ငွေကြေးအရ အအောင်မြင်ဆုံးကာတွန်းရုပ်ရှင်ဇာတ်ကားဖြစ်လာသည့် တရုတ်ကာတွန်းရုပ်ရှင် Ne Zha 2

97

Pika (NP News) - မတ် ၃
ရှေးခေတ် တာအိုကျမ်းဂန်မှ ဇာတ်ကောင်ကို အခြေခံထားသည့် တရုတ်ကာတွန်းရုပ်ရှင် ( Ne Zha 2 ) သည် သမိုင်းတစ်လျှောက် အင်္ဂလိပ်မဟုတ်သည့် ဝင်ငွေအကောင်းဆုံးကာတွန်းရုပ်ရှင်အပြင် အခြား စံချိန်များစွာကို သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
(၂၀၁၉) ခုနှစ်တွင်ထွက်ရှိခဲ့သော Ne Zha ဇာတ် ကား၏ အဆက်ဖြစ်သော (Ne Zha 2) ရုပ်ရှင်သည် ထွက်ရှိပြီး နောက် ဒုတိယသီတင်းပတ်အတွင်း တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အမေရိကန်ဒေါ်လာ (၁ ဒသမ ၉) ဘီလျံ ကျော်သွားခဲ့ကြောင်း သိရသည်။
ရုံတင် ဝင်ငွေအပေါ် အခြေခံပြီး သမိုင်းတစ်လျှောက် ဝင်ငွေအကောင်းဆုံးဇာတ်ကားမှာ Avatar ဇာတ်ကားဖြစ်ပြီး အမေရိကန်ဒေါ်လာ (၂ ဒသမ ၉၂၃) ဘီလျံရရှိခဲ့ကြောင်းသိရသည်။
ဒုတိယမြောက် ဝင်ငွေအကောင်းဆုံးဇာတ်ကားမှာ Avengers: Endgame ဇာတ်ကားဖြစ်ပြီး ရုံတင် ဝင်ငွေ မှာ အမေရိကန်ဒေါ်လာ (၂ ဒသမ ၇၉၇) ဘီလျံရရှိခဲ့ကြောင်းသိရသည်။ ထို့ပြင် တစ်ကမ္ဘာလုံးတွင် ရုံတင်ဝင်ငွေ အမေရိကန်ဒေါ်လာ (၂) ဘီလျံကျော်သွားခဲ့သည့် ရုပ်ရှင်ဇာတ်ကားမှာ စုစုပေါင်း(၆)ကားသာ ရှိကြောင်းလည်း သိရသည်။
(Ne Zha 2) ကာတွန်းရုပ်ရှင်သည် မကောင်းမှု၏စွမ်းအားများကို ကိုယ်စားပြုသည့်နဂါးများကို တိုက်ခိုက် သည့်ယောကျာ်းလေး နတ်ဘုရားအကြောင်း ဖန်တီးရိုက်ကူးထားသည့်ဇာတ်ကားတစ်ကား ဖြစ်ပြီး အင်္ဂလိပ် မဟုတ် သည့် ဝင်ငွေအကောင်းဆုံးကာတွန်းရုပ်ရှင်ဖြစ်လာခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်သီတင်းပတ်တွင် (Ne Zha 2) ကာ တွန်းရုပ်ရှင်သည် Inside Out 2 ကာတွန်းကား၏ ရုံတင် ဝင်ငွေ အမေရိကန်ဒေါ်လာ (၁ ဒသမ ၆၉၉)ဘီလျံကို ကျော်တက်သွားခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင် ငွေကြေးအရ အအောင်မြင်ဆုံး ကာတွန်းရုပ်ရှင်အဖြစ် ခေါင်းစဉ်ကို ရယူသွားခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေငြေၾကးအရ အေအာင္ျမင္ဆုံးကာတြန္း႐ုပ္ရွင္ဇာတ္ကားျဖစ္လာသည့္ တ႐ုတ္ကာတြန္း႐ုပ္ရွင္ Ne Zha 2
