အာရှရဲ့စီးပွားရေးစင်္ကြံလမ်းတွေကို ခေတ္တပိတ်စေတဲ့ မြန်မာ့ပဋိပက္ခ

396

Htay Oung (NP News) - မတ် ၃
အိန္ဒိယရဲ့အာဆီယံနိုင်ငံတွေနဲ့ ချဉ်းကပ်ဆက်ဆံရေးမှာ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ဖြတ်ကျော် အဝေးပြေးလမ်းမကြီး(IMTT) ဖောက်လုပ်ရေးဖြစ်ကြောင်း၊ ဒါပေမဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ချိတ်ဆက်ခြင်း အားဖြင့် ဒေသတွင်းအပြောင်းအလဲတွေကို ဖော်ဆောင်ရေး အိန္ဒိယရဲ့မူဝါဒဟာ မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ပဋိပက္ခအခြေအနေတွေကြောင့် နှောင့်နှေးမှုတွေဖြစ်ပေါ်နေရတယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်ရှန်ကာကပြောဆိုကြောင်း နယူးဒေလီအခြေစိုက် “NDTV” ၂ဝ၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်က ရေးသားခဲ့ပါတယ်။
အိန္ဒိယရဲ့ “အိမ်နီးချင်းဦးစားပေး” မူဝါဒအရ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ နီပေါ ဒါမှမဟုတ် မြန်မာနိုင်ငံတို့မှာ သိသာထင်ရှားတဲ့တိုးတက်မှုတွေကို ရရှိခဲ့ကြောင်း၊ COVID-19 ကူးစက်ကပ်ရောဂါကာလအတွင်း အိန္ဒိယ ဟာ အဲဒီအိမ်နီးချင်းနိုင်ငံတွေကို ကာကွယ်ဆေးတွေထောက်ပံ့ပေးခဲ့ကြောင်း၊ နယူးဒေလီနဲ့ အာဆီယံ နိုင်ငံ တွေအကြား ဆက်ဆံရေးတည်ငြိမ်စွာ တိုးတက်လာခဲ့ပြီး အိန္ဒိယနိုင်ငံရဲ့ သက်ဆိုင်ရာအားလုံးတို့ ကလည်း အဲဒီအစဉ်အလာကို ထပ်မံအသုံးချ နိုင်ဖို့လိုအပ်တယ်လို့ “အာသံ ညီလာခံ” မှာ ဂျိုင်ရှန်ကာ က ပြောပါတယ်။
အိန္ဒိယနိုင်ငံရဲ့ အရှေ့တောင်အာရှတိုင်း ပြည်တွေနဲ့ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ အာသံပြည်နယ်ရဲ့ စီးပွားရေး၊ ဖွံ့ဖြိုးရေးနဲ့လူမှုစီးပွားဆိုင်ရာ အားသာချက်တွေကိုဆွေးနွေးဖို့ရည်ရွယ်ပြီး ဖေဖော်ဝါရီလ (၂၅၊ ၂၆)ရက်က ဂူအာဟတ္ထိမြို့မှာ “အာသံညီလာခံ ၂.ဝ” ကို ပြည်နယ်အစိုးရက ဦး ဆောင်ကျင်းပခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်-နီပေါ-ဘူ တန်နဲ့ အာဆီယံနိုင်ငံတွေက သံတမန်နဲ့ကိုယ်စား လှယ်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဖိတ်ကြားထား သူတွေတက်ရောက်ကြတဲ့ညီလာခံမှာ ဝန်ကြီး ချုပ် နာရင်ဒြာမိုဒီရဲ့ “အရှေ့မျှော်-မြန်မြန်လုပ်-ပထမဦး စားပေး” မူဝါဒနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံခြား ရေးဝန် ကြီးကရှင်းပြရာမှာ အခုလို ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့် IMTT အဝေးပြေးလမ်းစီမံ ကိန်းကိုရပ်နားထားရကြောင်း မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေတဲ့ မတည်ငြိမ်မှုတွေက အရေးပါတဲ့ ပရော ဂျက်ကြီးတစ်ခုအပေါ် ဟန့်တားသလိုဖြစ်နေတာဟာ ခွင့်ပြုနိုင်စရာ မရှိကြောင်း၊ စီမံကိန်းကို ဆက်လက် ဆောင်ရွက်နိုင်ဖို့အတွက် လက်တွေ့ကျတဲ့နည်းလမ်းတွေကိုရှာဖွေပေးဖို့လိုအပ်ကြောင်း၊ IMTT အမြန် လမ်းဆောက်လုပ်ရေးလုပ်ငန်းတွေမှာ (၂၀၂၃)ခုနှစ် ဇူလိုင်လအထိ (၇၀)ရာခိုင်နှုန်းခန့်ပြီးစီးခဲ့ပြီးဖြစ် ကြောင်း၊ မိုင် (၈၇၀)ခန့်ရှည်လျားတဲ့လမ်းမကြီးဟာ အိန္ဒိယမဏိပူရပြည်နယ် မိုရေးပြီးမှ မြန်မာနိုင်ငံကို ဖြတ်သန်းပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့အထိ ဖောက်လုပ်မှာဖြစ်ကြောင်း၊ အိန္ဒိယနဲ့အရှေ့တောင်အာရှကို ကုန်းလမ်းခရီးချိတ်ဆက်ပေးမှာဖြစ်ပြီး ကုန်သွယ်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ ခရီးသွားလာ ရေးဆိုင်ရာကဏ္ဍတွေကို ပိုမိုကောင်းမွန်စေမှာဖြစ်တယ်လို့ ဂျိုင်ရှန်ကာကဆိုပါတယ်။ သုံးနိုင်ငံပူးပေါင်းပါဝင် တဲ့ အမြန်လမ်းစီမံကိန်းဟာ ပြီးစီးမယ့်အချိန်ကို သတ် မှတ်ထားခြင်းမရှိသေး ပါဘူး။ အဲဒီ မဟာဗျူဟာမြောက် အဝေးပြေးလမ်းစီမံကိန်းဟာ အကြိမ်ကြိမ်နှောင့်နှေး ခဲ့ရပြီး အိန္ဒိယ အစိုးရအနေနဲ့ကတော့ (၂၀၁၉)ခုနှစ် ဒီဇင်ဘာလမှာ စတင်အသုံးပြုနိုင်ဖို့ ရည်မှန်းထားခဲ့ပါတယ်။ လမ်းသစ်တွေ၊ စစ်ဆေးရေးဂိတ်တွေ၊ မီးရ ထားလမ်းဆက်ကြောင်းတွေ၊ ရေလမ်းတွေ၊ ဓာတ်အား လိုင်းတွေ၊ လောင်စာပိုက်လိုင်းတွေနဲ့ သယ်ယူပို့ ဆောင်ရေးဆိုင်ရာအဆောက်အအုံတွေကို တည် ဆောက်ဖို့ကျန်ရှိနေကြောင်း လာမယ့်နှစ်တွေမှာ ဘယ်လိုတွေဆက်ဖြစ်ပြီး ဘာတွေလုပ်ဖို့ဖြစ်လာမယ် ဆိုတာ မသိနိုင်သေးကြောင်း၊ တချို့အုပ်စုတွေဟာ ပြဿနာတွေကိုသာမြင်နေကြပြီး အဖြေမှန်ရှာဖွေဖို့ ပျက်ကွက်နေကြကြောင်း၊ ဒါပေမဲ့ အဆုံးတစ်နေ့မှာ ဒေသတွင်းတိုးတက်မှုအတွက် စိတ်ရှည်လက်ရှည် ပူးပေါင်းဆောင်ရွက်မှုကိုလိုအပ်ကြောင်း ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ဟာ အိန္ဒိယနိုင်ငံရဲ့စီးပွားရေး ဆိုင်ရာကဏ္ဍအတော်များများတို့မှာ အရေးပါတဲ့ ကစားသမားတွေအဖြစ်ပေါ်ထွက်လာခဲ့ကြောင်း၊ ဂျပန် နိုင်ငံဟာ အိန္ဒိယအရှေ့မြောက်ပိုင်းဒေသ ကုန်း တွင်းပိတ်ပြည်နယ်တွေအတွင်း ဖွံ့ဖြိုးရေးစီမံကိန်းတွေ ကို ဦးစားပေးလုပ်ဆောင်လျက်ရှိပြီး အထူးသဖြင့် ရောင်းဝယ်ဖောက်ကားမှု ပိုမိုကောင်းမွန်ရေးနဲ့ ပညာ ရေး ပူးပေါင်းဖလှယ်မှုတွေကို မြှင့်တင်လျက်ရှိကြောင်း၊ မလေးရှားနဲ့ထိုင်းနိုင်ငံတို့ကလည်း အိန္ဒိယ နိုင်ငံသားတို့အတွက် ဗီဇာလိုအပ်ချက်တွေကို လျှော့ပေါ့ပေးခဲ့ တယ်လို့ အာသံညီလာခံမှာ အိန္ဒိယနို င်ငံခြားရေးဝန် ကြီးကပြောပါတယ်။
မြန်မာနိုင်ငံဟာ အာရှတိုက်ရဲ့ဗဟိုအချက် အချာကျတဲ့နေရာမှာ တည်ရှိပါတယ်။ တောင်အာရှအ နောက်ပိုင်းနဲ့ အရှေ့တောင်အာရှတိုင်းပြည်တွေအ ကြား ကုန်းလမ်းဆက်သွယ်ပေးနိုင်တဲ့အပြင် အိမ်နီး ချင်း တရုတ်နဲ့ ကုန်းတွင်းပိတ် လာအိုနိုင်ငံတို့ကိုလည်း အိန္ဒိယသမုဒ္ဒရာအရောက် ပင်လယ်ပြင်ထွက် ပေါက်ပေးနိုင်ပါတယ်။ မြန်မာနိုင်ငံကိုဖြတ်သန်းပြီး အကျိုးအမြတ်အလွန်များပြားတဲ့ကုန်သွယ်ရေးနဲ့ စီးပွားရေး စင်္ကြံလမ်းမတွေကို လက်ယှက်ထိုး ဖောက်လုပ်နိုင်ပါတယ်။
