စင်ကာပူမှာ အသင့်စား အစားအစာဘူးများကြောင့် အစာအဆိပ်သင့်မှု ၁၈၇ ခု ဖြစ်ပွား

 690

ရောင်နီ(NP News)
စင်ကာပူမှာ ဖေဖော်ဝါရီလ၊ Total Defense Day တစ်စိတ်တစ်ပိုင်းအဖြစ် ဖြန့်ဝေပေးထားတဲ့ အသင့်စားအစားအစာများ (RTE) ကို စားသုံးပြီးနောက် အစာအိမ်ရောဂါဖြစ်ပွားမှု စုစုပေါင်း ၁၈၇ ခု ဖြစ်ပွားခဲ့တယ်လို့ အစီရင်ခံစာအရ သိရပါတယ်။
ကျောင်းတွေမှာ အမှုပေါင်း ၁၈၄ မှု၊ သက်ကြီးရွယ်အို စင်တာများမှ နှစ်မှုနဲ့ အများသူငှာအေဂျင်စီထဲက တစ်ဦးတို့ ဖြစ်ပွားခဲ့တယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဂရေ့ဖု က မတ်လ ၄ ရက်က လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။ ထိခိုက်သူအားလုံး လိုအပ်တဲ့ ဆေးကုသမှု ခံယူခဲ့ရပြီး ယခုပြန်လည်ကောင်းမွန်လာပြီ လို့ သိရပါတယ်။
RTE အစားအစာတွေ စားပြီးနောက် ကျောင်းသား ၂၀ အစာအိမ်ရောဂါလက္ခဏာတွေ စတင်ခံစားခဲ့ရတာ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတော်အရေးပေါ်အခြေအနေတွေအတွင်း အများပြည်သူစားသုံးဖို့အတွက် Sats မှ ဖန်တီးထားတဲ့ RTE အစားအစာတွေကို 2025 Exercise SG Ready တစ်စိတ်တစ်ပိုင်းအဖြစ် ဖေဖော်ဝါရီ ၁၅ မှ ၂၈ ရက်အထိ ဖြန့်ဝေသွားတဲ့ အသင့်စား ထမင်းဘူးတွေနဲ့ ပတ်သတ်နေတယ်လို့ ဝန်ကြီး ဂရေ့ဖုက ပြောပါတယ်။
Singapore Food Agency (SFA) က အစားအစာ နမူနာများကို ကောက်ယူစမ်းသပ်ခဲ့ရာ အစားအသောက်မှ ပိုးမွှားများတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ SFA နဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဒီဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး၊ မှားယွင်းမှု တစ်စုံတစ်ရာတွေ့ရှိခဲ့ရင် လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Zawgyi Version:
စင္ကာပူမွာ အသင့္စား အစားအစာဘူးမ်ားေၾကာင့္ အစာအဆိပ္သင့္မႈ ၁၈၇ ခု ျဖစ္ပြား
ေရာင္နီ(NP News)
စင္ကာပူမွာ ေဖေဖာ္ဝါရီလ၊ Total Defense Day တစ္စိတ္တစ္ပိုင္းအျဖစ္ ျဖန႔္ေဝေပးထားတဲ့ အသင့္စားအစားအစာမ်ား (RTE) ကို စားသုံးၿပီးေနာက္ အစာအိမ္ေရာဂါျဖစ္ပြားမႈ စုစုေပါင္း ၁၈၇ ခု ျဖစ္ပြားခဲ့တယ္လို႔ အစီရင္ခံစာအရ သိရပါတယ္။
ေက်ာင္းေတြမွာ အမႈေပါင္း ၁၈၄ မႈ၊ သက္ႀကီး႐ြယ္အို စင္တာမ်ားမွ ႏွစ္မႈနဲ႔ အမ်ားသူငွာေအဂ်င္စီထဲက တစ္ဦးတို႔ ျဖစ္ပြားခဲ့တယ္လို႔ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ဂေရ႕ဖု က မတ္လ ၄ ရက္က လႊတ္ေတာ္မွာ ေျပာၾကားခဲ့ပါတယ္။ ထိခိုက္သူအားလုံး လိုအပ္တဲ့ ေဆးကုသမႈ ခံယူခဲ့ရၿပီး ယခုျပန္လည္ေကာင္းမြန္လာၿပီ လို႔ သိရပါတယ္။
RTE အစားအစာေတြ စားၿပီးေနာက္ ေက်ာင္းသား ၂၀ အစာအိမ္ေရာဂါလကၡဏာေတြ စတင္ခံစားခဲ့ရတာ ျဖစ္ပါတယ္။ ဒါဟာ ႏိုင္ငံေတာ္အေရးေပၚအေျခအေနေတြအတြင္း အမ်ားျပည္သူစားသုံးဖို႔အတြက္ Sats မွ ဖန္တီးထားတဲ့ RTE အစားအစာေတြကို 2025 Exercise SG Ready တစ္စိတ္တစ္ပိုင္းအျဖစ္ ေဖေဖာ္ဝါရီ ၁၅ မွ ၂၈ ရက္အထိ ျဖန႔္ေဝသြားတဲ့ အသင့္စား ထမင္းဘူးေတြနဲ႔ ပတ္သတ္ေနတယ္လို႔ ဝန္ႀကီး ဂေရ႕ဖုက ေျပာပါတယ္။
Singapore Food Agency (SFA) က အစားအစာ နမူနာမ်ားကို ေကာက္ယူစမ္းသပ္ခဲ့ရာ အစားအေသာက္မွ ပိုးမႊားမ်ားေတြ႕ရွိခဲ့တယ္လို႔ ဆိုပါတယ္။ SFA နဲ႔ က်န္းမာေရးဝန္ႀကီးဌာနက ဒီျဖစ္ရပ္အတြက္ စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနၿပီး၊ မွားယြင္းမႈ တစ္စုံတစ္ရာေတြ႕ရွိခဲ့ရင္ လိုအပ္တဲ့ အေရးယူေဆာင္႐ြက္မႈေတြ လုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.