မြဝတီ - ဘားအံ ထော့ကော်ကိုးလမ်းပေါ်က အချိန်ခရီးသွား ယာဉ်မောင်းများ

2816

သုတကျော် (NP News) - မတ် ၅
“အခြေအနေတွေက ပြောင်းသွားပြီလေ။ အခုက အချိန်ကိုတွက်ပြီးတော့ မောင်းရတာပေါ့။ ဇောနဲ့ မောင်းနေကြတာပဲ”ဟုပြောလာသူက ဘားအံ-မြဝ တီလမ်းပိုင်းတွင်မောင်းနှင်နေသော ကုန်ကား ယာဉ်မောင်းတစ်ဦး ဖြစ်သည်။
မြန်မာနိုင်ငံအတွက် အရေးကြီးသော ကုန်စည်သယ်ယူပို့ဆောင်ရာလမ်းကြောင်းတစ်ခုသည် ယခုအခါ လက်နက်ကိုင်တိုက်ပွဲများကြောင့် ယခင် အတည်အခံ့လမ်းအဖြစ်မှ ဈာန်လျှောကာ ယခုအခါ တောင်ကျော်လမ်းတစ်ခုကိုသာမှီခိုနေရသော အခြေအနေသို့ဆိုက်ရောက်သွားသည်။ ယင်းကုန်စည် သယ်ယူပို့ဆောင်ရာလမ်းကြောင်းသည်ကား ဘားအံ-မြဝတီ လမ်းပိုင်းဖြစ်သည်။
ထိုင်းနိုင်ငံမှကုန်စည်များ အဓိကတင်သွင်းရာ မြို့တစ်မြို့ဖြစ်သည့် မြဝတီမြို့မှကုန်စည်များကို ပြည် မသို့တင်သွင်းရာတွင် လမ်းဟောင်းဟုခေါ်သည့် ကော့ကရိတ်-ဘားအံလမ်းပိုင်းကို အသုံးပြုခဲ့ကြ သည်။ ခရီးသည်တင်ကားများကမူ အာရှလမ်းမကြီး ကို အသုံးပြုခဲ့ကြသည်။
ဘားအံ - မြဝတီ ခရီးအတွက် ကုန်ကားသမားများအနေဖြင့် လမ်းဟောင်းကိုအသုံးပြုရာတွင် မောင်းနှင်ချိန်ကလည်း (၃) နာရီခန့်သာရှိခဲ့သည်။ ထို့ပြင် စိုးရိမ်စိတ်လည်း မြင့်တက်ရန်မလို။ ပတ်ဝန်း ကျင်တွင် လက်နက်ကိုင်အဖွဲ့များရှိသည်ဟုဆိုသော် လည်း ငြိမ်းချမ်းရေးအရသာကို ခံစားခဲ့ကြရသည်။ “အရင်ကတော့ ကော့ကရိတ်ဘက်ကနေ လမ်းဟောင်းကနေ တက်တာပါ။ အဲဒီဘက်ကတော့ အခုပိတ် ထားတယ်။ လမ်းကြောင်းအခြေအနေနဲ့ပေါ့။ လမ်းဟောင်းဘက်ကမောင်းရင် နှစ်နာရီလောက်ဆို ရောက် ပါပြီ”ဟု ကုန်ကားယာဉ်မောင်းတစ်ဦးက ဆိုသည်။
ခရီးသည်တင်ကားများကမူ အာရှလမ်းကို အသုံးပြုကာသွားလာခဲ့ကြပြီး ယင်းလမ်းပိုင်းတွင် တစ် နာရီခွဲ၊ နှစ်နာရီခန့်စီးရုံဖြင့် လိုရာခရီးကို ရောက်နိုင်ပြီ ဖြစ်သည်။ သို့သော် ယင်းအချိန်သည်ကား ငြိမ်းချမ်း ရေးထိပါးခံရခြင်းနှင့်အတူ ပျက်စီးသွားပေပြီ။ တစ်စ တစ်စတိုးလာခဲ့သောစစ်မီးနှင့်အတူ ကုန်စည် စီး ဆင်းမှုလမ်းကြောင်းများထိခိုက်လာပြီးနောက် သေနတ်သံ များသည် အများပြည်သူ အသုံးပြုရာလမ်းမများပေါ် အထိတက်လာခဲ့သည်။ ဘားအံ-မြဝတီလမ်းပိုင်းသည်လည်း ထို့အတူပင်။