၁။ (က) တရုတ်-မြန်မာ စီးပွားရေးစင်္ကြ China-Myanmar Economic Corridor (CMEC ) ဟာ တရုတ်နိုင်ငံ အနောက်တောင်ဘက် ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံ မူဆယ်-မန္တလေး-ကျောက်ဖြူ-ရန်ကုန် မြို့အထိ ကားလမ်း-မီးရထားလမ်း ဖောက်လုပ်ဖို့စီစဉ် နေပါတယ်။ အဲဒီလမ်းဟာ “ရပ်ဝန်း နဲ့လမ်း” BRI မှာ အထင်ရှားဆုံးနဲ့ အရေးပါဆုံးလမ်းခွဲတစ်ခုဖြစ်ပါတယ်။ တရုတ်ရဲ့ ကုန်းတွင်းပိတ် အနောက် တောင် ပိုင်း မြို့ကြီးတွေအတွက် မလက္ကာရေလက်ကြားကို တစ်ကွေ့တစ်ပတ်ကြီးသွား နေစရာမလိုဘဲ ပင်လယ် ရေကြောင်းထောက်ပံ့ပို့ဆောင်ရေးအတွက် အသည်းနှလုံးလို့တောင်ဆို နိုင်ပါတယ်။ (၂၀၁၃) ခုနှစ်မှာ တည်ဆောက်ပြီးစီးသွားတဲ့ ကျောက်ဖြူ-ကူမင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဟာ တရုတ်နိုင်ငံ အတွက် အရှေ့အလယ်ပိုင်းမှရေနံတွေကို တစ်ရက်လျှင် စည်ပေါင်း (၂၄၀ဝဝဝ)၊ သဘာဝဓာတ်ငွေ့ တစ် နှစ်လျှင်(၁၂)ဘီလျံကုဗမီတာအထိ သယ်ပို့ပေးနေခဲ့ပါတယ်။ (၂၀၂၁) ခုနှစ် မြန်မာနိုင်ငံ အာဏာ အပြောင်းအလဲဖြစ်ပေါ်ပြီးနောက်ပိုင်း ရေနံနဲ့သဘာဝဓာတ်ငွေ့ကို တပ်မတော်ကထိန်းချုပ်လိုက်တဲ့ အတွက် အဲဒီပိုက်လိုင်းနဲ့ CMEC စင်္ကြံလမ်းစီမံကိန်းဟာ နစကအစိုးရနဲ့ တရုတ်အကျိုးစီးပွားဆန့်ကျင်သူ အင်အားစုတွေအ ကြား အာရုံစိုက်စရာဖြစ်လာပါတယ်။(ခ) တကယ်တော့ တရုတ်ရဲ့ BRI စီမံကိန်းမှာ ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာကို ဆက် သွယ်ပေးမယ့် BCIM စီးပွားရေးစင်္ကြံလမ်းလည်း ပါဝင်ခဲ့ ပါတယ်။ တရုတ်မှာ အခြားအိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်တစ်ခုရှိနေပါသေးတယ်။ အာရေဗျ ပင်လယ် ဂွါဒါရေနက်ဆိပ်ကမ်းနဲ့ တရုတ်နိုင်ငံအနောက်ပိုင်း ရှင်းကျန့်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ “တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ (CPEC)” ပဲဖြစ်ပါ တယ်။ အဲဒီလမ်းမကြီးဟာ ပါကစ္စတန်စစ်တပ်က သိမ်းယူ ထားတဲ့ ပိုင်ဆိုင်မှုအငြင်းပွား ကက်ရှ်မီးယား မြောက်ပိုင်းကိုဖြတ်သန်းသွားတဲ့အတွက် နယူးဒေလီ က ကန့်ကွက်ထားပါတယ်။ အလားတူ မြန်မာနိုင်ငံကိုဖြတ်သန်းမယ့် BCIM ကိုလည်း ကန့်ကွက်နေခဲ့တာ (၂၀၁၅)ခုနှစ် ကတည်းကဖြစ်ပြီး (၂၀၁၉)ခုနှစ်မှာ ပေကျင်းရဲ့ BRI စီမံကိန်းမှ အိန္ဒိယက နုတ်ထွက်လိုက် ပါတယ်။
၂။ (က) အဲဒီအစား ယခုဖော်ပြပါ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးကို နယူးဒေလီက သူ့ဘာသာ တည်ဆောက်ပါလိမ့်မယ်။ မီဇိုရမ်နဲ့ မဏိ ပူရပြည်နယ်များမှ လမ်းမကြီး(၄)ခုနဲ့ မြန်မာနိုင်ငံကို ဖြတ်သန်းပြီး ထိုင်းနိုင်ငံ မဲဆောက်မှတစ်ဆင့် ဘန် ကောက်မြို့နဲ့ချိတ်ဆက်ဖို့ ဖြစ်ပါတယ်။
