လှိုင်မြို့နယ်တွင် လူနေတိုက်ခန်းမီးလောင်မှုဖြစ်ပွားကာ သက်ကြီးပိုင်းအမျိုးသားတစ်ဦး သေဆုံး

876

သန့်ဇင်(NP News)-မတ် ၃
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် လူနေတိုက်ခန်းမီးလောင်မှုဖြစ်ပွားကာ သက်ကြီးပိုင်းအမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း အနာဂတ်အလင်းတန်းပရဟိတအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(မတ်လ ၃ရက်)၊ ည ၇နာရီ ၃၂မိနစ်အချိန်ခန့်က လှိုင်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ရန်ကုန် အင်းစိန် လမ်းမပေါ် လှိုင်ရတနာအိမ်ရာတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လောင်တာက (၅)လွှာမှာလောင်တာကို Sunshadeတွေ ဘုရားစင်တွေဘက်ကနေ (၆)လွှာကိုထပ်ကူးသွားတာ။ (၅)လွှာကတော့ အခန်းတစ်ခန်းလုံးလောင်သွားတာ။ (၆)လွှာကတော့ နည်းနည်းလောင်တယ်”ဟု အနာဂတ်အလင်းတန်းပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NP Newsကိုပြောသည်။
အဆိုပါမီးလောင်မှုအတွင်း အသက်(၆၀)နှစ်အရွယ် အမျိုးသားတစ်ဦး မီးလောင်သေဆုံးသွားခဲ့ပြီး အသက်(၅၀)အရွယ်အမျိုးသား တစ်ဦးသည်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“အခုက ပူပြင်းခြောက်သွေ့တဲ့ရာသီရောက်လာပြီဆိုတော့ မီးလောင်မှုတွေလည်း မကြာခဏကြားလာရတယ်ပေါ့နော်။ အကြံပြု ချင်တာကတော့ လျှပ်စစ်မီးပဲဖြစ်ဖြစ် ဘယ်လိုမီးမျိုးပဲဖြစ်ဖြစ် သေချာဂရုစိုက်ကြဖို့ အကြံပြုချင်တယ်”ဟု ၎င်းကဆက်ပြောသည်။
ထို့နောက် မီးလောင်မှုအား လှိုင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၇နာရီ ၄၉ အချိန်တွင် မီးငြိမ်းသတ် နိုင်ခဲ့ပြီးမီးလောင်မှုဖြစ်စဉ်နှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Zawgyi Version:
လႈိင္ၿမိဳ႕နယ္တြင္ လူေနတိုက္ခန္းမီးေလာင္မႈျဖစ္ပြားကာ သက္ႀကီးပိုင္းအမ်ိဳးသားတစ္ဦး ေသဆုံး
သန႔္ဇင္(NP News)-မတ္ ၃
ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္ၿမိဳ႕နယ္တြင္ လူေနတိုက္ခန္းမီးေလာင္မႈျဖစ္ပြားကာ သက္ႀကီးပိုင္းအမ်ိဳးသားတစ္ဦး ေသဆုံးခဲ့ေၾကာင္း အနာဂတ္အလင္းတန္းပရဟိတအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(မတ္လ ၃ရက္)၊ ည ၇နာရီ ၃၂မိနစ္အခ်ိန္ခန္႔က လႈိင္ၿမိဳ႕နယ္၊ အမွတ္(၉)ရပ္ကြက္၊ ရန္ကုန္ အင္းစိန္ လမ္းမေပၚ လႈိင္ရတနာအိမ္ရာတြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ေလာင္တာက (၅)လႊာမွာေလာင္တာကို Sunshadeေတြ ဘုရားစင္ေတြဘက္ကေန (၆)လႊာကိုထပ္ကူးသြားတာ။ (၅)လႊာကေတာ့ အခန္းတစ္ခန္းလုံးေလာင္သြားတာ။ (၆)လႊာကေတာ့ နည္းနည္းေလာင္တယ္”ဟု အနာဂတ္အလင္းတန္းပရဟိတအသင္းမွ တာဝန္ရွိသူတစ္ဦးက NP Newsကိုေျပာသည္။
အဆိုပါမီးေလာင္မႈအတြင္း အသက္(၆၀)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး မီးေလာင္ေသဆုံးသြားခဲ့ၿပီး အသက္(၅၀)အ႐ြယ္အမ်ိဳးသား တစ္ဦးသည္လည္း ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
“အခုက ပူျပင္းေျခာက္ေသြ႕တဲ့ရာသီေရာက္လာၿပီဆိုေတာ့ မီးေလာင္မႈေတြလည္း မၾကာခဏၾကားလာရတယ္ေပါ့ေနာ္။ အႀကံျပဳ ခ်င္တာကေတာ့ လွ်ပ္စစ္မီးပဲျဖစ္ျဖစ္ ဘယ္လိုမီးမ်ိဳးပဲျဖစ္ျဖစ္ ေသခ်ာဂ႐ုစိုက္ၾကဖို႔ အႀကံျပဳခ်င္တယ္”ဟု ၎ကဆက္ေျပာသည္။
ထို႔ေနာက္ မီးေလာင္မႈအား လႈိင္ၿမိဳ႕နယ္မီးသတ္စခန္းမွ မီးသတ္ယာဥ္မ်ားျဖင့္ ထြက္ခြာျငႇိမ္းသတ္ခဲ့ရာ ၇နာရီ ၄၉ အခ်ိန္တြင္ မီးၿငိမ္းသတ္ ႏိုင္ခဲ့ၿပီးမီးေလာင္မႈျဖစ္စဥ္ႏွင့္ပ်က္စီးဆုံးရႈံးမႈတန္ဖိုးအား မီးသတ္တပ္ဖြဲ႕တာဝန္ရွိသူမ်ားက စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။