“ရသစုံလင်လှသော အနုပညာလောက”

1061

အသက်ဘေးက လွတ်မြောက်ခဲ့တဲ့ ရုပ်ရှင်အဖွဲ့သား (၄) ဦး
အိဖြူ (NP News) - မတ် ၂
(ကွယ်လွန်သူ)လူရွှင်တော်မေတ္တာရဲ့သားဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် မေတ္တာမြင့်မြတ်ဟိန်းအပါ အဝင် အနုပညာမောင်နှမ(၄)ဦးတို့လိုက်ပါစီးနင်းလာတဲ့ TOYOTA MARK II အဖြူရောင်ယာဉ်ဟာ ဖေဖော်ဝါရီလ (၂၄) ရက်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ကံကောင်းထောက်မစွာပဲ ယာဉ်ပေါ်ပါသူအားလုံး အသက်ဘေးအန္တရာယ်က လွတ်မြောက်ခဲ့ကြပါတယ်။
အဆိုပါယာဉ်တိုက်မှုမှာ (၂၀၂၅)ခုနှစ် ဖေဖော်ဝါရီလ (၂၄)ရက် ညနေ (၅)နာရီဝန်းကျင်အချိန်ခန့် က အင်းတကော်မြို့ အမှတ်(၆)ရပ်ကွက် မိုင်တိုင် (၁၆/၁) နဲ့ (၁၆/၂) ကြားမှာဖြစ်ပွားခဲ့တာပါ။ ၎င်းတို့က ပဲခူးမြို့မှာ ရိုက်ကူးရေးပြုလုပ်ပြီးအပြန် အဆိုပါအဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ကြရတာဖြစ်ပါတယ်။
ရုပ်ရှင်အဖွဲ့သား ကိုစိုင်းသီဟန်မောင်းနှင်ပြီး ဓာတ်ပုံဆရာ အောင်သူအောင်၊ အနုပညာရှင်တွေ ဖြစ်ကြတဲ့ မေတ္တာမြင့်မြတ်ဟိန်းနဲ့မေမြတ်နိုးခင်တို့ လိုက်ပါစီးနင်း ခဲ့ကြပြီး၊ ၎င်းတို့မောင်းနှင်လာတဲ့ယာဉ် က လမ်းဖြတ်ကူးသူကိုတိမ်းရှောင်ရာမှ ယာဉ်ဟာ လမ်းမရဲ့ညာဘက်ကိုရောက်သွားပြီး လမ်းဘေးမှာရပ် ထားတဲ့ FORTON အမျိုးအစား၊ ခြောက်မူးသံလုံးတွေတင်ဆောင်ထားတဲ့တွဲကားရဲ့အနောက်ဘက်ကို ဝင်တိုက်ခဲ့မိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ယာဉ်တိုက်မှုဖြစ်စဉ် မြင်ကွင်းဓာတ်ပုံတွေအရ ၎င်းတို့စီးနင်း လာတဲ့ TOYOTA MARK II ယာဉ်ခေါင်းပိုင်းတစ်ခုလုံးကြေမွသွားရုံမက ကားတစ်စီးလုံးပျက်စီးသွားခဲ့တဲ့ အတွက် ယာဉ်ပေါ်လိုက်ပါလာသူ အားလုံးရဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ယာဉ်တိုက်မှုဖြစ်စဉ် မြင် ကွင်းက ပြင်းထန်ခဲ့ပါတယ်။
