တောင်ခမ်းတွင် အပြည့်အဝ အသာစီးရနေသည့်တပ်မတော်စစ်ကြောင်းများ နောင်ချိုသို့ ဦးတည်နေ

6873

Pearl (NP News) - မတ် ၂
ရှမ်းပြည်နယ် နောင်ချိုမြို့နယ်အတွင်းက တောင်ခမ်းစစ်မျက်နှာတွင် ထိုးစစ်ဆင်ခဲ့သော TNLA ပူးပေါင်းတပ်ဖွဲ့များ ကို အသာစီးရယူခဲ့ပြီး နောက်တပ်မတော်စစ်ကြောင်းများသည် နောင်ချိုသို့ ဦးတည်နေပြီဖြစ်ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
တပ်မတော်၏ တန်ပြန်ထိုးစစ်ကြောင့် TNLA ပူးပေါင်းအဖွဲ့အနေဖြင့် ခံစစ်ပြင်နေရကာ တောင်ခမ်း စစ်မြေပြင်မှ TNLA ၏ အကြွင်းအကျန်တပ်များကို တပ်မတော်ကနှစ်ဖက်ညှပ်ကာ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် တောင်ခမ်းစစ်မြေပြင်မှ တပ်မတော်၏ တန်ပြန်ထိုးစစ်၏အရှိန်ကြောင့် TNLA တို့၏ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းအချို့ကို ဟန့်တားနိုင်ခဲ့ကြောင်းလည်း သိရသည်။
“တောင်ခမ်းက Save ဖြစ်ပြီလို့ပြောလို့ ရတယ်။ အခု လုံကာစာသင်ကျောင်းကိုရပြီ။ ရပြီဆိုတာနဲ့ အောက်ဘက် ကနေ လာနေတဲ့အင်းဖိုဘက်ကလာနေတဲ့ Logistic တချို့လည်း ရပ်သွားမှာပေါ့။ အင်းဖို၊ ယာပြင် ၊ သရက်ချို လမ်းကြောင်းကို ထိန်းချုပ်သွားနိုင်မှာပေါ့။ လမ်းကြောင်းအားလုံးတော့ မဟုတ်သေးဘူး။ တပ်တွေကတော့ နောင်ချိုကို ခေါင်းတည်နေတာပေါ့” ဟုစစ်ရေး သတင်း ရင်းမြစ်တစ်ဦးက NP News ကို ပြောသည်။
တောင်ခမ်းစစ်မြေပြင်တွင် အရေးမလှဖြစ်နေသော TNLA ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့ကို ကာကွယ်ရန်အတွက် ထပ်မံခံစစ်ဆင် ဖွယ်ရှိသော်လည်း မြေပြင်အနေအထားအရ တပ်မတော်ဘက်တွင် အလေးသာလျက်ရှိကြောင်း လည်း ၎င်းက ဆိုသည်။
တောင်ခမ်းတိုက်ပွဲတွင် ဗမာ PDF အများအပြားက ပါဝင်တိုက်ခိုက်ခဲ့သော်လည်း တပ်မတော်၏ တန်ပြန်ထိုး စစ်ကြောင့် စိတ်ဓာတ်ကျဆင်းကာ တိုက်လိုခိုက်လိုစိတ်နည်းပါးသွားသည်ကိုတွေ့မြင်ရ ကြောင်းလည်း မေးမြန်းထားသောအချက်အလက်များအရ သိရသည်။ ပြီးခဲ့သည့် (၂၀၂၄)ခုနှစ် ဩဂုတ် လ(၁၀)ရက်မှစတင်ကာ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်အတွင်းရှိ တောင်ခမ်းကျေးရွာ တပ်မတော်အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် အပါအဝင် တပ်စခန်းများကို TNLA ပူးပေါင်းအဖွဲ့က စတင်တိုက်ခိုက်ခဲ့ပြီး ရက်ပေါင်း(၁၉၀)ကျော်လာခဲ့ပြီဖြစ် သည်။ တောင်ခမ်းတိုက်ပွဲအတွင်း၌ TNLA/PDF ပူပေါင်းအဖွဲ့ဝင် အများအပြား သေဆုံးခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေတာင္ခမ္းတြင္ အျပည့္အဝ အသာစီးရေနသည့္တပ္မေတာ္စစ္ေၾကာင္းမ်ား ေနာင္ခ်ိဳသို႔ ဦးတည္ေန
