အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် “ဒေါက်တာ ကာအိုကင်ဟွန်’’ က ဘယ်လိုလူစားမျိုးလဲ

 130

ဂျန်ဇက် (NP News) - မတ် ၆

အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ဒေါက်တာ ကာအိုကင်ဟွန်ဟာ ဖေဖော်ဝါရီ (၂၂) ရက်က အာဆီယံဥက္ကဋ္ဌ ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူး ကိုယ်စားလှယ်ဖြစ်တဲ့ မလေးရှားထိပ်တန်းသံတမန် တန်ဆရီ အိုတမန်ဟာရှင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီတွေ့ဆုံဆွေးနွေးပွဲအတွင်း အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာ ကာအိုကင်ဟွန်ဟာ အာဆီယံအလှည်ကျဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်ဖြစ်တဲ့ မလေးရှားသံတမန်ကို မြန်မာအရေးကိုင်တွယ်ဖြေရှင်းရာမှာ လုပ်ပိုင်ခွင့်တွေအတိုင်း လုပ်ဆောင်ဖို့ အကြံပြုပြောဆိုခဲ့တယ်လို့ သိရပါ တယ်။
မြန်မာနိုင်ငံမှာ (၂၀၂၁)ခုနှစ်က နိုင်ငံရေးပြဿနာတွေစတင်ဖြစ်လာခဲ့ပြီးနောက်ပိုင်း အာဆီယံအဖွဲ့ဟာ မြန်မာ့ အရေးဖြေရှင်းနိုင်ဖို့ ကြားဝင်ဆောင်ရွက်ခဲ့ပြီး မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား သဘော ထားကွဲလွဲမှုတွေလည်းဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အာဆီယံအထွေထွေအတွင်း ရေးမှူးချုပ်ဟာ မြန်မာ့အရေး အပါအဝင် အာဆီယံဒေသအတွင်း အခက်အခဲပြဿနာတွေကို ပါးနပ်စွာကိုင်တွယ်နိုင်ခဲ့ပြီး သဘောထား ပျော့ပျောင်းတဲ့ ချဉ်းကပ်မှုမျိုးနဲ့ လုပ်ဆောင်ဖို့ အားပေးခဲ့သူတွေထဲ ပါဝင်ခဲ့ပါတယ်။ အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာကာအို ကင်ဟွန်ဟာ (၂၀၂၂)ခုနှစ် ဩဂုတ်လမှာကျင်းပတဲ့ အာဆီယံအဖွဲ့ရဲ့ (၁၅)ဦး မြောက် အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။
