နစက အဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်နှင့် နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေ အပါအဝင် (၉)ဦးကို "စည်သူဘွဲ့" ပေးအပ်

1802

ပီယ (NP News) - မတ် ၂
နစက အဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်နှင့် နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေ အပါအဝင် (၉)ဦးကို ယနေ့ (မတ် ၂ ရက်) တွင် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သည့် "စည်သူဘွဲ့" ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းနယ်ပယ်အလိုက် ထူးချွန်ပြောင်မြောက်စွာ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သည့် "စည်သူဘွဲ့"ကို ချီးမြှင့်အပ်နှင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အဖွဲ့ဝင်ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ၊ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင်(ငြိမ်း)ဦးအောင်သောင်းပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ၏ ဒုတိယဥက္ကဋ္ဌ(ငြိမ်း) ဦးအောင်မင်းနှင့် ဒု-ဥက္ကဋ္ဌ(ငြိမ်း)ဦးသိန်းဇော်တို့ကို ပေးအပ်သည်။
ထို့ပြင်ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၏ အဖွဲ့ဝင်(ငြိမ်း)ဦးခင်မောင်စိုးနှင့် အဖွဲ့ဝင် (ငြိမ်း) ဒု-ဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း(ငြိမ်း)တို့ကိုလည်း "စည်သူဘွဲ့" ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းရေးကော်မရှင်၏ အတွင်းရေးမှူး(ငြိမ်း) ဒု-ဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း)၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ၏ အဖွဲ့ဝင်(ငြိမ်း) ဒု-ဗိုလ်ချုပ်ကြီးမြင့်စိုး (ငြိမ်း)တို့ကိုလည်း "စည်သူဘွဲ့"ချီးမြှင့်ခဲ့သည်။

Zawgyi Version:
ပီယ (NP News) - မတ် ၂