အရွယ်မတိုင်မီ ဆုံးခန်းတိုင်သွားသည့် ရခိုင်မှ ဉာဏ်အလင်းရောင်များ

3357

သုတကျော်၊ချယ်ရီ (NP News) - မတ် ၅
ယခု ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ (၁၇) ရက်မှ (၂၂) ရက်အထိ ပြု လုပ်တော့မည်ဖြစ်သည်။ ယင်းအတွက် ကျောင်းသူ၊ ကျောင်းသားများသည်လည်း ကြိုတင်ရင်ခုန်နေကြ ပေတော့မည်။ သို့သော် မြန်မာနိုင်ငံအတွင်းက တချို့ကျောင်းသား၊ ကျောင်းသူများအတွက်မူ ယင်းအခွင့် အရေးကို လက်လွတ်ခဲ့ရပြီဖြစ်သည်။
စစ်သည် ဆိုးကျိုးများကို ယူလာတတ်စမြဲ ဖြစ်ရာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်၊ ကယားပြည်နယ်၊ အညာဒေသ စသည်ဖြင့် နေရာများရှိ တိုက်ပွဲဖြစ်ဒေသများမှ ကလေးငယ်များမှာ စစ်၏ဆိုးကျိုးအဖြစ် အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားခွင့်ဆုံးရှုံးနေရသည်။
တိုက်ပွဲဖြစ်ဒေသမှကလေးများအနက် အချို့မှာ စစ်ဘေးရှောင်ရသောကြောင့် ပညာမသင်နိုင် ကြ။ တချို့ကလေးငယ်များမှာမူ တကူးတကပင် ပညာသင်ကြားခွင့်ကိုကန့်သတ်ခံထားရသည်။ ဥပမာ အားဖြင့် ဖြူးမြို့နယ်ရှိ PDF ကြီးစိုးရာနယ်မြေတွင် လက်နက်ကိုင်များက အစိုးရပညာရေးသင်ကြားရန် ခွင့်မပြုပေ။ အညာဒေသမှ အချို့နေရာများတွင် အစိုးရကပေးသောပညာရေးကို သင်ကြားသည့်အတွက် ဟုဆိုကာ PDF များက ဒဏ်ပေးခြင်းများပင်ရှိသည်။
“ကလေးတွေကို အစိုးရကျောင်းမှာ စာသင်ခွင့်မပေးဘူး။ အစိုးရကျောင်း တက်ခွင့်မပေးဘူး။ သူတို့က ပညာသင်ပေးတာလုပ်မယ်။ အွန်လိုင်းက သင်ပေးမယ်ဆိုပေမယ့် ရွာမှာက အဲဒီလိုသင်ဖို့အ တွက် အခြေခံပစ္စည်းတွေက အိမ်တိုင်းမှာမှမရှိတာ” ဟု ဖြူးမြို့နယ် ဒေသခံတစ်ဦးက ရင်ဖွင့်သည်။
အချို့က စစ်ဘေးရှောင်ရင်း ရောက်သည့်နေရာတွင် ပညာသင်ကြားနိုင်သောကြောင့် အဆင် ပြေသည်ဟုဆိုနိုင်သည်။ အချို့ကလေးငယ်များအတွက်မူ လက်နက်ကိုင်များထိန်းချုပ်ထားသည့်နေရပ် တွင်ပင် ဆက်လက်ပညာသင်ကြားရန် အခွင့်အရေး ရှိသယောင်ယောင်ထင်ရသည်။ သို့သော် မဟုတ်ပါ။ “ကျွန်မကလေးတွေကို အတန်းစာ ကောင်းကောင်း သင်ပေးချင်တယ်။ ပလောင်တွေက ကျောင်းတွေပြန် ဖွင့်မယ်ဆိုပေမယ့် ပလောင်စာလည်း တစ်ဘာသာ သင်ရမယ်ပြောတယ်။ တစ်သက်လုံး ကိုယ့်ရှမ်းပြည် မှာ နေခဲ့ပြီး အခုမှ ပလောင်စာသင်ရမယ်ဆိုတော့လည်း မဟုတ်သေးဘူးလေ။ ပြီးတော့ သူတို့ပြောတဲ့ ကျောင်းတွေက ပြန်မှမဖွင့်နိုင်သေးတာ။ သူတို့ကသာ ဖွင့်မယ် ပြောနေတာလေ။ ကိုယ့်ကလေး နစ်နာမှာ ဆိုတော့ ရန်ကုန်မှာပဲ ကျောင်းထားလိုက်တော့တယ်”ဟု ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်ဘေးရှောင်လာ ခဲ့သူ အသက် (၃၇) နှစ်အရွယ်အမျိုးသမီးတစ်ဦးက NP News သို့ပြောသည်။
အထက်ပါအခြေအနေများသည် လက်ရှိ ရခိုင်ပြည်နယ်ကအခြေအနေများနှင့် ဆင်တူသည်ဟု ဆိုနိုင်သော်လည်း အမှန်တကယ်တွင်မူ ကွဲပြားခြားနားနေသည်။ AA လက်အောက်တွင် ပညာရေးအ တွက် နှောင့်နှေးသောအခြေအနေကို ကလေးငယ်များ နှင့် ကျောင်းသားမိဘများ ရင်ဆိုင်နေရသည်။ ရခိုင် ပြည်နယ်တွင် AA အဖွဲ့က တိုက်ပွဲများဖော်ဆောင်လာပြီးနောက် ရခိုင်ပြည်နယ်၏အခြေအနေမှာ အဘက်ဘက်က နိမ့်ကျသွားခဲ့သည်။ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး စသည်ဖြင့် ထိခိုက်ခဲ့ ရာတွင် ကလေးငယ်များ၏ ပညာရေးထိခိုက်မှုက အဆိုးဆုံးအနေအထားအထိ ရောက်သွားခဲ့ပြီဖြစ်သည်။
