသား ပုံစစက်ရုပ်၏ ဗီဒီယိုဖိုင်များကို ဆိုရှယ်မီဒီယာပေါ်တွင် မျှဝေခဲ့ကြောင်း သိရသည်။ အဆိုပါ လူသားပုံစံစက်ရုပ်၏ ဟန် ချက်ညီနိုင် စွမ်း နှင့် ရွေ့လျားမှုအကွာအဝေးကိုလည်း အဆင့်မြှင့်တင်ထားကြောင်း Unitree ကုမ္ပဏီကပြောကြားခဲ့ သည်။ လူသားပုံစံ စက်ရုပ်များကို လူသားကဲ့သို့ပြုမူရန်၊ မျက်နှာအမူအရာ၊ လှုပ်ရှားမှု နှင့် အပြောအဆိုတို့ကို တုပရန် ဖန်တီးထားခြင်းဖြစ်ကြောင်းလည်း သိရသည်။
ယခုသီတင်းပတ်အစောပိုင်းတွင် Hangzhou မြို့အခြေစိုက်ကုမ္ပဏီက မျှဝေထားသော ဗီဒီယိုဖိုင်တွင် ကိုယ်ခံ ပညာအမျိုးမျိုး နှင့် ကုန်ထုတ်မှုနည်းစနစ်များကိုလုပ်ဆောင်နေသည့် လူသားပုံစံစက်ရုပ်တစ်ရုပ်က လမ်းမပေါ်တွင် လျှောက်သွားနေသည်ကို ပြသထားကြောင်း သိရသည်။ ထို့ပြင် နောက်ဆုံးပေါ် algorithm အဆင့်မြှင့်တင်မှုသည် ၎င်း၏ G1 လူသားပုံစံစက်ရုပ်ကို မည်သည့်လှုပ်ရှားမှု ကိုမဆိုသင်ယူပြီး လုပ်ဆောင်နိုင်စေကြောင်း Unitree ကုမ္ပဏီ က ထုတ်ပြန်ပြောခဲ့သည်။
Unitree ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်အဆိုအရ (၂၀၂၃) ခုနှစ် ဩဂုတ်လတွင်ထွက်ရှိခဲ့သော အမေရိကန်ဒေါ်လာ (၁၆၀ဝဝ)တန် (G1) လူသားပုံစံစက် ရုပ်တွင်လက်များ၊ ခြေထောက်များနှင့် (၂၃)ဒီဂရီ အထိ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်သည့် အဆစ်များပါရှိကြောင်းသိရသည်။ ယခုလအစောပိုင်းတွင် Unitree ကုမ္ပဏီသည် ၎င်း၏လူသား ပုံစံ စက်ရုပ် G1 နှင့် H1 androids တို့၏ လှုပ်ရှားမှုအသစ်များကို ပြသထားသည့်ဗီဒီယိုဖိုင်တစ်ခုကို ထုတ်ဖော်ပြသခဲ့ကြောင်းလည်း သိရသည်။
အဆိုပါဗီဒီယိုဖိုင်တွင် ပိုမိုဈေးသက်သာသော ဗားရှင်းဖြစ်သည့် G1 လူသားပုံစံစက်ရုပ်က ပြေးခြင်း၊ မညီမညာသော မြေပြင်ကို သွားလာခြင်းနှင့် ပိုမိုသဘာဝကျသော လမ်းလျှောက်ခြင်းတို့ကိုပြသထားပြီး H1 လူသားပုံစံစက်ရုပ် မော်ဒယ်က တရုတ်နှစ်သစ်ကူးပွဲတော်တွင် လူသားအကသမားများနှင့်အတူ ကြိုတင်သတ်မှတ်ထားသော လုပ်ရိုးလုပ်စဉ်တစ်ခုကို ဖျော်ဖြေခဲ့သည်ကိုလည်း တွေ့မြင်ခဲ့ရသည်။

Zawgyi Version:
ကြန္ဖူးလႈပ္ရွားမႈမ်ား လုပ္ေဆာင္ေနသည့္ လူသားပုံစံစက္႐ုပ္၏ ဗီဒီယိုဖိုင္ကို တ႐ုတ္စက္႐ုပ္ကုမၸဏီတစ္ခု ထုတ္ေဖာ္ျပသ
Pika (NP News) - မတ္ ၂
တ႐ုတ္စက္႐ုပ္ကုမၸဏီ Unitree သည္ ကြန္ဖူးလႈပ္ရွားမႈမ်ားလုပ္ေဆာင္ေနေသာ ၎၏လူသား ပုံစစက္႐ုပ္၏ ဗီဒီယိုဖိုင္မ်ားကို ဆိုရွယ္မီဒီယာေပၚတြင္ မွ်ေဝခဲ့ေၾကာင္း သိရသည္။ အဆိုပါ လူသားပုံစံစက္႐ုပ္၏ ဟန္ ခ်က္ညီႏိုင္ စြမ္း ႏွင့္ ေ႐ြ႕လ်ားမႈအကြာအေဝးကိုလည္း အဆင့္ျမႇင့္တင္ထားေၾကာင္း Unitree ကုမၸဏီကေျပာၾကားခဲ့ သည္။ လူသားပုံစံ စက္႐ုပ္မ်ားကို လူသားကဲ့သို႔ျပဳမူရန္၊ မ်က္ႏွာအမူအရာ၊ လႈပ္ရွားမႈ ႏွင့္ အေျပာအဆိုတို႔ကို တုပရန္ ဖန္တီးထားျခင္းျဖစ္ေၾကာင္းလည္း သိရသည္။
ယခုသီတင္းပတ္အေစာပိုင္းတြင္ Hangzhou ၿမိဳ႕အေျခစိုက္ကုမၸဏီက မွ်ေဝထားေသာ ဗီဒီယိုဖိုင္တြင္ ကိုယ္ခံ ပညာအမ်ိဳးမ်ိဳး ႏွင့္ ကုန္ထုတ္မႈနည္းစနစ္မ်ားကိုလုပ္ေဆာင္ေနသည့္ လူသားပုံစံစက္႐ုပ္တစ္႐ုပ္က လမ္းမေပၚတြင္ ေလွ်ာက္သြားေနသည္ကို ျပသထားေၾကာင္း သိရသည္။ ထို႔ျပင္ ေနာက္ဆုံးေပၚ algorithm အဆင့္ျမႇင့္တင္မႈသည္ ၎၏ G1 လူသားပုံစံစက္႐ုပ္ကို မည္သည့္လႈပ္ရွားမႈ ကိုမဆိုသင္ယူၿပီး လုပ္ေဆာင္ႏိုင္ေစေၾကာင္း Unitree ကုမၸဏီ က ထုတ္ျပန္ေျပာခဲ့သည္။
Unitree ကုမၸဏီ၏ ဝက္ဘ္ဆိုက္အဆိုအရ (၂၀၂၃) ခုႏွစ္ ဩဂုတ္လတြင္ထြက္ရွိခဲ့ေသာ အေမရိကန္ေဒၚလာ (၁၆၀ဝဝ)တန္ (G1) လူသားပုံစံစက္ ႐ုပ္တြင္လက္မ်ား၊ ေျခေထာက္မ်ားႏွင့္ (၂၃)ဒီဂရီ အထိ လြတ္လြတ္လပ္လပ္ လႈပ္ရွားႏိုင္သည့္ အဆစ္မ်ားပါရွိေၾကာင္းသိရသည္။ ယခုလအေစာပိုင္းတြင္ Unitree ကုမၸဏီသည္ ၎၏လူသား ပုံစံ စက္႐ုပ္ G1 ႏွင့္ H1 androids တို႔၏ လႈပ္ရွားမႈအသစ္မ်ားကို ျပသထားသည့္ဗီဒီယိုဖိုင္တစ္ခုကို ထုတ္ေဖာ္ျပသခဲ့ေၾကာင္းလည္း သိရသည္။
အဆိုပါဗီဒီယိုဖိုင္တြင္ ပိုမိုေဈးသက္သာေသာ ဗားရွင္းျဖစ္သည့္ G1 လူသားပုံစံစက္႐ုပ္က ေျပးျခင္း၊ မညီမညာေသာ ေျမျပင္ကို သြားလာျခင္းႏွင့္ ပိုမိုသဘာဝက်ေသာ လမ္းေလွ်ာက္ျခင္းတို႔ကိုျပသထားၿပီး H1 လူသားပုံစံစက္႐ုပ္ ေမာ္ဒယ္က တ႐ုတ္ႏွစ္သစ္ကူးပြဲေတာ္တြင္ လူသားအကသမားမ်ားႏွင့္အတူ ႀကိဳတင္သတ္မွတ္ထားေသာ လုပ္႐ိုးလုပ္စဥ္တစ္ခုကို ေဖ်ာ္ေျဖခဲ့သည္ကိုလည္း ေတြ႕ျမင္ခဲ့ရသည္။