ကာအိုကင်ဟွန်ကို အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ်ခြင်းကို အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး လက်ခံအတည်ပြုပေးခဲ့တယ်လို့ သိရပါတယ်။ ကာအိုကင်ဟွန်ဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ ထိပ်တန်း သံတမန် တစ်ဦးဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ် (၂၀၁၃ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ) တာဝန်ယူခဲ့ ဖူးပြီး ကမ္ဘောဒီးယားနိုင်ငံကို အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာစေဖို့ အဓိကကြိုးပမ်းပေးခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ ကာအိုကင်ဟွန်ကို (၁၉၆၆) ခုနှစ်က ကမ္ဘောဒီးယားနိုင်ငံ Kampong Cham ပြည်နယ် Koh Sotin အရပ်ဒေသမှာ မွေးဖွားခဲ့ပြီး သူရဲ့ဖခင်ဖြစ်သူဟာ ကျောင်းဆရာတစ်ဦးဖြစ်ပါတယ်။ ဒါပေမဲ့ ကာအိုကင်ဟွန်ရဲ့ဖခင်ဖြစ်သူဟာ ကမ္ဘောဒီးယားနိုင်ငံမှာ ခမာနီလူမျိုးတွေကြီးစိုးအုပ်ချုပ်ချိန်အတွင်း ကျောင်းဆရာတွေကို ပစ်မှတ် ထားအသတ်ခံရ မှုမှာ ပါဝင်ခဲ့ပါတယ်။ ကာအိုကင်ဟွန်နဲ့မိသားစုဟာ ခမာနီအုပ်ချုပ်ချိန်ကာလအတွင်း ထိုင်း နဲ့ ကမ္ဘောဒီးယား နယ်စပ်ဒေသရှိ ဒုက္ခသည်စခန်းမှာ နှစ်ပေါင်းများ စွာကြာနေထိုင်ခဲ့ပြီး အမေရိကန်နိုင်ငံမှာ ဒုက္ခသည်အဖြစ်နေ ထိုင်ဖို့ ခွင့်ပြုချက်ရရှိထားသူဖြစ်ပါတယ်။ ကာအိုကင်ဟွန်ဟာ ငယ်စဉ်ကဘဝကို ခက်ခဲစွာရုန်းကန်ခဲ့ရပေမယ့် ပညာရေးကို ကြိုးစားခဲ့ရာ အောင်မြင်မှုတွေရရှိခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်ပွားခဲ့ပြီးနောက် ခမာနီတွေဟာ နိုင်ငံကို အုပ်ချုပ်ခွင့်ရရှိခဲ့ပြီး လူမျိုးတုံး သတ်ဖြတ်မှုတွေကျူးလွန်ခဲ့ရာ ကာအိုကင်ဟွန်ဟာ နိုင်ငံအတွင်းဖြစ်ပွားတဲ့အကြမ်းဖက်မှုတွေကြောင့် ငယ်စဉ် ကလေးဘဝအတွင်း ပညာရေးကို ကောင်းမွန်စွာသင်ကြားနိုင်တာမျိုးမရှိခဲ့ပါဘူး။ ကာအိုကင်ဟွန်ဟာ အသက် (၁၆)နှစ်အရွယ်မှာ အမေရိကန်နိုင်ငံကို ကမ္ဘောဒီးယားဒုက္ခသည်အဖြစ် ပြောင်းရွှေ့နေထိုင်ခွင့်ရခဲ့ပြီး ဗာဂျီးနီးယားပြည်နယ် ဟန်ဒွန်အရပ်ဒေသမှာနေထိုင်ခဲ့ရပါတယ်။ ကာအိုကင်ဟွန်ဟာ အသက် (၁၆)နှစ် အရွယ်ရှိ ပေမယ့် အင်္ဂလိပ်စာ ကောင်းမွန်စွာမတတ်သလို ပညာရေး အခြေခံနည်းပါးခဲ့ပေမယ့် အမေရိကန်နိုင်ငံမှာပညာ သင်ကြားချိန်အတွင်း