(၂၀၁၅) ခုနှစ်မှစတင်ကာ တပ်မတော် နှင့် AA အကြား တိုက်ပွဲအချို့စတင်ဖြစ်ပွားပြီး နောက် ရခိုင်ပြည်နယ်တွင် AA က ခြေကုပ်ရယူရန် ကြိုးပမ်းလာခဲ့သည်။ (၂၀၁၈) ခုနှစ်တွင် ရခိုင်ပြည်နယ်က တိုက်ပွဲဧရိယာ ပိုမိုကျယ်ပြန့်လာခဲ့ရာကြားတွင် အချိန်အချို့ကြာ တိုက်ပွဲငြိမ်သက်ခဲ့သေး၏။ သို့သော် (၂၀၂၃) ခုနှစ် နိုဝင်ဘာလ (၁၃) ရက်က စတင်သော AA ၏ တစ်ကျော့ပြန်တိုက်ခိုက်မှုအတွင်း စစ်တွေ မြို့နယ်၊ ကျောက်ဖြူမြို့နယ်နှင့် မာန်အောင် မြို့နယ်မှလွဲ၍ ရခိုင်ပြည်နယ်က အခြားမြို့နယ်များကို AA က ထိန်းချုပ်ခွင့်ရသွားခဲ့သည်။
ထိုသို့သောအခြေအနေတွင် ကျောင်းသားတစ်ဦးအတွက် တစ်နှစ် အတန်းနောက်ကျလည်း တစ်နှစ်နစ်နာသည်ဖြစ်ရာ ရခိုင်တွင် မည်သည့်အချိန် ကျောင်းပြန်ဖွင့်မည်ကိုမသိရသောကြောင့် ပညာ ရေး မျှော်တိုင်းဝေးသည့်အခြေအနေကိုဆိုက်နေသည်။ “ ပိတ်တာကဆိုရင် (၂၀၂၃)ခုနှစ် နိုဝင်ဘာလ လောက်ကတည်းက စပြီးတော့ပိတ်တယ်လို့ပြောရမယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါက တစ်ကျော့ပြန် တိုက်ပွဲတွေ ပြန်စတယ်။ ပြန်စပြီးတဲ့နောက်မှာ အဲဒီဟာနဲ့အတူ ကျောင်းတွေပါပိတ်လိုက်ရတဲ့ အနေ အထားအထိ ဖြစ်သွားတယ်။ တိုက်ပွဲစတာနဲ့တစ်ပြိုင်နက် မငြိမ်သက်တော့တဲ့အခါကျတော့ အဲဒီက တိုက်ပွဲဖြစ်တဲ့နေရာက ကျောင်းတွေက အရင်စပိတ်တယ်”ဟု ရခိုင်ဒေသခံတစ်ဦးကဆိုသည်။
ယခင် တိုက်ပွဲများကြောင့် အချို့နေရာများတွင် ကျောင်းအချို့ပိတ်ခဲ့သေးသော်လည်း နီးစပ်ရာ အစိုးရကျောင်းများတွင် ပညာဆက်လက်သင်ကြားနိုင်သေးသည်။ သို့သော် တိုက်ပွဲဧရိယာ ကျယ်ပြန့် လာသည်နှင့်အမျှ ပိတ်သည့်ကျောင်းကများလာပြီးနောက် AA ထိန်းချုပ်ရာဒေသများရှိ အစိုးရကျောင်း များမှာ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိတော့ပေ။
ရန်ကုန်အပါအဝင် အခြားမြို့နယ်နှင့် တိုင်းဒေသကြီးများသို့ စစ်ဘေးရှောင်ခဲ့ရသည့် မိသားစုများ အတွက်မူ ကလေးငယ်များကို ရောက်သည့်နေရာတွင် ပညာဆက်လက်သင်ကြားရန် ဆောင်ရွက်နိုင် သေးသော်လည်း ယင်းပမာဏက ရခိုင်ပြည်နယ်တစ်ခု လုံးစာလူဦးရေနှင့်နှိုင်းယှဉ်ပါက အနည်းစုသာဖြစ် သည်။ ရခိုင်ပြည်နယ်တွင် ကျန်ရစ်ခဲ့ကြရသူများမှာ ပညာရေးထက် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ဝမ်း ရေးကို ဦးစားပေးဖြေရှင်းရသောအခြေအနေဆိုက်သွားသည်။
AA လက်အောက်တွင် ကျောင်းမဖွင့်နိုင်တော့သည့်အခြေအနေတွင် ပရဟိတအသင်းများက ကိုယ်ထူကိုယ်ထ စာသင်ခြင်းများကိုပြုလုပ်ကြသည် ဟုဆိုသော်လည်း ယင်းမှာလည်း အနည်းစုသာဖြစ် သည်။ ထို့ပြင် အစိုးရကျောင်းကဲ့သို့ တရားဝင်အတန်း တက်ခြင်းလည်း မပြုလုပ်နိုင်ပါ။
“အစိုးရရဲ့ကျောင်းတွေတော့ ပြန်မဖွင့်တော့ဘဲနဲ့ ပရဟိတကျောင်းပုံစံမျိုးတွေ အခုနောက်ပိုင်း ပြန်ဖွင့်လာကြတာ သိရတယ်။ ပရဟိတကျောင်းဆိုတာက ဒေသခံလူငယ်တွေကနေ ဥပမာ- ပုဏ္ဏား ကျွန်းလူငယ်အသင်းဆိုပြီးရှိတယ်။ မြို့နယ်အလိုက် လူငယ်အသင်းတွေရှိကြတယ်။ အဲဒီလိုအသင်းကနေ ပြီးတော့ ဦးစီးဦးဆောင်ပြီးဖွင့်ကြတာပေါ့။ အတန်းတင်ပုံစံမျိုးကတော့ မရှိတော့ဘူးပေါ့။ နားလည် အောင်၊ ဖတ်တတ်အောင်သင်ပေးတဲ့ပုံစံမျိုးနဲ့ပဲသွားတယ်လို့ပြောကြတယ်”ဟု အထက်ပါဒေသခံက ဆိုသည်။
