မိုးကုတ်မြေမှ ရင်ဖွင့်သံ

 1983

သန့်ဇင် (NP News) - မတ် ၄

TNLA လက်အောက်တွင် (၆)လကျော်ကြာမြင့်ခဲ့ပြီဖြစ်သော မိုးကုတ်မြို့သည် လက်ရှိတွင် နဂိုမူလအခြေအနေများ ဆုတ်ယုတ်လျက်ရှိသည်။ မြို့ခံများမှာ စီးပွားကျပ်တည်းခြင်းနှင့်အတူ ကုန်ဈေး နှုန်း ကြီးမြင့်ခြင်းကိုလည်းခံစားနေရပြီး TNLA တို့ကောက်ခံသော အခွန်အခများကြောင့် လူမှုဘဝ အခြေ အနေများပိုမိုခက်ခဲလာသည်။ တစ်ဖက်တွင် TNLA ကလည်း မိုးကုတ်မြို့ရှိကျောက်တွင်းများကို လက်ဝါး ကြီး အုပ်ခြယ်လှယ်ကာ စည်းကမ်းမဲ့တူးဖော်ထုတ်ယူနေသည်။ အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ မိုးကုတ်မြို့ခံတစ်ဦးထံ NP News မှ ဆက်သွယ်မေးမြန်းထားသည်များအား ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး - TNLA လက်အောက်က မိုးကုတ်မြို့ လက်ရှိ အခြေအနေက ဘယ်လိုရှိပါသလဲခင်ဗျာ။
ဖြေ-လက်ရှိအခြေအနေက မိုးကုတ်မှာ ခဏခဏ ဓားပြတိုက်တယ်။ ဆိုက်ကယ်တွေပျောက် တယ်။ သူခိုးတအားသောင်းကျန်းတယ်။ အလုပ်အကိုင်လည်း မဖြစ်ဘူး။ အခုသူတို့က လိုင်စင် လုပ်ခိုင်း တာလေ ပလောင်တွေက။ နောက်ပြီးတော့ ကျောက်ဝယ်ဖို့ အခွန်ဆိုရင်လည်း အခွန်ဖိုးပေးရတယ်။ ကျောက်ဝိုင်းတွေဘာတွေသွားမယ်ဆိုရင် လည်း သူတို့ကိုအခွန်ဆောင်ရတယ်။ အခွန်ပေးရတယ်။ ဆိုင် တွေလည်းအခွန်ပေးရတယ်။ ဟို တလောက အစည်းအဝေးလုပ်တယ်။ ဘယ်လောက် ကောက်မလဲတော့ မသိသေးဘူး။ အဲဒါကြောင့် ကျွန် မတို့ဆိုင်တွေတောင်ပိတ်ထားတာ။ ကျောက် လုပ်ကွက်တွေဆိုရင် လည်း သူတို့ပဲလုပ်နေတာ။ မြို့ခံတွေ မဝင်ရဘူး။ နောက်ပြီးတော့ လေယာဉ်ခဏခဏဝဲ တယ်ဆိုတော့ တချို့လည်း မန္တလေးဘက်ကို ပြန်ကြတယ်။ ဒါပေမဲ့ လူရှိတဲ့အိမ်တွေဘက်ကို လေယာဉ်က မချပါဘူး။ ကျောက်တွင်းဘက်တွေပဲချတာ။ အဲဒီဘက်တွေပဲချတာ။ မြို့အပြင်ဘက်ကလူတွေ ကမဝင်ရဘူးဆိုတော့ ပလောင်တွေသေကြတယ် ပြောတယ်။ တချို့လည်းမြေကြီးအောက်ထဲ တွင်း လုပ်နေတော့ ပိတ်မိ သွား တာလို့ပြောကြတယ်။ အဲဒီလိုလည်းရှိတယ်။ ကျောက်လုပ်ရင် မြေကြီးအောက်မှာ လိုဏ်ခေါင်းလုပ်ပြီး နေကြတာလေ။ အဲဒီ မှာပိတ်မိပြီးသေကြတာ။

မေး-မိုးကုတ်မှာ TNLA က ကျောက်လုပ်ကွက် တွေကိုကြီးစိုးထားတော့ သယံဇာတတွေကို ဘယ် လောက်ထိတောင် စည်းကမ်းမဲ့ထုတ်ယူနေကြလဲ။
ဖြေ-တော်တော်ထုတ်နေပြီ။ သူတို့ရောက်ကတည်း ကထုတ်နေတာ ကြာလှပြီ။ ကျောက်တွင်း တွေမှာလည်း ထုတ်တယ်။ ပြီးတော့မြေတွေကို တစ်ခါတည်း ကားတွေနဲ့သယ်သွားတာ။ သူတို့ အခုလုပ် နေတာက ကျောက်တအားထွက်တဲ့နေရာတွေလေ။ ကျောက် တအားထွက်တော့ မြေတွေကိုကော်ပြီး တော့ ကားတွေနဲ့တင်တာတဲ့။ တရုတ်ကကားတွေနဲ့တင်တာ။ မြို့ခံတွေတောင် အဲဒီလိုကားတွေ မမြင်ဖူး ဘူးတဲ့။ အဲဒီလိုကားတွေနဲ့ ညဆိုရင်သယ်ပြီ။ အခုနောက်ပိုင်း လေယာဉ်ကြဲပြီးနောက်ပိုင်းတော့ သယ် လားမသိတော့ဘူး။ သယ်နေတာတော့ ကြာလှပြီ။ စစ်တပ်က ဘာမှ မလုပ်လို့ ညဆိုရင်ကားတွေနဲ့ မြေ ကြီး တွေပါကော် သယ်သွားတာကြတာ။ သူတို့ ပလောင်တွေရှိတဲ့ နမ့်ဆန်လေ။ အဲဒီဘက်ကို သယ်သွား တယ်လို့ ပြောတာပဲ။ မြို့ထဲကနေသယ်ထုတ်သွားကြတာ။ ကားတွေအများကြီးပဲ။ ည လူအိပ်ချိန်မှာ သယ်တာ။ ရပ်ကွက်တွေထဲကနေဖြတ်ပြီး အရှေ့မြောက်ဘက်ကိုထွက်သွားကြတာ။ ညပိုင်းကို အားခြင်း ကို သယ်ကြတာ။

