မိုးရာသီကာလ ရန်ကုန်မြို့ ရေကြီးရေလျှံမှု လျော့နည်းစေရေး အဓိကမြစ်ထွက်ပေါက်များ တိုးချဲ့ပြုပြင်ထိန်းသိမ်းလျက်ရှိ

 834

NP News မတ်လ (၁)
မိုးရာသီကာလမှာ ရန်ကုန်မြို့ ရေကြီးရေလျှံမှု လျော့နည်းစေရေးအတွက် အဓိကမြစ်ထွက်ပေါက်များ တိုးချဲ့ပြုပြင်ထိန်းသိမ်းလျက်ရှိသည့်အပြင် ရန်ကုန်မြစ်၊ လှိုင်မြစ်၊ ပုဇွန်တောင်ချောင်းများသို့ မြို့တွင်း ၈ မြို့နယ်မှ စွန့်ပစ်သောရေများ စုစုပေါင်း ချောင်းပေါင်း ၅၆ ခုအတွင်း ပုံမှန်စီးဆင်းနိုင်ရန်အတွက် ကြံ့ခိုင်မှုလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)မှ သိရသည်။

ရန်ကုန် ၃၃ မြို့နယ်၏ အကျယ်အဝန်းသည် စတုရန်းကီလိုမီတာ ၇၉၀ အကျယ်အဝန်းရှိပြီး ယင်းအကျယ်အဝန်းတွင် အဆောက်အအုံစုစုပေါင်း တစ်သန်းနီးပါးရှိရာ စည်းကမ်းလိုက်နာပြီး ပြည်သူပါဝင်ပူးပေါင်းမှု၊ တိုင်းဒေသကြီးအစိုးရအားပေးမှု၊ တည်ဆောက်ပြုပြင်ထိန်းသိမ်းမှုတို့ကြောင့် လာမည့်မိုးရာသီတွင် ရေကြီးရေလျှံမှုများ လျော့နည်းသက်သာစေရန် ဘဏ္ဍာငွေခွင့်ပြုချက်နှင့်အညီ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါဌာနမှ သတင်းထုတ်ပြန်သည်။

ရန်ကုန်မြို့သည် မြစ်များ၊ ချောင်းများကြား၌ တည်ရှိသည့်အပြင် ပင်လယ်ဒီရေတက်မှုကိုလည်း သတိပြုကာကွယ်ထိန်းသိမ်းနေရသဖြင့် ရေစီးရေလာစနစ်များ ပိုမိုကောင်းမွန်ရေးနှင့် မိုးရာသီအချိန်များတွင် လမ်းများ၊ ရပ်ကွက်များ၌ ရေကြီးရေလျှံမှုများ လျော့နည်းပပျောက်စေရေးတို့ကို ဦးတည်၍ လက်ရှိချောင်းများ၊ မြောင်းများ၊ အဓိကမြစ်ထွက်ပေါက်များကို ပြုပြင်ထိန်းသိမ်း အဆင့်မြှင့်တင်နိုင်ရန်အတွက် ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီရှိ အင်ဂျင်နီယာဌာန ၄ ခုအပြင် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ ကုန်စည်ပွဲရုံနှင့် ဈေးများဌာနတို့နှင့် ပူးပေါင်းပြီး စဉ်ဆက်မပြတ်အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော်လျက်ရှိနေကြောင်း သိရသည်။