(ခ)အိန္ဒိယရဲ့ မြန်မာနိုင်ငံဖြတ် တခြားစင်္ကြံလမ်းတစ်ခုကတော့ “ကုလားတန်ဘက်စုံစီမံကိန်း” ဖြစ်ပါ တယ်။ အနောက်ပိုင်း ကာလကတ္တား-ချန်နိုင်းမြို့ကြီး များမှကုန်စည်များကို မြန်မာနိုင်ငံ စစ်တွေဆိပ် ကမ်းမှတစ်ဆင့် ကုလားတန်မြစ်ကြောင်းအတိုင်း မီဇီုရမ်ပြည် နယ်ကို သယ်ပို့ပေးဖို့ဖြစ်ပါတယ်။ ဒါပေမဲ့ အိန္ဒိယအရှေ့ဖျား ကုန်းတွင်းပိတ်ပြည်နယ် (၇)ခုတို့ဟာ လူမျိုး ရေးအဓိကရုဏ်းတွေနဲ့ မငြိမ်မသက်ဖြစ် နေပြီး မြန်မာနိုင်ငံ ကချင်ပြည်နယ်အနောက်ပိုင်းနဲ့ထိစပ်နေတဲ့ အာရူနာချယ်ပရာဒက်ရှ်ပြည်နယ် နယ်စပ်မှာလည်း ပိုင်ဆိုင်မှုအငြင်းပွားမှုကြောင့် တရုတ်နဲ့ အိန္ဒိယစစ်တပ်တွေ ရန်စောင်နေကြပါတယ်။ မြန်မာ့နယ်စပ် ခွဲထွက်ရေး သူပုန်လှုပ်ရှားမှုတွေမှာ တရုတ်နိုင်ငံထုတ် လက်နက်တွေကိုအသုံးပြုနေ တယ်လို့ နယူးဒေလီက စွပ်စွဲပေမယ့် ပေကျင်းက ငြင်းဆိုပါတယ်။ မြန်မာနိုင်ငံ ကုလားတန်စီမံကိန်း ဖြတ်သန်းရာလမ်းကြောင်းတစ်လျှောက်ကို ရခိုင်လက်နက်ကိုင်အဖွဲ့ AA က သိမ်း ယူထားပြီး ချင်းပြည် နယ်၊ ကချင်ပြည်နယ်နဲ့ စစ်ကိုင်း တိုင်း ဒေသကြီးအတွင်း တိုက်ပွဲတွေဖြစ်ပွားနေတာဟာ အိန္ဒိယသာမက တရုတ်ရဲ့ စီးပွားရေးစင်္ကြံလမ်းအိပ်မက်ကို မရေမရာဖြစ်စေပါတယ်။
၃။ ဒါကာကလည်း ဘင်္ဂလားဒေ့ရှ်-မြန်မာ စီးပွားရေး စင်္ကြံလမ်းဖောက်လုပ်ပြီး အာဆီယံတိုင်းပြည်တွေနဲ့ ချိတ်ဆက်ဖို့ ဆန္ဒပြင်းပြနေပါတယ်။ ဒါပေမဲ့ မြန်မာနဲ့ ထိစပ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကို AA က ထိန်းချုပ်ထားတဲ့အတွက် စစ်တကောင်း-စစ်တွေ-မောင်တော ကုန်သွယ်ရေးလမ်းကြောင်းဖြစ်မြောက် ရေးကို ကြံဆနေကြဆဲဖြစ်ပါတယ်။
၄။ ထိုင်း-မြန်မာ စီးပွားရေးစင်္ကြံလမ်းမကြီးကတော့ မဲဆောက်တစ်ဖက်ကမ်း မြဝတီမြို့ကို ကုန်သွယ်ရေး စင်တာအဖြစ်ဖန်တီးပြီး မော်လမြိုင်မြို့မှတစ်ဆင့် ကပ္ပလီပင်လယ်နဲ့ ဆက်သွယ်နိုင်ပါလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ ထားဝယ်ရေနက်ဆိပ်ကမ်းကို ရုရှားနိုင်ငံနဲ့ အကျိုးတူပူးဆောင်ရွက်ဖို့ မြန်မာအစိုးရ ကဆောင်ရွက်နေပါတယ်။ ဘန်ကောက်မြို့နဲ့ အနီး ဆုံးဖြစ်တဲ့ အဲဒီဆိပ်ကမ်းဟာ ဥရောပနဲ့ အရှေ့အလယ် ပိုင်းမှကုန်စည်များကို ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ တရုတ်(တိုင်ပေ)၊ တောင်ကိုရီးယားအရောက် ရေလမ်းနဲ့ ဆက်လက်သယ်ပို့ပေးနိုင်ပါလိမ့်မယ်။ ထား ဝယ်ရေနက်ဆိပ် ကမ်းဟာ ပေကျင်းရဲ့ BRI မှာ တ ရုတ်-အင်ဒိုချိုင်းနားကျွန်းဆွယ် စီးပွားရေးစင်္ကြံ CICPEC နဲ့လည်း ချိတ်ဆက်နိုင်ပါလိမ့်မယ်။ တရုတ်-လာအို-ထိုင်း-မလေးရှားမှ စင်ကာပူအရောက် မော်တော်ကား၊ မီးရထားတို့နဲ့သွားလာနိုင်မယ့် အဲဒီ လမ်းမကြီးဟာ (၂၀၁၀)ပြည့်နှစ်ကတည်းက စီမံကိန်း ရေးဆွဲခဲ့ ကြတာဖြစ်ပါတယ်။ တရုတ်နိုင်ငံတောင်ပိုင်း မြို့ကြီးတွေနဲ့ လာအိုနိုင်ငံ ဗီယန်ကျန်းကို ဆက်သွယ် ပေးထားတဲ့ “တောင်-မြောက် ကုန်သွယ်ရေးလမ်းမ ကြီး”ကတော့ ရာနှုန်းပြည့်ပြီးစီးသွားလို့ အသုံးပြုနေ ပြီး မလေးရှား၊ စင်ကာပူတို့နဲ့ချိတ်ဆက်ဖို့ ထိုင်းနိုင်ငံအ တွင်းမှာ ပြင်ဆင်နေပါတယ်။
၅။ ဒါ့ပြင် မြန်မာနိုင်ငံနဲ့ ထိုင်း၊ လာအို၊ ဗီယက်နမ် တို့အကြား ကုန်သွယ်ရေးနဲ့ စီးပွားရေးဆက်သွယ်မှုကို မြှင့်တင်ပေးမယ့် အာဆီယံ-မြန်မာ စီးပွားရေး စင်္ကြံ လမ်း။
