ကျောင်းကို တွားသွား တက်ခဲ့ရတဲ့ မသန်စွမ်း မလေးရှား ကလေးငယ်အတွက် အလှူရှင်များ ပေါ်ထွက်လာ

532

ရောင်နီ (NP News) - မတ် ၃
မလေးရှား မသန်စွမ်းကလေးငယ်တစ်ဦးကျောင်းကို တွားသွားနည်းနဲ့သွားနေတဲ့ ဗီဒီယို TikTok မှာ ပျံ့နှံ့သွားပြီးတဲ့ နောက် အလှူရှင်တွေ ရရှိလာခဲ့ပါတယ်။
မလေးရှားနိုင်ငံ၊ ဂျိုဟာပြည်နယ်မှာ နေထိုင်တဲ့ မိုဟာမတ်ရှိင်ရိုက်ဟာဒစ်ဖ်ရစ်ဟွမ် အမည်ရှိ ၅ နှစ်အရွယ် ကလေးငယ်ဟာ မွေးရာပါ ဒူးနဲ့ ခြေသလုံးကြွက်သား မပါရှိတဲ့ caudal regression syndrome လက္ခဏာကို ခံစားနေရသူဖြစ်ပါတယ်။ ကျောင်းစတက်တဲ့ ပထမဆုံးနေ့မှာ သူဟာ လက်နှစ်ဖက်မှာ ဖိနပ်တစ်ရံ၊ ခြေထောက်မှာ ဖိနပ်တစ်ရံနဲ့ ကျောင်းကို လေးဖက်ထောက် တွားသွားပြီး တက်ရောက်ခဲ့ပါတယ်။ သူ့အမေ ဖြစ်သူက အဲဒီဗီဒီယိုဖိုင် ကို ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ တင်ခဲ့ပြီးနောက် အဆိုပါ ကျောင်းသားလေးရဲ့အခြေအနေဟာ လူသိများလာခဲ့ပါ တယ်။ TikTok ပေါ်မှာ စက္ကန့် ၃၀ စာသာရှိတဲ့ အဲဒီဗီဒီယိုဖိုင်လေးဟာ ကြည့်ရှုမှု ၃.၁ သန်းကျော်၊ လိုက်ခ်လုပ်သူ ၁၄၄,၀၀၀ ကျော်ရှိခဲ့ပြီး အင်တာနက်သုံးစွဲသူတွေကို စာနာသနားစိတ်ဖြစ်စေကာ အလှူငွေထည့်ဝင်သူ အများ အပြားရှိခဲ့ပါတယ်။
အဲဒီအလှူရှင်တွေထဲမှာ သံအလုပ်ရုံဝန်ထမ်း မူဟက်အိုင်ဒရက်စ်ဟာရန် ကတော့ ငွေလှူဒါန်းမယ့်အစား ကလေးရဲ့ အရပ်အမြင့်နဲ့ သင့်တော်တဲ့ ရင်းဂစ် ၅၀၀ တန်ဖိုးရှိ လမ်းလျှောက်ကိရိယာ တပ်ဆင်ပြီး လက်ဆောင်ပေးပို့ခဲ့ပါ တယ်။ ဒီကိရိယာဟာ ကလေးငယ်ရိုက်ဟာကို တွားသွားလမ်းလျှောက်ပြီး ကျောင်းတက်စရာ မလိုတော့အောင် ကူညီပေးနိုင်မယ်လို့ သိရပါတယ်။

Zawgyi Version:
ေက်ာင္းကို တြားသြား တက္ခဲ့ရတဲ့ မသန္စြမ္း မေလးရွား ကေလးငယ္အတြက္ အလႉရွင္မ်ား ေပၚထြက္လာ
ေရာင္နီ (NP News) - မတ္ ၃
မေလးရွား မသန္စြမ္းကေလးငယ္တစ္ဦးေက်ာင္းကို တြားသြားနည္းနဲ႔သြားေနတဲ့ ဗီဒီယို TikTok မွာ ပ်ံ႕ႏွံ႔သြားၿပီးတဲ့ ေနာက္ အလႉရွင္ေတြ ရရွိလာခဲ့ပါတယ္။
မေလးရွားႏိုင္ငံ၊ ဂ်ိဳဟာျပည္နယ္မွာ ေနထိုင္တဲ့ မိုဟာမတ္ရွိင္႐ိုက္ဟာဒစ္ဖ္ရစ္ဟြမ္ အမည္ရွိ ၅ ႏွစ္အ႐ြယ္ ကေလးငယ္ဟာ ေမြးရာပါ ဒူးနဲ႔ ေျခသလုံးႂကြက္သား မပါရွိတဲ့ caudal regression syndrome လကၡဏာကို ခံစားေနရသူျဖစ္ပါတယ္။ ေက်ာင္းစတက္တဲ့ ပထမဆုံးေန႔မွာ သူဟာ လက္ႏွစ္ဖက္မွာ ဖိနပ္တစ္ရံ၊ ေျခေထာက္မွာ ဖိနပ္တစ္ရံနဲ႔ ေက်ာင္းကို ေလးဖက္ေထာက္ တြားသြားၿပီး တက္ေရာက္ခဲ့ပါတယ္။ သူ႔အေမ ျဖစ္သူက အဲဒီဗီဒီယိုဖိုင္ ကို ေဖေဖာ္ဝါရီ ၁၇ ရက္ေန႔မွာ တင္ခဲ့ၿပီးေနာက္ အဆိုပါ ေက်ာင္းသားေလးရဲ႕အေျခအေနဟာ လူသိမ်ားလာခဲ့ပါ တယ္။ TikTok ေပၚမွာ စကၠန႔္ ၃၀ စာသာရွိတဲ့ အဲဒီဗီဒီယိုဖိုင္ေလးဟာ ၾကည့္ရႈမႈ ၃.၁ သန္းေက်ာ္၊ လိုက္ခ္လုပ္သူ ၁၄၄,၀၀၀ ေက်ာ္ရွိခဲ့ၿပီး အင္တာနက္သုံးစြဲသူေတြကို စာနာသနားစိတ္ျဖစ္ေစကာ အလႉေငြထည့္ဝင္သူ အမ်ား အျပားရွိခဲ့ပါတယ္။
အဲဒီအလႉရွင္ေတြထဲမွာ သံအလုပ္႐ုံဝန္ထမ္း မူဟက္အိုင္ဒရက္စ္ဟာရန္ ကေတာ့ ေငြလႉဒါန္းမယ့္အစား ကေလးရဲ႕ အရပ္အျမင့္နဲ႔ သင့္ေတာ္တဲ့ ရင္းဂစ္ ၅၀၀ တန္ဖိုးရွိ လမ္းေလွ်ာက္ကိရိယာ တပ္ဆင္ၿပီး လက္ေဆာင္ေပးပို႔ခဲ့ပါ တယ္။ ဒီကိရိယာဟာ ကေလးငယ္႐ိုက္ဟာကို တြားသြားလမ္းေလွ်ာက္ၿပီး ေက်ာင္းတက္စရာ မလိုေတာ့ေအာင္ ကူညီေပးႏိုင္မယ္လို႔ သိရပါတယ္။