ဥပမာအားဖြင့် ပြီးခဲ့သည့် ပညာသင်နှစ်က အခြေအနေနှစ်ခုကို နှိုင်းယှဉ်နိုင်မည်ဖြစ်သည်။ ထိုစဉ် က AA ဖော်ဆောင်ခဲ့သောတိုက်ပွဲကြောင့် ၎င်းတို့ထိန်းချုပ်ရာနယ်မြေဘက်တွင် တက္ကသိုလ်ဝင်စာမေးပွဲ မရှိခဲ့သော်လည်း အစိုးရထိန်းချုပ်ရာမြို့များတွင် စာမေးပွဲကျင်းပနိုင်ခဲ့သည်။
(၂၀၂၃ - ၂၀၂၄) ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ရခိုင်ပြည်နယ်မှ ဖြေဆိုသူ (၈၆၄၄) ဦး အနက် အောင်မြင်သူ ၅၂၅၃ ဦးရှိခဲ့သည့်အပြင် ထူးချွန်စွာအောင်မြင်ခဲ့သူများကိုလည်း ပြည်နယ်အစိုးရ က ဂုဏ်ပြုပွဲပြုလုပ်ခဲ့သည်။ ပို၍ ချီးကျူးစရာကောင်းသည်ကား ယင်းကျောင်းသားများအနက် အချို့မှာ အတားအဆီးများကြားက ပညာသင်ကြားခဲ့ရခြင်းဖြစ် သည်။ ဥပမာအားဖြင့် ထိုစဉ်က ကျောက်ဖြူ မြို့ နယ်တွင် ပညာသင်ကြားပေးနေသော ဆရာ၊ ဆရာမများကို AA ဘက်က ခြိမ်းခြောက်ခြင်းများရှိခဲ့သည်။ ထို့ပြင် ပညာလိုချင်သည့်အတွက် ကျေးရွာများမှ မြို့အထိ ကျောင်းလာတက်သော ကျောင်းသူ၊ ကျောင်းသားများသည်ပင် ဖိအားပေးခံရခြင်းများကြုံခဲ့ရသည်။
စစ်၏ဆိုးကျိုးကို ပြည်သူများထဲမှ ပြည်သူပင်ဖြစ်သော ဆရာ၊ ဆရာမများသည်လည်းခံကြရ သည်။ ထို့ကြောင့် နေရပ်စွန့်ခွာကြရာတွက် အထက်ပါ ဆရာ၊ ဆရာမများလည်းပါဝင်ခဲ့သည်။ အချို့ ဆရာ၊ ဆရာမများကလည်း နယ်မြေအခြေအနေကြောင့် နယ်ပြောင်းတင်ကြခြင်းများရှိလာသည်။ အသက်အရွယ်ကြီးရင့်သော ဆရာ၊ ဆရာမ အချို့ကလည်း ဖြစ်လိုရာဖြစ်စေတော့ဟုဆိုကာ မိမိဒေသ များတွင် တွယ်ကပ်နေခြင်းများလည်းရှိသည်။ အထက်ပါ ဆရာမများက စာသင်ခြင်းများလည်းရှိသည်။ ထို့ပြင် ရပ်ရွာအတွင်း အတန်းကြီးသူက အတန်းငယ်သူများကို ပြန်လည်သင်ကြားခြင်းများလည်းရှိသည်။ သို့သော် စာနှင့်မဝေးရုံသာဖြစ်သည်။
“(၁၀)တန်းလောက်ရှိတဲ့သူတွေ၊ တက္ကသိုလ်တက်နေတဲ့သူတွေကနေ အငယ်တန်းတွေကို ခေါ် သင်ပေါ့နော်။ ညဘက်ဆိုရင်တော့ လျှပ်စစ်မီးမရတော့ ခေါ်သင်လို့မရဘူး။ နေ့ခင်းပိုင်းတွေ၊ ညနေတွေ မှာ သင်ပေးကြတယ်ပေါ့။ အဲဒါကိုပဲ အဓိကထားပြီး သုံးနေရတယ်လို့ ကျွန်တော်တို့သိတယ်။ အတန်း ပညာကတော့ မရှိတော့ဘူး။ သေစာ၊ ရှင်စာ ဖတ်သလိုဖြစ်နေတာ။ စာမေးပွဲမရှိဘူး။ ကလေးတွေက အသက်ကြီး လာပေမယ့်လည်း သူတို့သင်ပေးသလောက်ပဲ တတ်ထားတာ” ဟု ရခိုင်တိုင်းရင်းသား လည်းဖြစ်သူ အမည်မဖော်လိုသည့်ရခိုင့်အရေးကျွမ်းကျင်သူ တစ်ဦးကဆိုသည်။ ပညာရေးနိမ့်နေပြီး စာသင်ကြားမှု ပျောက်ကွယ်လုအခြေအနေဆိုက်နေသည့် ရခိုင်ပြည်နယ်မှ ကလေးငယ်များအတွက် အခြားတစ်ဖက်တွင်ရှိနေသည့်အခြေအနေက စိတ်လေသည်ဆိုသောအခြင်း အရာဖြစ်သည်။ AA လက်အောက်တွင် တရားဥပဒေ စိုးမိုးမှုအားနည်းနေသည်ဖြစ်ရာ အစိုးရ၏ အရွယ် ရောက်သတ်မှတ်ချက် အသက်ဖြစ်သော (၁၈) နှစ်မှာ AA လက်အောက်တွင် အကျုံးဝင်ခြင်းမရှိပါ။