စစ်ပွဲများသည် ဆုတ်ယုတ်မှုများကိုယူဆောင်လာသည်နှင့်အတူ အီလာနေသော ကရင်ပြည်နယ် ဘက်ကတိုက်ပွဲများအတွင်း ကုန်စည်စီးဆင်းရန်အတွက် လမ်းတစ်လမ်းကို အသည်းအသန်လိုအပ်ခဲ့ရာ ယင်းအတွက် အဖြေကလည်း ဝေးဝေးလံလံရှာစရာ မလိုခဲ့ပါ။ ယခင် ခေတ်မကောင်းစဉ်ကအသုံးပြုခဲ့ကြ သော ထော့ကော်ကိုးလမ်းပိုင်းကို ပြန်လည်အသုံးပြုရန်အတွက် အခြေအနေကဖန်တီးလာခဲ့သည်။ ရှေ့သို့သွားရာမှရပ်တန့်ကာ နောက်သို့ ခြေလှမ်းများစွာ ဆုတ်သွားသည်ဟု ပြောရမည်ဖြစ်သည်။
“ထော့ကော်ကိုးလမ်းကိုပဲ ပြန်သုံးရတာပေါ့။ သူ ကတော့ မြေသားလမ်းပါ။ အရင်ကတော့ လော် လီ ကားလောက်ပဲသွားလို့ရတာ။ တောင်အတက်အဆင်း လည်း ကြီးတယ်။ (၁၂) ဘီးကတော့ ဒီနှစ်မှ ပြန်သွားလို့ရတယ်။ မနှစ်ကဆို ခြောက်ဘီးလောက်ပဲ ဖွင့်ပေး တယ်”ဟု အထက်ပါ ယာဉ်မောင်းက ဆို သည်။ သို့ သော် ယခင်ကာလက လမ်းများထက်တွင် ခရီးနှင်ရ သကဲ့သို့ မဟုတ်တော့ပြီ။ မောင်းချိန် က ကြာသည်။ ထို့ပြင် လမ်းခရီးတွင် လုံးလုံးအဆင်ပြေမည်ဟုလည်း မှန်းဆမရသောအခြေအနေ ရောက် သွားသည်။ တောင်ပေါ်လမ်းဖြစ်ပြီး ကြမ်းတမ်းသည့်အပြင် လမ်း လည်းကျဉ်းမြောင်းလေရာ ကြာချိန်ကို ကြိုတင်တွက်ဆ၍မရတော့ပေ။ မြန်မာတို့၏ အယူစွဲတစ်ခုဖြစ်သော “ရောက်ချိန်ကို ကြိုမမေးပါနှင့်” ဆို သော စကားသည် ထော့ကော်ကိုးလမ်းပိုင်းအတွက် အကိုက်ဖြစ်သည်။
ထော့ကော်ကိုးလမ်းသည် ကျဉ်းမြောင်းသောကြောင့် အတက်တစ်ရက်၊ အဆင်းတစ်ရက်ဟု သတ်မှတ်ထားသည်။ တစ်လမ်းမောင်းသာသာ လမ်းတွင် ထိုသို့မောင်းနှင်ရခြင်းဖြစ်ရာ ယာဉ်မောင်း များအတွက် အချိန်လုမောင်းရန် အခြေအနေဆိုက်လာခဲ့သည်။
“ကားသမားတွေအချင်းချင်းကလည်း မရရ အောင်ပဲ မောင်းရတာပေါ့။ ဇောနဲ့မောင်းရတာပေါ့။ အတက်တစ်ရက် အဆင်းတစ်ရက် ပေးထားတာဆို တော့ ဘားအံကနေ ညနေ (၆) နာရီထွက်ရင် မြဝတီ ကို သန်းခေါင် (၁၂) နာရီရောက်ပါတယ်။ လမ်းမှာ အပိတ်အဆို့မရှိရင်ရောက်တယ်။ ပိတ်ဆို့ရင်တော့ တစ်ရက်ကျော်ပြီးမှရောက်တယ်”ဟု ゞင်းကဆိုသည်။ ပိတ်ဆို့သည်ဟုဆိုရာတွင် အမျိုးမျိုးရှိပြီး တိုက်ပွဲ ကြောင့်ပိတ်ခြင်း၊ ကားမတော်တဆမှုကြောင့် ပိတ် ခြင်းအပြင် ပွင့်လင်းရာသီတွင် လက်နက်ကိုင်အဖွဲ့များက လမ်းပြုပြင်ခြင်းများဆောင်ရွက်သည့်အခါ မျိုးတွင် ကားသမားများ စောင့်ဆိုင်းရတော့သည်။