မေး- မိုးကုတ်မှာ TNLA နဲ့ PDF တွေ အခြေအနေကကော ဘယ်လိုရှိလဲ။
ဖြေ- PDF တွေက အရင်ကလိုမဟုတ်ဘူး။ PDF တွေက မကျေနပ်တော့ဘူး။ သူတို့ မိုးကုတ်မှာ သိပ်မရှိတော့ဘူး။ မန္တလေးဘက်မှာ များတယ်လို့ကြားတယ်။ ပိုက်ဆံရတဲ့နေရာ ကျောက်ထွက်တဲ့နေရာ ဆိုရင် PDF တွေတော့လုပ်တာပေါ့။ ဒါပေမဲ့ များသောအားဖြင့် TNLA က အုပ်ချုပ်ထားတာကိုး။ မတ္တရာ ဘက်ဆိုရင် မန္တလေး PDF က ပလောင်တွေကိုမဝင်ခိုင်းဘူး။ အဲဒီလိုဖြစ်နေပြီ။ သူတို့ကိုကြိုတဲ့လူတွေ ကတောင် သူတို့ကိုမကြည်တော့ဘူး။ အရင်က အားပေးကြတဲ့ ဟာတွေလေ။ ဝင်လာတုန်းကတော့ ပန်း စည်းတွေဘာတွေနဲ့ ကြိုကြပြီး။ အခုတော့ လုပ်စားလို့မရတော့ဘူး။ မလွယ်တော့ဘူးလေ။ အခွန်က လည်းကောက်ဦးမယ်။ သူခိုးတွေကလည်းပေါတယ်။

မေး-မိုးကုတ်က TNLA တွေရဲ့လုပ်ရပ်နဲ့ပတ်သက်လို့ မြို့ခံတစ်ယောက်အနေနဲ့ဘယ်လိုမြင်လဲ။
ဖြေ-အခုတော့သူတို့က ရသလောက်တော့ ထုတ်နေတာပေါ့။ နောက်ပိုင်းကျရင်တော့သူတို့ကို မြို့ခံတွေကမကျေနပ်တဲ့ လူတွေများတယ်ဆိုတော့ ဘယ်လိုဖြစ်လာမလဲတော့ သေချာတော့မသိသေး ဘူး။ ကျောက်တွေကိုရသလောက်ထုတ်ပြီး သယ်သွားကြမယ်လို့မြင်တယ်။ PDF တွေနဲ့လည်း မကြည် တော့ဘူးဆိုတော့ သူတို့အတွက်လည်း အခွင့်အလမ်းသိပ်ပြီးမရှိတော့ဘူးလေ။ တကယ်ဆို PDF တွေ ကိုယ်တိုင်က တပ်ကိုသတင်းပေးရင်ပေးနေမှာ။ အခုကျွန်မတို့ကြားတဲ့သတင်းတွေဆိုရင် သူတို့အထဲက လူတွေလည်း ပြောတယ်။

မေး-မိုးကုတ်မြို့မှာ ဒေသခံတွေဘယ်လိုရှိလဲ။ ပြန်ဝင်နေကြလား။ ထွက်နေကြတုန်းလားခင်ဗျ။
ဖြေ-တချို့လည်းရှိတယ်။ ထွက်နေတဲ့လူတွေလည်း ရှိတယ်။ နေလို့ရတယ်ဆိုပြီးနေနေကြတာ ပေါ့။ စီးပွားရေးကတော့လုပ်လို့မရဘူးပေါ့။ အဝေးကိုသွားလုပ်ပြီး ပြန်ပို့တဲ့ဟာတွေနဲ့စားတာပေါ့။ အဲဒီမှာ ဆိုရင် ကျောက်မဲတို့ဘာတို့နဲ့ မေမြို့ဘက်ကစိုက်တဲ့ဟာ တွေဝင်တဲ့ဟာတွေနဲ့စားကြတာ။ ဈေးကြီးတာ က တအားဈေးကြီးတာ။ ဘာပဲဖြစ်ဖြစ်။ မန္တလေးဘက်ကဝင်တဲ့ ကုန်တွေဈေးကြီးတာပေါ့။ ဘာပဲဖြစ်ဖြစ်။ အဲဒီဘက်က ရှမ်းပြည်ဘက်က စိုက်တဲ့ဟာတွေကတော့ သိပ်ဈေးမကြီးဘူး။ မန္တလေးကဝင်တဲ့ဟာတွေ ကတော့ ဈေးကြီးတယ်လေ။ အဲဒီမှာ စိုက်တာပေါတာ ဆိုရင် မုန်ညင်းနဲ့ဂေါ်ရခါးသီးပေါတာပေါ့။ တောက ရှမ်းတွေပလောင်တွေစိုက်တဲ့ဟာတွေပေါတာပေါ့။ ပလောင်တွေက သူဌေးဖြစ်နေပြီ။ ပလောင်မိန်းမတွေ၊ ယောကျာ်းတွေမိုးကုတ်မြို့ကို ရောက်ပြီးတော့မှ ကျောက်တွေလုပ်နေကြတာ။ ပလောင်တွေက မိုးကုတ် ကိုလာပြီးတော့မှ သူတို့က ခြယ်လှယ်ပြီးတော့ သူတို့ကသူဌေးဖြစ်နေတာပေါ့။ အရင်တုန်းက မိုးကုတ် ပတ်ပတ်လည်ပလောင်ရွာ တွေရှိတယ်လေ။ အခုလာတာက ပလောင်ရွာတွေ ကမဟုတ်ပါဘူး။ နဂို တည်းက မိုးကုတ်ပတ်ပတ်လည်မှာ ပလောင်တွေ ရှိနေတာပဲလေ။ သူတို့ နမ့်ဆန်တို့ဘက်က ပလောင် တွေလာကြမှာပေါ့။

မေး-မိုးကုတ်မှာရှိတဲ့ TNLA ကြားထဲမှာကော လူတန်းစားကွာဟမှုတွေရှိနေတာလား။
ဖြေ-ကျောက်လုပ်တော့ ချမ်းသာတဲ့လူကတော့ တအားချမ်းသာတာပေါ့။ မရှိတဲ့လူကတော့ ဘာမှမရှိဘူး။ စားစရာကိုမရှိဘူး။ နဂိုတည်းက ပလောင်တွေက မိုးကုတ်ပတ်ပတ်လည်က ပလောင် ရွာ တွေကိုလာပြီး လူသစ်လာစုတယ်။ မိုးကုတ်မြို့ပေါ်က သူဌေးတွေကို ဆက်ကြေးတောင်းတယ်။ နဂိုတည်း ကလေ။ အခုဆိုရင်ပိုဆိုးတာပေါ့။ သံသယရှိ ရင် ဖမ်း တယ်။ အဲဒီလိုမျိုးပေါ့။ ကိုယ့်ဘာသာချောင်းထဲဆင်း ဆေးရင်တောင် ပိုက်ဆံပေးရမှာ။ အခွန်အခကလည်း ကြီးပါ့။