၆။ ဘင်္ဂလားပင်လယ်အော်တစ်ဝိုက်ရှိ နိုင်ငံများအ ကြားချိတ်ဆက်ပေးမယ့် ဘင်္ဂလားပင်လယ်အော် စီး ပွားရေးစင်္ကြံလမ်းလည်း ရှိနေပါသေးတယ်။ မကြာမီ အာရှရဲ့ကုန်သွယ်ရေးစင်တာဖြစ်လာတော့မယ့် ရန် ကုန်ဟာ ပြည်တွင်းပဋိပက္ခဒဏ်ကြောင့် ပိတ်ဆို့နေတဲ့ လမ်းမကြီးတွေကြားမှာ အသက်မဝင်နိုင်သေးကြောင်း တင်ပြလိုက်ရပါတယ်။

Zawgyi Version:
အာရွရဲ႕စီးပြားေရးစႀကႍလမ္းေတြကို ေခတၱပိတ္ေစတဲ့ ျမန္မာ့ပဋိပကၡ
Htay Oung (NP News) - မတ္ ၃
အိႏၵိယရဲ႕အာဆီယံႏိုင္ငံေတြနဲ႔ ခ်ဥ္းကပ္ဆက္ဆံေရးမွာ အိႏၵိယ-ျမန္မာ-ထိုင္း သုံးႏိုင္ငံ ျဖတ္ေက်ာ္ အေဝးေျပးလမ္းမႀကီး(IMTT) ေဖာက္လုပ္ေရးျဖစ္ေၾကာင္း၊ ဒါေပမဲ့ အိမ္နီးခ်င္းႏိုင္ငံေတြနဲ႔ခ်ိတ္ဆက္ျခင္း အားျဖင့္ ေဒသတြင္းအေျပာင္းအလဲေတြကို ေဖာ္ေဆာင္ေရး အိႏၵိယရဲ႕မူဝါဒဟာ ျမန္မာႏိုင္ငံအတြင္း လက္ရွိျဖစ္ေပၚေနတဲ့ပဋိပကၡအေျခအေနေတြေၾကာင့္ ေႏွာင့္ေႏွးမႈေတြျဖစ္ေပၚေနရတယ္လို႔ အိႏၵိယ ႏိုင္ငံျခားေရးဝန္ႀကီး အက္စ္ဂ်ိဳင္ရွန္ကာကေျပာဆိုေၾကာင္း နယူးေဒလီအေျခစိုက္ “NDTV” ၂ဝ၂၅ ခုႏွစ္ ေဖေဖာ္ဝါရီလ ၂၅ ရက္က ေရးသားခဲ့ပါတယ္။
အိႏၵိယရဲ႕ “အိမ္နီးခ်င္းဦးစားေပး” မူဝါဒအရ ဘဂၤလားေဒ့ရွ္၊ ဘူတန္၊ နီေပါ ဒါမွမဟုတ္ ျမန္မာႏိုင္ငံတို႔မွာ သိသာထင္ရွားတဲ့တိုးတက္မႈေတြကို ရရွိခဲ့ေၾကာင္း၊ COVID-19 ကူးစက္ကပ္ေရာဂါကာလအတြင္း အိႏၵိယ ဟာ အဲဒီအိမ္နီးခ်င္းႏိုင္ငံေတြကို ကာကြယ္ေဆးေတြေထာက္ပံ့ေပးခဲ့ေၾကာင္း၊ နယူးေဒလီနဲ႔ အာဆီယံ ႏိုင္ငံ ေတြအၾကား ဆက္ဆံေရးတည္ၿငိမ္စြာ တိုးတက္လာခဲ့ၿပီး အိႏၵိယႏိုင္ငံရဲ႕ သက္ဆိုင္ရာအားလုံးတို႔ ကလည္း အဲဒီအစဥ္အလာကို ထပ္မံအသုံးခ် ႏိုင္ဖို႔လိုအပ္တယ္လို႔ “အာသံ ညီလာခံ” မွာ ဂ်ိဳင္ရွန္ကာ က ေျပာပါတယ္။
အိႏၵိယႏိုင္ငံရဲ႕ အေရွ႕ေတာင္အာရွတိုင္း ျပည္ေတြနဲ႔ ပိုမိုနီးကပ္စြာ ပူးေပါင္းေဆာင္႐ြက္ႏိုင္ေရး၊ အာသံျပည္နယ္ရဲ႕ စီးပြားေရး၊ ဖြံ႕ၿဖိဳးေရးနဲ႔လူမႈစီးပြားဆိုင္ရာ အားသာခ်က္ေတြကိုေဆြးေႏြးဖို႔ရည္႐ြယ္ၿပီး ေဖေဖာ္ဝါရီလ (၂၅၊ ၂၆)ရက္က ဂူအာဟတၳိၿမိဳ႕မွာ “အာသံညီလာခံ ၂.ဝ” ကို ျပည္နယ္အစိုးရက ဦး ေဆာင္က်င္းပခဲ့ပါတယ္။ ဘဂၤလားေဒ့ရွ္-နီေပါ-ဘူ တန္နဲ႔ အာဆီယံႏိုင္ငံေတြက သံတမန္နဲ႔ကိုယ္စား လွယ္ေတြ၊ စီးပြားေရးလုပ္ငန္းရွင္ေတြနဲ႔ ဖိတ္ၾကားထား သူေတြတက္ေရာက္ၾကတဲ့ညီလာခံမွာ ဝန္ႀကီး ခ်ဳပ္ နာရင္ျဒာမိုဒီရဲ႕ “အေရွ႕ေမွ်ာ္-ျမန္ျမန္လုပ္-ပထမဦး စားေပး” မူဝါဒနဲ႔ပတ္သက္ၿပီး အိႏၵိယႏိုင္ငံျခား ေရးဝန္ ႀကီးကရွင္းျပရာမွာ အခုလို ထည့္သြင္းေျပာဆိုခဲ့တာျဖစ္ပါတယ္။
