လိုင်စင်လျှောက်ထားခြင်းမရှိသေးသော ရွှေဆိုင်များကို ကွင်းဆင်းစစ်ဆေးမှု စတင်တော့မည်

 163

ယွန်း (NP News) - မတ် ၃

ရွှေလုပ်ငန်းလိုင်စင် လျှောက်ထားခြင်းမရှိသေးသည့် ရွှေဆိုင်များကို ကွင်းဆင်းစစ်ဆေးပြီး ဆိုင်ပိတ်သိမ်းကာ တစ်ပတ်အတွင်း လိုင်စင်လျှောက်ထားခိုင်းမည်ဖြစ်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်းထံမှ သိရသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ ပြီးခဲ့သည့် အောက်တိုဘာ(၂၅)ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့က အပ်နှင်းသည့် အမိန့်ထုတ်ပြန်နိုင်ခွင့်ကို ကျင့်သုံး၍ ရွှေရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့သတ်မှတ်ပြီးနောက် နိုဝင်ဘာ(၁၈) ရက်မှစ၍ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ရွှေဆိုင်များကို လုပ်ငန်းလိုင်စင်လျှောက်ထားရမည်ဖြစ်ကြောင်း အသိပေးခဲ့ပြီး သတ်မှတ်ကာလ(၃)လ ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါသတ်မှတ်ကာလသည် ပြီးခဲ့သည့်ဖေဖော်ဝါရီ(၁၇)ရက်တွင် ပြည့်မြောက်ခဲ့ရာ ပုံစံ(၁) အတွက် လျှောက်ထား မှု(၂၀၈)စောင်နှင့် ပုံစံ(၂)အတွက် လျှောက်ထားမှု(၄၅၅၀)စောင် စုစုပေါင်း လျှောက်လွှာ(၄၇၅၈)စောင် လျှောက်ထားမှုရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် ဖေဖော်ဝါရီ(၁၈)ရက်မှ ဖေဖော်ဝါရီ(၂၆)ရက်တွင် ပုံစံ(၂)အတွက် လျှောက်ထားမှုမှာ(၂၇၃)စောင်ရှိခဲ့ကြောင်း သိရသည်။
“အမိန့်စာ ပုံစံ(၁)က စံချိန်မီရွှေဆိုတာရှိတယ်။ စံချိန်မီရွှေဆိုတာ ရွှေတုံး၊ ရွှေခဲ၊ ရွှေချောင်းတွေ ကိုပြောတာပေါ့။ ပုံစံ(၁)နဲ့(၂)က မတူဘူး။ ပုံစံ (၁)ဆိုတာက ရွှေအတုံးအခဲတွေကိုပြောတာ။ ပုံစံ (၂) ဆို တာ လက်ကောက်တို့၊ လက်စွပ်တို့လို လက်ဝတ်ရတနာကိုပြောတာ”ဟု အမှတ်(၂)သတ္တုတွင်း လုပ်ငန်း မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

လုပ်ငန်းလိုင်စင်လျှောက်ထားသည့်ဆိုင်များကို ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်နှင့်အညီ ခွင့်ပြုချထားပေးသွားမည်ဖြစ်ပြီး လျှောက်ထားခြင်းမရှိသေးသည့် ဆိုင်များကိုလည်း ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
“လျှောက်ထားလာခြင်းမရှိသေးတဲ့ ဆိုင်တွေကိုတော့ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့တွေ ကွင်း ဆင်းစစ်ဆေးလို့ ဆိုင်ဖွင့်နေတာကိုတွေ့ရင်တော့ ရွှေဆိုင်ကိုတော့ ပိတ်ထားစေမှာဖြစ်ပြီး (၁)ပတ်အတွင်း လျှောက်ထားသွားစေရေး ကနဦးစိစစ်ရေးအဖွဲ့တွေက ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်”ဟု အ ထက်ပါတာဝန်ရှိသူက ဆိုသည်။
လက်ရှိတွင် ရန်ကုန်တိုင်း‌ဒေသကြီး အတွင်းရှိ ရွှေဆိုင်(၃၄)ဆိုင်ကို ဓာတ်သတ္တု(ရွှေ) ဝန်ဆောင် မှုလုပ်ငန်းလိုင်စင် ထုတ်ယူခွင့်ပြုလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA)က ဖေဖော်ဝါရီ(၂၅)ရက် တွင် ထုတ်ပြန်ထားသည်။ အဆိုပါ လုပ်ငန်းလိုင်စင် လျှောက်ထားခြင်းကို သုံးလအတွင်း လျှောက်ထားရမည်ဖြစ် ကြောင်း ထုတ်ပြန်ထားပြီး လျှောက်ထားခြင်း မရှိသူများသည် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ (၅) အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း အသိပေးထားပြီးဖြစ်သည်။