“ အခု ရွာတွေမှာ (၁၀)တန်းကျောင်းသားတွေ (၁၆)နှစ်နဲ့ အိမ်ထောင်ကျတာရှိတယ်။ (၁၇)နှစ် နဲ့ အိမ်ထောင်ကျတာရှိလာတယ်။ ဒါ ပညာရေး ဆုံးခန်းတိုင်သွားပြီလို့ပြောလို့ရတယ်။ ရှေးလာမယ့် (၃)နှစ် လောက်နဲ့ (၄)နှစ်လောက်အတွင်းမှာ သူတို့သည် အသက်(၂၀)ဖြစ်လာမှာပေါ့နော်။ အဲဒီအချိန်မှာ ကျောင်းပြန်ဖွင့်ရင်လည်း သူတို့တက်ချင်စိတ်ရှိတော့မှာမဟုတ်ဘူး။ ကလေးတွေ၊ ဘာတွေရထားတဲ့ အနေထားမျိုးလည်း ဖြစ်ကောင်းဖြစ်သွားနိုင်တယ်လေ။ အဲဒီတော့ သူတို့ ကျောင်းမတက်တော့ဘူး”ဟု ၎င်းကဆိုသည်။
ပညာသင်ကြားခွင့်ဆုံးရှုံးခြင်း၊ ပညာဆက်လက်သင်ကြားလိုစိတ်နည်းပါးသွားခြင်း၏ နောက် ဆက်တွဲအဖြစ် ကလေးငယ်များ၏ ဘဝရည်မှန်းချက်များမှာ စုံးစုံးမြုပ်ပျောက်ကွယ်သွားသည်။ အချို့က မိဘလက်ငုပ်လက်ရင်းများကို ပြန်လည်လုပ်ကိုင်ခြင်း များလည်းရှိနိုင်သည်။ ပိုင်ဆိုင်မှုအားနည်းသူများ အတွက်မူ ပညာဖြင့်အသက်မွေးရန် လွယ်ကူတော့မည်မဟုတ်ပေ။ “အရင်ကလို ခရီးသွားလုပ်ငန်းလေး တွေ ဖွင့်ရင် အဲဒီဟာလေးတွေမှာ ဝင်လုပ်၊ ဆိုင်ကယ်မောင်း၊ ဘာမောင်း ဒီဥစ္စာလေးတွေနဲ့ပဲ ဘဝပြီးသွား တော့မယ့်အနေအထားဖြစ်သွားပြီပေါ့။ အဲဒီမှာ ကျန်ခဲ့တဲ့ကလေးတွေရဲ့ဘဝကတော့ ဆုံးသွားပြီလို့ပြောရမယ်”ဟု ၎င်းက တိုးညင်းသောအသံဖြင့်ဆိုသည်။
ပညာရေးနောက်ကျသွားသော ကလေးငယ်များအတွက် ကုစားပေးရန်မှာမလွယ်ကူပါ။ ရခိုင် ပြည်နယ်သည် AA ၏ လက်အောက်တွင် ပိုမိုအကျပ်အတည်း တွေ့ဖွယ်ရာရှိသည်။ အဘက်ဘက်က နိမ့်ကျနေသော အခြေအနေတွင် AA ကြုံရမည့်အကြီးဆုံးပြဿနာကား မလာသေးပါ။ ယင်းပြဿနာက မြို့ပြအုပ်ချုပ်မှု စနစ်တကျထူထောင်ရန်နှင့် ပြန်လည်ထူထောင်ရေးဖြစ်သည်။ လက်ရှိ AA ထိန်းချုပ်ရာ ဒေသများတွင် အရပ်ဘက်အုပ်ချုပ်ရေးများကို စတင်လည်ပတ်နေပြီဟုဆိုသော်လည်း အပြည့်အဝ လည်ပတ်နိုင်ပြီဟု မဆိုနိုင်ပါ။ တစ်ကျောင်း တစ်ဂါထာ တစ်ရွာတစ်ပုဒ် ဆန်း အုပ်ချုပ်ရေးပုံစံဖြင့် သွားနေခြင်းဖြစ်သည်။
ထို့ပြင် ခါတော်မီ စုဆောင်းထားရသည့် ယင်းတို့၏ အရပ်ဘက်အုပ်ချုပ်ရေးအရာရှိများ၏ စွမ်း ဆောင်ရည်မှာလည်း မေးခွန်းထုတ်စရာအပြည့်ဖြင့် ရှိနေသည်။ အရပ်ဘက်အရာရှိအချို့ကလည်း စစ် သားများကိုအတုယူကာ ပညာပြလိုသည်။ ခါးတွင် သေနတ်ချိတ်လိုသူကလည်း မရှား။ အဆိုပါ အနေ အထားတွင် ပညာရေးသည် နောက်ဆုံးတွင်ပင်ရှိပေလိမ့် ဦးမည်။ သို့မဟုတ် ကျောင်းများကို ပြန်ဖွင့်ပါ ကလည်း အားလုံးပါဝင်နိုင်ရေးမှာ မလွယ်ကူပါ။
ကျောင်းများပြန်ဖွင့်သည်ဆိုလျှင်လည်း တက်ရောက်မည့်ကျောင်းသားပမာဏက များစွာ ရှိလိမ့်မည်မဟုတ်။ ပညာရေးကို စိတ်မဝင်စားတော့သည့် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းခန်း အတွင်း ပြန်လည်ခေါ်ယူရန်အခြေအနေမှာ အပြောထက် အလုပ်ကပိုခက်ကြောင်း ယခင်ကပင် ကြုံဖူး ကြပေပြီ။ AA ၏ နယ်မြေစိုးမိုးရေးအိပ်မက်သည် ကလေးငယ်များကိုပါ ထည့်သွင်းစဉ်းစားခဲ့ပါ သလော ဟု မေးခွန်းထုတ်ရတော့မည်ဖြစ်သည်။ ရခိုင်ပြည်နယ်သို့ စစ်ပွဲများကို AA က တင်သွင်းလာခဲ့ပြီး ရခိုင် ကလေးငယ်များ၏ပညာရေးကို ပန်းကောင်းအညွန့်ချိုးခဲ့ပြီဟုဆိုချင်သည်။ မြန်မာနိုင်ငံတွင် သူ့ဘက်၊ ကိုယ့်ဘက် စသည်ဖြင့် ဘက်များစွာရှိသော်လည်း အားလုံးအတွက် မေးခွန်းထုတ်စရာတစ်ခုလည်း ရှိနေပါသေးသည်။ ယင်းမေးခွန်းကား စာသင်သား အရွယ်ကလေးငယ်များ၏အိပ်မက်ကိုဖျက်ဆီးကြ မည်လောဟု ဖြစ်သည်။ အနာဂတ်တွင် အဖြေက စောင့်ကြိုနေပေလိမ့်မည်။
zawgyi version