မေး- ခိုးဆိုးလုယက်တာတွေ၊ ဓားပြမှုတွေလည်း ဖြစ်နေတော့ TNLA က ဖမ်းဆီးအရေးယူတာတွေရှိ လား။
ဖြေ- ပလောင်ဘက်ကတော့ ဖမ်းတယ်လို့ပြောတာပဲ။ သူတို့အထဲကနေထွက်သွားတဲ့ဟာပါတယ်တဲ့။ PDF ဘက်က ထွက်တဲ့လူတွေပါတယ်လို့ပြောတာပဲ။ တကယ်လည်းသူတို့လူတွေပဲလေ။ PDF နဲ့ ပေါင်း ပြီး ဓားပြတိုက်တာပဲလေ။ ခိုးတာတွေကလည်း ဆေးသမားတွေကလည်းပေါလေ။ ဆေးသမားတွေက လည်း ဝယ်ချင်တိုင်းဝယ်။ လုပ်ချင်တိုင်းလုပ်တော့။ ခိုးလည်းမိရင် သတ်သွားမှာပဲလေ။ သူတို့မှာလက် နက်တွေရှိတော့။ အခုသူတို့ကိုအားပေးတဲ့လူတွေလည်း မနေရဘူး။ အခုရပ်ကွက်ထဲမှာ ချိပ်ပိတ်ထားတဲ့ အိမ်တွေဆိုရင် ပြန်ဖွင့်ပြီးအေးဆေးနေနေကြပြီလေ။ နဂိုက ချိပ်ပိတ်ထားတဲ့အိမ်တွေ။ ပြန်မလာတဲ့ အိမ် တွေတော့ ချိပ်ပိတ်ပေါ့။ ပြည်ခိုင်ဖြိုးအိမ်တွေဘာတွေဆိုရင် ဘာမှမရှိတော့ဘူး။ ကားတွေလည်း ပါသွား ပြီ။ တချို့အိမ်တွေတက်နေတယ်လို့ ပြောတယ်။ အိမ်ရှင် မရှိတဲ့အိမ်ကိုတက်နေကြတာလေ။ သူတို့ကို အားပေးတဲ့ဟာတွေက တက်နေကြတာ။ ပြေးသွားတဲ့ အိမ်ရှင် မရှိတဲ့အိမ်တွေဆိုရင်လည်း သူတို့အိမ်ပုံစံ မျိုး တက်နေလိုက်ကြတာပဲ။ တချို့လည်းမပြန်ရဲဘူးလေ။ အခုကလဲ မထင်ရင်မထင်သလို သူတို့ဘက် ကပဲ လက်ထောက်ချပြီး ဖမ်းနေတာပဲကို။ သူတို့အချင်းချင်းပဲ တိုင်ပတ်နေကြတာ။ ရပ်ကွက်လူကြီး လည်း သူတို့ဘာသာသူတို့ခန့်၊ လုပ်ချင်တဲ့လူက သွားတိုင် ရန်ဖြစ်ကြ။ အချုပ်ထဲဖမ်းနဲ့ သူတို့ဟာသူတို့ကို ရှုပ်နေတာပဲ။ သူတို့ကိုမကြိုက်တဲ့ဟာတွေကတော့ ပြေးပြီလေ။ စဖြစ်ကတည်းက။ သူတို့ကိုကြိုတဲ့ လူ တွေကတော့ အကုန်လုံးကသိနေပြီ။ မင်းတို့မြို့က သပြေပန်းနဲ့ကြိုထားတဲ့မြို့လေတဲ့။ ပြောနေကြပြီ။ အဲဒီလူတွေလည်း မန္တလေးဘက်ကိုလာလို့မရတော့ဘူး။ နောက်ကျ ပလောင်က PDF နဲ့တောင်ပြန်တိုက် ရင်တိုက်မှာ။ ပြောလို့မရဘူး။ အခုက မကျေနပ်ကြတော့ဘူးလေ။

မေး-ဆက်သွယ်ရေးမှာ ဖုန်းလိုင်းနဲ့ အင်တာနက် လိုင်းတွေအခြေအနေကော ဘယ်လိုရှိလဲ။
ဖြေ-ဖုန်းလိုင်းတွေလည်းမရတော့ဘူးလေ။ ဖုန်းဆက်ချင်ရင် ကမ်းရိုးတန်းဖုန်း အရင်တုန်းက ချပေးတဲ့ CDMA လေ။ အဲဒီလိုမျိုးဖုန်းတောင်မှ ရချင်တဲ့နေရာမှ ဖုန်းဆက်လို့ရတာ။ အဲဒီဟာလည်း ဖမ်းတယ်လို့ပြောတယ်။ ဖုန်းဆက်ရင်လေ။ အဲဒီလိုမျိုး ဖုန်းဆက်လို့မရလို့ ဒုက္ခရောက်ကြတာ။ မိရင် လည်း ကြိမ်ဒဏ်နဲ့ငွေဒဏ်နဲ့ အဲဒီလိုပေးရတယ်။ တချို့လည်း ခိုးဆက်တာပေါ့။ ဆက်ရင်လည်း အိမ်ထဲက ဆက်လို့မရဘူး။ တောင်ပေါ်တွေသွားရတာလေ။ အဲဒါလည်း တခြားဘက်ကခေါ်ရင် ကိုင်လို့မရဘူး။ လိုင်းတွေလည်းမရဘူး။ သူတို့နဲ့အဆင်ပြေတဲ့လူတွေကတော့ Starlink တွေသုံးရတယ်။ သူတို့နဲ့ အဆင် မပြေရင်တော့ သုံးမရဘူး။ သူတို့နဲ့အဆင်ပြေရင်တော့ သုံးရတယ်။ သတင်းပေးမှာကြောက်လို့ လေယာဉ် ကြဲပြီး ကတည်းက Starlink စက်တွေသိမ်းသွားတာလေ။ သိမ်းသွားပြီးတော့မှ သူတို့နဲ့ပိုင်တဲ့လူတွေမှ ဖွင့်လို့ရတာ။ တန်းတူညီမျှမှုလည်းမရှိဘူးပေါ့။