ယာဉ်တိုက်မှုကြောင့် TOYOTA MARK II ကားမှာ ဦးခေါင်းအရှေ့ခြမ်းတစ်ခုလုံး ကြေမွပျက်စီးခဲ့ ပြီး ယာဉ်မောင်းသူ စိုင်းသီဟန်က ညာဘက် လက်မောင်း ပေါက်ပြဲဒဏ်ရာ၊ ညာဘက်ခြေထောက်ကျိုး ဒဏ်ရာနဲ့ အောင်သူအောင်က ဘယ်ဘက်လည်ပင်းမှာ ပွန်းခြစ်ဒဏ်ရာ၊ ရင်ညွန့်အောင့်ဒဏ်ရာများ၊ မေတ္တာမြင့်မြတ်ဟိန်းက ခါးပွန်းပဲ့ဒဏ်ရာ၊ တင်ပါးပွန်းခြစ်ဒဏ်ရာ၊ မေမြတ်နိုးခင်က နှာခေါင်းသွေးထွက် ဒဏ်ရာ၊ ဘယ်ဘက်လက်မောင်း ကျိုးဒဏ်ရာနဲ့ ခြေမနှစ်ဖက်ပွန်းခြစ်ဒဏ်ရာ အသီးသီးရရှိခဲ့ကြပေမယ့် လည်း အသက်အန္တရာယ်ကြီးကြီးမားမားထိခိုက်မှုမရှိခဲ့တာကြောင့် ၎င်းတို့ရဲ့မိသားစုဝင်တွေနဲ့ အားပေး သူပရိသတ်တွေရဲ့ စိတ်ပူမှုကို ဖြေလျှော့ပေးနိုင် ခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ တစ်ဖက်ရှိယာဉ်ကြီးကရပ်ထား တာကြောင့်သာ ယာဉ်မောင်းအပါအဝင်အားလုံး အသက်အန္တရာယ်ဘေးက လွတ်မြောက်နိုင်ခဲ့ကြတာပါ။ ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူခဲ့ကြပြီး လက်ရှိမှာတော့ အားလုံးကျန်းမာရေးကောင်း လွန်လျက်ရှိတယ်လို့ သတင်းကြားသိရပါတယ်။

အကယ်ဒမီထက်ထက်မိုးဦး Comeback အနေနဲ့ ပထမဆုံးရုံတင်ပြသတဲ့ ရုပ်ရှင် ပရိသတ် စိတ်ဝင်စားမူရရှိနေ
လတ်တလော ဖေ့စ်ဘွတ်ခ်၊ တစ်တော့တစ်ခွင်မှာ ထက်ထက်မိုးဦးရဲ့ “အငိုမျက်လုံး အပြုံး မျက်နှာ” ရုပ်ရှင် ဇာတ်ဝင်ခန်းကို ကြည့်ရှုသူတိုင်းက ချီးကျူးစကားဆိုလျက်ရှိပြီး၊ ထက်ထက်မိုးဦးရဲ့ အနုပညာသမ္ဘာဝါကို တွေ့မြင်ရ ကြောင်း ဆိုကြပါတယ်။
ထပ်ဆင့်အကယ်ဒမီ ထက်ထက်မိုးဦးက “မာယာရထားမောင်းတဲ့ မိန်းမ” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ထားပြီး သရုပ်ဆောင် ရဲရင့်အောင်၊ အိချောပို၊ နန်းဆုဦး၊ ရွှေအိမ်စည်၊ ရဲအောင်၊ မေသဉ္ဇာဦး၊ စိုင်းစည် တွမ်ခမ်း၊ ချမ်းမင်းရဲထွဋ်နဲ့ တခြားအနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားကြကာ၊ လာဗင်ဒါက ထုတ်လုပ်ဖြန့်ချိပြီး စီစဉ်သူ တင်ဇာပိုင်၊ တွဲဖက်ဒါရိုက်တာ နေလင်း၊ ဇာတ်လမ်း ဇာတ်òန်း ဒါရိုက်တာ ရာဇဝင်ကိုက ရိုက်ကူးပုံဖော် ထားတာဖြစ်ပါတယ်။ “မာယာရထားမောင်းတဲ့ မိန်းမ” ရုပ်ရှင်ဇာတ်ကားမှာ လက်ရှိ အနုပညာဈေးကွက်အတွင်း အောင်မြင်ပြီးသား မင်းသား၊ မင်းသမီးတွေပါဝင်ထားပေမယ့်လည်း လူအများကြား စွဲထင်ကျန်ရစ်စေတဲ့ ဇာတ်ကွက်တွေက ထက်ထက်မိုးဦးရဲ့ဇာတ်ဝင်ခန်းတွေဖြစ်နေတာ ကိုသတိပြုမိပါတယ်။ “မာယာရထားမောင်းတဲ့ မိန်းမ” ရုပ်ရှင် ရုံမတင်ခင်နဲ့ ရုံတင်ပြီးနောက်ပိုင်းမှာ လည်း ထပ်ဆင့်အကယ်ဒမီ ထက်ထက်မိုးဦးရဲ့ဇာတ်ဝင် ခန်းတွေသာ ဆိုရှယ်လူမှုကွန်ရက်တစ်ခွင်မှာ ပြန်လည်ဖော်ပြခြင်းခံနေရပြီး ဇာတ်ကားတစ်ကားလုံးရဲ့ အကောင်းဆုံးဇာတ်ဝင်ခန်းတွေက ထက်ထက် မိုးဦး သရုပ်ဆောင်တဲ့ဇာတ်ဝင်ခန်းတွေသာဖြစ်ကြောင်း မှတ်ချက်ပြုထားကြပါတယ်။
“မထက်ရဲ့ Comeback ဇာတ်ကားက အရမ်းကိုကောင်းပါတယ်။ မထက်ကတော့မထက်ပါပဲ။ သမ္ဘာဆိုတာ ဘယ်သူနဲ့မှယှဉ်လို့မရပါဘူး။ (၂၀၂၅) အတွက်အကယ်ဒမီက မထက်အတွက်ပါပဲ”လို့ မှတ်ချက်ပြုနေကြ ပါတယ်။ “မာယာရထားမောင်းတဲ့ မိန်းမ}} ရုပ်ရှင်ဇာတ်ကားကို (၂၀၁၉) ခုနှစ် ဒီဇင်ဘာလက စတင်ရိုက်ကူးခဲ့ကြခြင်းဖြစ်ပြီး (၆) နှစ်အကြာဖြစ်တဲ့ (၂၀၂၅) ခုနှစ် ဖေဖော်ဝါရီလမှာ ရုံတင်ပြသနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ထက်ထက်မိုးဦးအနေနဲ့ ]မာယာရထားမောင်းတဲ့ မိန်းမ” ရုပ်ရှင် ဇာတ် ကားအတွက် ကျန်းမာရေးမကောင်းဖြစ်ခဲ့ပေမယ့် ဝိတ်ချခဲ့ကြောင်း၊ ကာရိုက်တာအရ စိတ်ခံစားချက်တွေ ပြင်းထန်လွန်းတာကြောင့် ဝမ်းနည်းစရာကောင်းလွန်းခဲ့ကြောင်း” ပြောပြထားပါတယ်။
“မာယာရထားမောင်းတဲ့ မိန်းမ” ရုပ်ရှင်ဇာတ်ကားကို (၂၀၂၅) ခုနှစ် ဖေဖော်ဝါရီလ (၂၁) ရက်က မြန်မာတစ်ပြည်လုံး ရုံတင်ပြသခဲ့ခြင်းဖြစ်ပြီး ထက်ထက်မိုးဦးအတွက် (၂၀၂၅) ခုနှစ် မြန်မာ့ရုပ်ရှင် ထူး ချွန်ဆုကို မျှော်မှန်းလို့ရကြောင်း ကြည့်ရှုပြီးသူတိုင်းက မှတ်ချက်ပြုကြပါတယ်။

ရိုးရှင်းစွာ ကျင်းပခဲ့တဲ့ ပိုင်တံခွန်တို့ချစ်သူစုံတွဲရဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲ
ရုပ်ရှင်သရုပ်ဆောင် ပိုင်တံခွန်နဲ့ မလင်းမြဖြူတို့ရဲ့ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို (၂၀၂၅) ခုနှစ် ဖေဖော်ဝါရီလ (၂၅) ရက်က မလင်းမြဖြူရဲ့နေအိမ်မှာ နှစ်ဖက်အသိုင်းအဝိုင်း မိသားစုဝင်တွေ ရှေ့မှောက်မှာ ရိုးရှင်းစွာကျင်းပခဲ့ကြပါတယ်။
ပိုင်တံခွန်က သူ့ချစ်သူမိန်းကလေးအပေါ် မြတ်နိုးတန်ဖိုးထားကြောင်းသက်သေပြသမှုအဖြစ် မိန်းကလေးရဲ့နေအိမ် ကိုလာရောက်ကာ မိဘနှစ်ပါးထံ မြန်မာတို့ရဲ့ ရိုးရာအစဉ်အလာဓလေ့ထုံးစံအတိုင်း ၎င်းရဲ့မိဘနှစ်ပါး၊ ညီအစ်ကို မောင်နှမ၊ သူငယ်ချင်းမိတ်ဆွေတွနဲ့အတူ အုန်းပွဲ၊ ငှက်ပျောပွဲကိုသယ်ဆောင် ကာ တောင်းရမ်းခဲ့မှုမြင်ကွင်းတွေက ကြည့်ရှုသူတိုင်းရဲ့စိတ်ကို ကြည်နူးမှုခံစားစေနိုင်ခဲ့ရုံမက နိုင်ငံတကာမီဒီယာတွေအထိ သတင်း ဖော်ပြခြင်းခံခဲ့ရပါ တယ်။ ရုပ်ရှင်သရုပ်ဆောင် ပိုင်တံခွန်ရဲ့ဇနီး မလင်း မြဖြူဟာ မြန်မာနိုင်ငံ ဆီကုန်သည်နဲ့လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးစံလင်းရဲ့သမီးအကြီးဖြစ်ပြီး၊ သူတို့မိသားစုရဲ့ချမ်းသာြွကယ်ဝမှုကို လူတိုင်းက ပုံစံမျိုးစုံနဲ့ ပုံဖော် ရေးသားကြပေမယ့်လည်း ကာယကံရှင်နှစ်ဦးကတော့ မိဘရဲ့ချမ်းသာကြွယ်ဝမှုနဲ့ပတ်သက်ပြီး ထုတ်ဖော်ကြွားဝါခြင်း၊ သတင်းစကားထုတ်လွှင့်ခြင်းမရှိတဲ့အပြင် တောင်းရမ်းစေ့စပ်ပွဲ၊ မင်္ဂလာလက်မှတ်ရေးထိုးပွဲ ကိုလည်း မိန်းကလေးဖြစ်သူရဲ့နေအိမ်မှာသာ မိသားစုဝင်တွေနဲ့အတူ ပကာသနကင်းရှင်းပြီး ရိုးရှင်းလှစွာ ကျင်းပခဲ့ ကြတာကို မြင်တွေ့ရပါတယ်။
ဖေဖော်ဝါရီလ (၂၅) ရက်မှာ ပိုင်တံခွန်တို့ဇနီးမောင်နှံရဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲပုံရိပ်တွေ နဲ့ ဖေဖော်ဝါရီလ (၂၇) ရက်မှာတော့ ပြုလုပ်ကျင်းပခဲ့တဲ့ မင်္ဂလာဦးဆွမ်းကျွေးအလှူမြင်ကွင်းပုံရိပ်တွေဟာ ကြည့်ရှုမိသူတိုင်းရဲ့ရင်ထဲ ကြည်နူးဖွယ်မြင်ကွင်းများအဖြစ် ထင်ကျန်ရစ်စေခဲ့ပါတယ်။ ပိုင်တံခွန်ရဲ့ပရိသတ်တွေက မလင်းမြဖြူအပေါ် ချီးကျူးစကားထပ်တလဲလဲပြောလျက်ရှိပြီး၊ သူတို့နှစ်ဦးရဲ့မင်္ဂလာဧည့်ခံပွဲကို ဘယ်လိုပုံစံကျင်းပကြမယ်ဆိုတာ စိတ်ဝင်စားလျက်ရှိလို့နေပြန်ပါတယ်။
ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ဒီလောက်နဲ့ ရပ်နားခွင့်ပြုပါ။

Zawgyi Version:
“ရသစုံလင္လွေသာ အႏုပညာေလာက”
အသက္ေဘးက လြတ္ေျမာက္ခဲ့တဲ့ ႐ုပ္ရွင္အဖြဲ႕သား (၄) ဦး
အိျဖဴ (NP News) - မတ္ ၂
(ကြယ္လြန္သူ)လူ႐ႊင္ေတာ္ေမတၱာရဲ႕သားျဖစ္သူ ႐ုပ္ရွင္သ႐ုပ္ေဆာင္ ေမတၱာျမင့္ျမတ္ဟိန္းအပါ အဝင္ အႏုပညာေမာင္ႏွမ(၄)ဦးတို႔လိုက္ပါစီးနင္းလာတဲ့ TOYOTA MARK II အျဖဴေရာင္ယာဥ္ဟာ ေဖေဖာ္ဝါရီလ (၂၄) ရက္က ယာဥ္တိုက္မႈျဖစ္ပြားခဲ့ၿပီး ကံေကာင္းေထာက္မစြာပဲ ယာဥ္ေပၚပါသူအားလုံး အသက္ေဘးအႏၲရာယ္က လြတ္ေျမာက္ခဲ့ၾကပါတယ္။
အဆိုပါယာဥ္တိုက္မႈမွာ (၂၀၂၅)ခုႏွစ္ ေဖေဖာ္ဝါရီလ (၂၄)ရက္ ညေန (၅)နာရီဝန္းက်င္အခ်ိန္ခန႔္ က အင္းတေကာ္ၿမိဳ႕ အမွတ္(၆)ရပ္ကြက္ မိုင္တိုင္ (၁၆/၁) နဲ႔ (၁၆/၂) ၾကားမွာျဖစ္ပြားခဲ့တာပါ။ ၎တို႔က ပဲခူးၿမိဳ႕မွာ ႐ိုက္ကူးေရးျပဳလုပ္ၿပီးအျပန္ အဆိုပါအျဖစ္ဆိုးနဲ႔ ႀကဳံေတြ႕ခဲ့ၾကရတာျဖစ္ပါတယ္။
႐ုပ္ရွင္အဖြဲ႕သား ကိုစိုင္းသီဟန္ေမာင္းႏွင္ၿပီး ဓာတ္ပုံဆရာ ေအာင္သူေအာင္၊ အႏုပညာရွင္ေတြ ျဖစ္ၾကတဲ့ ေမတၱာျမင့္ျမတ္ဟိန္းနဲ႔ေမျမတ္ႏိုးခင္တို႔ လိုက္ပါစီးနင္း ခဲ့ၾကၿပီး၊ ၎တို႔ေမာင္းႏွင္လာတဲ့ယာဥ္ က လမ္းျဖတ္ကူးသူကိုတိမ္းေရွာင္ရာမွ ယာဥ္ဟာ လမ္းမရဲ႕ညာဘက္ကိုေရာက္သြားၿပီး လမ္းေဘးမွာရပ္ ထားတဲ့ FORTON အမ်ိဳးအစား၊ ေျခာက္မူးသံလုံးေတြတင္ေဆာင္ထားတဲ့တြဲကားရဲ႕အေနာက္ဘက္ကို ဝင္တိုက္ခဲ့မိခဲ့တာျဖစ္တယ္လို႔သိရပါတယ္။ ယာဥ္တိုက္မႈျဖစ္စဥ္ ျမင္ကြင္းဓာတ္ပုံေတြအရ ၎တို႔စီးနင္း လာတဲ့ TOYOTA MARK II ယာဥ္ေခါင္းပိုင္းတစ္ခုလုံးေၾကမြသြား႐ုံမက ကားတစ္စီးလုံးပ်က္စီးသြားခဲ့တဲ့ အတြက္ ယာဥ္ေပၚလိုက္ပါလာသူ အားလုံးရဲ႕ အသက္အႏၲရာယ္စိုးရိမ္ရတဲ့အထိ ယာဥ္တိုက္မႈျဖစ္စဥ္ ျမင္ ကြင္းက ျပင္းထန္ခဲ့ပါတယ္။