အ႐ြယ္မတိုင္မီ ဆုံးခန္းတိုင္သြားသည့္ ရခိုင္မွ ဉာဏ္အလင္းေရာင္မ်ား
သုတေက်ာ္၊ခ်ယ္ရီ (NP News) - မတ္ ၅
ယခု ပညာသင္ႏွစ္အတြက္ တကၠသိုလ္ဝင္ စာေမးပြဲကို မတ္လ (၁၇) ရက္မွ (၂၂) ရက္အထိ ျပဳ လုပ္ေတာ့မည္ျဖစ္သည္။ ယင္းအတြက္ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားသည္လည္း ႀကိဳတင္ရင္ခုန္ေနၾက ေပေတာ့မည္။ သို႔ေသာ္ ျမန္မာႏိုင္ငံအတြင္းက တခ်ိဳ႕ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္မူ ယင္းအခြင့္ အေရးကို လက္လြတ္ခဲ့ရၿပီျဖစ္သည္။
စစ္သည္ ဆိုးက်ိဳးမ်ားကို ယူလာတတ္စၿမဲ ျဖစ္ရာ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ခ်င္းျပည္နယ္၊ ရခိုင္ ျပည္နယ္၊ ကယားျပည္နယ္၊ အညာေဒသ စသည္ျဖင့္ ေနရာမ်ားရွိ တိုက္ပြဲျဖစ္ေဒသမ်ားမွ ကေလးငယ္မ်ားမွာ စစ္၏ဆိုးက်ိဳးအျဖစ္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ပညာသင္ၾကားခြင့္ဆုံးရႈံးေနရသည္။
တိုက္ပြဲျဖစ္ေဒသမွကေလးမ်ားအနက္ အခ်ိဳ႕မွာ စစ္ေဘးေရွာင္ရေသာေၾကာင့္ ပညာမသင္ႏိုင္ ၾက။ တခ်ိဳ႕ကေလးငယ္မ်ားမွာမူ တကူးတကပင္ ပညာသင္ၾကားခြင့္ကိုကန႔္သတ္ခံထားရသည္။ ဥပမာ အားျဖင့္ ျဖဴးၿမိဳ႕နယ္ရွိ PDF ႀကီးစိုးရာနယ္ေျမတြင္ လက္နက္ကိုင္မ်ားက အစိုးရပညာေရးသင္ၾကားရန္ ခြင့္မျပဳေပ။ အညာေဒသမွ အခ်ိဳ႕ေနရာမ်ားတြင္ အစိုးရကေပးေသာပညာေရးကို သင္ၾကားသည့္အတြက္ ဟုဆိုကာ PDF မ်ားက ဒဏ္ေပးျခင္းမ်ားပင္ရွိသည္။
“ကေလးေတြကို အစိုးရေက်ာင္းမွာ စာသင္ခြင့္မေပးဘူး။ အစိုးရေက်ာင္း တက္ခြင့္မေပးဘူး။ သူတို႔က ပညာသင္ေပးတာလုပ္မယ္။ အြန္လိုင္းက သင္ေပးမယ္ဆိုေပမယ့္ ႐ြာမွာက အဲဒီလိုသင္ဖို႔အ တြက္ အေျခခံပစၥည္းေတြက အိမ္တိုင္းမွာမွမရွိတာ” ဟု ျဖဴးၿမိဳ႕နယ္ ေဒသခံတစ္ဦးက ရင္ဖြင့္သည္။
အခ်ိဳ႕က စစ္ေဘးေရွာင္ရင္း ေရာက္သည့္ေနရာတြင္ ပညာသင္ၾကားႏိုင္ေသာေၾကာင့္ အဆင္ ေျပသည္ဟုဆိုႏိုင္သည္။ အခ်ိဳ႕ကေလးငယ္မ်ားအတြက္မူ လက္နက္ကိုင္မ်ားထိန္းခ်ဳပ္ထားသည့္ေနရပ္ တြင္ပင္ ဆက္လက္ပညာသင္ၾကားရန္ အခြင့္အေရး ရွိသေယာင္ေယာင္ထင္ရသည္။ သို႔ေသာ္ မဟုတ္ပါ။ “ကြၽန္မကေလးေတြကို အတန္းစာ ေကာင္းေကာင္း သင္ေပးခ်င္တယ္။ ပေလာင္ေတြက ေက်ာင္းေတြျပန္ ဖြင့္မယ္ဆိုေပမယ့္ ပေလာင္စာလည္း တစ္ဘာသာ သင္ရမယ္ေျပာတယ္။ တစ္သက္လုံး ကိုယ့္ရွမ္းျပည္ မွာ ေနခဲ့ၿပီး အခုမွ ပေလာင္စာသင္ရမယ္ဆိုေတာ့လည္း မဟုတ္ေသးဘူးေလ။ ၿပီးေတာ့ သူတို႔ေျပာတဲ့ ေက်ာင္းေတြက ျပန္မွမဖြင့္ႏိုင္ေသးတာ။ သူတို႔ကသာ ဖြင့္မယ္ ေျပာေနတာေလ။ ကိုယ့္ကေလး နစ္နာမွာ ဆိုေတာ့ ရန္ကုန္မွာပဲ ေက်ာင္းထားလိုက္ေတာ့တယ္”ဟု ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ စစ္ေဘးေရွာင္လာ ခဲ့သူ အသက္ (၃၇) ႏွစ္အ႐ြယ္အမ်ိဳးသမီးတစ္ဦးက NP News သို႔ေျပာသည္။
အထက္ပါအေျခအေနမ်ားသည္ လက္ရွိ ရခိုင္ျပည္နယ္ကအေျခအေနမ်ားႏွင့္ ဆင္တူသည္ဟု ဆိုႏိုင္ေသာ္လည္း အမွန္တကယ္တြင္မူ ကြဲျပားျခားနားေနသည္။ AA လက္ေအာက္တြင္ ပညာေရးအ တြက္ ေႏွာင့္ေႏွးေသာအေျခအေနကို ကေလးငယ္မ်ား ႏွင့္ ေက်ာင္းသားမိဘမ်ား ရင္ဆိုင္ေနရသည္။ ရခိုင္ ျပည္နယ္တြင္ AA အဖြဲ႕က တိုက္ပြဲမ်ားေဖာ္ေဆာင္လာၿပီးေနာက္ ရခိုင္ျပည္နယ္၏အေျခအေနမွာ အဘက္ဘက္က နိမ့္က်သြားခဲ့သည္။ စီးပြားေရး၊ က်န္းမာေရး၊ ပညာေရး၊ လူမႈေရး စသည္ျဖင့္ ထိခိုက္ခဲ့ ရာတြင္ ကေလးငယ္မ်ား၏ ပညာေရးထိခိုက္မႈက အဆိုးဆုံးအေနအထားအထိ ေရာက္သြားခဲ့ၿပီျဖစ္သည္။