“တစ်ရက်နှစ်ရက်လောက် စောင့်ရတာမျိုးရှိတယ်။ ဒါဆိုရင် ထမင်းသည်မလာရင် ထမင်းငတ် တာပေါ့” ဟု အခြားကုန်ကားမောင်းသမားတစ်ဦးက ရင်ဖွင့် သည်။ ထို့ပြင် လမ်းကြမ်းခရီးကို သွားရ သည်ဖြစ်သောကြောင့် ထော့ကော်ကိုးလမ်းပိုင်းတွင် သွားလာကြသောကုန်ကားများသည် “နွားသိုးမှန် လျှင် ချိုချက်မကင်း”ဆိုသောစကားအတိုင်း ကုန်ကားများအားလုံးတွင် အချိန်ကြာလာသောအခါ ချွတ် ယွင်းချက်များရှိ လာသည်။
“ဒီဘက်မှာက လမ်းကလည်းကြမ်းတယ်။ ဖုန်တောတွေသွားရတော့ ကားမှာက ချွတ်ယွင်းချက် များတယ်”ဟု ၎င်းကရင်ဖွင့်သည်။ လမ်းပိုင်းတွင် လုံခြုံစိတ်ချရမှုမရှိသောကြောင့် ယာဉ်မတော်တဆမှု ကလည်း မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ တောင်တက်၊ တောင်ဆင်းလမ်းဖြစ်သောကြောင့် ဘရိတ်မနိုင် သည့်အတွက် လမ်းဘေးထိုးကျခြင်းပင်။ “ခရီးသည်တင် ကားကတော့ ကားသေးလေးတွေပဲသွားရတာ ပေါ့။ ခရီးသည်တင်ကားတွေက မိုးတွင်းမှာဆို တစ်ယောက် ကို တစ်သိန်းခွဲလောက်အထိ ပေးရတယ် ပြောတယ်။ လူစီးကားပေါ့”ဟု ၎င်းကဆိုသည်။ နွေရာသီတွင် ဖုန်ထူပြီး မိုးတွင်းတွင် ဗွက်နစ်တတ်သော အထက်ပါ ထော့ကော်ကိုးလမ်းသည် မိုးတွင်းတွင် ကားသမားများအတွက် ကျိန်စာသင့်တတ်သည်။ တစ်ခါတစ်ရံ လမ်းပိတ်ဆို့လျှင် တစ်လတစ်ခေါက်ပင် ရရန်မလွယ်ကူသော အခြေအနေရှိသည်။
“ခရီးသည်တင်ကားလေးတွေကတော့ ဘေးက နေပတ်သွားလို့ရတယ်လေ။ ကားကြီးတွေ ဗွက် နစ်ရင်လည်း။ ဒါပေမဲ့ သူတို့ပါ သွားမရတော့တာမျိုးလည်း ဖြစ်ဖူးတယ်”ဟု ၎င်းကရှင်းပြသည်။ ထို့ပြင် လမ်းမကောင်းရသည်အထဲ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုလည်း အားနည်းသည်။ ကုန်ကားသမားများအတွက် အသက်ဘေးပူပန်ရသည်။