ျမန္မာႏိုင္ငံအတြင္း လက္ရွိျဖစ္ပြားေနတဲ့ အေျခအေနေတြေၾကာင့္ IMTT အေဝးေျပးလမ္းစီမံ ကိန္းကိုရပ္နားထားရေၾကာင္း ျမန္မာႏိုင္ငံအတြင္းျဖစ္ပြားေနတဲ့ မတည္ၿငိမ္မႈေတြက အေရးပါတဲ့ ပေရာ ဂ်က္ႀကီးတစ္ခုအေပၚ ဟန႔္တားသလိုျဖစ္ေနတာဟာ ခြင့္ျပဳႏိုင္စရာ မရွိေၾကာင္း၊ စီမံကိန္းကို ဆက္လက္ ေဆာင္႐ြက္ႏိုင္ဖို႔အတြက္ လက္ေတြ႕က်တဲ့နည္းလမ္းေတြကိုရွာေဖြေပးဖို႔လိုအပ္ေၾကာင္း၊ IMTT အျမန္ လမ္းေဆာက္လုပ္ေရးလုပ္ငန္းေတြမွာ (၂၀၂၃)ခုႏွစ္ ဇူလိုင္လအထိ (၇၀)ရာခိုင္ႏႈန္းခန႔္ၿပီးစီးခဲ့ၿပီးျဖစ္ ေၾကာင္း၊ မိုင္ (၈၇၀)ခန႔္ရွည္လ်ားတဲ့လမ္းမႀကီးဟာ အိႏၵိယမဏိပူရျပည္နယ္ မိုေရးၿပီးမွ ျမန္မာႏိုင္ငံကို ျဖတ္သန္းၿပီး ထိုင္းႏိုင္ငံ မဲေဆာက္ၿမိဳ႕အထိ ေဖာက္လုပ္မွာျဖစ္ေၾကာင္း၊ အိႏၵိယနဲ႔အေရွ႕ေတာင္အာရွကို ကုန္းလမ္းခရီးခ်ိတ္ဆက္ေပးမွာျဖစ္ၿပီး ကုန္သြယ္ေရး၊ စီးပြားေရး၊ က်န္းမာေရး၊ ပညာေရးနဲ႔ ခရီးသြားလာ ေရးဆိုင္ရာက႑ေတြကို ပိုမိုေကာင္းမြန္ေစမွာျဖစ္တယ္လို႔ ဂ်ိဳင္ရွန္ကာကဆိုပါတယ္။ သုံးႏိုင္ငံပူးေပါင္းပါဝင္ တဲ့ အျမန္လမ္းစီမံကိန္းဟာ ၿပီးစီးမယ့္အခ်ိန္ကို သတ္ မွတ္ထားျခင္းမရွိေသး ပါဘူး။ အဲဒီ မဟာဗ်ဴဟာေျမာက္ အေဝးေျပးလမ္းစီမံကိန္းဟာ အႀကိမ္ႀကိမ္ေႏွာင့္ေႏွး ခဲ့ရၿပီး အိႏၵိယ အစိုးရအေနနဲ႔ကေတာ့ (၂၀၁၉)ခုႏွစ္ ဒီဇင္ဘာလမွာ စတင္အသုံးျပဳႏိုင္ဖို႔ ရည္မွန္းထားခဲ့ပါတယ္။ လမ္းသစ္ေတြ၊ စစ္ေဆးေရးဂိတ္ေတြ၊ မီးရ ထားလမ္းဆက္ေၾကာင္းေတြ၊ ေရလမ္းေတြ၊ ဓာတ္အား လိုင္းေတြ၊ ေလာင္စာပိုက္လိုင္းေတြနဲ႔ သယ္ယူပို႔ ေဆာင္ေရးဆိုင္ရာအေဆာက္အအုံေတြကို တည္ ေဆာက္ဖို႔က်န္ရွိေနေၾကာင္း လာမယ့္ႏွစ္ေတြမွာ ဘယ္လိုေတြဆက္ျဖစ္ၿပီး ဘာေတြလုပ္ဖို႔ျဖစ္လာမယ္ ဆိုတာ မသိႏိုင္ေသးေၾကာင္း၊ တခ်ိဳ႕အုပ္စုေတြဟာ ျပႆနာေတြကိုသာျမင္ေနၾကၿပီး အေျဖမွန္ရွာေဖြဖို႔ ပ်က္ကြက္ေနၾကေၾကာင္း၊ ဒါေပမဲ့ အဆုံးတစ္ေန႔မွာ ေဒသတြင္းတိုးတက္မႈအတြက္ စိတ္ရွည္လက္ရွည္ ပူးေပါင္းေဆာင္႐ြက္မႈကိုလိုအပ္ေၾကာင္း ဂ်ပန္နဲ႔ ေတာင္ကိုရီးယားႏိုင္ငံတို႔ဟာ အိႏၵိယႏိုင္ငံရဲ႕စီးပြားေရး ဆိုင္ရာက႑အေတာ္မ်ားမ်ားတို႔မွာ အေရးပါတဲ့ ကစားသမားေတြအျဖစ္ေပၚထြက္လာခဲ့ေၾကာင္း၊ ဂ်ပန္ ႏိုင္ငံဟာ အိႏၵိယအေရွ႕ေျမာက္ပိုင္းေဒသ ကုန္း တြင္းပိတ္ျပည္နယ္ေတြအတြင္း ဖြံ႕ၿဖိဳးေရးစီမံကိန္းေတြ ကို ဦးစားေပးလုပ္ေဆာင္လ်က္ရွိၿပီး အထူးသျဖင့္ ေရာင္းဝယ္ေဖာက္ကားမႈ ပိုမိုေကာင္းမြန္ေရးနဲ႔ ပညာ ေရး ပူးေပါင္းဖလွယ္မႈေတြကို ျမႇင့္တင္လ်က္ရွိေၾကာင္း၊ မေလးရွားနဲ႔ထိုင္းႏိုင္ငံတို႔ကလည္း အိႏၵိယ ႏိုင္ငံသားတို႔အတြက္ ဗီဇာလိုအပ္ခ်က္ေတြကို ေလွ်ာ့ေပါ့ေပးခဲ့ တယ္လို႔ အာသံညီလာခံမွာ အိႏၵိယႏို င္ငံျခားေရးဝန္ ႀကီးကေျပာပါတယ္။
ျမန္မာႏိုင္ငံဟာ အာရွတိုက္ရဲ႕ဗဟိုအခ်က္ အခ်ာက်တဲ့ေနရာမွာ တည္ရွိပါတယ္။ ေတာင္အာရွအ ေနာက္ပိုင္းနဲ႔ အေရွ႕ေတာင္အာရွတိုင္းျပည္ေတြအ ၾကား ကုန္းလမ္းဆက္သြယ္ေပးႏိုင္တဲ့အျပင္ အိမ္နီး ခ်င္း တ႐ုတ္နဲ႔ ကုန္းတြင္းပိတ္ လာအိုႏိုင္ငံတို႔ကိုလည္း အိႏၵိယသမုဒၵရာအေရာက္ ပင္လယ္ျပင္ထြက္ ေပါက္ေပးႏိုင္ပါတယ္။ ျမန္မာႏိုင္ငံကိုျဖတ္သန္းၿပီး အက်ိဳးအျမတ္အလြန္မ်ားျပားတဲ့ကုန္သြယ္ေရးနဲ႔ စီးပြားေရး စႀကႍလမ္းမေတြကို လက္ယွက္ထိုး ေဖာက္လုပ္ႏိုင္ပါတယ္။