Zawgyi Version:
လိုင္စင္ေလွ်ာက္ထားျခင္းမရွိေသးေသာ ေ႐ႊဆိုင္မ်ားကို ကြင္းဆင္းစစ္ေဆးမႈ စတင္ေတာ့မည္
ယြန္း (NP News) - မတ္ ၃

ေ႐ႊလုပ္ငန္းလိုင္စင္ ေလွ်ာက္ထားျခင္းမရွိေသးသည့္ ေ႐ႊဆိုင္မ်ားကို ကြင္းဆင္းစစ္ေဆးၿပီး ဆိုင္ပိတ္သိမ္းကာ တစ္ပတ္အတြင္း လိုင္စင္ေလွ်ာက္ထားခိုင္းမည္ျဖစ္ေၾကာင္း သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီးဌာန၊ အမွတ္(၂)သတၱဳတြင္းလုပ္ငန္းထံမွ သိရသည္။
သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနက အေရးႀကီးကုန္စည္ႏွင့္ဝန္ေဆာင္မႈ ဥပေဒအရ ၿပီးခဲ့သည့္ ေအာက္တိုဘာ(၂၅)ရက္တြင္ ျပည္ေထာင္စုအစိုးရအဖြဲ႕က အပ္ႏွင္းသည့္ အမိန႔္ထုတ္ျပန္ႏိုင္ခြင့္ကို က်င့္သုံး၍ ေ႐ႊေရာင္းဝယ္ျခင္း ဝန္ေဆာင္မႈလုပ္ငန္းကို အေရးႀကီးဝန္ေဆာင္မႈအျဖစ္ သတ္မွတ္ခဲ့ျခင္းျဖစ္သည္။
ထိုသို႔သတ္မွတ္ၿပီးေနာက္ ႏိုဝင္ဘာ(၁၈) ရက္မွစ၍ အေရးႀကီးကုန္စည္ႏွင့္ ဝန္ေဆာင္မႈဥပေဒအရ ေ႐ႊဆိုင္မ်ားကို လုပ္ငန္းလိုင္စင္ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း အသိေပးခဲ့ၿပီး သတ္မွတ္ကာလ(၃)လ ေပးခဲ့ျခင္းျဖစ္သည္။
အဆိုပါသတ္မွတ္ကာလသည္ ၿပီးခဲ့သည့္ေဖေဖာ္ဝါရီ(၁၇)ရက္တြင္ ျပည့္ေျမာက္ခဲ့ရာ ပုံစံ(၁) အတြက္ ေလွ်ာက္ထား မႈ(၂၀၈)ေစာင္ႏွင့္ ပုံစံ(၂)အတြက္ ေလွ်ာက္ထားမႈ(၄၅၅၀)ေစာင္ စုစုေပါင္း ေလွ်ာက္လႊာ(၄၇၅၈)ေစာင္ ေလွ်ာက္ထားမႈရွိခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ ေဖေဖာ္ဝါရီ(၁၈)ရက္မွ ေဖေဖာ္ဝါရီ(၂၆)ရက္တြင္ ပုံစံ(၂)အတြက္ ေလွ်ာက္ထားမႈမွာ(၂၇၃)ေစာင္ရွိခဲ့ေၾကာင္း သိရသည္။
“အမိန႔္စာ ပုံစံ(၁)က စံခ်ိန္မီေ႐ႊဆိုတာရွိတယ္။ စံခ်ိန္မီေ႐ႊဆိုတာ ေ႐ႊတုံး၊ ေ႐ႊခဲ၊ ေ႐ႊေခ်ာင္းေတြ ကိုေျပာတာေပါ့။ ပုံစံ(၁)နဲ႔(၂)က မတူဘူး။ ပုံစံ (၁)ဆိုတာက ေ႐ႊအတုံးအခဲေတြကိုေျပာတာ။ ပုံစံ (၂) ဆို တာ လက္ေကာက္တို႔၊ လက္စြပ္တို႔လို လက္ဝတ္ရတနာကိုေျပာတာ”ဟု အမွတ္(၂)သတၱဳတြင္း လုပ္ငန္း မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