(၂၀၁၅) ခုႏွစ္မွစတင္ကာ တပ္မေတာ္ ႏွင့္ AA အၾကား တိုက္ပြဲအခ်ိဳ႕စတင္ျဖစ္ပြားၿပီး ေနာက္ ရခိုင္ျပည္နယ္တြင္ AA က ေျခကုပ္ရယူရန္ ႀကိဳးပမ္းလာခဲ့သည္။ (၂၀၁၈) ခုႏွစ္တြင္ ရခိုင္ျပည္နယ္က တိုက္ပြဲဧရိယာ ပိုမိုက်ယ္ျပန႔္လာခဲ့ရာၾကားတြင္ အခ်ိန္အခ်ိဳ႕ၾကာ တိုက္ပြဲၿငိမ္သက္ခဲ့ေသး၏။ သို႔ေသာ္ (၂၀၂၃) ခုႏွစ္ ႏိုဝင္ဘာလ (၁၃) ရက္က စတင္ေသာ AA ၏ တစ္ေက်ာ့ျပန္တိုက္ခိုက္မႈအတြင္း စစ္ေတြ ၿမိဳ႕နယ္၊ ေက်ာက္ျဖဴၿမိဳ႕နယ္ႏွင့္ မာန္ေအာင္ ၿမိဳ႕နယ္မွလြဲ၍ ရခိုင္ျပည္နယ္က အျခားၿမိဳ႕နယ္မ်ားကို AA က ထိန္းခ်ဳပ္ခြင့္ရသြားခဲ့သည္။
ထိုသို႔ေသာအေျခအေနတြင္ ေက်ာင္းသားတစ္ဦးအတြက္ တစ္ႏွစ္ အတန္းေနာက္က်လည္း တစ္ႏွစ္နစ္နာသည္ျဖစ္ရာ ရခိုင္တြင္ မည္သည့္အခ်ိန္ ေက်ာင္းျပန္ဖြင့္မည္ကိုမသိရေသာေၾကာင့္ ပညာ ေရး ေမွ်ာ္တိုင္းေဝးသည့္အေျခအေနကိုဆိုက္ေနသည္။ “ ပိတ္တာကဆိုရင္ (၂၀၂၃)ခုႏွစ္ ႏိုဝင္ဘာလ ေလာက္ကတည္းက စၿပီးေတာ့ပိတ္တယ္လို႔ေျပာရမယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အဲဒါက တစ္ေက်ာ့ျပန္ တိုက္ပြဲေတြ ျပန္စတယ္။ ျပန္စၿပီးတဲ့ေနာက္မွာ အဲဒီဟာနဲ႔အတူ ေက်ာင္းေတြပါပိတ္လိုက္ရတဲ့ အေန အထားအထိ ျဖစ္သြားတယ္။ တိုက္ပြဲစတာနဲ႔တစ္ၿပိဳင္နက္ မၿငိမ္သက္ေတာ့တဲ့အခါက်ေတာ့ အဲဒီက တိုက္ပြဲျဖစ္တဲ့ေနရာက ေက်ာင္းေတြက အရင္စပိတ္တယ္”ဟု ရခိုင္ေဒသခံတစ္ဦးကဆိုသည္။
ယခင္ တိုက္ပြဲမ်ားေၾကာင့္ အခ်ိဳ႕ေနရာမ်ားတြင္ ေက်ာင္းအခ်ိဳ႕ပိတ္ခဲ့ေသးေသာ္လည္း နီးစပ္ရာ အစိုးရေက်ာင္းမ်ားတြင္ ပညာဆက္လက္သင္ၾကားႏိုင္ေသးသည္။ သို႔ေသာ္ တိုက္ပြဲဧရိယာ က်ယ္ျပန႔္ လာသည္ႏွင့္အမွ် ပိတ္သည့္ေက်ာင္းကမ်ားလာၿပီးေနာက္ AA ထိန္းခ်ဳပ္ရာေဒသမ်ားရွိ အစိုးရေက်ာင္း မ်ားမွာ ပုံမွန္အတိုင္း ျပန္လည္ဖြင့္လွစ္ႏိုင္ျခင္းမရွိေတာ့ေပ။
ရန္ကုန္အပါအဝင္ အျခားၿမိဳ႕နယ္ႏွင့္ တိုင္းေဒသႀကီးမ်ားသို႔ စစ္ေဘးေရွာင္ခဲ့ရသည့္ မိသားစုမ်ား အတြက္မူ ကေလးငယ္မ်ားကို ေရာက္သည့္ေနရာတြင္ ပညာဆက္လက္သင္ၾကားရန္ ေဆာင္႐ြက္ႏိုင္ ေသးေသာ္လည္း ယင္းပမာဏက ရခိုင္ျပည္နယ္တစ္ခု လုံးစာလူဦးေရႏွင့္ႏႈိင္းယွဥ္ပါက အနည္းစုသာျဖစ္ သည္။ ရခိုင္ျပည္နယ္တြင္ က်န္ရစ္ခဲ့ၾကရသူမ်ားမွာ ပညာေရးထက္ ကုန္ေဈးႏႈန္းႀကီးျမင့္မႈေၾကာင့္ ဝမ္း ေရးကို ဦးစားေပးေျဖရွင္းရေသာအေျခအေနဆိုက္သြားသည္။
AA လက္ေအာက္တြင္ ေက်ာင္းမဖြင့္ႏိုင္ေတာ့သည့္အေျခအေနတြင္ ပရဟိတအသင္းမ်ားက ကိုယ္ထူကိုယ္ထ စာသင္ျခင္းမ်ားကိုျပဳလုပ္ၾကသည္ ဟုဆိုေသာ္လည္း ယင္းမွာလည္း အနည္းစုသာျဖစ္ သည္။ ထို႔ျပင္ အစိုးရေက်ာင္းကဲ့သို႔ တရားဝင္အတန္း တက္ျခင္းလည္း မျပဳလုပ္ႏိုင္ပါ။
“အစိုးရရဲ႕ေက်ာင္းေတြေတာ့ ျပန္မဖြင့္ေတာ့ဘဲနဲ႔ ပရဟိတေက်ာင္းပုံစံမ်ိဳးေတြ အခုေနာက္ပိုင္း ျပန္ဖြင့္လာၾကတာ သိရတယ္။ ပရဟိတေက်ာင္းဆိုတာက ေဒသခံလူငယ္ေတြကေန ဥပမာ- ပုဏၰား ကြၽန္းလူငယ္အသင္းဆိုၿပီးရွိတယ္။ ၿမိဳ႕နယ္အလိုက္ လူငယ္အသင္းေတြရွိၾကတယ္။ အဲဒီလိုအသင္းကေန ၿပီးေတာ့ ဦးစီးဦးေဆာင္ၿပီးဖြင့္ၾကတာေပါ့။ အတန္းတင္ပုံစံမ်ိဳးကေတာ့ မရွိေတာ့ဘူးေပါ့။ နားလည္ ေအာင္၊ ဖတ္တတ္ေအာင္သင္ေပးတဲ့ပုံစံမ်ိဳးနဲ႔ပဲသြားတယ္လို႔ေျပာၾကတယ္”ဟု အထက္ပါေဒသခံက ဆိုသည္။