Pearl (NP News) - မတ္ ၂
ရွမ္းျပည္နယ္ ေနာင္ခ်ိဳၿမိဳ႕နယ္အတြင္းက ေတာင္ခမ္းစစ္မ်က္ႏွာတြင္ ထိုးစစ္ဆင္ခဲ့ေသာ TNLA ပူးေပါင္းတပ္ဖြဲ႕မ်ား ကို အသာစီးရယူခဲ့ၿပီး ေနာက္တပ္မေတာ္စစ္ေၾကာင္းမ်ားသည္ ေနာင္ခ်ိဳသို႔ ဦးတည္ေနၿပီျဖစ္ေၾကာင္း လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားႏွင့္ နီးစပ္သူတစ္ဦး၏ ေျပာၾကားခ်က္အရ သိရသည္။
တပ္မေတာ္၏ တန္ျပန္ထိုးစစ္ေၾကာင့္ TNLA ပူးေပါင္းအဖြဲ႕အေနျဖင့္ ခံစစ္ျပင္ေနရကာ ေတာင္ခမ္း စစ္ေျမျပင္မွ TNLA ၏ အႂကြင္းအက်န္တပ္မ်ားကို တပ္မေတာ္ကႏွစ္ဖက္ညႇပ္ကာ တိုက္ခိုက္ႏိုင္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ေတာင္ခမ္းစစ္ေျမျပင္မွ တပ္မေတာ္၏ တန္ျပန္ထိုးစစ္၏အရွိန္ေၾကာင့္ TNLA တို႔၏ေထာက္ပံ့ပို႔ေဆာင္ေရး လမ္းေၾကာင္းအခ်ိဳ႕ကို ဟန႔္တားႏိုင္ခဲ့ေၾကာင္းလည္း သိရသည္။
“ေတာင္ခမ္းက Save ျဖစ္ၿပီလို႔ေျပာလို႔ ရတယ္။ အခု လုံကာစာသင္ေက်ာင္းကိုရၿပီ။ ရၿပီဆိုတာနဲ႔ ေအာက္ဘက္ ကေန လာေနတဲ့အင္းဖိုဘက္ကလာေနတဲ့ Logistic တခ်ိဳ႕လည္း ရပ္သြားမွာေပါ့။ အင္းဖို၊ ယာျပင္ ၊ သရက္ခ်ိဳ လမ္းေၾကာင္းကို ထိန္းခ်ဳပ္သြားႏိုင္မွာေပါ့။ လမ္းေၾကာင္းအားလုံးေတာ့ မဟုတ္ေသးဘူး။ တပ္ေတြကေတာ့ ေနာင္ခ်ိဳကို ေခါင္းတည္ေနတာေပါ့” ဟုစစ္ေရး သတင္း ရင္းျမစ္တစ္ဦးက NP News ကို ေျပာသည္။
ေတာင္ခမ္းစစ္ေျမျပင္တြင္ အေရးမလွျဖစ္ေနေသာ TNLA ပူးေပါင္းအဖြဲ႕သည္ ေနာင္ခ်ိဳၿမိဳ႕ကို ကာကြယ္ရန္အတြက္ ထပ္မံခံစစ္ဆင္ ဖြယ္ရွိေသာ္လည္း ေျမျပင္အေနအထားအရ တပ္မေတာ္ဘက္တြင္ အေလးသာလ်က္ရွိေၾကာင္း လည္း ၎က ဆိုသည္။
ေတာင္ခမ္းတိုက္ပြဲတြင္ ဗမာ PDF အမ်ားအျပားက ပါဝင္တိုက္ခိုက္ခဲ့ေသာ္လည္း တပ္မေတာ္၏ တန္ျပန္ထိုး စစ္ေၾကာင့္ စိတ္ဓာတ္က်ဆင္းကာ တိုက္လိုခိုက္လိုစိတ္နည္းပါးသြားသည္ကိုေတြ႕ျမင္ရ ေၾကာင္းလည္း ေမးျမန္းထားေသာအခ်က္အလက္မ်ားအရ သိရသည္။ ၿပီးခဲ့သည့္ (၂၀၂၄)ခုႏွစ္ ဩဂုတ္ လ(၁၀)ရက္မွစတင္ကာ ရွမ္းျပည္နယ္၊ ေနာင္ခ်ိဳၿမိဳ႕နယ္အတြင္းရွိ ေတာင္ခမ္းေက်း႐ြာ တပ္မေတာ္အေျမာက္စခန္းကြပ္ကဲမႈဌာနခ်ဳပ္ အပါအဝင္ တပ္စခန္းမ်ားကို TNLA ပူးေပါင္းအဖြဲ႕က စတင္တိုက္ခိုက္ခဲ့ၿပီး ရက္ေပါင္း(၁၉၀)ေက်ာ္လာခဲ့ၿပီျဖစ္ သည္။ ေတာင္ခမ္းတိုက္ပြဲအတြင္း၌ TNLA/PDF ပူေပါင္းအဖြဲ႕ဝင္ အမ်ားအျပား ေသဆုံးခဲ့ေၾကာင္း သိရသည္။