“တိုက်ပွဲက ဟိုနားဖြစ်မယ်၊ ဒီနားဖြစ်မယ်ဆိုတော့ ခပ်ကြောက်ကြောက်နဲ့ သွားနေရတာပဲ။ တစ်ခါ ကြုံဖူးတယ်။ တိုက်ပွဲကို တစ်ခါမှမမြင်ဖူးတော့ သေ နတ်သံကြားတာနဲ့ ကားအောက်ပဲဝင်နေရ တာ”ဟု ၎င်းကဆိုသည်။ အထက်ပါလမ်းပိုင်းကို အသုံးပြုခြင်းအတွက် ယခင်က ဂိတ်ပေါင်းများစွာကို ဖြတ်သန်းကာ ဂိတ်ကြေးအလီလီပေးခဲ့ရသော်လည်း ယခုအခါတွင် ဂိတ်များကို လျှော့ချလိုက်ပြီဟုဆို သည်။ သို့သော် ဂိတ်အရေအတွက်နည်းပါးခြင်းသည် ဂိတ်ကြေးနှင့် ထပ်တူမကျပါ။ “အရင်ကတော့ ဂိတ်ပေါင်းက (၅၀) လောက်ရှိတာပေါ့။ အခုတော့ ဂိတ်က လမ်းမှာ (၁၅) ဂိတ်လောက်ပဲရှိတော့မယ်။ လမ်းဖြတ်သန်းခအတွက် လက်နက်ကိုင်အဖွဲ့ရဲ့ဂိတ်ကြီးမှာ တစ်ခါတည်း (၁၅) သိန်း၊ (၁၈)သိန်းပေးပြီးရင် လက်မှတ်လေးတွေထုတ် ပေးတယ်လေ။ ပြလိုက်ရင်ရပြီ”ဟု အထက်ပါယာဉ်မောင်းက ပြောသည်။
သို့ဆိုလျှင် အထက်ပါလမ်းပိုင်းတွင် အဘယ် ကြောင့် ကုန်ကားများ စုပြုံတိုးပြီးသွားလာရသနည်း ဟုမေးခွန်းပေါ်လာသည်။ အဖြေက အခြားနေရာများထက် မြဝတီ-ဘားအံလမ်းပိုင်းသည် ငွေပိုရသော ကြောင့်ဖြစ်ပြီး အခြားလမ်းများနှင့်နှိုင်းယှဉ်ပါက ပိုမို အဆင်ပြေသည်ဟု ပြောရမည်ဖြစ်သည်။ “ဟိုဘက် ကုန်သွယ်ရေးလမ်းတွေပွင့်ရင်တော့ ပြန်သွားကြမှာ ပေါ့။ အခုလောလောဆယ် ဒီလမ်းပဲပွင့်တော့ မြန်မာ နိုင်ငံက ကုန်ကားသမားတော်တော်များများက ဒီဘက်ရောက်နေတယ်” ဟု ၎င်းကဆိုသည်။ ထော့ကော် ကိုးလမ်းပိုင်းသည် ကုန်သွယ်ရေးအတွက် အ ချက်အချာကျသည့်လမ်းတစ်ခုဖြစ်လာသည်မှန်သော် လည်း စစ်ကမွေးထုတ်လိုက်သော လမ်းတစ် လမ်းသာဖြစ်လေရာ နိုင်ငံချင်းကုန်သွယ်ရာတွင် အသုံးပြုသင့်သောလမ်းတစ်လမ်း၏ အင်္ဂါရပ်မျိုး ပြည့်စုံခြင်း မရှိပေ။
ထို့ပြင် အချိန်ကိုလုကာမောင်းနှင်ရသော အခြေ အနေမျိုးကိုဆိုက်သွားလေရာ စိတ်ကူးယဉ်ဝတ္ထု များတွင် ပါဝင်လေ့ရှိသော အချိန်ခရီးသွားဆိုသည်မှာ မြန် မာနိုင်ငံတွင်ရှိနေပြီဟု ပြောရမည်ကဲ့သို့ ဖြစ် နေသည်။ အဘယ်ကြောင့်ဆိုသော် ထော့ကော်ကိုးလမ်းပိုင်းမှ ယာဉ်မောင်းများသည် အချိန်ကိုလုကာ ခရီးသွားရသောကြောင့် ၎င်းတို့သည်လည်း အချိန်ခရီးသွားဖြစ်ကြောင်း သတ်မှတ်လိုက သတ်မှတ်နိုင်ပေလိမ့်မည်။