အသက် (၁၉)နှစ်အရွယ်မှာ ဒီပလိုမာရရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ကာအိုကင်ဟွန်ဟာ တက္ကဆက်ပြည်နယ် Baylor တက္ကသိုလ်မှာ ဆက်လက်ပညာသင်ကြားခဲ့ပြီး ဘီအေဘွဲ့ ရရှိခဲ့ကာ အိုဟိုင်းယိုးတက္က သိုလ်မှာလည်း မဟာဘွဲ့ ထပ်မံရရှိခဲ့ပြီး ဟာဝိုင်အီတက္ကသိုလ်ကနေ နိုင်ငံရေး သိပ္ပံနဲ့ နိုင်ငံတကာရေးရာဘာသာရပ် တွေနဲ့ ဒေါက်တာဘွဲ့ ထပ်မံရရှိခဲ့ပါတယ်။ ကာအိုကင်ဟွန်ဟာ အိန္ဒိယနိုင်ငံ Kalinga Institute of Industrial Technology (KIIT University) တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့အပြင် တောင်ကိုရီးယား နိုင်ငံ ဘူဆန် တက္ကသိုလ်ကလည်း ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ထပ်မံရယူနိုင်ခဲ့ပါတယ်။ ဒါ့ပြင် ကာအိုကင်ဟွန်ဟာ Zhengzhou University တက္ကသိုလ်ကနေ ဧည့်ပါမောက္ခဘွဲ့ကိုလည်း ထပ်မံရယူနိုင်ခဲ့ပါတယ်။
ကာအိုကင်ဟွန်ဟာ ဒေါက်တာဘွဲ့တွေ ရယူနိုင်ခဲ့ပြီးနောက် မကြာမီ ကမ္ဘောဒီးယားအစိုးရ အဖွဲ့တွေ၊ တက္ကသိုလ် တွေနဲ့ ဖောင်ဒေးရှင်းတွေမှာ ဆက်လက်တာဝန်ယူခဲ့ပါတယ်။ ကာအိုကင်ဟွန်ဟာ ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြား ရေးဝန်ကြီးဌာနရဲ့ အကြံပေးအဖြစ် (၁၉၉၆)ခုနှစ်ကနေ (၁၉၉၈)ခုနှစ်အထိ တာဝန်ယူခဲ့ဖူးသလို ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာန òန်ကြားရေးမှူးချုပ်အဖြစ်လည်း (၂၀ဝ၁)ခုနှစ်ကနေ (၂၀ဝ၄)ခုနှစ်အထိ တာဝန်ယူခဲ့ဖူးသူ ဖြစ်ပါတယ်။
ကာအိုကင်ဟွန်ဟာ ကမ္ဘောဒီးယားနိုင်ငံ ခြားရေးဝန်ကြီးဌာနမှာတာဝန်ယူခဲ့ပြီးနောက် နှစ်အနည်းငယ်အကြာ မှာပဲ ကိုယ်တိုင်တက္ကသိုလ်တစ်ခု တည်ထောင်ခဲ့ပြီး (၂၀၁၃)ခုနှစ်မှာ The University of Cambodia (UC) အမည်ရှိ တက္ကသိုလ်ကို ဦးဆောင်တည်ထောင်ခဲ့ပါတယ်။ ကာအိုကင်ဟွန် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှာ တာဝန်ယူချိန်အတွင်း အာဆီယံအဖွဲ့နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတည်ထောင်နိုင်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံကို အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာစေဖို့ ဦးဆောင်ကြိုးပမ်းခဲ့သူဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံနဲ့ အာဆီယံအဖွဲ့ကြား အာဆီယံကြေညာစာတမ်းနဲ့ပတ်သက်ပြီးဆွေးနွေးမှုတွေမှာ အဓိကဦးဆောင်ပါဝင်ခဲ့သူဖြစ်ပါတယ်။ ကာအိုကင်ဟွန်ဟာ အတွေ့ကြုံရင့်ကျက်တဲ့ သံတမန်တစ်ဦးဖြစ်ရာ နိုင်ငံခြားရေးဝန်ကြီးဌာနတွေအပြင် ကမ္ဘောဒီးယားအမြဲတမ်းကြက်ခြေနီကော်မတီရဲ့အဖွဲ့ဝင်တစ်ဦးအဖြစ်တာဝန်ယူခဲ့ဖူးသလို အာဆီယံအတွက် ကမ္ဘောဒီးယားနိုင်ငံရဲ့အထူးကိုယ်စားလှယ် တာဝန်တွေကိုထမ်းဆောင်ခဲ့ဖူးပါတယ်။ ကာအိုကင်ဟွန်ဟာဟာ (၂၀၁၃)ခုနှစ်မှာ ကမ္ဘောဒီးယားဝန်ကြီးချုပ်ရုံးရဲ့ဝန်ကြီးအဖြစ်ခန့်အပ်ခံရပြီး ကမ္ဘောဒီးယားနိုင်ငံရဲ့တက္ကသိုလ်ပညာ ရေးကဏ္ဍတွေမှာလည်း သုတေသီ၊ ဘုတ်အဖွဲ့ဝင်၊ ဒါရိုက်တာ စတဲ့ ရာထူးတာ ဝန်တွေကိုထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ကာအိုကင်ဟွန်ဟာ (၂၀၂၃)ခုနှစ်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနက် အာဆီယံအဖွဲ့အထွေ ထွေအတွင်းရေးမှူးချုပ်ရာထူးကို ရွေးချယ်ခန့်အပ်ခံရပြီး အာဆီယံအဖွဲ့ လက်ရှိရင်ဆိုင်နေရတဲ့ တောင်တရုတ် ပင်လယ်အရေးအငြင်းပွားမှုတွေ၊ မြန်မာ့အရေးနဲ့ ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေးတွေကို ပျော့ပျောင်းတဲ့ ချဉ်းကပ်မှုပုံစံမျိုးကို ချဉ်းကပ်နေသူတစ်ဦးအဖြစ် ရှုမြင်ခံထားရသူဖြစ်ပါတယ်။ ကာအိုကင်ဟွန်ဟာ မြန်မာ့အရေး ကို ဖြေရှင်းနိုင်ဖို့ မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ဖူးသလို ကုလသမဂ္ဂအဖွဲ့တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံဆွေးနွေးခဲ့သူဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ (၂၀၂၁)ခုနှစ်က နိုင်ငံရေး ပြဿနာတွေဖြစ်လာခဲ့ပြီးနောက်ပိုင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့ဟာ အာဆီယံအဖွဲ့နဲ့ မြန်မာနိုင်ငံကြား ရရှိထားတဲ့အာဆီယံသဘောတူညီချက်ငါးချက်ကို ထိရောက်စွာအကောင် အထည်ဖော်ဖို့ ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံကို အဖွဲ့ဝင်နိုင်ငံအဖြစ်ကနေဖယ်ထုတ်ဖို့ စတဲ့ တောင်းဆိုချက်တွေ ရှိခဲ့ ပေမယ့် အာဆီယံအဖွဲ့အတွင်းရေးမှူးချုပ် ကာအိုကင်ဟွန်ဟာ အဲဒီတောင်းဆိုချက်တွေကို ငြင်းဆန်ပယ်ချခဲ့ဖူးပြီး မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ ဆက်လက်ဆွေးနွေးရမယ်လို့ တောင်းဆိုခဲ့ဖူးသူဖြစ်ပါတယ်။ ကာအိုကင်ဟွန်ဟာ ပြီးခဲ့တဲ့ (၂၀၂၄)ခုနှစ်အောက်တို ဘာလက ကျင်းပခဲ့တဲ့ အာဆီယံအစည်းအဝေးတစ်ခုအတွင်း မြန်မာ့အရေးနဲ့ ပတ်သက်ပြီး တုံ့ပြန်ပြောဆိုခဲ့ရာမှာ “အာဆီယံအဖွဲ့ဟာ မြန်မာနိုင်ငံနဲ့ ဆက်လက်ဆွေးနွေးရမယ်။ မြန်မာ့အရေးကို ဖြေရှင်းနိုင်ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံ အားလုံးဟာ အချိန်ယူသည်းခံရမယ်။ မြန်မာ့အရေးဟာ ခက်ခဲရှုပ်ထွေးမှုတွေ များပြားနေတဲ့အတွက် ချက် ချင်းဖြေရှင်းနိုင်မယ် လို့မျှော်လင့်ထားလို့မရဘူး” လို့ ပြောခဲ့ဖူးပါတယ်။
ကာအိုကင်ဟွန်ရဲ့ပြောဆိုချက်တွေဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ ရပ်တည်မှုမျိုး ဖြစ်ပြီး မြန်မာ့အရေးအခက်ခဲတွေကို ကောင်းစွာနားလည်သဘောပေါက်သူအဖြစ် ရှုမြင်နိုင်ပါတယ်။ အာဆီယံအဖွဲ့ဟာ မြန်မာ့အရေးကို ကြားဝင်ဖြေရှင်းနိုင်ဖို့ (၄)နှစ်ကျော်ကြာကြိုးပမ်းခဲ့ပေမယ့် အာဆီယံသဘောတူညီချက်ငါးချက်ကို သိသာတိုး တက်အောင်မဆောင်ရွက်နိုင်တဲ့အတွက် ဝေဖန်ပြစ်တင်မှုတွေရင်ဆိုင်ခဲ့ရပေမယ့် အာဆီယံအထွေထွေ အရေးမှူးချုပ် ကာအိုကင်ဟွန်ကတော့ သံတမန်ရေး အခက်ခဲတွေကိုချဉ်းကပ်ဖြေရှင်းရာမှာ ပျော့ပျောင်းတဲ့ နည်းလမ်းနဲ့ ဆွေးနွေးဖြေရှင်းဖို့ လိုလားနေသူဖြစ်ပြီး အောင်မြင်မှုတွေလည်းရယူနိုင်ခဲ့ပါတယ်။ ကာအိုကင်ဟွန်ဟာ အာဆီယံအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ်တာဝန်ယူချိန်အတွင်း ဒေသအတွင်း အခက်အခဲပြဿနာတွေကို ပျော့ပျောင်းတဲ့ သံတမန်နည်းလမ်းနဲ့ ဘယ်လောက်အထိ ကိုင်တွယ်ဖြေရှင်းပေးနိုင်မလဲဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်ရဖွယ်ရှိနေပါတယ်။

