အစိုးရပိုင်ရေနံမှော်များတွင် PDF များ ဝင်ရောက်နေရာယူနေသည့်အတွက် နိုင်ငံတော်က နေ့စဉ်ကျပ်သိန်းသောင်းနှင့်ချီကာ နစ်နာနေဟုဆို

7843

မြူနစ် (NP News) - မတ် ၄
အစိုးရပိုင်ရေနံမှော်များတွင် PDF များ ဝင်ရောက်နေရာယူနေသည့်အတွက် နိုင်ငံတော်ကနေ့စဉ် ငွေကျပ်သိန်း သောင်းနှင့်ချီကာ နစ်နာဆုံးရှုံးနေကြောင်း ရေနံမှော်လုပ်ငန်းရှင်အသိုင်းအ ဝိုင်းက NP News ကို ပြောသည်။ မကွေးတိုင်း မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အတွင်းရှိ ရေနံမှော်များကို နစကအစိုးရအား ဆန့်ကျင်နေသည့် PDF လက်နက်အဖွဲ့များက ဝင်ရောက်နေရာယူထိန်းချုပ်နေသည်မှာ အတော်ပင်ကြာလှနေပြီဖြစ်သည်။
လက်ရှိတွင် အဆိုပါရေနံမှော်များမှ တစ်ရက်လျှင် ရေနံပေပါထောင်နှင့်ချီကာထွက်ရှိနေပြီး PDF များအနေဖြင့် ကြီးပွားနေလျက်ရှိကြောင်း ရေနံမှော်လုပ်ငန်းရှင်အသိုင်းအဝိုင်းက ဆိုသည်။ ‘အညာဒူဘိုင်း သူက မြိုင်ဘက်မှာလေ ဒီကောင်တွေ(PDF)က သေနတ်လွယ်ပြီး ပေါ်ပေါ်တင်တင်ပဲ ဆက်ကြေး တောင်းပြီးတော့ လုပ်စားနေတာပဲ။ သူတို့က အဲဒီမှာ တအားကို ကြီးပွားနေတာ။ အဲဒါက လက်ရှိအစိုးရရဲ့ ရေနံမြေကြီးပဲလေ။ အဲဒါက ဧကပေါင်းသောင်းနဲ့ချီ ပြီးတော့ ရှိနိုင်တာပေါ့။ အစိုးရ ရေနံမြေထဲမှာမှ ရေနံအထွက်ဆုံးက လက်ပံတိုရေနံမြေဆိုတာ အဲဒါပဲလေ။ အဲဒီရေနံမြေကြီး တစ်ခုလုံးကို PDF က ခပ်စားတယ်။ ထွက်ပြေးသွားတဲ့လုပ်ငန်းရှင်တွေ၊ မလုပ်ရဲတဲ့ လုပ်ငန်းရှင်တွေရဲ့ ရေနံမြေတွေကို လည်း သူတို့ခပ်စားတယ်။ ပြီးရင် လက်ရှိခပ်နေတဲ့ကောင်တွေဆီကလည်း ဆက်ကြေးတောင်းတယ်။ အဲဒီတော့ သူတို့က ဖိုးဝှီးကားတဝီဝီနဲ့ သွားချင်တိုင်းသွားနေနိုင်တာပေါ့’ ဟု ရေနံမှော်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
အဆိုပါရေနံမှော်များမှထွက်ရှိသော ရေနံများသည် ပုသိမ်-မုံရွာလမ်းမှတစ်ဆင့် ကချင်ပြည်နယ်ရှိ မြစ်ကြီးနား၊ ဖားကန့်ဒေသများသို့ ထွက်ခွာသည့်နေရာရှိကြောင်းလည်း သိရသည်။ ရေနံမှော် လုပ်ငန်းရှင်တစ်ဦးက ‘အရင်တုန်းက တော့ ဆီတွဲကားတစ်စီးကို (၁၅)သိန်းလောက် သူတို့ကိုပေးရတယ်။ အဲဒီဆီတွေက ပုသိမ်-မုံရွာလမ်း အတိုင်းက ကချင်၊ မြစ်ကြီးနား၊ ဖားကန့်ဘက်ကိုတောက် လျှောက်သွားတာပေါ့။ အဲဒီမှာက ဆီဈေးက တအား ကောင်း တာ။ ဒီဘက်တွေမှာ သုံးသိန်းလောက်ပဲ ပေါက်ရင် အဲဒီမှာက ငါးသိန်း၊ ခြောက်သိန်းလောက် အထိ ပေါက်တယ်’ ဟုဆိုသည်။ ထို့ပြင် အဆိုပါ ရေနံမှော်များမှတစ်ဆင့် တစ်ရက်လျှင် ရေနံပေပါ အလုံး(၃၀ဝဝ)ကျော် ထွက်နေလျက်ရှိပြီး ငွေကျပ်သိန်းတစ်သောင်းခွဲခန့် နေ့စဉ်နစ်နာလျက်ရှိ ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