zawgyi version
ျမဝတီ - ဘားအံ ေထာ့ေကာ္ကိုးလမ္းေပၚက အခ်ိန္ခရီးသြား ယာဥ္ေမာင္းမ်ား
သုတေက်ာ္ (NP News) - မတ္ ၅
“အေျခအေနေတြက ေျပာင္းသြားၿပီေလ။ အခုက အခ်ိန္ကိုတြက္ၿပီးေတာ့ ေမာင္းရတာေပါ့။ ေဇာနဲ႔ ေမာင္းေနၾကတာပဲ”ဟုေျပာလာသူက ဘားအံ-ျမဝ တီလမ္းပိုင္းတြင္ေမာင္းႏွင္ေနေသာ ကုန္ကား ယာဥ္ေမာင္းတစ္ဦး ျဖစ္သည္။
ျမန္မာႏိုင္ငံအတြက္ အေရးႀကီးေသာ ကုန္စည္သယ္ယူပို႔ေဆာင္ရာလမ္းေၾကာင္းတစ္ခုသည္ ယခုအခါ လက္နက္ကိုင္တိုက္ပြဲမ်ားေၾကာင့္ ယခင္ အတည္အခံ့လမ္းအျဖစ္မွ ဈာန္ေလွ်ာကာ ယခုအခါ ေတာင္ေက်ာ္လမ္းတစ္ခုကိုသာမွီခိုေနရေသာ အေျခအေနသို႔ဆိုက္ေရာက္သြားသည္။ ယင္းကုန္စည္ သယ္ယူပို႔ေဆာင္ရာလမ္းေၾကာင္းသည္ကား ဘားအံ-ျမဝတီ လမ္းပိုင္းျဖစ္သည္။
ထိုင္းႏိုင္ငံမွကုန္စည္မ်ား အဓိကတင္သြင္းရာ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္သည့္ ျမဝတီၿမိဳ႕မွကုန္စည္မ်ားကို ျပည္ မသို႔တင္သြင္းရာတြင္ လမ္းေဟာင္းဟုေခၚသည့္ ေကာ့ကရိတ္-ဘားအံလမ္းပိုင္းကို အသုံးျပဳခဲ့ၾက သည္။ ခရီးသည္တင္ကားမ်ားကမူ အာရွလမ္းမႀကီး ကို အသုံးျပဳခဲ့ၾကသည္။
ဘားအံ - ျမဝတီ ခရီးအတြက္ ကုန္ကားသမားမ်ားအေနျဖင့္ လမ္းေဟာင္းကိုအသုံးျပဳရာတြင္ ေမာင္းႏွင္ခ်ိန္ကလည္း (၃) နာရီခန႔္သာရွိခဲ့သည္။ ထို႔ျပင္ စိုးရိမ္စိတ္လည္း ျမင့္တက္ရန္မလို။ ပတ္ဝန္း က်င္တြင္ လက္နက္ကိုင္အဖြဲ႕မ်ားရွိသည္ဟုဆိုေသာ္ လည္း ၿငိမ္းခ်မ္းေရးအရသာကို ခံစားခဲ့ၾကရသည္။ “အရင္ကေတာ့ ေကာ့ကရိတ္ဘက္ကေန လမ္းေဟာင္းကေန တက္တာပါ။ အဲဒီဘက္ကေတာ့ အခုပိတ္ ထားတယ္။ လမ္းေၾကာင္းအေျခအေနနဲ႔ေပါ့။ လမ္းေဟာင္းဘက္ကေမာင္းရင္ ႏွစ္နာရီေလာက္ဆို ေရာက္ ပါၿပီ”ဟု ကုန္ကားယာဥ္ေမာင္းတစ္ဦးက ဆိုသည္။
ခရီးသည္တင္ကားမ်ားကမူ အာရွလမ္းကို အသုံးျပဳကာသြားလာခဲ့ၾကၿပီး ယင္းလမ္းပိုင္းတြင္ တစ္ နာရီခြဲ၊ ႏွစ္နာရီခန႔္စီး႐ုံျဖင့္ လိုရာခရီးကို ေရာက္ႏိုင္ၿပီ ျဖစ္သည္။ သို႔ေသာ္ ယင္းအခ်ိန္သည္ကား ၿငိမ္းခ်မ္း ေရးထိပါးခံရျခင္းႏွင့္အတူ ပ်က္စီးသြားေပၿပီ။ တစ္စ တစ္စတိုးလာခဲ့ေသာစစ္မီးႏွင့္အတူ ကုန္စည္ စီး ဆင္းမႈလမ္းေၾကာင္းမ်ားထိခိုက္လာၿပီးေနာက္ ေသနတ္သံ မ်ားသည္ အမ်ားျပည္သူ အသုံးျပဳရာလမ္းမမ်ားေပၚ အထိတက္လာခဲ့သည္။ ဘားအံ-ျမဝတီလမ္းပိုင္းသည္လည္း ထို႔အတူပင္။