Zawgyi Version:
အာဆီယံအေထြေထြအတြင္းေရးမႉးခ်ဳပ္ “ေဒါက္တာ ကာအိုကင္ဟြန္’’ က ဘယ္လိုလူစားမ်ိဳးလဲ
ဂ်န္ဇက္ (NP News) - မတ္ ၆

အာဆီယံအေထြေထြအတြင္းေရးမႉးခ်ဳပ္ေဒါက္တာ ကာအိုကင္ဟြန္ဟာ ေဖေဖာ္ဝါရီ (၂၂) ရက္က အာဆီယံဥကၠ႒ ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာအထူး ကိုယ္စားလွယ္ျဖစ္တဲ့ မေလးရွားထိပ္တန္းသံတမန္ တန္ဆရီ အိုတမန္ဟာရွင္နဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။ အဲဒီေတြ႕ဆုံေဆြးေႏြးပြဲအတြင္း အာဆီယံအေထြေထြအတြင္းေရးမႉးခ်ဳပ္ ေဒါက္တာ ကာအိုကင္ဟြန္ဟာ အာဆီယံအလွည္က်ဥကၠ႒ရဲ႕အထူးကိုယ္စားလွယ္ျဖစ္တဲ့ မေလးရွားသံတမန္ကို ျမန္မာအေရးကိုင္တြယ္ေျဖရွင္းရာမွာ လုပ္ပိုင္ခြင့္ေတြအတိုင္း လုပ္ေဆာင္ဖို႔ အႀကံျပဳေျပာဆိုခဲ့တယ္လို႔ သိရပါ တယ္။
ျမန္မာႏိုင္ငံမွာ (၂၀၂၁)ခုႏွစ္က ႏိုင္ငံေရးျပႆနာေတြစတင္ျဖစ္လာခဲ့ၿပီးေနာက္ပိုင္း အာဆီယံအဖြဲ႕ဟာ ျမန္မာ့ အေရးေျဖရွင္းႏိုင္ဖို႔ ၾကားဝင္ေဆာင္႐ြက္ခဲ့ၿပီး ျမန္မာ့အေရးနဲ႔ပတ္သက္ၿပီး အာဆီယံအဖြဲ႕ဝင္ႏိုင္ငံေတြၾကား သေဘာ ထားကြဲလြဲမႈေတြလည္းျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့ အာဆီယံအေထြေထြအတြင္း ေရးမႉးခ်ဳပ္ဟာ ျမန္မာ့အေရး အပါအဝင္ အာဆီယံေဒသအတြင္း အခက္အခဲျပႆနာေတြကို ပါးနပ္စြာကိုင္တြယ္ႏိုင္ခဲ့ၿပီး သေဘာထား ေပ်ာ့ေပ်ာင္းတဲ့ ခ်ဥ္းကပ္မႈမ်ိဳးနဲ႔ လုပ္ေဆာင္ဖို႔ အားေပးခဲ့သူေတြထဲ ပါဝင္ခဲ့ပါတယ္။ အာဆီယံအေထြေထြ အတြင္းေရးမႉးခ်ဳပ္ ေဒါက္တာကာအို ကင္ဟြန္ဟာ (၂၀၂၂)ခုႏွစ္ ဩဂုတ္လမွာက်င္းပတဲ့ အာဆီယံအဖြဲ႕ရဲ႕ (၁၅)ဦး ေျမာက္ အာဆီယံအေထြေထြ အတြင္းေရးမႉးခ်ဳပ္အျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရေၾကာင္း သိရပါတယ္။
ကာအိုကင္ဟြန္ကို အာဆီယံအေထြေထြအတြင္းေရးမႉးခ်ဳပ္အျဖစ္ ေ႐ြးခ်ယ္ျခင္းကို အာဆီယံအဖြဲ႕ဝင္ႏိုင္ငံအားလုံး လက္ခံအတည္ျပဳေပးခဲ့တယ္လို႔ သိရပါတယ္။ ကာအိုကင္ဟြန္ဟာ ကေမာၻဒီးယားႏိုင္ငံရဲ႕ ထိပ္တန္း သံတမန္ တစ္ဦးျဖစ္ၿပီး ကေမာၻဒီးယားႏိုင္ငံဝန္ႀကီးခ်ဳပ္႐ုံးဝန္ႀကီးအျဖစ္ (၂၀၁၃ ခုႏွစ္ကေန ၂၀၂၂ ခုႏွစ္အထိ) တာဝန္ယူခဲ့ ဖူးၿပီး ကေမာၻဒီးယားႏိုင္ငံကို အာဆီယံအဖြဲ႕ဝင္ႏိုင္ငံျဖစ္လာေစဖို႔ အဓိကႀကိဳးပမ္းေပးခဲ့သူတစ္ဦးလည္းျဖစ္ပါတယ္။ ကာအိုကင္ဟြန္ကို (၁၉၆၆) ခုႏွစ္က ကေမာၻဒီးယားႏိုင္ငံ Kampong Cham ျပည္နယ္ Koh Sotin အရပ္ေဒသမွာ ေမြးဖြားခဲ့ၿပီး သူရဲ႕ဖခင္ျဖစ္သူဟာ ေက်ာင္းဆရာတစ္ဦးျဖစ္ပါတယ္။ ဒါေပမဲ့ ကာအိုကင္ဟြန္ရဲ႕ဖခင္ျဖစ္သူဟာ ကေမာၻဒီးယားႏိုင္ငံမွာ ခမာနီလူမ်ိဳးေတြႀကီးစိုးအုပ္ခ်ဳပ္ခ်ိန္အတြင္း ေက်ာင္းဆရာေတြကို ပစ္မွတ္ ထားအသတ္ခံရ မႈမွာ ပါဝင္ခဲ့ပါတယ္။ ကာအိုကင္ဟြန္နဲ႔မိသားစုဟာ ခမာနီအုပ္ခ်ဳပ္ခ်ိန္ကာလအတြင္း ထိုင္း နဲ႔ ကေမာၻဒီးယား နယ္စပ္ေဒသရွိ ဒုကၡသည္စခန္းမွာ ႏွစ္ေပါင္းမ်ား စြာၾကာေနထိုင္ခဲ့ၿပီး အေမရိကန္ႏိုင္ငံမွာ ဒုကၡသည္အျဖစ္ေန ထိုင္ဖို႔ ခြင့္ျပဳခ်က္ရရွိထားသူျဖစ္ပါတယ္။ ကာအိုကင္ဟြန္ဟာ ငယ္စဥ္ကဘဝကို ခက္ခဲစြာ႐ုန္းကန္ခဲ့ရေပမယ့္ ပညာေရးကို ႀကိဳးစားခဲ့ရာ ေအာင္ျမင္မႈေတြရရွိခဲ့ပါတယ္။
ကေမာၻဒီးယားႏိုင္ငံမွာ ျပည္တြင္းစစ္ျဖစ္ပြားခဲ့ၿပီးေနာက္ ခမာနီေတြဟာ ႏိုင္ငံကို အုပ္ခ်ဳပ္ခြင့္ရရွိခဲ့ၿပီး လူမ်ိဳးတုံး သတ္ျဖတ္မႈေတြက်ဴးလြန္ခဲ့ရာ ကာအိုကင္ဟြန္ဟာ ႏိုင္ငံအတြင္းျဖစ္ပြားတဲ့အၾကမ္းဖက္မႈေတြေၾကာင့္ ငယ္စဥ္ ကေလးဘဝအတြင္း ပညာေရးကို ေကာင္းမြန္စြာသင္ၾကားႏိုင္တာမ်ိဳးမရွိခဲ့ပါဘူး။ ကာအိုကင္ဟြန္ဟာ အသက္ (၁၆)ႏွစ္အ႐ြယ္မွာ အေမရိကန္ႏိုင္ငံကို ကေမာၻဒီးယားဒုကၡသည္အျဖစ္ ေျပာင္းေ႐ႊ႕ေနထိုင္ခြင့္ရခဲ့ၿပီး ဗာဂ်ီးနီးယားျပည္နယ္ ဟန္ဒြန္အရပ္ေဒသမွာေနထိုင္ခဲ့ရပါတယ္။ ကာအိုကင္ဟြန္ဟာ အသက္ (၁၆)ႏွစ္ အ႐ြယ္ရွိ ေပမယ့္ အဂၤလိပ္စာ ေကာင္းမြန္စြာမတတ္သလို ပညာေရး အေျခခံနည္းပါးခဲ့ေပမယ့္ အေမရိကန္ႏိုင္ငံမွာပညာ သင္ၾကားခ်ိန္အတြင္း အသက္ (၁၉)ႏွစ္အ႐ြယ္မွာ ဒီပလိုမာရရွိခဲ့ပါတယ္။ အဲဒီေနာက္ပိုင္းမွာ ကာအိုကင္ဟြန္ဟာ တကၠဆက္ျပည္နယ္ Baylor တကၠသိုလ္မွာ ဆက္လက္ပညာသင္ၾကားခဲ့ၿပီး ဘီေအဘြဲ႕ ရရွိခဲ့ကာ အိုဟိုင္းယိုးတကၠ သိုလ္မွာလည္း မဟာဘြဲ႕ ထပ္မံရရွိခဲ့ၿပီး ဟာဝိုင္အီတကၠသိုလ္ကေန