ဥပမာအားျဖင့္ ၿပီးခဲ့သည့္ ပညာသင္ႏွစ္က အေျခအေနႏွစ္ခုကို ႏႈိင္းယွဥ္ႏိုင္မည္ျဖစ္သည္။ ထိုစဥ္ က AA ေဖာ္ေဆာင္ခဲ့ေသာတိုက္ပြဲေၾကာင့္ ၎တို႔ထိန္းခ်ဳပ္ရာနယ္ေျမဘက္တြင္ တကၠသိုလ္ဝင္စာေမးပြဲ မရွိခဲ့ေသာ္လည္း အစိုးရထိန္းခ်ဳပ္ရာၿမိဳ႕မ်ားတြင္ စာေမးပြဲက်င္းပႏိုင္ခဲ့သည္။
(၂၀၂၃ - ၂၀၂၄) ပညာသင္ႏွစ္ တကၠသိုလ္ဝင္တန္းတြင္ ရခိုင္ျပည္နယ္မွ ေျဖဆိုသူ (၈၆၄၄) ဦး အနက္ ေအာင္ျမင္သူ ၅၂၅၃ ဦးရွိခဲ့သည့္အျပင္ ထူးခြၽန္စြာေအာင္ျမင္ခဲ့သူမ်ားကိုလည္း ျပည္နယ္အစိုးရ က ဂုဏ္ျပဳပြဲျပဳလုပ္ခဲ့သည္။ ပို၍ ခ်ီးက်ဴးစရာေကာင္းသည္ကား ယင္းေက်ာင္းသားမ်ားအနက္ အခ်ိဳ႕မွာ အတားအဆီးမ်ားၾကားက ပညာသင္ၾကားခဲ့ရျခင္းျဖစ္ သည္။ ဥပမာအားျဖင့္ ထိုစဥ္က ေက်ာက္ျဖဴ ၿမိဳ႕ နယ္တြင္ ပညာသင္ၾကားေပးေနေသာ ဆရာ၊ ဆရာမမ်ားကို AA ဘက္က ၿခိမ္းေျခာက္ျခင္းမ်ားရွိခဲ့သည္။ ထို႔ျပင္ ပညာလိုခ်င္သည့္အတြက္ ေက်း႐ြာမ်ားမွ ၿမိဳ႕အထိ ေက်ာင္းလာတက္ေသာ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားသည္ပင္ ဖိအားေပးခံရျခင္းမ်ားႀကဳံခဲ့ရသည္။
စစ္၏ဆိုးက်ိဳးကို ျပည္သူမ်ားထဲမွ ျပည္သူပင္ျဖစ္ေသာ ဆရာ၊ ဆရာမမ်ားသည္လည္းခံၾကရ သည္။ ထို႔ေၾကာင့္ ေနရပ္စြန႔္ခြာၾကရာတြက္ အထက္ပါ ဆရာ၊ ဆရာမမ်ားလည္းပါဝင္ခဲ့သည္။ အခ်ိဳ႕ ဆရာ၊ ဆရာမမ်ားကလည္း နယ္ေျမအေျခအေနေၾကာင့္ နယ္ေျပာင္းတင္ၾကျခင္းမ်ားရွိလာသည္။ အသက္အ႐ြယ္ႀကီးရင့္ေသာ ဆရာ၊ ဆရာမ အခ်ိဳ႕ကလည္း ျဖစ္လိုရာျဖစ္ေစေတာ့ဟုဆိုကာ မိမိေဒသ မ်ားတြင္ တြယ္ကပ္ေနျခင္းမ်ားလည္းရွိသည္။ အထက္ပါ ဆရာမမ်ားက စာသင္ျခင္းမ်ားလည္းရွိသည္။ ထို႔ျပင္ ရပ္႐ြာအတြင္း အတန္းႀကီးသူက အတန္းငယ္သူမ်ားကို ျပန္လည္သင္ၾကားျခင္းမ်ားလည္းရွိသည္။ သို႔ေသာ္ စာႏွင့္မေဝး႐ုံသာျဖစ္သည္။
“(၁၀)တန္းေလာက္ရွိတဲ့သူေတြ၊ တကၠသိုလ္တက္ေနတဲ့သူေတြကေန အငယ္တန္းေတြကို ေခၚ သင္ေပါ့ေနာ္။ ညဘက္ဆိုရင္ေတာ့ လွ်ပ္စစ္မီးမရေတာ့ ေခၚသင္လို႔မရဘူး။ ေန႔ခင္းပိုင္းေတြ၊ ညေနေတြ မွာ သင္ေပးၾကတယ္ေပါ့။ အဲဒါကိုပဲ အဓိကထားၿပီး သုံးေနရတယ္လို႔ ကြၽန္ေတာ္တို႔သိတယ္။ အတန္း ပညာကေတာ့ မရွိေတာ့ဘူး။ ေသစာ၊ ရွင္စာ ဖတ္သလိုျဖစ္ေနတာ။ စာေမးပြဲမရွိဘူး။ ကေလးေတြက အသက္ႀကီး လာေပမယ့္လည္း သူတို႔သင္ေပးသေလာက္ပဲ တတ္ထားတာ” ဟု ရခိုင္တိုင္းရင္းသား လည္းျဖစ္သူ အမည္မေဖာ္လိုသည့္ရခိုင့္အေရးကြၽမ္းက်င္သူ တစ္ဦးကဆိုသည္။ ပညာေရးနိမ့္ေနၿပီး စာသင္ၾကားမႈ ေပ်ာက္ကြယ္လုအေျခအေနဆိုက္ေနသည့္ ရခိုင္ျပည္နယ္မွ ကေလးငယ္မ်ားအတြက္ အျခားတစ္ဖက္တြင္ရွိေနသည့္အေျခအေနက စိတ္ေလသည္ဆိုေသာအျခင္း အရာျဖစ္သည္။ AA လက္ေအာက္တြင္ တရားဥပေဒ စိုးမိုးမႈအားနည္းေနသည္ျဖစ္ရာ အစိုးရ၏ အ႐ြယ္ ေရာက္သတ္မွတ္ခ်က္ အသက္ျဖစ္ေသာ (၁၈) ႏွစ္မွာ AA လက္ေအာက္တြင္ အက်ဳံးဝင္ျခင္းမရွိပါ။