မေး-မိုးကုတ်ကို အခုက ဘယ်လမ်းတွေကနေ သွားလို့ရလဲ။
ဖြေ-အခုက မန္တလေးကလူတွေက မိုးကုတ်ကိုလာလို့ မရဘူး။ လက်ပံလှဘက်မှာလေ ဧရာဝတီ မြစ်ကို ကူးရတယ်လေ။ အဲဒီမှာ ကားတစ်စီးကို ကျပ်(၂၅၀ဝဝဝ)ပေးရတယ်။ ဖောင်နဲ့ကူးရတာလေ။ ဟို ဘက်ကမ်းကို ကူးရတာ။ မိုးကုတ်ကနေ မန္တလေးကိုလည်းကားခ ကျပ်(၂၅၀ဝဝဝ) ပေးရတယ်။ အရင် တုန်းကဆိုရင် (၄၀ဝဝဝ)(၅၀ဝဝဝ)ဆိုအလွန်ဆုံးပဲလေ။ အဲဒီကနေ ဒီဘက်ကိုကူးပြီး စစ်ကိုင်း ကနေလာ ရတာ။ အဲဒီကနေမှ မတ္တရာ လက်ပံလှကနေ မန္တလေးတန်းဝင်တယ်လေ။ အဲဒီတော့ (၅)နာရီ လောက်ပဲ ကြာတာပေါ့။ အခုကတော့ မနက်အစောကြီးထွက်ရင် မိုးချုပ်မှရောက်တယ်။ အဲဒါတောင် ကံကောင်းမှ နော်။ လမ်းမှာတော့ PDF တွေလည်း စစ်တယ်။ ပလောင်လည်းစစ်တယ်။

မေး-မိုးကုတ်မှာ ဒေသခံဘယ်လောက်နေထိုင်သေးလဲ။ ဒေသခံတွေကော ဘယ်လိုမျိုးခက်ခက်ခဲခဲနဲ့ ရှင်သန်နေထိုင်နေကြရလဲ။
ဖြေ-တချို့လည်းအကြာကြီးစစ်ရှောင်နေကြတယ်လေ။ စီးပွားရေးလုပ်တဲ့လူတွေကလည်း အဝေးမှာ သွားလုပ်ကြတယ်ပေါ့။ မလုပ်နိုင်တဲ့လူတွေကတော့ အဲဒီမှာပဲစောင့်ပြီးသူတို့ပို့တာကို စားရ တာပေါ့။ အဲဒီလိုပဲနေကြတာပေါ့။ ထွက်တဲ့လူတွေလည်းများတာပေါ့။ မန္တလေးမှာတောင် မိုးကုတ်က လူတွေ အများကြီးတွေ့တယ်။ မိုးကုတ်မှာကျန်ခဲ့တဲ့လူကတော့ (၅၀) ရာခိုင်နှုန်းလောက်ရှိတယ်။ အရင် ကတော့ ထွက်လို့ရတုန်းကထွက်လာကြတာလေ။ ကြာလာတော့ စားစရိတ်နဲ့အိမ်ငှားခနဲ့ဆိုတော့ တချို့ လည်း မတတ်နိုင်တော့ဘူးလေ။ အဲဒီလိုမျိုးဆိုတော့ ပြန်ကြပေါ့။

မေး-နောက်ဆုံးမေးခွန်းကတော့ မိုးကုတ်မှာ ကျန်းမာရေးစောင့်ရှောက်မှုကကော ဘယ်လိုရှိလဲ။
ဖြေ-ကျန်းမာရေးဆိုလို့ကတော့ ဆေးရုံတွေမှာတော့ မရှိဘူးပေါ့။ ရွာထဲတွေမှာတော့ CDM တွေ ဆေးကုပေးနေတယ်လေ။ အဲဒီလိုပုံစံမျိုးပေါ့။ ဆေးတွေ ဘာတွေကတော့မရှိဘူးပေါ့။ တအားကြီး ကျန်း မာရေး ဖြစ်တဲ့လူတွေကတော့ မန္တလေးတွေဘာတွေမှာပဲ စိတ်ချရမှာလေ။ ရပ်ကွက်ထဲက အဒေါ် ကြီးတောင်မှ ဆီးချိုတက်လို့သေသွားတာ။ အဲဒီကရှိတဲ့ဟာတွေနဲ့ ကုတော့ဆေးတွေမှားပြီးထိုးမိတာ ဆို လား။ ဆေးခန်း အမြဲတမ်းပြနေကြတဲ့လူကတော့ အဲဒီမှာမနေကြတာများတယ်။ မန္တလေးမှာပဲ လာနေကြတယ်။

ကျေးဇူးတင်ပါတယ်။

zawgyi version
မိုးကုတ္ေျမမွ ရင္ဖြင့္သံ
သန႔္ဇင္ (NP News) - မတ္ ၄

TNLA လက္ေအာက္တြင္ (၆)လေက်ာ္ၾကာျမင့္ခဲ့ၿပီျဖစ္ေသာ မိုးကုတ္ၿမိဳ႕သည္ လက္ရွိတြင္ နဂိုမူလအေျခအေနမ်ား ဆုတ္ယုတ္လ်က္ရွိသည္။ ၿမိဳ႕ခံမ်ားမွာ စီးပြားက်ပ္တည္းျခင္းႏွင့္အတူ ကုန္ေဈး ႏႈန္း ႀကီးျမင့္ျခင္းကိုလည္းခံစားေနရၿပီး TNLA တို႔ေကာက္ခံေသာ အခြန္အခမ်ားေၾကာင့္ လူမႈဘဝ အေျခ အေနမ်ားပိုမိုခက္ခဲလာသည္။ တစ္ဖက္တြင္ TNLA ကလည္း မိုးကုတ္ၿမိဳ႕ရွိေက်ာက္တြင္းမ်ားကို လက္ဝါး ႀကီး အုပ္ျခယ္လွယ္ကာ စည္းကမ္းမဲ့တူးေဖာ္ထုတ္ယူေနသည္။ အဆိုပါျဖစ္စဥ္မ်ားႏွင့္ ပတ္သက္၍ မိုးကုတ္ၿမိဳ႕ခံတစ္ဦးထံ NP News မွ ဆက္သြယ္ေမးျမန္းထားသည္မ်ားအား ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