မြစ်ထွက်ပေါက်နှင့် ချောင်းများ၊ မြောင်းများနှင့် ပါတ်သတ်၍ ရန်ကုန်မြို့ပြည်လမ်းကို ဗဟိုပြု၍ ရန်ကုန်အရှေ့ဘက်တွင် ငမိုးရိပ်ချောင်း၊ အနောက်ဘက်တွင် လှိုင်မြစ်တို့ရှိသည့်အတွက် ယင်းနှင့်ဆက်စပ်သော မြို့နယ်များဖြစ်သည့် လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ အလုံနှင့်လမ်းမတော်စသည့် မြို့နယ် ၉ မြို့နယ်က စွန့်ပစ်စီးဆင်းသော ရေများကို ချောင်း ၂၂ ခုမှတစ်ဆင့် ရန်ကုန်အနောက်ဘက်ရှိ လှိုင်မြစ်အတွင်းသို့ ပုံမှန်စီးဆင်းပြီး ပင်လယ်ဝအထိ ရောက်ရှိရန်အတွက် ချောင်းအတွင်းရှိ အမှိုက်နှင့် သစ်ကိုင်းသစ်ပင်များကို ရှင်းလင်းခြင်း၊ မြေသားနံရံများကို ကွန်ကရစ်နံရံများအဖြစ် ပြန်လည်ပြုပြင်တည်ဆောက်ခြင်း၊ ကျဉ်းမြောင်းသော အုတ်ရေမြောင်းများ အသစ်ချဲ့ထွင်ပြုပြင်ထိန်းသိမ်းခြင်း၊ လိုအပ်သော လမ်းဖြတ် Box Culvert များ အသစ်ထပ်မံတိုးချဲ့တည်ဆောက်ပေးခြင်း စသည်တို့ကို အဆင့်မြှင့်တင်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။

ထို့အပြင် ရန်ကုန်အနောက်ဘက်ရှိ လှိုင်မြစ်အတွင်းသို့ စွန့်ပစ်ရေများကို ပုံမှန်စီးဆင်းမှုစနစ်ပုံစံမျိုးနှင့် အလားတူ ရန်ကုန်အရှေ့ဘက် ငမိုးရိပ်ချောင်းကိုလည်း ဆောင်ရွက်ရာတွင် တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပနှင့် ရန်ကင်းစသည့် မြို့နယ်များမှ စွန့်ပစ်သောရေများကို ငမိုးရိပ်ချောင်းအတွင်းသို့ စီးဝင်စေပြီး အဓိကချောင်းကြီး ၂၀ ချောင်း ကြံ့ခိုင်မှုရှိစေရန် ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်း၊ ချွတ်ယွင်းပျက်စီးမှုမရှိစေရန် ကြွက်တွင်းများပိတ်ဆို့ခြင်း၊ ရေလမ်းကြောင်းရှိ အမှိုက်နှင့် ဗေဒါများကို ရေပေါ်ယန္တရားများ အသုံးပြုရှင်းလင်းခြင်း၊ အုတ်ရေမြောင်းချဲ့ထွင်ခြင်း၊ အသစ်တည်ဆောက်ခြင်းတို့ကို ဘဏ္ဍာနှစ်အလိုက် ပြုပြင်ထိန်းသိမ်းအဆင့်မြှင့်တင်လျက်ရှိကြောင်း သိရသည်။

အဓိကကျသော ကွင်းချောင်း၊ သစ်တောချောင်း၊ သစ်မျောချောင်း၊ ရွာသစ်ချောင်း၊ သဲဖြူချောင်းတို့သည် ပင်လယ်ရေတက်ချိန်နှင့် မိုးရွာသွန်းချိန် တိုက်ဆိုင်မှုတို့ကြောင့် မြို့ပြလမ်းများ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိသော်လည်း ယင်းဖြစ်ရပ်များကို ယခုနှစ်မိုးရာသီတွင် လျော့နည်း သက်သာစေရန်နှင့် ဒီရေတားရေတံခါးများကို ကောင်းမွန်စေရန် အစဉ်သတိပြု ထိန်းသိမ်းလျက်ရှိသည်ဟု သိရသည်။
ထို့အပြင် လွန်ခဲ့သော နှစ် ၃၀ ကျော်က တည်ဆောက်ခဲ့သော လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တို့သည် မျက်မှောက်ကာလတွင် မြို့ပြကြီးအသွင်အပြင်သာမက စီးပွားရေးဖွံ့ဖြိုးမှုနှင့်အတူ စည်ကားစွာ သွားလာနေထိုင်သော ပြည်သူများ တိုးပွားနေမှုကို မြင်တွေ့ရမှာဖြစ်ပြီး လမ်းများ၊ ရပ်ကွက်အိမ်များ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရန်အတွက် လိုအပ်သော Box Culvert များကိုလည်း တိုးချဲ့တည်ဆောက် ပြုပြင်ထိန်းသိမ်းလျက်ရှိကြောင်းသိရသည်။