၁။ (က) တ႐ုတ္-ျမန္မာ စီးပြားေရးစၾကၤ China-Myanmar Economic Corridor (CMEC ) ဟာ တ႐ုတ္ႏိုင္ငံ အေနာက္ေတာင္ဘက္ ယူနန္ျပည္နယ္မွ ျမန္မာႏိုင္ငံ မူဆယ္-မႏၲေလး-ေက်ာက္ျဖဴ-ရန္ကုန္ ၿမိဳ႕အထိ ကားလမ္း-မီးရထားလမ္း ေဖာက္လုပ္ဖို႔စီစဥ္ ေနပါတယ္။ အဲဒီလမ္းဟာ “ရပ္ဝန္း နဲ႔လမ္း” BRI မွာ အထင္ရွားဆုံးနဲ႔ အေရးပါဆုံးလမ္းခြဲတစ္ခုျဖစ္ပါတယ္။ တ႐ုတ္ရဲ႕ ကုန္းတြင္းပိတ္ အေနာက္ ေတာင္ ပိုင္း ၿမိဳ႕ႀကီးေတြအတြက္ မလကၠာေရလက္ၾကားကို တစ္ေကြ႕တစ္ပတ္ႀကီးသြား ေနစရာမလိုဘဲ ပင္လယ္ ေရေၾကာင္းေထာက္ပံ့ပို႔ေဆာင္ေရးအတြက္ အသည္းႏွလုံးလို႔ေတာင္ဆို ႏိုင္ပါတယ္။ (၂၀၁၃) ခုႏွစ္မွာ တည္ေဆာက္ၿပီးစီးသြားတဲ့ ေက်ာက္ျဖဴ-ကူမင္း ေရနံနဲ႔ သဘာဝဓာတ္ေငြ႕ ပိုက္လိုင္းဟာ တ႐ုတ္ႏိုင္ငံ အတြက္ အေရွ႕အလယ္ပိုင္းမွေရနံေတြကို တစ္ရက္လွ်င္ စည္ေပါင္း (၂၄၀ဝဝဝ)၊ သဘာဝဓာတ္ေငြ႕ တစ္ ႏွစ္လွ်င္(၁၂)ဘီလ်ံကုဗမီတာအထိ သယ္ပို႔ေပးေနခဲ့ပါတယ္။ (၂၀၂၁) ခုႏွစ္ ျမန္မာႏိုင္ငံ အာဏာ အေျပာင္းအလဲျဖစ္ေပၚၿပီးေနာက္ပိုင္း ေရနံနဲ႔သဘာဝဓာတ္ေငြ႕ကို တပ္မေတာ္ကထိန္းခ်ဳပ္လိုက္တဲ့ အတြက္ အဲဒီပိုက္လိုင္းနဲ႔ CMEC စႀကႍလမ္းစီမံကိန္းဟာ နစကအစိုးရနဲ႔ တ႐ုတ္အက်ိဳးစီးပြားဆန႔္က်င္သူ အင္အားစုေတြအ ၾကား အာ႐ုံစိုက္စရာျဖစ္လာပါတယ္။(ခ) တကယ္ေတာ့ တ႐ုတ္ရဲ႕ BRI စီမံကိန္းမွာ ဘဂၤလားေဒ့ရွ္-တ႐ုတ္-အိႏၵိယ-ျမန္မာကို ဆက္ သြယ္ေပးမယ့္ BCIM စီးပြားေရးစႀကႍလမ္းလည္း ပါဝင္ခဲ့ ပါတယ္။ တ႐ုတ္မွာ အျခားအိႏၵိယသမုဒၵရာ ထြက္ေပါက္တစ္ခုရွိေနပါေသးတယ္။ အာေရဗ် ပင္လယ္ ဂြါဒါေရနက္ဆိပ္ကမ္းနဲ႔ တ႐ုတ္ႏိုင္ငံအေနာက္ပိုင္း ရွင္းက်န႔္ျပည္နယ္ကို ဆက္သြယ္ထားတဲ့ “တ႐ုတ္-ပါကစၥတန္စီးပြားေရးစႀကႍ (CPEC)” ပဲျဖစ္ပါ တယ္။ အဲဒီလမ္းမႀကီးဟာ ပါကစၥတန္စစ္တပ္က သိမ္းယူ ထားတဲ့ ပိုင္ဆိုင္မႈအျငင္းပြား ကက္ရွ္မီးယား ေျမာက္ပိုင္းကိုျဖတ္သန္းသြားတဲ့အတြက္ နယူးေဒလီ က ကန႔္ကြက္ထားပါတယ္။ အလားတူ ျမန္မာႏိုင္ငံကိုျဖတ္သန္းမယ့္ BCIM ကိုလည္း ကန႔္ကြက္ေနခဲ့တာ (၂၀၁၅)ခုႏွစ္ ကတည္းကျဖစ္ၿပီး (၂၀၁၉)ခုႏွစ္မွာ ေပက်င္းရဲ႕ BRI စီမံကိန္းမွ အိႏၵိယက ႏုတ္ထြက္လိုက္ ပါတယ္။
၂။ (က) အဲဒီအစား ယခုေဖာ္ျပပါ အိႏၵိယ-ျမန္မာ-ထိုင္း သုံးႏိုင္ငံအေဝးေျပးလမ္းမႀကီးကို နယူးေဒလီက သူ႔ဘာသာ တည္ေဆာက္ပါလိမ့္မယ္။ မီဇိုရမ္နဲ႔ မဏိ ပူရျပည္နယ္မ်ားမွ လမ္းမႀကီး(၄)ခုနဲ႔ ျမန္မာႏိုင္ငံကို ျဖတ္သန္းၿပီး ထိုင္းႏိုင္ငံ မဲေဆာက္မွတစ္ဆင့္ ဘန္ ေကာက္ၿမိဳ႕နဲ႔ခ်ိတ္ဆက္ဖို႔ ျဖစ္ပါတယ္။
(ခ)အိႏၵိယရဲ႕ ျမန္မာႏိုင္ငံျဖတ္ တျခားစႀကႍလမ္းတစ္ခုကေတာ့ “ကုလားတန္ဘက္စုံစီမံကိန္း” ျဖစ္ပါ တယ္။ အေနာက္ပိုင္း ကာလကတၱား-ခ်န္ႏိုင္းၿမိဳ႕ႀကီး မ်ားမွကုန္စည္မ်ားကို ျမန္မာႏိုင္ငံ စစ္ေတြဆိပ္ ကမ္းမွတစ္ဆင့္ ကုလားတန္ျမစ္ေၾကာင္းအတိုင္း မီဇီုရမ္ျပည္ နယ္ကို သယ္ပို႔ေပးဖို႔ျဖစ္ပါတယ္။ ဒါေပမဲ့ အိႏၵိယအေရွ႕ဖ်ား ကုန္းတြင္းပိတ္ျပည္နယ္ (၇)ခုတို႔ဟာ လူမ်ိဳး ေရးအဓိက႐ုဏ္းေတြနဲ႔ မၿငိမ္မသက္ျဖစ္ ေနၿပီး ျမန္မာႏိုင္ငံ ကခ်င္ျပည္နယ္အေနာက္ပိုင္းနဲ႔ထိစပ္ေနတဲ့ အာ႐ူနာခ်ယ္ပရာဒက္ရွ္ျပည္နယ္ နယ္စပ္မွာလည္း