ေမး - TNLA လက္ေအာက္က မိုးကုတ္ၿမိဳ႕ လက္ရွိ အေျခအေနက ဘယ္လိုရွိပါသလဲခင္ဗ်ာ။
ေျဖ-လက္ရွိအေျခအေနက မိုးကုတ္မွာ ခဏခဏ ဓားျပတိုက္တယ္။ ဆိုက္ကယ္ေတြေပ်ာက္ တယ္။ သူခိုးတအားေသာင္းက်န္းတယ္။ အလုပ္အကိုင္လည္း မျဖစ္ဘူး။ အခုသူတို႔က လိုင္စင္ လုပ္ခိုင္း တာေလ ပေလာင္ေတြက။ ေနာက္ၿပီးေတာ့ ေက်ာက္ဝယ္ဖို႔ အခြန္ဆိုရင္လည္း အခြန္ဖိုးေပးရတယ္။ ေက်ာက္ဝိုင္းေတြဘာေတြသြားမယ္ဆိုရင္ လည္း သူတို႔ကိုအခြန္ေဆာင္ရတယ္။ အခြန္ေပးရတယ္။ ဆိုင္ ေတြလည္းအခြန္ေပးရတယ္။ ဟို တေလာက အစည္းအေဝးလုပ္တယ္။ ဘယ္ေလာက္ ေကာက္မလဲေတာ့ မသိေသးဘူး။ အဲဒါေၾကာင့္ ကြၽန္ မတို႔ဆိုင္ေတြေတာင္ပိတ္ထားတာ။ ေက်ာက္ လုပ္ကြက္ေတြဆိုရင္ လည္း သူတို႔ပဲလုပ္ေနတာ။ ၿမိဳ႕ခံေတြ မဝင္ရဘူး။ ေနာက္ၿပီးေတာ့ ေလယာဥ္ခဏခဏဝဲ တယ္ဆိုေတာ့ တခ်ိဳ႕လည္း မႏၲေလးဘက္ကို ျပန္ၾကတယ္။ ဒါေပမဲ့ လူရွိတဲ့အိမ္ေတြဘက္ကို ေလယာဥ္က မခ်ပါဘူး။ ေက်ာက္တြင္းဘက္ေတြပဲခ်တာ။ အဲဒီဘက္ေတြပဲခ်တာ။ ၿမိဳ႕အျပင္ဘက္ကလူေတြ ကမဝင္ရဘူးဆိုေတာ့ ပေလာင္ေတြေသၾကတယ္ ေျပာတယ္။ တခ်ိဳ႕လည္းေျမႀကီးေအာက္ထဲ တြင္း လုပ္ေနေတာ့ ပိတ္မိ သြား တာလို႔ေျပာၾကတယ္။ အဲဒီလိုလည္းရွိတယ္။ ေက်ာက္လုပ္ရင္ ေျမႀကီးေအာက္မွာ လိုဏ္ေခါင္းလုပ္ၿပီး ေနၾကတာေလ။ အဲဒီ မွာပိတ္မိၿပီးေသၾကတာ။

ေမး-မိုးကုတ္မွာ TNLA က ေက်ာက္လုပ္ကြက္ ေတြကိုႀကီးစိုးထားေတာ့ သယံဇာတေတြကို ဘယ္ ေလာက္ထိေတာင္ စည္းကမ္းမဲ့ထုတ္ယူေနၾကလဲ။
ေျဖ-ေတာ္ေတာ္ထုတ္ေနၿပီ။ သူတို႔ေရာက္ကတည္း ကထုတ္ေနတာ ၾကာလွၿပီ။ ေက်ာက္တြင္း ေတြမွာလည္း ထုတ္တယ္။ ၿပီးေတာ့ေျမေတြကို တစ္ခါတည္း ကားေတြနဲ႔သယ္သြားတာ။ သူတို႔ အခုလုပ္ ေနတာက ေက်ာက္တအားထြက္တဲ့ေနရာေတြေလ။ ေက်ာက္ တအားထြက္ေတာ့ ေျမေတြကိုေကာ္ၿပီး ေတာ့ ကားေတြနဲ႔တင္တာတဲ့။ တ႐ုတ္ကကားေတြနဲ႔တင္တာ။ ၿမိဳ႕ခံေတြေတာင္ အဲဒီလိုကားေတြ မျမင္ဖူး ဘူးတဲ့။ အဲဒီလိုကားေတြနဲ႔ ညဆိုရင္သယ္ၿပီ။ အခုေနာက္ပိုင္း ေလယာဥ္ႀကဲၿပီးေနာက္ပိုင္းေတာ့ သယ္ လားမသိေတာ့ဘူး။ သယ္ေနတာေတာ့ ၾကာလွၿပီ။ စစ္တပ္က ဘာမွ မလုပ္လို႔ ညဆိုရင္ကားေတြနဲ႔ ေျမ ႀကီး ေတြပါေကာ္ သယ္သြားတာၾကတာ။ သူတို႔ ပေလာင္ေတြရွိတဲ့ နမ့္ဆန္ေလ။ အဲဒီဘက္ကို သယ္သြား တယ္လို႔ ေျပာတာပဲ။ ၿမိဳ႕ထဲကေနသယ္ထုတ္သြားၾကတာ။ ကားေတြအမ်ားႀကီးပဲ။ ည လူအိပ္ခ်ိန္မွာ သယ္တာ။ ရပ္ကြက္ေတြထဲကေနျဖတ္ၿပီး အေရွ႕ေျမာက္ဘက္ကိုထြက္သြားၾကတာ။ ညပိုင္းကို အားျခင္း ကို သယ္ၾကတာ။