Zawgyi Version:
မိုးရာသီကာလ ရန္ကုန္ၿမိဳ႕ ေရႀကီးေရလွ်ံမႈ ေလ်ာ့နည္းေစေရး အဓိကျမစ္ထြက္ေပါက္မ်ား တိုးခ်ဲ႕ျပဳျပင္ထိန္းသိမ္းလ်က္ရွိ

NP News မတ္လ (၁)
မိုးရာသီကာလမွာ ရန္ကုန္ၿမိဳ႕ ေရႀကီးေရလွ်ံမႈ ေလ်ာ့နည္းေစေရးအတြက္ အဓိကျမစ္ထြက္ေပါက္မ်ား တိုးခ်ဲ႕ျပဳျပင္ထိန္းသိမ္းလ်က္ရွိသည့္အျပင္ ရန္ကုန္ျမစ္၊ လႈိင္ျမစ္၊ ပုဇြန္ေတာင္ေခ်ာင္းမ်ားသို႔ ၿမိဳ႕တြင္း ၈ ၿမိဳ႕နယ္မွ စြန႔္ပစ္ေသာေရမ်ား စုစုေပါင္း ေခ်ာင္းေပါင္း ၅၆ ခုအတြင္း ပုံမွန္စီးဆင္းႏိုင္ရန္အတြက္ ႀကံ့ခိုင္မႈလုပ္ငန္းမ်ား လုပ္ေဆာင္လ်က္ရွိေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ အင္ဂ်င္နီယာဌာန (ေရစီးေရလာစီမံခန႔္ခြဲမႈ)မွ သိရသည္။

ရန္ကုန္ ၃၃ ၿမိဳ႕နယ္၏ အက်ယ္အဝန္းသည္ စတုရန္းကီလိုမီတာ ၇၉၀ အက်ယ္အဝန္းရွိၿပီး ယင္းအက်ယ္အဝန္းတြင္ အေဆာက္အအုံစုစုေပါင္း တစ္သန္းနီးပါးရွိရာ စည္းကမ္းလိုက္နာၿပီး ျပည္သူပါဝင္ပူးေပါင္းမႈ၊ တိုင္းေဒသႀကီးအစိုးရအားေပးမႈ၊ တည္ေဆာက္ျပဳျပင္ထိန္းသိမ္းမႈတို႔ေၾကာင့္ လာမည့္မိုးရာသီတြင္ ေရႀကီးေရလွ်ံမႈမ်ား ေလ်ာ့နည္းသက္သာေစရန္ ဘ႑ာေငြခြင့္ျပဳခ်က္ႏွင့္အညီ ဆက္လက္ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း အဆိုပါဌာနမွ သတင္းထုတ္ျပန္သည္။

ရန္ကုန္ၿမိဳ႕သည္ ျမစ္မ်ား၊ ေခ်ာင္းမ်ားၾကား၌ တည္ရွိသည့္အျပင္ ပင္လယ္ဒီေရတက္မႈကိုလည္း သတိျပဳကာကြယ္ထိန္းသိမ္းေနရသျဖင့္ ေရစီးေရလာစနစ္မ်ား ပိုမိုေကာင္းမြန္ေရးႏွင့္ မိုးရာသီအခ်ိန္မ်ားတြင္ လမ္းမ်ား၊ ရပ္ကြက္မ်ား၌ ေရႀကီးေရလွ်ံမႈမ်ား ေလ်ာ့နည္းပေပ်ာက္ေစေရးတို႔ကို ဦးတည္၍ လက္ရွိေခ်ာင္းမ်ား၊ ေျမာင္းမ်ား၊ အဓိကျမစ္ထြက္ေပါက္မ်ားကို ျပဳျပင္ထိန္းသိမ္း အဆင့္ျမႇင့္တင္ႏိုင္ရန္အတြက္ ရန္ကုန္ၿမိဳ႕ ေတာ္စည္ပင္သာယာေရးေကာ္မတီရွိ အင္ဂ်င္နီယာဌာန ၄ ခုအျပင္ ၿမိဳ႕ျပပတ္ဝန္းက်င္ထိန္းသိမ္းေရးႏွင့္ သန႔္ရွင္းေရးဌာန၊ ကုန္စည္ပြဲ႐ုံႏွင့္ ေဈးမ်ားဌာနတို႔ႏွင့္ ပူးေပါင္းၿပီး စဥ္ဆက္မျပတ္အခ်ိန္ႏွင့္တစ္ေျပးညီ အေကာင္အထည္ေဖာ္လ်က္ရွိေနေၾကာင္း သိရသည္။