ပိုင္ဆိုင္မႈအျငင္းပြားမႈေၾကာင့္ တ႐ုတ္နဲ႔ အိႏၵိယစစ္တပ္ေတြ ရန္ေစာင္ေနၾကပါတယ္။ ျမန္မာ့နယ္စပ္ ခြဲထြက္ေရး သူပုန္လႈပ္ရွားမႈေတြမွာ တ႐ုတ္ႏိုင္ငံထုတ္ လက္နက္ေတြကိုအသုံးျပဳေန တယ္လို႔ နယူးေဒလီက စြပ္စြဲေပမယ့္ ေပက်င္းက ျငင္းဆိုပါတယ္။ ျမန္မာႏိုင္ငံ ကုလားတန္စီမံကိန္း ျဖတ္သန္းရာလမ္းေၾကာင္းတစ္ေလွ်ာက္ကို ရခိုင္လက္နက္ကိုင္အဖြဲ႕ AA က သိမ္း ယူထားၿပီး ခ်င္းျပည္ နယ္၊ ကခ်င္ျပည္နယ္နဲ႔ စစ္ကိုင္း တိုင္း ေဒသႀကီးအတြင္း တိုက္ပြဲေတြျဖစ္ပြားေနတာဟာ အိႏၵိယသာမက တ႐ုတ္ရဲ႕ စီးပြားေရးစႀကႍလမ္းအိပ္မက္ကို မေရမရာျဖစ္ေစပါတယ္။
၃။ ဒါကာကလည္း ဘဂၤလားေဒ့ရွ္-ျမန္မာ စီးပြားေရး စႀကႍလမ္းေဖာက္လုပ္ၿပီး အာဆီယံတိုင္းျပည္ေတြနဲ႔ ခ်ိတ္ဆက္ဖို႔ ဆႏၵျပင္းျပေနပါတယ္။ ဒါေပမဲ့ ျမန္မာနဲ႔ ထိစပ္ေနတဲ့ ရခိုင္ျပည္နယ္ေျမာက္ပိုင္းကို AA က ထိန္းခ်ဳပ္ထားတဲ့အတြက္ စစ္တေကာင္း-စစ္ေတြ-ေမာင္ေတာ ကုန္သြယ္ေရးလမ္းေၾကာင္းျဖစ္ေျမာက္ ေရးကို ႀကံဆေနၾကဆဲျဖစ္ပါတယ္။
၄။ ထိုင္း-ျမန္မာ စီးပြားေရးစႀကႍလမ္းမႀကီးကေတာ့ မဲေဆာက္တစ္ဖက္ကမ္း ျမဝတီၿမိဳ႕ကို ကုန္သြယ္ေရး စင္တာအျဖစ္ဖန္တီးၿပီး ေမာ္လၿမိဳင္ၿမိဳ႕မွတစ္ဆင့္ ကပၸလီပင္လယ္နဲ႔ ဆက္သြယ္ႏိုင္ပါလိမ့္မယ္။ တစ္ခ်ိန္တည္းမွာပဲ ထားဝယ္ေရနက္ဆိပ္ကမ္းကို ႐ုရွားႏိုင္ငံနဲ႔ အက်ိဳးတူပူးေဆာင္႐ြက္ဖို႔ ျမန္မာအစိုးရ ကေဆာင္႐ြက္ေနပါတယ္။ ဘန္ေကာက္ၿမိဳ႕နဲ႔ အနီး ဆုံးျဖစ္တဲ့ အဲဒီဆိပ္ကမ္းဟာ ဥေရာပနဲ႔ အေရွ႕အလယ္ ပိုင္းမွကုန္စည္မ်ားကို ကေမာၻဒီးယား၊ ဗီယက္နမ္၊ ဖိလစ္ပိုင္၊ တ႐ုတ္(တိုင္ေပ)၊ ေတာင္ကိုရီးယားအေရာက္ ေရလမ္းနဲ႔ ဆက္လက္သယ္ပို႔ေပးႏိုင္ပါလိမ့္မယ္။ ထား ဝယ္ေရနက္ဆိပ္ ကမ္းဟာ ေပက်င္းရဲ႕ BRI မွာ တ ႐ုတ္-အင္ဒိုခ်ိဳင္းနားကြၽန္းဆြယ္ စီးပြားေရးစႀကႍ CICPEC နဲ႔လည္း ခ်ိတ္ဆက္ႏိုင္ပါလိမ့္မယ္။ တ႐ုတ္-လာအို-ထိုင္း-မေလးရွားမွ စင္ကာပူအေရာက္ ေမာ္ေတာ္ကား၊ မီးရထားတို႔နဲ႔သြားလာႏိုင္မယ့္ အဲဒီ လမ္းမႀကီးဟာ (၂၀၁၀)ျပည့္ႏွစ္ကတည္းက စီမံကိန္း ေရးဆြဲခဲ့ ၾကတာျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံေတာင္ပိုင္း ၿမိဳ႕ႀကီးေတြနဲ႔ လာအိုႏိုင္ငံ ဗီယန္က်န္းကို ဆက္သြယ္ ေပးထားတဲ့ “ေတာင္-ေျမာက္ ကုန္သြယ္ေရးလမ္းမ ႀကီး”ကေတာ့ ရာႏႈန္းျပည့္ၿပီးစီးသြားလို႔ အသုံးျပဳေန ၿပီး မေလးရွား၊ စင္ကာပူတို႔နဲ႔ခ်ိတ္ဆက္ဖို႔ ထိုင္းႏိုင္ငံအ တြင္းမွာ ျပင္ဆင္ေနပါတယ္။
၅။ ဒါ့ျပင္ ျမန္မာႏိုင္ငံနဲ႔ ထိုင္း၊ လာအို၊ ဗီယက္နမ္ တို႔အၾကား ကုန္သြယ္ေရးနဲ႔ စီးပြားေရးဆက္သြယ္မႈကို ျမႇင့္တင္ေပးမယ့္ အာဆီယံ-ျမန္မာ စီးပြားေရး စႀကႍ လမ္း။
၆။ ဘဂၤလားပင္လယ္ေအာ္တစ္ဝိုက္ရွိ ႏိုင္ငံမ်ားအ ၾကားခ်ိတ္ဆက္ေပးမယ့္ ဘဂၤလားပင္လယ္ေအာ္ စီး ပြားေရးစႀကႍလမ္းလည္း ရွိေနပါေသးတယ္။ မၾကာမီ အာရွရဲ႕ကုန္သြယ္ေရးစင္တာျဖစ္လာေတာ့မယ့္ ရန္ ကုန္ဟာ ျပည္တြင္းပဋိပကၡဒဏ္ေၾကာင့္ ပိတ္ဆို႔ေနတဲ့ လမ္းမႀကီးေတြၾကားမွာ အသက္မဝင္ႏိုင္ေသးေၾကာင္း တင္ျပလိုက္ရပါတယ္။