ေမး- မိုးကုတ္မွာ TNLA နဲ႔ PDF ေတြ အေျခအေနကေကာ ဘယ္လိုရွိလဲ။
ေျဖ- PDF ေတြက အရင္ကလိုမဟုတ္ဘူး။ PDF ေတြက မေက်နပ္ေတာ့ဘူး။ သူတို႔ မိုးကုတ္မွာ သိပ္မရွိေတာ့ဘူး။ မႏၲေလးဘက္မွာ မ်ားတယ္လို႔ၾကားတယ္။ ပိုက္ဆံရတဲ့ေနရာ ေက်ာက္ထြက္တဲ့ေနရာ ဆိုရင္ PDF ေတြေတာ့လုပ္တာေပါ့။ ဒါေပမဲ့ မ်ားေသာအားျဖင့္ TNLA က အုပ္ခ်ဳပ္ထားတာကိုး။ မတၱရာ ဘက္ဆိုရင္ မႏၲေလး PDF က ပေလာင္ေတြကိုမဝင္ခိုင္းဘူး။ အဲဒီလိုျဖစ္ေနၿပီ။ သူတို႔ကိုႀကိဳတဲ့လူေတြ ကေတာင္ သူတို႔ကိုမၾကည္ေတာ့ဘူး။ အရင္က အားေပးၾကတဲ့ ဟာေတြေလ။ ဝင္လာတုန္းကေတာ့ ပန္း စည္းေတြဘာေတြနဲ႔ ႀကိဳၾကၿပီး။ အခုေတာ့ လုပ္စားလို႔မရေတာ့ဘူး။ မလြယ္ေတာ့ဘူးေလ။ အခြန္က လည္းေကာက္ဦးမယ္။ သူခိုးေတြကလည္းေပါတယ္။

ေမး-မိုးကုတ္က TNLA ေတြရဲ႕လုပ္ရပ္နဲ႔ပတ္သက္လို႔ ၿမိဳ႕ခံတစ္ေယာက္အေနနဲ႔ဘယ္လိုျမင္လဲ။
ေျဖ-အခုေတာ့သူတို႔က ရသေလာက္ေတာ့ ထုတ္ေနတာေပါ့။ ေနာက္ပိုင္းက်ရင္ေတာ့သူတို႔ကို ၿမိဳ႕ခံေတြကမေက်နပ္တဲ့ လူေတြမ်ားတယ္ဆိုေတာ့ ဘယ္လိုျဖစ္လာမလဲေတာ့ ေသခ်ာေတာ့မသိေသး ဘူး။ ေက်ာက္ေတြကိုရသေလာက္ထုတ္ၿပီး သယ္သြားၾကမယ္လို႔ျမင္တယ္။ PDF ေတြနဲ႔လည္း မၾကည္ ေတာ့ဘူးဆိုေတာ့ သူတို႔အတြက္လည္း အခြင့္အလမ္းသိပ္ၿပီးမရွိေတာ့ဘူးေလ။ တကယ္ဆို PDF ေတြ ကိုယ္တိုင္က တပ္ကိုသတင္းေပးရင္ေပးေနမွာ။ အခုကြၽန္မတို႔ၾကားတဲ့သတင္းေတြဆိုရင္ သူတို႔အထဲက လူေတြလည္း ေျပာတယ္။

ေမး-မိုးကုတ္ၿမိဳ႕မွာ ေဒသခံေတြဘယ္လိုရွိလဲ။ ျပန္ဝင္ေနၾကလား။ ထြက္ေနၾကတုန္းလားခင္ဗ်။
ေျဖ-တခ်ိဳ႕လည္းရွိတယ္။ ထြက္ေနတဲ့လူေတြလည္း ရွိတယ္။ ေနလို႔ရတယ္ဆိုၿပီးေနေနၾကတာ ေပါ့။ စီးပြားေရးကေတာ့လုပ္လို႔မရဘူးေပါ့။ အေဝးကိုသြားလုပ္ၿပီး ျပန္ပို႔တဲ့ဟာေတြနဲ႔စားတာေပါ့။ အဲဒီမွာ ဆိုရင္ ေက်ာက္မဲတို႔ဘာတို႔နဲ႔ ေမၿမိဳ႕ဘက္ကစိုက္တဲ့ဟာ ေတြဝင္တဲ့ဟာေတြနဲ႔စားၾကတာ။ ေဈးႀကီးတာ က တအားေဈးႀကီးတာ။ ဘာပဲျဖစ္ျဖစ္။ မႏၲေလးဘက္ကဝင္တဲ့ ကုန္ေတြေဈးႀကီးတာေပါ့။ ဘာပဲျဖစ္ျဖစ္။ အဲဒီဘက္က ရွမ္းျပည္ဘက္က စိုက္တဲ့ဟာေတြကေတာ့ သိပ္ေဈးမႀကီးဘူး။ မႏၲေလးကဝင္တဲ့ဟာေတြ ကေတာ့ ေဈးႀကီးတယ္ေလ။ အဲဒီမွာ စိုက္တာေပါတာ ဆိုရင္ မုန္ညင္းနဲ႔ေဂၚရခါးသီးေပါတာေပါ့။ ေတာက ရွမ္းေတြပေလာင္ေတြစိုက္တဲ့ဟာေတြေပါတာေပါ့။ ပေလာင္ေတြက သူေဌးျဖစ္ေနၿပီ။ ပေလာင္မိန္းမေတြ၊ ေယာက်ာ္းေတြမိုးကုတ္ၿမိဳ႕ကို ေရာက္ၿပီးေတာ့မွ ေက်ာက္ေတြလုပ္ေနၾကတာ။ ပေလာင္ေတြက မိုးကုတ္ ကိုလာၿပီးေတာ့မွ သူတို႔က ျခယ္လွယ္ၿပီးေတာ့ သူတို႔ကသူေဌးျဖစ္ေနတာေပါ့။ အရင္တုန္းက မိုးကုတ္ ပတ္ပတ္လည္ပေလာင္႐ြာ ေတြရွိတယ္ေလ။ အခုလာတာက ပေလာင္႐ြာေတြ ကမဟုတ္ပါဘူး။ နဂို တည္းက မိုးကုတ္ပတ္ပတ္လည္မွာ ပေလာင္ေတြ ရွိေနတာပဲေလ။ သူတို႔ နမ့္ဆန္တို႔ဘက္က ပေလာင္ ေတြလာၾကမွာေပါ့။