‘မြိုင်က အနိမ့်ဆုံးတစ်ရက်ကို ပေပါနဲ့ဆိုရင် အလုံး(၃)၊(၄)ထောင်ကတော့ ထွက်တယ်။ တစ် ပေပါက ပေါက်ဈေးက ငါးသိန်းလောက်ရှိတယ်။ ကျပ် သိန်းတစ်သောင်းခွဲလောက် ထွက်မှာပေါ့။ အဲဒီသိန်း တစ်သောင်းခွဲ လောက်မှာ PDF တွေဆီကို စီးဆင်းမှုက သိန်းတစ်ထောင်နဲ့အထက်ရှိမှာပဲ။ အဲဒီတော့ သူတို့လိုချင်တာ အကုန်ရ တယ်လေ။ လေယာဉ်ဝယ်ခွင့်ရရင် လေယာဉ်တောင်ဝယ်နိုင်တယ်။ နိုင်ငံတော်အတွက်ကတော့ တစ်ရက်ကို ကျပ်သိန်း သောင်းနဲ့ချီပြီးနစ်နာနေတာပေါ့’ဟု ရေနံမှော်လုပ်ငန်းရှင်က ဆက်လက်ပြောသည်။ အဆိုပါရေနံမှော်ဒေသတွင် KTV အပါအဝင် အပျော်အပါးလုပ်ငန်းများဖြင့် စည်ကားနေသကဲ့သို့ အကြမ်းဖက်သတ်ဖြတ်မှု ဖြစ်စဉ်များသည်လည်း များစွာ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ ‘အဲဒီမှာက KTV လည်းပေါ၊ မာဆတ် လည်းပေါ အကုန်ပေါတယ်။ ပိုက်ဆံပေါ တဲ့နေရာက အကုန်ရတယ်။ အခုနပြောသလို အသက်လည်းပေါ တာပဲ။ အခန့်မသင့်ရင် သတ်ပစ်တာပဲ။ သူတို့နဲ့ မတည့် တဲ့ ကောင်ဆိုရင် သတ်တာပဲလေ'ဟု ရေနံမှော် လုပ်ငန်းရှင်ကဆိုသည်။
zawgyi version
အစိုးရပိုင္ေရနံေမွာ္မ်ားတြင္ PDF မ်ား ဝင္ေရာက္ေနရာယူေနသည့္အတြက္ ႏိုင္ငံေတာ္က ေန႔စဥ္က်ပ္သိန္းေသာင္းႏွင့္ခ်ီကာ နစ္နာေနဟုဆို
ျမဴနစ္ (NP News) - မတ္ ၄
အစိုးရပိုင္ေရနံေမွာ္မ်ားတြင္ PDF မ်ား ဝင္ေရာက္ေနရာယူေနသည့္အတြက္ ႏိုင္ငံေတာ္ကေန႔စဥ္ ေငြက်ပ္သိန္း ေသာင္းႏွင့္ခ်ီကာ နစ္နာဆုံးရႈံးေနေၾကာင္း ေရနံေမွာ္လုပ္ငန္းရွင္အသိုင္းအ ဝိုင္းက NP News ကို ေျပာသည္။ မေကြးတိုင္း ၿမိဳင္ၿမိဳ႕နယ္ႏွင့္ ေပါက္ၿမိဳ႕နယ္အတြင္းရွိ ေရနံေမွာ္မ်ားကို နစကအစိုးရအား ဆန႔္က်င္ေနသည့္ PDF လက္နက္အဖြဲ႕မ်ားက ဝင္ေရာက္ေနရာယူထိန္းခ်ဳပ္ေနသည္မွာ အေတာ္ပင္ၾကာလွေနၿပီျဖစ္သည္။
လက္ရွိတြင္ အဆိုပါေရနံေမွာ္မ်ားမွ တစ္ရက္လွ်င္ ေရနံေပပါေထာင္ႏွင့္ခ်ီကာထြက္ရွိေနၿပီး PDF မ်ားအေနျဖင့္ ႀကီးပြားေနလ်က္ရွိေၾကာင္း ေရနံေမွာ္လုပ္ငန္းရွင္အသိုင္းအဝိုင္းက ဆိုသည္။ ‘အညာဒူဘိုင္း သူက ၿမိဳင္ဘက္မွာေလ ဒီေကာင္ေတြ(PDF)က ေသနတ္လြယ္ၿပီး ေပၚေပၚတင္တင္ပဲ ဆက္ေၾကး ေတာင္းၿပီးေတာ့ လုပ္စားေနတာပဲ။ သူတို႔က အဲဒီမွာ တအားကို ႀကီးပြားေနတာ။ အဲဒါက လက္ရွိအစိုးရရဲ႕ ေရနံေျမႀကီးပဲေလ။ အဲဒါက ဧကေပါင္းေသာင္းနဲ႔ခ်ီ ၿပီးေတာ့ ရွိႏိုင္တာေပါ့။ အစိုးရ ေရနံေျမထဲမွာမွ ေရနံအထြက္ဆုံးက လက္ပံတိုေရနံေျမဆိုတာ အဲဒါပဲေလ။ အဲဒီေရနံေျမႀကီး တစ္ခုလုံးကို PDF က ခပ္စားတယ္။ ထြက္ေျပးသြားတဲ့လုပ္ငန္းရွင္ေတြ၊ မလုပ္ရဲတဲ့ လုပ္ငန္းရွင္ေတြရဲ႕ ေရနံေျမေတြကို လည္း သူတို႔ခပ္စားတယ္။ ၿပီးရင္ လက္ရွိခပ္ေနတဲ့ေကာင္ေတြဆီကလည္း ဆက္ေၾကးေတာင္းတယ္။ အဲဒီေတာ့ သူတို႔က ဖိုးဝွီးကားတဝီဝီနဲ႔ သြားခ်င္တိုင္းသြားေနႏိုင္တာေပါ့’ ဟု ေရနံေမွာ္လုပ္ငန္းရွင္တစ္ဦးက ေျပာသည္။
အဆိုပါေရနံေမွာ္မ်ားမွထြက္ရွိေသာ ေရနံမ်ားသည္ ပုသိမ္-မုံ႐ြာလမ္းမွတစ္ဆင့္ ကခ်င္ျပည္နယ္ရွိ ျမစ္ႀကီးနား၊ ဖားကန႔္ေဒသမ်ားသို႔ ထြက္ခြာသည့္ေနရာရွိေၾကာင္းလည္း သိရသည္။ ေရနံေမွာ္ လုပ္ငန္းရွင္တစ္ဦးက ‘အရင္တုန္းက ေတာ့ ဆီတြဲကားတစ္စီးကို (၁၅)သိန္းေလာက္ သူတို႔ကိုေပးရတယ္။ အဲဒီဆီေတြက ပုသိမ္-မုံ႐ြာလမ္း အတိုင္းက ကခ်င္၊ ျမစ္ႀကီးနား၊ ဖားကန႔္ဘက္ကိုေတာက္ ေလွ်ာက္သြားတာေပါ့။ အဲဒီမွာက ဆီေဈးက တအား ေကာင္း တာ။ ဒီဘက္ေတြမွာ သုံးသိန္းေလာက္ပဲ ေပါက္ရင္ အဲဒီမွာက ငါးသိန္း၊ ေျခာက္သိန္းေလာက္ အထိ ေပါက္တယ္’ ဟုဆိုသည္။ ထို႔ျပင္ အဆိုပါ ေရနံေမွာ္မ်ားမွတစ္ဆင့္ တစ္ရက္လွ်င္ ေရနံေပပါ အလုံး(၃၀ဝဝ)ေက်ာ္ ထြက္ေနလ်က္ရွိၿပီး ေငြက်ပ္သိန္းတစ္ေသာင္းခြဲခန႔္ ေန႔စဥ္နစ္နာလ်က္ရွိ ေၾကာင္းလည္း ၎က ဆက္လက္ေျပာသည္။
‘ၿမိဳင္က အနိမ့္ဆုံးတစ္ရက္ကို ေပပါနဲ႔ဆိုရင္ အလုံး(၃)၊(၄)ေထာင္ကေတာ့ ထြက္တယ္။ တစ္ ေပပါက ေပါက္ေဈးက ငါးသိန္းေလာက္ရွိတယ္။ က်ပ္ သိန္းတစ္ေသာင္းခြဲေလာက္ ထြက္မွာေပါ့။ အဲဒီသိန္း တစ္ေသာင္းခြဲ ေလာက္မွာ PDF ေတြဆီကို စီးဆင္းမႈက သိန္းတစ္ေထာင္နဲ႔အထက္ရွိမွာပဲ။ အဲဒီေတာ့ သူတို႔လိုခ်င္တာ အကုန္ရ တယ္ေလ။ ေလယာဥ္ဝယ္ခြင့္ရရင္ ေလယာဥ္ေတာင္ဝယ္ႏိုင္တယ္။ ႏိုင္ငံေတာ္အတြက္ကေတာ့ တစ္ရက္ကို က်ပ္သိန္း ေသာင္းနဲ႔ခ်ီၿပီးနစ္နာေနတာေပါ့’ဟု ေရနံေမွာ္လုပ္ငန္းရွင္က ဆက္လက္ေျပာသည္။ အဆိုပါေရနံေမွာ္ေဒသတြင္ KTV အပါအဝင္ အေပ်ာ္အပါးလုပ္ငန္းမ်ားျဖင့္ စည္ကားေနသကဲ့သို႔ အၾကမ္းဖက္သတ္ျဖတ္မႈ ျဖစ္စဥ္မ်ားသည္လည္း မ်ားစြာ ျဖစ္ပြားလ်က္ရွိေၾကာင္း သိရသည္။ ‘အဲဒီမွာက KTV လည္းေပါ၊ မာဆတ္ လည္းေပါ အကုန္ေပါတယ္။ ပိုက္ဆံေပါ တဲ့ေနရာက အကုန္ရတယ္။ အခုနေျပာသလို အသက္လည္းေပါ တာပဲ။ အခန႔္မသင့္ရင္ သတ္ပစ္တာပဲ။ သူတို႔နဲ႔ မတည့္ တဲ့ ေကာင္ဆိုရင္ သတ္တာပဲေလ'ဟု ေရနံေမွာ္ လုပ္ငန္းရွင္ကဆိုသည္။