စစ္ပြဲမ်ားသည္ ဆုတ္ယုတ္မႈမ်ားကိုယူေဆာင္လာသည္ႏွင့္အတူ အီလာေနေသာ ကရင္ျပည္နယ္ ဘက္ကတိုက္ပြဲမ်ားအတြင္း ကုန္စည္စီးဆင္းရန္အတြက္ လမ္းတစ္လမ္းကို အသည္းအသန္လိုအပ္ခဲ့ရာ ယင္းအတြက္ အေျဖကလည္း ေဝးေဝးလံလံရွာစရာ မလိုခဲ့ပါ။ ယခင္ ေခတ္မေကာင္းစဥ္ကအသုံးျပဳခဲ့ၾက ေသာ ေထာ့ေကာ္ကိုးလမ္းပိုင္းကို ျပန္လည္အသုံးျပဳရန္အတြက္ အေျခအေနကဖန္တီးလာခဲ့သည္။ ေရွ႕သို႔သြားရာမွရပ္တန႔္ကာ ေနာက္သို႔ ေျခလွမ္းမ်ားစြာ ဆုတ္သြားသည္ဟု ေျပာရမည္ျဖစ္သည္။
“ေထာ့ေကာ္ကိုးလမ္းကိုပဲ ျပန္သုံးရတာေပါ့။ သူ ကေတာ့ ေျမသားလမ္းပါ။ အရင္ကေတာ့ ေလာ္ လီ ကားေလာက္ပဲသြားလို႔ရတာ။ ေတာင္အတက္အဆင္း လည္း ႀကီးတယ္။ (၁၂) ဘီးကေတာ့ ဒီႏွစ္မွ ျပန္သြားလို႔ရတယ္။ မႏွစ္ကဆို ေျခာက္ဘီးေလာက္ပဲ ဖြင့္ေပး တယ္”ဟု အထက္ပါ ယာဥ္ေမာင္းက ဆို သည္။ သို႔ ေသာ္ ယခင္ကာလက လမ္းမ်ားထက္တြင္ ခရီးႏွင္ရ သကဲ့သို႔ မဟုတ္ေတာ့ၿပီ။ ေမာင္းခ်ိန္ က ၾကာသည္။ ထို႔ျပင္ လမ္းခရီးတြင္ လုံးလုံးအဆင္ေျပမည္ဟုလည္း မွန္းဆမရေသာအေျခအေန ေရာက္ သြားသည္။ ေတာင္ေပၚလမ္းျဖစ္ၿပီး ၾကမ္းတမ္းသည့္အျပင္ လမ္း လည္းက်ဥ္းေျမာင္းေလရာ ၾကာခ်ိန္ကို ႀကိဳတင္တြက္ဆ၍မရေတာ့ေပ။ ျမန္မာတို႔၏ အယူစြဲတစ္ခုျဖစ္ေသာ “ေရာက္ခ်ိန္ကို ႀကိဳမေမးပါႏွင့္” ဆို ေသာ စကားသည္ ေထာ့ေကာ္ကိုးလမ္းပိုင္းအတြက္ အကိုက္ျဖစ္သည္။
ေထာ့ေကာ္ကိုးလမ္းသည္ က်ဥ္းေျမာင္းေသာေၾကာင့္ အတက္တစ္ရက္၊ အဆင္းတစ္ရက္ဟု သတ္မွတ္ထားသည္။ တစ္လမ္းေမာင္းသာသာ လမ္းတြင္ ထိုသို႔ေမာင္းႏွင္ရျခင္းျဖစ္ရာ ယာဥ္ေမာင္း မ်ားအတြက္ အခ်ိန္လုေမာင္းရန္ အေျခအေနဆိုက္လာခဲ့သည္။