ေမး-မိုးကုတ္မွာရွိတဲ့ TNLA ၾကားထဲမွာေကာ လူတန္းစားကြာဟမႈေတြရွိေနတာလား။
ေျဖ-ေက်ာက္လုပ္ေတာ့ ခ်မ္းသာတဲ့လူကေတာ့ တအားခ်မ္းသာတာေပါ့။ မရွိတဲ့လူကေတာ့ ဘာမွမရွိဘူး။ စားစရာကိုမရွိဘူး။ နဂိုတည္းက ပေလာင္ေတြက မိုးကုတ္ပတ္ပတ္လည္က ပေလာင္ ႐ြာ ေတြကိုလာၿပီး လူသစ္လာစုတယ္။ မိုးကုတ္ၿမိဳ႕ေပၚက သူေဌးေတြကို ဆက္ေၾကးေတာင္းတယ္။ နဂိုတည္း ကေလ။ အခုဆိုရင္ပိုဆိုးတာေပါ့။ သံသယရွိ ရင္ ဖမ္း တယ္။ အဲဒီလိုမ်ိဳးေပါ့။ ကိုယ့္ဘာသာေခ်ာင္းထဲဆင္း ေဆးရင္ေတာင္ ပိုက္ဆံေပးရမွာ။ အခြန္အခကလည္း ႀကီးပါ့။

ေမး- ခိုးဆိုးလုယက္တာေတြ၊ ဓားျပမႈေတြလည္း ျဖစ္ေနေတာ့ TNLA က ဖမ္းဆီးအေရးယူတာေတြရွိ လား။
ေျဖ- ပေလာင္ဘက္ကေတာ့ ဖမ္းတယ္လို႔ေျပာတာပဲ။ သူတို႔အထဲကေနထြက္သြားတဲ့ဟာပါတယ္တဲ့။ PDF ဘက္က ထြက္တဲ့လူေတြပါတယ္လို႔ေျပာတာပဲ။ တကယ္လည္းသူတို႔လူေတြပဲေလ။ PDF နဲ႔ ေပါင္း ၿပီး ဓားျပတိုက္တာပဲေလ။ ခိုးတာေတြကလည္း ေဆးသမားေတြကလည္းေပါေလ။ ေဆးသမားေတြက လည္း ဝယ္ခ်င္တိုင္းဝယ္။ လုပ္ခ်င္တိုင္းလုပ္ေတာ့။ ခိုးလည္းမိရင္ သတ္သြားမွာပဲေလ။ သူတို႔မွာလက္ နက္ေတြရွိေတာ့။ အခုသူတို႔ကိုအားေပးတဲ့လူေတြလည္း မေနရဘူး။ အခုရပ္ကြက္ထဲမွာ ခ်ိပ္ပိတ္ထားတဲ့ အိမ္ေတြဆိုရင္ ျပန္ဖြင့္ၿပီးေအးေဆးေနေနၾကၿပီေလ။ နဂိုက ခ်ိပ္ပိတ္ထားတဲ့အိမ္ေတြ။ ျပန္မလာတဲ့ အိမ္ ေတြေတာ့ ခ်ိပ္ပိတ္ေပါ့။ ျပည္ခိုင္ၿဖိဳးအိမ္ေတြဘာေတြဆိုရင္ ဘာမွမရွိေတာ့ဘူး။ ကားေတြလည္း ပါသြား ၿပီ။ တခ်ိဳ႕အိမ္ေတြတက္ေနတယ္လို႔ ေျပာတယ္။ အိမ္ရွင္ မရွိတဲ့အိမ္ကိုတက္ေနၾကတာေလ။ သူတို႔ကို အားေပးတဲ့ဟာေတြက တက္ေနၾကတာ။ ေျပးသြားတဲ့ အိမ္ရွင္ မရွိတဲ့အိမ္ေတြဆိုရင္လည္း သူတို႔အိမ္ပုံစံ မ်ိဳး တက္ေနလိုက္ၾကတာပဲ။ တခ်ိဳ႕လည္းမျပန္ရဲဘူးေလ။ အခုကလဲ မထင္ရင္မထင္သလို သူတို႔ဘက္ ကပဲ လက္ေထာက္ခ်ၿပီး ဖမ္းေနတာပဲကို။ သူတို႔အခ်င္းခ်င္းပဲ တိုင္ပတ္ေနၾကတာ။ ရပ္ကြက္လူႀကီး လည္း သူတို႔ဘာသာသူတို႔ခန႔္၊ လုပ္ခ်င္တဲ့လူက သြားတိုင္ ရန္ျဖစ္ၾက။ အခ်ဳပ္ထဲဖမ္းနဲ႔ သူတို႔ဟာသူတို႔ကို ရႈပ္ေနတာပဲ။ သူတို႔ကိုမႀကိဳက္တဲ့ဟာေတြကေတာ့ ေျပးၿပီေလ။ စျဖစ္ကတည္းက။ သူတို႔ကိုႀကိဳတဲ့ လူ ေတြကေတာ့ အကုန္လုံးကသိေနၿပီ။ မင္းတို႔ၿမိဳ႕က သေျပပန္းနဲ႔ႀကိဳထားတဲ့ၿမိဳ႕ေလတဲ့။ ေျပာေနၾကၿပီ။ အဲဒီလူေတြလည္း မႏၲေလးဘက္ကိုလာလို႔မရေတာ့ဘူး။ ေနာက္က် ပေလာင္က PDF နဲ႔ေတာင္ျပန္တိုက္ ရင္တိုက္မွာ။ ေျပာလို႔မရဘူး။ အခုက မေက်နပ္ၾကေတာ့ဘူးေလ။