Pika (NP News) - မတ္ ၃
ေရွးေခတ္ တာအိုက်မ္းဂန္မွ ဇာတ္ေကာင္ကို အေျခခံထားသည့္ တ႐ုတ္ကာတြန္း႐ုပ္ရွင္ ( Ne Zha 2 ) သည္ သမိုင္းတစ္ေလွ်ာက္ အဂၤလိပ္မဟုတ္သည့္ ဝင္ေငြအေကာင္းဆုံးကာတြန္း႐ုပ္ရွင္အျပင္ အျခား စံခ်ိန္မ်ားစြာကို သိမ္းပိုက္ခဲ့ေၾကာင္း သိရသည္။
(၂၀၁၉) ခုႏွစ္တြင္ထြက္ရွိခဲ့ေသာ Ne Zha ဇာတ္ ကား၏ အဆက္ျဖစ္ေသာ (Ne Zha 2) ႐ုပ္ရွင္သည္ ထြက္ရွိၿပီး ေနာက္ ဒုတိယသီတင္းပတ္အတြင္း တစ္ကမာၻလုံးအတိုင္းအတာျဖင့္ အေမရိကန္ေဒၚလာ (၁ ဒသမ ၉) ဘီလ်ံ ေက်ာ္သြားခဲ့ေၾကာင္း သိရသည္။
႐ုံတင္ ဝင္ေငြအေပၚ အေျခခံၿပီး သမိုင္းတစ္ေလွ်ာက္ ဝင္ေငြအေကာင္းဆုံးဇာတ္ကားမွာ Avatar ဇာတ္ကားျဖစ္ၿပီး အေမရိကန္ေဒၚလာ (၂ ဒသမ ၉၂၃) ဘီလ်ံရရွိခဲ့ေၾကာင္းသိရသည္။
ဒုတိယေျမာက္ ဝင္ေငြအေကာင္းဆုံးဇာတ္ကားမွာ Avengers: Endgame ဇာတ္ကားျဖစ္ၿပီး ႐ုံတင္ ဝင္ေငြ မွာ အေမရိကန္ေဒၚလာ (၂ ဒသမ ၇၉၇) ဘီလ်ံရရွိခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ တစ္ကမာၻလုံးတြင္ ႐ုံတင္ဝင္ေငြ အေမရိကန္ေဒၚလာ (၂) ဘီလ်ံေက်ာ္သြားခဲ့သည့္ ႐ုပ္ရွင္ဇာတ္ကားမွာ စုစုေပါင္း(၆)ကားသာ ရွိေၾကာင္းလည္း သိရသည္။
(Ne Zha 2) ကာတြန္း႐ုပ္ရွင္သည္ မေကာင္းမႈ၏စြမ္းအားမ်ားကို ကိုယ္စားျပဳသည့္နဂါးမ်ားကို တိုက္ခိုက္ သည့္ေယာက်ာ္းေလး နတ္ဘုရားအေၾကာင္း ဖန္တီး႐ိုက္ကူးထားသည့္ဇာတ္ကားတစ္ကား ျဖစ္ၿပီး အဂၤလိပ္ မဟုတ္ သည့္ ဝင္ေငြအေကာင္းဆုံးကာတြန္း႐ုပ္ရွင္ျဖစ္လာခဲ့ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္သီတင္းပတ္တြင္ (Ne Zha 2) ကာ တြန္း႐ုပ္ရွင္သည္ Inside Out 2 ကာတြန္းကား၏ ႐ုံတင္ ဝင္ေငြ အေမရိကန္ေဒၚလာ (၁ ဒသမ ၆၉၉)ဘီလ်ံကို ေက်ာ္တက္သြားခဲ့ၿပီး ကမာၻတစ္ဝန္းတြင္ ေငြေၾကးအရ အေအာင္ျမင္ဆုံး ကာတြန္း႐ုပ္ရွင္အျဖစ္ ေခါင္းစဥ္ကို ရယူသြားခဲ့ေၾကာင္း သိရသည္။