ယာဥ္တိုက္မႈေၾကာင့္ TOYOTA MARK II ကားမွာ ဦးေခါင္းအေရွ႕ျခမ္းတစ္ခုလုံး ေၾကမြပ်က္စီးခဲ့ ၿပီး ယာဥ္ေမာင္းသူ စိုင္းသီဟန္က ညာဘက္ လက္ေမာင္း ေပါက္ၿပဲဒဏ္ရာ၊ ညာဘက္ေျခေထာက္က်ိဳး ဒဏ္ရာနဲ႔ ေအာင္သူေအာင္က ဘယ္ဘက္လည္ပင္းမွာ ပြန္းျခစ္ဒဏ္ရာ၊ ရင္ၫြန႔္ေအာင့္ဒဏ္ရာမ်ား၊ ေမတၱာျမင့္ျမတ္ဟိန္းက ခါးပြန္းပဲ့ဒဏ္ရာ၊ တင္ပါးပြန္းျခစ္ဒဏ္ရာ၊ ေမျမတ္ႏိုးခင္က ႏွာေခါင္းေသြးထြက္ ဒဏ္ရာ၊ ဘယ္ဘက္လက္ေမာင္း က်ိဳးဒဏ္ရာနဲ႔ ေျခမႏွစ္ဖက္ပြန္းျခစ္ဒဏ္ရာ အသီးသီးရရွိခဲ့ၾကေပမယ့္ လည္း အသက္အႏၲရာယ္ႀကီးႀကီးမားမားထိခိုက္မႈမရွိခဲ့တာေၾကာင့္ ၎တို႔ရဲ႕မိသားစုဝင္ေတြနဲ႔ အားေပး သူပရိသတ္ေတြရဲ႕ စိတ္ပူမႈကို ေျဖေလွ်ာ့ေပးႏိုင္ ခဲ့ပါတယ္။ ဒီျဖစ္စဥ္မွာ တစ္ဖက္ရွိယာဥ္ႀကီးကရပ္ထား တာေၾကာင့္သာ ယာဥ္ေမာင္းအပါအဝင္အားလုံး အသက္အႏၲရာယ္ေဘးက လြတ္ေျမာက္ႏိုင္ခဲ့ၾကတာပါ။ ပဲခူးၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီးမွာ ေဆးကုသမႈခံယူခဲ့ၾကၿပီး လက္ရွိမွာေတာ့ အားလုံးက်န္းမာေရးေကာင္း လြန္လ်က္ရွိတယ္လို႔ သတင္းၾကားသိရပါတယ္။
အကယ္ဒမီထက္ထက္မိုးဦး Comeback အေနနဲ႔ ပထမဆုံး႐ုံတင္ျပသတဲ့ ႐ုပ္ရွင္ ပရိသတ္ စိတ္ဝင္စားမူရရွိေန
လတ္တေလာ ေဖ့စ္ဘြတ္ခ္၊ တစ္ေတာ့တစ္ခြင္မွာ ထက္ထက္မိုးဦးရဲ႕ “အငိုမ်က္လုံး အၿပဳံး မ်က္ႏွာ” ႐ုပ္ရွင္ ဇာတ္ဝင္ခန္းကို ၾကည့္ရႈသူတိုင္းက ခ်ီးက်ဴးစကားဆိုလ်က္ရွိၿပီး၊ ထက္ထက္မိုးဦးရဲ႕ အႏုပညာသမာၻဝါကို ေတြ႕ျမင္ရ ေၾကာင္း ဆိုၾကပါတယ္။
ထပ္ဆင့္အကယ္ဒမီ ထက္ထက္မိုးဦးက “မာယာရထားေမာင္းတဲ့ မိန္းမ” ႐ုပ္ရွင္ဇာတ္ကားမွာ ပါဝင္ထားၿပီး သ႐ုပ္ေဆာင္ ရဲရင့္ေအာင္၊ အိေခ်ာပို၊ နန္းဆုဦး၊ ေ႐ႊအိမ္စည္၊ ရဲေအာင္၊ ေမသၪၨာဦး၊ စိုင္းစည္ တြမ္ခမ္း၊ ခ်မ္းမင္းရဲထြဋ္နဲ႔ တျခားအႏုပညာရွင္မ်ားစြာ ပါဝင္သ႐ုပ္ေဆာင္ထားၾကကာ၊ လာဗင္ဒါက ထုတ္လုပ္ျဖန႔္ခ်ိၿပီး စီစဥ္သူ တင္ဇာပိုင္၊ တြဲဖက္ဒါ႐ိုက္တာ ေနလင္း၊ ဇာတ္လမ္း ဇာတ္òန္း ဒါ႐ိုက္တာ ရာဇဝင္ကိုက ႐ိုက္ကူးပုံေဖာ္ ထားတာျဖစ္ပါတယ္။ “မာယာရထားေမာင္းတဲ့ မိန္းမ” ႐ုပ္ရွင္ဇာတ္ကားမွာ လက္ရွိ အႏုပညာေဈးကြက္အတြင္း ေအာင္ျမင္ၿပီးသား မင္းသား၊ မင္းသမီးေတြပါဝင္ထားေပမယ့္လည္း လူအမ်ားၾကား စြဲထင္က်န္ရစ္ေစတဲ့ ဇာတ္ကြက္ေတြက ထက္ထက္မိုးဦးရဲ႕ဇာတ္ဝင္ခန္းေတြျဖစ္ေနတာ ကိုသတိျပဳမိပါတယ္။ “မာယာရထားေမာင္းတဲ့ မိန္းမ” ႐ုပ္ရွင္ ႐ုံမတင္ခင္နဲ႔ ႐ုံတင္ၿပီးေနာက္ပိုင္းမွာ လည္း ထပ္ဆင့္အကယ္ဒမီ ထက္ထက္မိုးဦးရဲ႕ဇာတ္ဝင္ ခန္းေတြသာ ဆိုရွယ္လူမႈကြန္ရက္တစ္ခြင္မွာ ျပန္လည္ေဖာ္ျပျခင္းခံေနရၿပီး ဇာတ္ကားတစ္ကားလုံးရဲ႕ အေကာင္းဆုံးဇာတ္ဝင္ခန္းေတြက ထက္ထက္ မိုးဦး သ႐ုပ္ေဆာင္တဲ့ဇာတ္ဝင္ခန္းေတြသာျဖစ္ေၾကာင္း မွတ္ခ်က္ျပဳထားၾကပါတယ္။
“မထက္ရဲ႕ Comeback ဇာတ္ကားက အရမ္းကိုေကာင္းပါတယ္။ မထက္ကေတာ့မထက္ပါပဲ။ သမာၻဆိုတာ ဘယ္သူနဲ႔မွယွဥ္လို႔မရပါဘူး။ (၂၀၂၅) အတြက္အကယ္ဒမီက မထက္အတြက္ပါပဲ”လို႔ မွတ္ခ်က္ျပဳေနၾက ပါတယ္။ “မာယာရထားေမာင္းတဲ့ မိန္းမ}} ႐ုပ္ရွင္ဇာတ္ကားကို (၂၀၁၉) ခုႏွစ္ ဒီဇင္ဘာလက စတင္႐ိုက္ကူးခဲ့ၾကျခင္းျဖစ္ၿပီး (၆) ႏွစ္အၾကာျဖစ္တဲ့ (၂၀၂၅) ခုႏွစ္ ေဖေဖာ္ဝါရီလမွာ ႐ုံတင္ျပသႏိုင္ခဲ့ျခင္းျဖစ္ပါတယ္။ ထက္ထက္မိုးဦးအေနနဲ႔ ]မာယာရထားေမာင္းတဲ့ မိန္းမ” ႐ုပ္ရွင္ ဇာတ္ ကားအတြက္ က်န္းမာေရးမေကာင္းျဖစ္ခဲ့ေပမယ့္ ဝိတ္ခ်ခဲ့ေၾကာင္း၊ ကာ႐ိုက္တာအရ စိတ္ခံစားခ်က္ေတြ ျပင္းထန္လြန္းတာေၾကာင့္ ဝမ္းနည္းစရာေကာင္းလြန္းခဲ့ေၾကာင္း” ေျပာျပထားပါတယ္။
“မာယာရထားေမာင္းတဲ့ မိန္းမ” ႐ုပ္ရွင္ဇာတ္ကားကို (၂၀၂၅) ခုႏွစ္ ေဖေဖာ္ဝါရီလ (၂၁) ရက္က ျမန္မာတစ္ျပည္လုံး ႐ုံတင္ျပသခဲ့ျခင္းျဖစ္ၿပီး ထက္ထက္မိုးဦးအတြက္ (၂၀၂၅) ခုႏွစ္ ျမန္မာ့႐ုပ္ရွင္ ထူး ခြၽန္ဆုကို ေမွ်ာ္မွန္းလို႔ရေၾကာင္း ၾကည့္ရႈၿပီးသူတိုင္းက မွတ္ခ်က္ျပဳၾကပါတယ္။
႐ိုးရွင္းစြာ က်င္းပခဲ့တဲ့ ပိုင္တံခြန္တို႔ခ်စ္သူစုံတြဲရဲ႕ မဂၤလာလက္မွတ္ေရးထိုးပြဲ
႐ုပ္ရွင္သ႐ုပ္ေဆာင္ ပိုင္တံခြန္နဲ႔ မလင္းျမျဖဴတို႔ရဲ႕ မဂၤလာေမာ္ကြန္းတင္လက္မွတ္ေရးထိုးပြဲ အခမ္းအနားကို (၂၀၂၅) ခုႏွစ္ ေဖေဖာ္ဝါရီလ (၂၅) ရက္က မလင္းျမျဖဴရဲ႕ေနအိမ္မွာ ႏွစ္ဖက္အသိုင္းအဝိုင္း မိသားစုဝင္ေတြ ေရွ႕ေမွာက္မွာ ႐ိုးရွင္းစြာက်င္းပခဲ့ၾကပါတယ္။