လုပ္ငန္းလိုင္စင္ေလွ်ာက္ထားသည့္ဆိုင္မ်ားကို ဓာတ္သတၱဳ(ေ႐ႊ)ေရာင္းဝယ္ျခင္းဝန္ေဆာင္မႈ လုပ္ငန္း လုပ္ကိုင္ခြင့္အမိန႔္ႏွင့္အညီ ခြင့္ျပဳခ်ထားေပးသြားမည္ျဖစ္ၿပီး ေလွ်ာက္ထားျခင္းမရွိေသးသည့္ ဆိုင္မ်ားကိုလည္း ကြင္းဆင္းစစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရသည္။
“ေလွ်ာက္ထားလာျခင္းမရွိေသးတဲ့ ဆိုင္ေတြကိုေတာ့ ကြင္းဆင္းစစ္ေဆးေရးအဖြဲ႕ေတြ ကြင္း ဆင္းစစ္ေဆးလို႔ ဆိုင္ဖြင့္ေနတာကိုေတြ႕ရင္ေတာ့ ေ႐ႊဆိုင္ကိုေတာ့ ပိတ္ထားေစမွာျဖစ္ၿပီး (၁)ပတ္အတြင္း ေလွ်ာက္ထားသြားေစေရး ကနဦးစိစစ္ေရးအဖြဲ႕ေတြက ကူညီေဆာင္႐ြက္ေပးသြားမွာ ျဖစ္ပါတယ္”ဟု အ ထက္ပါတာဝန္ရွိသူက ဆိုသည္။
လက္ရွိတြင္ ရန္ကုန္တိုင္း‌ေဒသႀကီး အတြင္းရွိ ေ႐ႊဆိုင္(၃၄)ဆိုင္ကို ဓာတ္သတၱဳ(ေ႐ႊ) ဝန္ေဆာင္ မႈလုပ္ငန္းလိုင္စင္ ထုတ္ယူခြင့္ျပဳလိုက္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း (YGEA)က ေဖေဖာ္ဝါရီ(၂၅)ရက္ တြင္ ထုတ္ျပန္ထားသည္။ အဆိုပါ လုပ္ငန္းလိုင္စင္ ေလွ်ာက္ထားျခင္းကို သုံးလအတြင္း ေလွ်ာက္ထားရမည္ျဖစ္ ေၾကာင္း ထုတ္ျပန္ထားၿပီး ေလွ်ာက္ထားျခင္း မရွိသူမ်ားသည္ အေရးႀကီးကုန္စည္ႏွင့္ဝန္ေဆာင္မႈ ဥပေဒပုဒ္မ (၅) အရ အေရးယူျခင္းခံရမည္ျဖစ္ေၾကာင္း အသိေပးထားၿပီးျဖစ္သည္။

Related news

© 2021. All rights reserved.