တိုက်ကြီးမြို့အနီး ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ ရန်ကုန်မှ သိသိသာသာခံစားရ

 7025

သန့်ဇင် (NP News) - မတ် ၃

တိုက်ကြီးမြို့အနီး ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၄.၅) အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ ရန်ကုန်မှ သိသိသာသာခံစားရကြောင်း သိရသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ အဆိုပါ မြေငလျင်သည် ယနေ့ (မတ်လ ၃ရက်)နံနက် ၁၀ နာရီ ၃ မိနစ်အချိန့်ခန့်က တိုက်ကြီးမြို့၏ အရှေ့တောင်ဘက် (၇) မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် (၁၇.၂၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၆)ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၄.၅) အဆင့်ရှိ လှုပ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါမြေငလျင်လှုပ်ခတ်မှုကို လသာမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ သာကေတမြို့နယ်၊ ရန်ကင်းမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ မြောက်ဒဂုံမြို့နယ်၊ တောင်ဒဂုံမြို့နယ် စသဖြင့် မြို့နယ်များတွင် သိသာစွာ ခံစားခဲ့ရခြင်းဖြစ်သည်။

“ငလျင်လှုပ်တာကို စက္ကန့်ပိုင်းလောက် ခံစားလိုက်ရတယ်။ သိသာတယ်။ ဘေးနားမှာ ဒီတိုင်းထားထားတဲ့ Stand ပန်ကာတောင် နှစ်ခါလောက် လှုပ်သွားတယ်။ အထပ်မြင့်တွေဆို ပိုပြီးသိသာတယ်” ဟု ရန်ကုန်မြို့တွင် နေထိုင်သူတစ်ဦးက NP News ကို ပြောသည်။

Zawgyi Version:
တိုက္ႀကီးၿမိဳ႕အနီး ဗဟိုျပဳ၍ အင္အားရစ္(ခ္)တာစေကး (၄.၅) အဆင့္ရွိ ေျမငလ်င္တစ္ခုလႈပ္ခတ္ခဲ့ရာ ရန္ကုန္မွ သိသိသာသာခံစားရ
သန႔္ဇင္ (NP News) - မတ္ ၃

တိုက္ႀကီးၿမိဳ႕အနီး ဗဟိုျပဳ၍ အင္အားရစ္(ခ္)တာ စေကး (၄.၅) အဆင့္ရွိ ေျမငလ်င္တစ္ခုလႈပ္ခတ္ခဲ့ရာ ရန္ကုန္မွ သိသိသာသာခံစားရေၾကာင္း သိရသည္။

မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန၏ ထုတ္ျပန္ခ်က္အရ အဆိုပါ ေျမငလ်င္သည္ ယေန႔ (မတ္လ ၃ရက္)နံနက္ ၁၀ နာရီ ၃ မိနစ္အခ်ိန႔္ခန႔္က တိုက္ႀကီးၿမိဳ႕၏ အေရွ႕ေတာင္ဘက္ (၇) မိုင္ခန္႔အကြာ၊ ေျမာက္လတၱီတြဒ္ (၁၇.၂၅) ဒီဂရီ၊ အေရွ႕ေလာင္ဂ်ီတြဒ္ (၉၆.၀၆)ဒီဂရီ၊ အနက္ (၁၀) ကီလိုမီတာကို ဗဟိုျပဳ၍ အင္အားရစ္(ခ္)တာ စေကး (၄.၅) အဆင့္ရွိ လႈပ္ခတ္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေျမငလ်င္လႈပ္ခတ္မႈကို လသာၿမိဳ႕နယ္၊ ေက်ာက္တံတားၿမိဳ႕နယ္၊ သာေကတၿမိဳ႕နယ္၊ ရန္ကင္းၿမိဳ႕နယ္၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ စမ္းေခ်ာင္းၿမိဳ႕နယ္၊ ေျမာက္ဒဂုံၿမိဳ႕နယ္၊ ေတာင္ဒဂုံၿမိဳ႕နယ္ စသျဖင့္ ၿမိဳ႕နယ္မ်ားတြင္ သိသာစြာ ခံစားခဲ့ရျခင္းျဖစ္သည္။

“ငလ်င္လႈပ္တာကို စကၠန႔္ပိုင္းေလာက္ ခံစားလိုက္ရတယ္။ သိသာတယ္။ ေဘးနားမွာ ဒီတိုင္းထားထားတဲ့ Stand ပန္ကာေတာင္ ႏွစ္ခါေလာက္ လႈပ္သြားတယ္။ အထပ္ျမင့္ေတြဆို ပိုၿပီးသိသာတယ္” ဟု ရန္ကုန္ၿမိဳ႕တြင္ ေနထိုင္သူတစ္ဦးက NP News ကို ေျပာသည္။

Related news

© 2021. All rights reserved.