“ကားသမားေတြအခ်င္းခ်င္းကလည္း မရရ ေအာင္ပဲ ေမာင္းရတာေပါ့။ ေဇာနဲ႔ေမာင္းရတာေပါ့။ အတက္တစ္ရက္ အဆင္းတစ္ရက္ ေပးထားတာဆို ေတာ့ ဘားအံကေန ညေန (၆) နာရီထြက္ရင္ ျမဝတီ ကို သန္းေခါင္ (၁၂) နာရီေရာက္ပါတယ္။ လမ္းမွာ အပိတ္အဆို႔မရွိရင္ေရာက္တယ္။ ပိတ္ဆို႔ရင္ေတာ့ တစ္ရက္ေက်ာ္ၿပီးမွေရာက္တယ္”ဟု ゞင္းကဆိုသည္။ ပိတ္ဆို႔သည္ဟုဆိုရာတြင္ အမ်ိဳးမ်ိဳးရွိၿပီး တိုက္ပြဲ ေၾကာင့္ပိတ္ျခင္း၊ ကားမေတာ္တဆမႈေၾကာင့္ ပိတ္ ျခင္းအျပင္ ပြင့္လင္းရာသီတြင္ လက္နက္ကိုင္အဖြဲ႕မ်ားက လမ္းျပဳျပင္ျခင္းမ်ားေဆာင္႐ြက္သည့္အခါ မ်ိဳးတြင္ ကားသမားမ်ား ေစာင့္ဆိုင္းရေတာ့သည္။
“တစ္ရက္ႏွစ္ရက္ေလာက္ ေစာင့္ရတာမ်ိဳးရွိတယ္။ ဒါဆိုရင္ ထမင္းသည္မလာရင္ ထမင္းငတ္ တာေပါ့” ဟု အျခားကုန္ကားေမာင္းသမားတစ္ဦးက ရင္ဖြင့္ သည္။ ထို႔ျပင္ လမ္းၾကမ္းခရီးကို သြားရ သည္ျဖစ္ေသာေၾကာင့္ ေထာ့ေကာ္ကိုးလမ္းပိုင္းတြင္ သြားလာၾကေသာကုန္ကားမ်ားသည္ “ႏြားသိုးမွန္ လွ်င္ ခ်ိဳခ်က္မကင္း”ဆိုေသာစကားအတိုင္း ကုန္ကားမ်ားအားလုံးတြင္ အခ်ိန္ၾကာလာေသာအခါ ခြၽတ္ ယြင္းခ်က္မ်ားရွိ လာသည္။
“ဒီဘက္မွာက လမ္းကလည္းၾကမ္းတယ္။ ဖုန္ေတာေတြသြားရေတာ့ ကားမွာက ခြၽတ္ယြင္းခ်က္ မ်ားတယ္”ဟု ၎ကရင္ဖြင့္သည္။ လမ္းပိုင္းတြင္ လုံၿခဳံစိတ္ခ်ရမႈမရွိေသာေၾကာင့္ ယာဥ္မေတာ္တဆမႈ ကလည္း မၾကာခဏ ျဖစ္ပြားေလ့ရွိသည္။ ေတာင္တက္၊ ေတာင္ဆင္းလမ္းျဖစ္ေသာေၾကာင့္ ဘရိတ္မႏိုင္ သည့္အတြက္ လမ္းေဘးထိုးက်ျခင္းပင္။ “ခရီးသည္တင္ ကားကေတာ့ ကားေသးေလးေတြပဲသြားရတာ ေပါ့။ ခရီးသည္တင္ကားေတြက မိုးတြင္းမွာဆို တစ္ေယာက္ ကို တစ္သိန္းခြဲေလာက္အထိ ေပးရတယ္ ေျပာတယ္။ လူစီးကားေပါ့”ဟု ၎ကဆိုသည္။ ေႏြရာသီတြင္ ဖုန္ထူၿပီး မိုးတြင္းတြင္ ဗြက္နစ္တတ္ေသာ အထက္ပါ ေထာ့ေကာ္ကိုးလမ္းသည္ မိုးတြင္းတြင္ ကားသမားမ်ားအတြက္ က်ိန္စာသင့္တတ္သည္။ တစ္ခါတစ္ရံ လမ္းပိတ္ဆို႔လွ်င္ တစ္လတစ္ေခါက္ပင္ ရရန္မလြယ္ကူေသာ အေျခအေနရွိသည္။
“ခရီးသည္တင္ကားေလးေတြကေတာ့ ေဘးက ေနပတ္သြားလို႔ရတယ္ေလ။ ကားႀကီးေတြ ဗြက္ နစ္ရင္လည္း။ ဒါေပမဲ့ သူတို႔ပါ သြားမရေတာ့တာမ်ိဳးလည္း ျဖစ္ဖူးတယ္”ဟု ၎ကရွင္းျပသည္။ ထို႔ျပင္ လမ္းမေကာင္းရသည္အထဲ စိတ္ပိုင္းဆိုင္ရာလုံၿခဳံမႈလည္း အားနည္းသည္။ ကုန္ကားသမားမ်ားအတြက္ အသက္ေဘးပူပန္ရသည္။
