ဆင်ဖြူကျွန်းမြို့တွင် မိသားစုနှင့်အတူမနက်စာစားနေသော နယ်မြေရဲစခန်းမှူးကို PDFအဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်

2097
(NP News)-မတ် ၃
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့တွင် မိသားစုနှင့်အတူမနက်စာစားနေသော နယ်မြေရဲစခန်းမှူးကို PDFအဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(မတ်လ ၄ရက်)၊ နံနက် ၇နာရီ ၄၅မိနစ်အချိန်ခန့်က ဆင်ဖြူကျွန်းမြို့၊ အမှတ်(၁)ရပ်ကွက်၊သုံးပင်တောင်ရပ်၊ ချမ်းမြေ့အောင် လက်ဖက်ရည်ဆိုင်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆင်ဖြူကျွန်းမြို့တွင်နေထိုင်သည့် နယ်မြေရဲစခန်းမှူးရဲအုပ်ဦးသန်းလွင်သည် ၎င်း၏ဇနီးအပါအဝင် သားသမီးများနှင့်အတူ အထက်ပါလက်ဖက်ရည်ဆိုင်တွင် နံနက်စာစားနေစဉ် PDFအဖွဲ့ကရောက်ရှိလာကာ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ သတ်ဖြတ်ခံရမှုကြောင့် ရဲအုပ်ဦးသန်းလွင်တွင် ယာနားထင်ကျည်ထိမှန်ဒဏ်ရာတစ်ချက်ရရှိကာ သေဆုံးသွားခဲ့ပြီး ခြောက်လုံးပြူး သေနတ်တစ်လက်ပါအဝင် ကျည်၊ ဖုန်းနှင့်ပိုက်ဆံအိတ်များ လုယက်ယူဆောင်ကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ပြစ်မှုကျူးလွန်သူများအားဖော်ထုတ်ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
Zawgyi Version:
ဆင္ျဖဴကြၽန္းၿမိဳ႕တြင္ မိသားစုႏွင့္အတူမနက္စာစားေနေသာ နယ္ေျမရဲစခန္းမႉးကို PDFအဖြဲ႕က ေသနတ္ျဖင့္ပစ္ခတ္သတ္ျဖတ္
(NP News)-မတ္ ၃
မေကြးတိုင္းေဒသႀကီး၊ စလင္းၿမိဳ႕နယ္၊ ဆင္ျဖဴကြၽန္းၿမိဳ႕တြင္ မိသားစုႏွင့္အတူမနက္စာစားေနေသာ နယ္ေျမရဲစခန္းမႉးကို PDFအဖြဲ႕က ေသနတ္ျဖင့္ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(မတ္လ ၄ရက္)၊ နံနက္ ၇နာရီ ၄၅မိနစ္အခ်ိန္ခန႔္က ဆင္ျဖဴကြၽန္းၿမိဳ႕၊ အမွတ္(၁)ရပ္ကြက္၊သုံးပင္ေတာင္ရပ္၊ ခ်မ္းေျမ့ေအာင္ လက္ဖက္ရည္ဆိုင္တြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ဆင္ျဖဴကြၽန္းၿမိဳ႕တြင္ေနထိုင္သည့္ နယ္ေျမရဲစခန္းမႉးရဲအုပ္ဦးသန္းလြင္သည္ ၎၏ဇနီးအပါအဝင္ သားသမီးမ်ားႏွင့္အတူ အထက္ပါလက္ဖက္ရည္ဆိုင္တြင္ နံနက္စာစားေနစဥ္ PDFအဖြဲ႕ကေရာက္ရွိလာကာ ေသနတ္ျဖင့္ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ သတ္ျဖတ္ခံရမႈေၾကာင့္ ရဲအုပ္ဦးသန္းလြင္တြင္ ယာနားထင္က်ည္ထိမွန္ဒဏ္ရာတစ္ခ်က္ရရွိကာ ေသဆုံးသြားခဲ့ၿပီး ေျခာက္လုံးျပဴး ေသနတ္တစ္လက္ပါအဝင္ က်ည္၊ ဖုန္းႏွင့္ပိုက္ဆံအိတ္မ်ား လုယက္ယူေဆာင္ကာ ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ျပစ္မႈက်ဴးလြန္သူမ်ားအားေဖာ္ထုတ္ဖမ္းဆီးရမိေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ားဆက္လက္ လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။