ျမစ္ထြက္ေပါက္ႏွင့္ ေခ်ာင္းမ်ား၊ ေျမာင္းမ်ားႏွင့္ ပါတ္သတ္၍ ရန္ကုန္ၿမိဳ႕ျပည္လမ္းကို ဗဟိုျပဳ၍ ရန္ကုန္အေရွ႕ဘက္တြင္ ငမိုးရိပ္ေခ်ာင္း၊ အေနာက္ဘက္တြင္ လႈိင္ျမစ္တို႔ရွိသည့္အတြက္ ယင္းႏွင့္ဆက္စပ္ေသာ ၿမိဳ႕နယ္မ်ားျဖစ္သည့္ လႈိင္သာယာ၊ ေ႐ႊျပည္သာ၊ အင္းစိန္၊ မရမ္းကုန္း၊ လႈိင္၊ ကမာ႐ြတ္၊ ၾကည့္ျမင္တိုင္၊ အလုံႏွင့္လမ္းမေတာ္စသည့္ ၿမိဳ႕နယ္ ၉ ၿမိဳ႕နယ္က စြန႔္ပစ္စီးဆင္းေသာ ေရမ်ားကို ေခ်ာင္း ၂၂ ခုမွတစ္ဆင့္ ရန္ကုန္အေနာက္ဘက္ရွိ လႈိင္ျမစ္အတြင္းသို႔ ပုံမွန္စီးဆင္းၿပီး ပင္လယ္ဝအထိ ေရာက္ရွိရန္အတြက္ ေခ်ာင္းအတြင္းရွိ အမႈိက္ႏွင့္ သစ္ကိုင္းသစ္ပင္မ်ားကို ရွင္းလင္းျခင္း၊ ေျမသားနံရံမ်ားကို ကြန္ကရစ္နံရံမ်ားအျဖစ္ ျပန္လည္ျပဳျပင္တည္ေဆာက္ျခင္း၊ က်ဥ္းေျမာင္းေသာ အုတ္ေရေျမာင္းမ်ား အသစ္ခ်ဲ႕ထြင္ျပဳျပင္ထိန္းသိမ္းျခင္း၊ လိုအပ္ေသာ လမ္းျဖတ္ Box Culvert မ်ား အသစ္ထပ္မံတိုးခ်ဲ႕တည္ေဆာက္ေပးျခင္း စသည္တို႔ကို အဆင့္ျမႇင့္တင္ေပးႏိုင္ခဲ့ၿပီးျဖစ္ေၾကာင္းသိရသည္။