“ အခု ႐ြာေတြမွာ (၁၀)တန္းေက်ာင္းသားေတြ (၁၆)ႏွစ္နဲ႔ အိမ္ေထာင္က်တာရွိတယ္။ (၁၇)ႏွစ္ နဲ႔ အိမ္ေထာင္က်တာရွိလာတယ္။ ဒါ ပညာေရး ဆုံးခန္းတိုင္သြားၿပီလို႔ေျပာလို႔ရတယ္။ ေရွးလာမယ့္ (၃)ႏွစ္ ေလာက္နဲ႔ (၄)ႏွစ္ေလာက္အတြင္းမွာ သူတို႔သည္ အသက္(၂၀)ျဖစ္လာမွာေပါ့ေနာ္။ အဲဒီအခ်ိန္မွာ ေက်ာင္းျပန္ဖြင့္ရင္လည္း သူတို႔တက္ခ်င္စိတ္ရွိေတာ့မွာမဟုတ္ဘူး။ ကေလးေတြ၊ ဘာေတြရထားတဲ့ အေနထားမ်ိဳးလည္း ျဖစ္ေကာင္းျဖစ္သြားႏိုင္တယ္ေလ။ အဲဒီေတာ့ သူတို႔ ေက်ာင္းမတက္ေတာ့ဘူး”ဟု ၎ကဆိုသည္။
ပညာသင္ၾကားခြင့္ဆုံးရႈံးျခင္း၊ ပညာဆက္လက္သင္ၾကားလိုစိတ္နည္းပါးသြားျခင္း၏ ေနာက္ ဆက္တြဲအျဖစ္ ကေလးငယ္မ်ား၏ ဘဝရည္မွန္းခ်က္မ်ားမွာ စုံးစုံးျမဳပ္ေပ်ာက္ကြယ္သြားသည္။ အခ်ိဳ႕က မိဘလက္ငုပ္လက္ရင္းမ်ားကို ျပန္လည္လုပ္ကိုင္ျခင္း မ်ားလည္းရွိႏိုင္သည္။ ပိုင္ဆိုင္မႈအားနည္းသူမ်ား အတြက္မူ ပညာျဖင့္အသက္ေမြးရန္ လြယ္ကူေတာ့မည္မဟုတ္ေပ။ “အရင္ကလို ခရီးသြားလုပ္ငန္းေလး ေတြ ဖြင့္ရင္ အဲဒီဟာေလးေတြမွာ ဝင္လုပ္၊ ဆိုင္ကယ္ေမာင္း၊ ဘာေမာင္း ဒီဥစၥာေလးေတြနဲ႔ပဲ ဘဝၿပီးသြား ေတာ့မယ့္အေနအထားျဖစ္သြားၿပီေပါ့။ အဲဒီမွာ က်န္ခဲ့တဲ့ကေလးေတြရဲ႕ဘဝကေတာ့ ဆုံးသြားၿပီလို႔ေျပာရမယ္”ဟု ၎က တိုးညင္းေသာအသံျဖင့္ဆိုသည္။
ပညာေရးေနာက္က်သြားေသာ ကေလးငယ္မ်ားအတြက္ ကုစားေပးရန္မွာမလြယ္ကူပါ။ ရခိုင္ ျပည္နယ္သည္ AA ၏ လက္ေအာက္တြင္ ပိုမိုအက်ပ္အတည္း ေတြ႕ဖြယ္ရာရွိသည္။ အဘက္ဘက္က နိမ့္က်ေနေသာ အေျခအေနတြင္ AA ႀကဳံရမည့္အႀကီးဆုံးျပႆနာကား မလာေသးပါ။ ယင္းျပႆနာက ၿမိဳ႕ျပအုပ္ခ်ဳပ္မႈ စနစ္တက်ထူေထာင္ရန္ႏွင့္ ျပန္လည္ထူေထာင္ေရးျဖစ္သည္။ လက္ရွိ AA ထိန္းခ်ဳပ္ရာ ေဒသမ်ားတြင္ အရပ္ဘက္အုပ္ခ်ဳပ္ေရးမ်ားကို စတင္လည္ပတ္ေနၿပီဟုဆိုေသာ္လည္း အျပည့္အဝ လည္ပတ္ႏိုင္ၿပီဟု မဆိုႏိုင္ပါ။ တစ္ေက်ာင္း တစ္ဂါထာ တစ္႐ြာတစ္ပုဒ္ ဆန္း အုပ္ခ်ဳပ္ေရးပုံစံျဖင့္ သြားေနျခင္းျဖစ္သည္။
ထို႔ျပင္ ခါေတာ္မီ စုေဆာင္းထားရသည့္ ယင္းတို႔၏ အရပ္ဘက္အုပ္ခ်ဳပ္ေရးအရာရွိမ်ား၏ စြမ္း ေဆာင္ရည္မွာလည္း ေမးခြန္းထုတ္စရာအျပည့္ျဖင့္ ရွိေနသည္။ အရပ္ဘက္အရာရွိအခ်ိဳ႕ကလည္း စစ္ သားမ်ားကိုအတုယူကာ ပညာျပလိုသည္။ ခါးတြင္ ေသနတ္ခ်ိတ္လိုသူကလည္း မရွား။ အဆိုပါ အေန အထားတြင္ ပညာေရးသည္ ေနာက္ဆုံးတြင္ပင္ရွိေပလိမ့္ ဦးမည္။ သို႔မဟုတ္ ေက်ာင္းမ်ားကို ျပန္ဖြင့္ပါ ကလည္း အားလုံးပါဝင္ႏိုင္ေရးမွာ မလြယ္ကူပါ။
ေက်ာင္းမ်ားျပန္ဖြင့္သည္ဆိုလွ်င္လည္း တက္ေရာက္မည့္ေက်ာင္းသားပမာဏက မ်ားစြာ ရွိလိမ့္မည္မဟုတ္။ ပညာေရးကို စိတ္မဝင္စားေတာ့သည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို ေက်ာင္းခန္း အတြင္း ျပန္လည္ေခၚယူရန္အေျခအေနမွာ အေျပာထက္ အလုပ္ကပိုခက္ေၾကာင္း ယခင္ကပင္ ႀကဳံဖူး ၾကေပၿပီ။ AA ၏ နယ္ေျမစိုးမိုးေရးအိပ္မက္သည္ ကေလးငယ္မ်ားကိုပါ ထည့္သြင္းစဥ္းစားခဲ့ပါ သေလာ ဟု ေမးခြန္းထုတ္ရေတာ့မည္ျဖစ္သည္။ ရခိုင္ျပည္နယ္သို႔ စစ္ပြဲမ်ားကို AA က တင္သြင္းလာခဲ့ၿပီး ရခိုင္ ကေလးငယ္မ်ား၏ပညာေရးကို ပန္းေကာင္းအၫြန႔္ခ်ိဳးခဲ့ၿပီဟုဆိုခ်င္သည္။ ျမန္မာႏိုင္ငံတြင္ သူ႔ဘက္၊ ကိုယ့္ဘက္ စသည္ျဖင့္ ဘက္မ်ားစြာရွိေသာ္လည္း အားလုံးအတြက္ ေမးခြန္းထုတ္စရာတစ္ခုလည္း ရွိေနပါေသးသည္။ ယင္းေမးခြန္းကား စာသင္သား အ႐ြယ္ကေလးငယ္မ်ား၏အိပ္မက္ကိုဖ်က္ဆီးၾက မည္ေလာဟု ျဖစ္သည္။ အနာဂတ္တြင္ အေျဖက ေစာင့္ႀကိဳေနေပလိမ့္မည္။