လွန်ခဲ့သော(၁၁)ရာစုကတည်းက သနပ်ခါးလိမ်းခြယ်ခြင်းရှိနေကြောင်း အပယ်ရတနာဘုရားနံရံဆေးရေးပန်းချီမှလည်း မှတ်တမ်းပြုစုနိုင်ခဲ့

 604

ချယ်ရီ(NP News)- မတ် ၄
လွန်ခဲ့သော(၁၁)ရာစုပုဂံခေတ်ကတည်းက သနပ်ခါးလိမ်းခြယ်ခြင်းရှိနေကြောင်းကို အပယ်ရတနာဘုရားနံရံဆေးရေးပန်းချီမှလည်း မှတ်တမ်းပြုစုနိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာ့သနပ်ခါးကို ရှေးဘုရင်များလက်ထက်ကတည်းက မြတ်မြတ်နိုးနိုးသုံးစွဲခဲ့ကြောင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသမှ နံရံဆေးပန်းချီများ၌ တွေ့ရှိနိုင်ပြီး ပုဂံက စူဠာမဏိစေတီရှိသနပ်ခါးလိမ်းခြယ်နေသောပုံကို အသိများသော်လည်း အပယ်ရတနာဘုရားမှ နံရံဆေးပန်းချီရှိသည်ကို လူသိသူနည်းပါးပြီး အဆိုပါပုံများမှာ ရှေးဟောင်းယဉ်ကျေးမှုအတွက် တန်ဖိုးဖြတ်မရသော သမိုင်းအမွေအနှစ်ပုံများ ဖြစ်ကြောင်း သိရသည်။
ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနသည် ပုဂံဒေသရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းပြုပြင်စောင့်ရှောက်လျက်ရှိပြီး အပယ်ရတနာဘုရားရှိ သနပ်ခါးလိမ်းခြယ်မှုဟန် ပါဝင်သည့် နံရံဆေးပန်းချီများကို မှတ်တမ်းပြုစုထားရှိပြီးလည်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ၁၉၉၁ - ၁၉၉၂ ခုနှစ်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်တို့ ပူးပေါင်း၍ ပြုပြင်ထိန်းသိမ်းရေးစီမံကိန်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ စူဠာမဏိစေတီအတွင်းရှိ နံရံဆေးပန်းချီကားများကို သန့်စင်ချေးချွတ်ရာမှ သနပ်ခါးလိမ်းခြယ်နေသောပုံများကို တွေ့ရှိမှတ်တမ်းပြုစုနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
‘မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်’ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ပါဝင်စေရန်လုပ်ဆောင်ခဲ့ပြီးနောက်" မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့" ကိုလည်း UNESCO ၏ Representative List of the Intangible Cultural Heritage of Humanity တွင် စာရင်းဝင်နိုင်ရန် ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနက (၂၀၂၅)ခုနှစ်၊ မတ်လ(၃၁)ရက်မတိုင်မီ ပြန်လည်တင်သွင်းရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
လြန္ခဲ့ေသာ(၁၁)ရာစုကတည္းက သနပ္ခါးလိမ္းျခယ္ျခင္းရွိေနေၾကာင္း အပယ္ရတနာဘုရားနံရံေဆးေရးပန္းခ်ီမွလည္း မွတ္တမ္းျပဳစုႏိုင္ခဲ့
ခ်ယ္ရီ(NP News)- မတ္ ၄
လြန္ခဲ့ေသာ(၁၁)ရာစုပုဂံေခတ္ကတည္းက သနပ္ခါးလိမ္းျခယ္ျခင္းရွိေနေၾကာင္းကို အပယ္ရတနာဘုရားနံရံေဆးေရးပန္းခ်ီမွလည္း မွတ္တမ္းျပဳစုႏိုင္ခဲ့ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာနမွ သိရသည္။
ျမန္မာ့သနပ္ခါးကို ေရွးဘုရင္မ်ားလက္ထက္ကတည္းက ျမတ္ျမတ္ႏိုးႏိုးသုံးစြဲခဲ့ေၾကာင္း ပုဂံေရွးေဟာင္းယဥ္ေက်းမႈေဒသမွ နံရံေဆးပန္းခ်ီမ်ား၌ ေတြ႕ရွိႏိုင္ၿပီး ပုဂံက စူဠာမဏိေစတီရွိသနပ္ခါးလိမ္းျခယ္ေနေသာပုံကို အသိမ်ားေသာ္လည္း အပယ္ရတနာဘုရားမွ နံရံေဆးပန္းခ်ီရွိသည္ကို လူသိသူနည္းပါးၿပီး အဆိုပါပုံမ်ားမွာ ေရွးေဟာင္းယဥ္ေက်းမႈအတြက္ တန္ဖိုးျဖတ္မရေသာ သမိုင္းအေမြအႏွစ္ပုံမ်ား ျဖစ္ေၾကာင္း သိရသည္။
ေရွးေဟာင္းသုေတသနႏွင့္အမ်ိဳးသားျပတိုက္ဦးစီးဌာနသည္ ပုဂံေဒသရွိ ေရွးေဟာင္းယဥ္ေက်းမႈအေမြအႏွစ္မ်ားကို ထိန္းသိမ္းျပဳျပင္ေစာင့္ေရွာက္လ်က္ရွိၿပီး အပယ္ရတနာဘုရားရွိ သနပ္ခါးလိမ္းျခယ္မႈဟန္ ပါဝင္သည့္ နံရံေဆးပန္းခ်ီမ်ားကို မွတ္တမ္းျပဳစုထားရွိၿပီးလည္းျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ၁၉၉၁ - ၁၉၉၂ ခုႏွစ္တြင္ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနႏွင့္ ကုလသမဂၢဖြံ႕ၿဖိဳးမႈအစီအစဥ္တို႔ ပူးေပါင္း၍ ျပဳျပင္ထိန္းသိမ္းေရးစီမံကိန္းလုပ္ငန္း ေဆာင္႐ြက္ခဲ့ရာ စူဠာမဏိေစတီအတြင္းရွိ နံရံေဆးပန္းခ်ီကားမ်ားကို သန႔္စင္ေခ်းခြၽတ္ရာမွ သနပ္ခါးလိမ္းျခယ္ေနေသာပုံမ်ားကို ေတြ႕ရွိမွတ္တမ္းျပဳစုႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
‘ျမန္မာ့႐ိုးရာႏွစ္သစ္ကူးအတာသၾကၤန္ပြဲေတာ္’ကို ကမာၻ႔ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္စာရင္းတြင္ ပါဝင္ေစရန္လုပ္ေဆာင္ခဲ့ၿပီးေနာက္" ျမန္မာ့သနပ္ခါးယဥ္ေက်းမႈဓေလ့" ကိုလည္း UNESCO ၏ Representative List of the Intangible Cultural Heritage of Humanity တြင္ စာရင္းဝင္ႏိုင္ရန္ ေရွးေဟာင္းသုေတသန ႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနက (၂၀၂၅)ခုႏွစ္၊ မတ္လ(၃၁)ရက္မတိုင္မီ ျပန္လည္တင္သြင္းရန္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.