ထို႔အျပင္ ရန္ကုန္အေနာက္ဘက္ရွိ လႈိင္ျမစ္အတြင္းသို႔ စြန႔္ပစ္ေရမ်ားကို ပုံမွန္စီးဆင္းမႈစနစ္ပုံစံမ်ိဳးႏွင့္ အလားတူ ရန္ကုန္အေရွ႕ဘက္ ငမိုးရိပ္ေခ်ာင္းကိုလည္း ေဆာင္႐ြက္ရာတြင္ တာေမြ၊ မဂၤလာေတာင္ၫြန႔္၊ ဒဂုံၿမိဳ႕သစ္ (ေျမာက္ပိုင္း)၊ ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း)၊ ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း)၊ ဒဂုံၿမိဳ႕သစ္ (ဆိပ္ကမ္း)၊ ေျမာက္ဥကၠလာပ၊ ေတာင္ဥကၠလာပႏွင့္ ရန္ကင္းစသည့္ ၿမိဳ႕နယ္မ်ားမွ စြန႔္ပစ္ေသာေရမ်ားကို ငမိုးရိပ္ေခ်ာင္းအတြင္းသို႔ စီးဝင္ေစၿပီး အဓိကေခ်ာင္းႀကီး ၂၀ ေခ်ာင္း ႀကံ့ခိုင္မႈရွိေစရန္ ျပန္လည္ျပဳျပင္ထိန္းသိမ္းျခင္း၊ ခြၽတ္ယြင္းပ်က္စီးမႈမရွိေစရန္ ႂကြက္တြင္းမ်ားပိတ္ဆို႔ျခင္း၊ ေရလမ္းေၾကာင္းရွိ အမႈိက္ႏွင့္ ေဗဒါမ်ားကို ေရေပၚယႏၲရားမ်ား အသုံးျပဳရွင္းလင္းျခင္း၊ အုတ္ေရေျမာင္းခ်ဲ႕ထြင္ျခင္း၊ အသစ္တည္ေဆာက္ျခင္းတို႔ကို ဘ႑ာႏွစ္အလိုက္ ျပဳျပင္ထိန္းသိမ္းအဆင့္ျမႇင့္တင္လ်က္ရွိေၾကာင္း သိရသည္။

အဓိကက်ေသာ ကြင္းေခ်ာင္း၊ သစ္ေတာေခ်ာင္း၊ သစ္ေမ်ာေခ်ာင္း၊ ႐ြာသစ္ေခ်ာင္း၊ သဲျဖဴေခ်ာင္းတို႔သည္ ပင္လယ္ေရတက္ခ်ိန္ႏွင့္ မိုး႐ြာသြန္းခ်ိန္ တိုက္ဆိုင္မႈတို႔ေၾကာင့္ ၿမိဳ႕ျပလမ္းမ်ား ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ေပၚေလ့ရွိေသာ္လည္း ယင္းျဖစ္ရပ္မ်ားကို ယခုႏွစ္မိုးရာသီတြင္ ေလ်ာ့နည္း သက္သာေစရန္ႏွင့္ ဒီေရတားေရတံခါးမ်ားကို ေကာင္းမြန္ေစရန္ အစဥ္သတိျပဳ ထိန္းသိမ္းလ်က္ရွိသည္ဟု သိရသည္။
ထို႔အျပင္ လြန္ခဲ့ေသာ ႏွစ္ ၃၀ ေက်ာ္က တည္ေဆာက္ခဲ့ေသာ လႈိင္သာယာ၊ ေ႐ႊျပည္သာ၊ ဒဂုံၿမိဳ႕သစ္ (ေျမာက္ပိုင္း)၊ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)၊ ဒဂုံၿမိဳ႕သစ္ (အေရွ႕ပိုင္း)၊ ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္တို႔သည္ မ်က္ေမွာက္ကာလတြင္ ၿမိဳ႕ျပႀကီးအသြင္အျပင္သာမက စီးပြားေရးဖြံ႕ၿဖိဳးမႈႏွင့္အတူ စည္ကားစြာ သြားလာေနထိုင္ေသာ ျပည္သူမ်ား တိုးပြားေနမႈကို ျမင္ေတြ႕ရမွာျဖစ္ၿပီး လမ္းမ်ား၊ ရပ္ကြက္အိမ္မ်ား ေရႀကီးေရလွ်ံမႈ မျဖစ္ေပၚေစရန္အတြက္ လိုအပ္ေသာ Box Culvert မ်ားကိုလည္း တိုးခ်ဲ႕တည္ေဆာက္ ျပဳျပင္ထိန္းသိမ္းလ်က္ရွိေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.