ေမး-ဆက္သြယ္ေရးမွာ ဖုန္းလိုင္းနဲ႔ အင္တာနက္ လိုင္းေတြအေျခအေနေကာ ဘယ္လိုရွိလဲ။
ေျဖ-ဖုန္းလိုင္းေတြလည္းမရေတာ့ဘူးေလ။ ဖုန္းဆက္ခ်င္ရင္ ကမ္း႐ိုးတန္းဖုန္း အရင္တုန္းက ခ်ေပးတဲ့ CDMA ေလ။ အဲဒီလိုမ်ိဳးဖုန္းေတာင္မွ ရခ်င္တဲ့ေနရာမွ ဖုန္းဆက္လို႔ရတာ။ အဲဒီဟာလည္း ဖမ္းတယ္လို႔ေျပာတယ္။ ဖုန္းဆက္ရင္ေလ။ အဲဒီလိုမ်ိဳး ဖုန္းဆက္လို႔မရလို႔ ဒုကၡေရာက္ၾကတာ။ မိရင္ လည္း ႀကိမ္ဒဏ္နဲ႔ေငြဒဏ္နဲ႔ အဲဒီလိုေပးရတယ္။ တခ်ိဳ႕လည္း ခိုးဆက္တာေပါ့။ ဆက္ရင္လည္း အိမ္ထဲက ဆက္လို႔မရဘူး။ ေတာင္ေပၚေတြသြားရတာေလ။ အဲဒါလည္း တျခားဘက္ကေခၚရင္ ကိုင္လို႔မရဘူး။ လိုင္းေတြလည္းမရဘူး။ သူတို႔နဲ႔အဆင္ေျပတဲ့လူေတြကေတာ့ Starlink ေတြသုံးရတယ္။ သူတို႔နဲ႔ အဆင္ မေျပရင္ေတာ့ သုံးမရဘူး။ သူတို႔နဲ႔အဆင္ေျပရင္ေတာ့ သုံးရတယ္။ သတင္းေပးမွာေၾကာက္လို႔ ေလယာဥ္ ႀကဲၿပီး ကတည္းက Starlink စက္ေတြသိမ္းသြားတာေလ။ သိမ္းသြားၿပီးေတာ့မွ သူတို႔နဲ႔ပိုင္တဲ့လူေတြမွ ဖြင့္လို႔ရတာ။ တန္းတူညီမွ်မႈလည္းမရွိဘူးေပါ့။

ေမး-မိုးကုတ္ကို အခုက ဘယ္လမ္းေတြကေန သြားလို႔ရလဲ။
ေျဖ-အခုက မႏၲေလးကလူေတြက မိုးကုတ္ကိုလာလို႔ မရဘူး။ လက္ပံလွဘက္မွာေလ ဧရာဝတီ ျမစ္ကို ကူးရတယ္ေလ။ အဲဒီမွာ ကားတစ္စီးကို က်ပ္(၂၅၀ဝဝဝ)ေပးရတယ္။ ေဖာင္နဲ႔ကူးရတာေလ။ ဟို ဘက္ကမ္းကို ကူးရတာ။ မိုးကုတ္ကေန မႏၲေလးကိုလည္းကားခ က်ပ္(၂၅၀ဝဝဝ) ေပးရတယ္။ အရင္ တုန္းကဆိုရင္ (၄၀ဝဝဝ)(၅၀ဝဝဝ)ဆိုအလြန္ဆုံးပဲေလ။ အဲဒီကေန ဒီဘက္ကိုကူးၿပီး စစ္ကိုင္း ကေနလာ ရတာ။ အဲဒီကေနမွ မတၱရာ လက္ပံလွကေန မႏၲေလးတန္းဝင္တယ္ေလ။ အဲဒီေတာ့ (၅)နာရီ ေလာက္ပဲ ၾကာတာေပါ့။ အခုကေတာ့ မနက္အေစာႀကီးထြက္ရင္ မိုးခ်ဳပ္မွေရာက္တယ္။ အဲဒါေတာင္ ကံေကာင္းမွ ေနာ္။ လမ္းမွာေတာ့ PDF ေတြလည္း စစ္တယ္။ ပေလာင္လည္းစစ္တယ္။

ေမး-မိုးကုတ္မွာ ေဒသခံဘယ္ေလာက္ေနထိုင္ေသးလဲ။ ေဒသခံေတြေကာ ဘယ္လိုမ်ိဳးခက္ခက္ခဲခဲနဲ႔ ရွင္သန္ေနထိုင္ေနၾကရလဲ။
ေျဖ-တခ်ိဳ႕လည္းအၾကာႀကီးစစ္ေရွာင္ေနၾကတယ္ေလ။ စီးပြားေရးလုပ္တဲ့လူေတြကလည္း အေဝးမွာ သြားလုပ္ၾကတယ္ေပါ့။ မလုပ္ႏိုင္တဲ့လူေတြကေတာ့ အဲဒီမွာပဲေစာင့္ၿပီးသူတို႔ပို႔တာကို စားရ တာေပါ့။ အဲဒီလိုပဲေနၾကတာေပါ့။ ထြက္တဲ့လူေတြလည္းမ်ားတာေပါ့။ မႏၲေလးမွာေတာင္ မိုးကုတ္က လူေတြ အမ်ားႀကီးေတြ႕တယ္။ မိုးကုတ္မွာက်န္ခဲ့တဲ့လူကေတာ့ (၅၀) ရာခိုင္ႏႈန္းေလာက္ရွိတယ္။ အရင္ ကေတာ့ ထြက္လို႔ရတုန္းကထြက္လာၾကတာေလ။ ၾကာလာေတာ့ စားစရိတ္နဲ႔အိမ္ငွားခနဲ႔ဆိုေတာ့ တခ်ိဳ႕ လည္း မတတ္ႏိုင္ေတာ့ဘူးေလ။ အဲဒီလိုမ်ိဳးဆိုေတာ့ ျပန္ၾကေပါ့။

ေမး-ေနာက္ဆုံးေမးခြန္းကေတာ့ မိုးကုတ္မွာ က်န္းမာေရးေစာင့္ေရွာက္မႈကေကာ ဘယ္လိုရွိလဲ။
ေျဖ-က်န္းမာေရးဆိုလို႔ကေတာ့ ေဆး႐ုံေတြမွာေတာ့ မရွိဘူးေပါ့။ ႐ြာထဲေတြမွာေတာ့ CDM ေတြ ေဆးကုေပးေနတယ္ေလ။ အဲဒီလိုပုံစံမ်ိဳးေပါ့။ ေဆးေတြ ဘာေတြကေတာ့မရွိဘူးေပါ့။ တအားႀကီး က်န္း မာေရး ျဖစ္တဲ့လူေတြကေတာ့ မႏၲေလးေတြဘာေတြမွာပဲ စိတ္ခ်ရမွာေလ။ ရပ္ကြက္ထဲက အေဒၚ ႀကီးေတာင္မွ ဆီးခ်ိဳတက္လို႔ေသသြားတာ။ အဲဒီကရွိတဲ့ဟာေတြနဲ႔ ကုေတာ့ေဆးေတြမွားၿပီးထိုးမိတာ ဆို လား။ ေဆးခန္း အၿမဲတမ္းျပေနၾကတဲ့လူကေတာ့ အဲဒီမွာမေနၾကတာမ်ားတယ္။ မႏၲေလးမွာပဲ လာေနၾကတယ္။

ေက်းဇူးတင္ပါတယ္။

Related news

© 2021. All rights reserved.