“တိုက္ပြဲက ဟိုနားျဖစ္မယ္၊ ဒီနားျဖစ္မယ္ဆိုေတာ့ ခပ္ေၾကာက္ေၾကာက္နဲ႔ သြားေနရတာပဲ။ တစ္ခါ ႀကဳံဖူးတယ္။ တိုက္ပြဲကို တစ္ခါမွမျမင္ဖူးေတာ့ ေသ နတ္သံၾကားတာနဲ႔ ကားေအာက္ပဲဝင္ေနရ တာ”ဟု ၎ကဆိုသည္။ အထက္ပါလမ္းပိုင္းကို အသုံးျပဳျခင္းအတြက္ ယခင္က ဂိတ္ေပါင္းမ်ားစြာကို ျဖတ္သန္းကာ ဂိတ္ေၾကးအလီလီေပးခဲ့ရေသာ္လည္း ယခုအခါတြင္ ဂိတ္မ်ားကို ေလွ်ာ့ခ်လိုက္ၿပီဟုဆို သည္။ သို႔ေသာ္ ဂိတ္အေရအတြက္နည္းပါးျခင္းသည္ ဂိတ္ေၾကးႏွင့္ ထပ္တူမက်ပါ။ “အရင္ကေတာ့ ဂိတ္ေပါင္းက (၅၀) ေလာက္ရွိတာေပါ့။ အခုေတာ့ ဂိတ္က လမ္းမွာ (၁၅) ဂိတ္ေလာက္ပဲရွိေတာ့မယ္။ လမ္းျဖတ္သန္းခအတြက္ လက္နက္ကိုင္အဖြဲ႕ရဲ႕ဂိတ္ႀကီးမွာ တစ္ခါတည္း (၁၅) သိန္း၊ (၁၈)သိန္းေပးၿပီးရင္ လက္မွတ္ေလးေတြထုတ္ ေပးတယ္ေလ။ ျပလိုက္ရင္ရၿပီ”ဟု အထက္ပါယာဥ္ေမာင္းက ေျပာသည္။
သို႔ဆိုလွ်င္ အထက္ပါလမ္းပိုင္းတြင္ အဘယ္ ေၾကာင့္ ကုန္ကားမ်ား စုၿပဳံတိုးၿပီးသြားလာရသနည္း ဟုေမးခြန္းေပၚလာသည္။ အေျဖက အျခားေနရာမ်ားထက္ ျမဝတီ-ဘားအံလမ္းပိုင္းသည္ ေငြပိုရေသာ ေၾကာင့္ျဖစ္ၿပီး အျခားလမ္းမ်ားႏွင့္ႏႈိင္းယွဥ္ပါက ပိုမို အဆင္ေျပသည္ဟု ေျပာရမည္ျဖစ္သည္။ “ဟိုဘက္ ကုန္သြယ္ေရးလမ္းေတြပြင့္ရင္ေတာ့ ျပန္သြားၾကမွာ ေပါ့။ အခုေလာေလာဆယ္ ဒီလမ္းပဲပြင့္ေတာ့ ျမန္မာ ႏိုင္ငံက ကုန္ကားသမားေတာ္ေတာ္မ်ားမ်ားက ဒီဘက္ေရာက္ေနတယ္” ဟု ၎ကဆိုသည္။ ေထာ့ေကာ္ ကိုးလမ္းပိုင္းသည္ ကုန္သြယ္ေရးအတြက္ အ ခ်က္အခ်ာက်သည့္လမ္းတစ္ခုျဖစ္လာသည္မွန္ေသာ္ လည္း စစ္ကေမြးထုတ္လိုက္ေသာ လမ္းတစ္ လမ္းသာျဖစ္ေလရာ ႏိုင္ငံခ်င္းကုန္သြယ္ရာတြင္ အသုံးျပဳသင့္ေသာလမ္းတစ္လမ္း၏ အဂၤါရပ္မ်ိဳး ျပည့္စုံျခင္း မရွိေပ။
ထို႔ျပင္ အခ်ိန္ကိုလုကာေမာင္းႏွင္ရေသာ အေျခ အေနမ်ိဳးကိုဆိုက္သြားေလရာ စိတ္ကူးယဥ္ဝတၳဳ မ်ားတြင္ ပါဝင္ေလ့ရွိေသာ အခ်ိန္ခရီးသြားဆိုသည္မွာ ျမန္ မာႏိုင္ငံတြင္ရွိေနၿပီဟု ေျပာရမည္ကဲ့သို႔ ျဖစ္ ေနသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ေထာ့ေကာ္ကိုးလမ္းပိုင္းမွ ယာဥ္ေမာင္းမ်ားသည္ အခ်ိန္ကိုလုကာ ခရီးသြားရေသာေၾကာင့္ ၎တို႔သည္လည္း အခ်ိန္ခရီးသြားျဖစ္ေၾကာင္း သတ္မွတ္လိုက သတ္မွတ္ႏိုင္ေပလိမ့္မည္။