ပိုင္တံခြန္က သူ႔ခ်စ္သူမိန္းကေလးအေပၚ ျမတ္ႏိုးတန္ဖိုးထားေၾကာင္းသက္ေသျပသမႈအျဖစ္ မိန္းကေလးရဲ႕ေနအိမ္ ကိုလာေရာက္ကာ မိဘႏွစ္ပါးထံ ျမန္မာတို႔ရဲ႕ ႐ိုးရာအစဥ္အလာဓေလ့ထုံးစံအတိုင္း ၎ရဲ႕မိဘႏွစ္ပါး၊ ညီအစ္ကို ေမာင္ႏွမ၊ သူငယ္ခ်င္းမိတ္ေဆြတြနဲ႔အတူ အုန္းပြဲ၊ ငွက္ေပ်ာပြဲကိုသယ္ေဆာင္ ကာ ေတာင္းရမ္းခဲ့မႈျမင္ကြင္းေတြက ၾကည့္ရႈသူတိုင္းရဲ႕စိတ္ကို ၾကည္ႏူးမႈခံစားေစႏိုင္ခဲ့႐ုံမက ႏိုင္ငံတကာမီဒီယာေတြအထိ သတင္း ေဖာ္ျပျခင္းခံခဲ့ရပါ တယ္။ ႐ုပ္ရွင္သ႐ုပ္ေဆာင္ ပိုင္တံခြန္ရဲ႕ဇနီး မလင္း ျမျဖဴဟာ ျမန္မာႏိုင္ငံ ဆီကုန္သည္နဲ႔လုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးစံလင္းရဲ႕သမီးအႀကီးျဖစ္ၿပီး၊ သူတို႔မိသားစုရဲ႕ခ်မ္းသာျြကယ္ဝမႈကို လူတိုင္းက ပုံစံမ်ိဳးစုံနဲ႔ ပုံေဖာ္ ေရးသားၾကေပမယ့္လည္း ကာယကံရွင္ႏွစ္ဦးကေတာ့ မိဘရဲ႕ခ်မ္းသာႂကြယ္ဝမႈနဲ႔ပတ္သက္ၿပီး ထုတ္ေဖာ္ႂကြားဝါျခင္း၊ သတင္းစကားထုတ္လႊင့္ျခင္းမရွိတဲ့အျပင္ ေတာင္းရမ္းေစ့စပ္ပြဲ၊ မဂၤလာလက္မွတ္ေရးထိုးပြဲ ကိုလည္း မိန္းကေလးျဖစ္သူရဲ႕ေနအိမ္မွာသာ မိသားစုဝင္ေတြနဲ႔အတူ ပကာသနကင္းရွင္းၿပီး ႐ိုးရွင္းလွစြာ က်င္းပခဲ့ ၾကတာကို ျမင္ေတြ႕ရပါတယ္။
ေဖေဖာ္ဝါရီလ (၂၅) ရက္မွာ ပိုင္တံခြန္တို႔ဇနီးေမာင္ႏွံရဲ႕ မဂၤလာလက္မွတ္ေရးထိုးပြဲပုံရိပ္ေတြ နဲ႔ ေဖေဖာ္ဝါရီလ (၂၇) ရက္မွာေတာ့ ျပဳလုပ္က်င္းပခဲ့တဲ့ မဂၤလာဦးဆြမ္းေကြၽးအလႉျမင္ကြင္းပုံရိပ္ေတြဟာ ၾကည့္ရႈမိသူတိုင္းရဲ႕ရင္ထဲ ၾကည္ႏူးဖြယ္ျမင္ကြင္းမ်ားအျဖစ္ ထင္က်န္ရစ္ေစခဲ့ပါတယ္။ ပိုင္တံခြန္ရဲ႕ပရိသတ္ေတြက မလင္းျမျဖဴအေပၚ ခ်ီးက်ဴးစကားထပ္တလဲလဲေျပာလ်က္ရွိၿပီး၊ သူတို႔ႏွစ္ဦးရဲ႕မဂၤလာဧည့္ခံပြဲကို ဘယ္လိုပုံစံက်င္းပၾကမယ္ဆိုတာ စိတ္ဝင္စားလ်က္ရွိလို႔ေနျပန္ပါတယ္။
ဒီတစ္ပတ္အတြက္ အႏုပညာက႑ကို ဒီေလာက္နဲ႔ ရပ္နားခြင့္ျပဳပါ။