ႏိုင္ငံေရး သိပၸံနဲ႔ ႏိုင္ငံတကာေရးရာဘာသာရပ္ ေတြနဲ႔ ေဒါက္တာဘြဲ႕ ထပ္မံရရွိခဲ့ပါတယ္။ ကာအိုကင္ဟြန္ဟာ အိႏၵိယႏိုင္ငံ Kalinga Institute of Industrial Technology (KIIT University) တကၠသိုလ္မွ ဂုဏ္ထူးေဆာင္ေဒါက္တာဘြဲ႕အျပင္ ေတာင္ကိုရီးယား ႏိုင္ငံ ဘူဆန္ တကၠသိုလ္ကလည္း ဂုဏ္ထူးေဆာင္ ေဒါက္တာဘြဲ႕ကို ထပ္မံရယူႏိုင္ခဲ့ပါတယ္။ ဒါ့ျပင္ ကာအိုကင္ဟြန္ဟာ Zhengzhou University တကၠသိုလ္ကေန ဧည့္ပါေမာကၡဘြဲ႕ကိုလည္း ထပ္မံရယူႏိုင္ခဲ့ပါတယ္။
ကာအိုကင္ဟြန္ဟာ ေဒါက္တာဘြဲ႕ေတြ ရယူႏိုင္ခဲ့ၿပီးေနာက္ မၾကာမီ ကေမာၻဒီးယားအစိုးရ အဖြဲ႕ေတြ၊ တကၠသိုလ္ ေတြနဲ႔ ေဖာင္ေဒးရွင္းေတြမွာ ဆက္လက္တာဝန္ယူခဲ့ပါတယ္။ ကာအိုကင္ဟြန္ဟာ ကေမာၻဒီးယားႏိုင္ငံ ႏိုင္ငံျခား ေရးဝန္ႀကီးဌာနရဲ႕ အႀကံေပးအျဖစ္ (၁၉၉၆)ခုႏွစ္ကေန (၁၉၉၈)ခုႏွစ္အထိ တာဝန္ယူခဲ့ဖူးသလို ကေမာၻဒီးယား ႏိုင္ငံျခားေရးဝန္ႀကီးဌာန òန္ၾကားေရးမႉးခ်ဳပ္အျဖစ္လည္း (၂၀ဝ၁)ခုႏွစ္ကေန (၂၀ဝ၄)ခုႏွစ္အထိ တာဝန္ယူခဲ့ဖူးသူ ျဖစ္ပါတယ္။
ကာအိုကင္ဟြန္ဟာ ကေမာၻဒီးယားႏိုင္ငံ ျခားေရးဝန္ႀကီးဌာနမွာတာဝန္ယူခဲ့ၿပီးေနာက္ ႏွစ္အနည္းငယ္အၾကာ မွာပဲ ကိုယ္တိုင္တကၠသိုလ္တစ္ခု တည္ေထာင္ခဲ့ၿပီး (၂၀၁၃)ခုႏွစ္မွာ The University of Cambodia (UC) အမည္ရွိ တကၠသိုလ္ကို ဦးေဆာင္တည္ေထာင္ခဲ့ပါတယ္။ ကာအိုကင္ဟြန္ ကေမာၻဒီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာနမွာ တာဝန္ယူခ်ိန္အတြင္း အာဆီယံအဖြဲ႕နဲ႔ ေကာင္းမြန္တဲ့ဆက္ဆံေရးတည္ေထာင္ႏိုင္ခဲ့ၿပီး ကေမာၻဒီးယားႏိုင္ငံကို အာဆီယံအဖြဲ႕ဝင္ႏိုင္ငံျဖစ္လာေစဖို႔ ဦးေဆာင္ႀကိဳးပမ္းခဲ့သူျဖစ္ပါတယ္။ ကေမာၻဒီးယားႏိုင္ငံနဲ႔ အာဆီယံအဖြဲ႕ၾကား အာဆီယံေၾကညာစာတမ္းနဲ႔ပတ္သက္ၿပီးေဆြးေႏြးမႈေတြမွာ အဓိကဦးေဆာင္ပါဝင္ခဲ့သူျဖစ္ပါတယ္။ ကာအိုကင္ဟြန္ဟာ အေတြ႕ႀကဳံရင့္က်က္တဲ့ သံတမန္တစ္ဦးျဖစ္ရာ ႏိုင္ငံျခားေရးဝန္ႀကီးဌာနေတြအျပင္ ကေမာၻဒီးယားအၿမဲတမ္းၾကက္ေျခနီေကာ္မတီရဲ႕အဖြဲ႕ဝင္တစ္ဦးအျဖစ္တာဝန္ယူခဲ့ဖူးသလို အာဆီယံအတြက္ ကေမာၻဒီးယားႏိုင္ငံရဲ႕အထူးကိုယ္စားလွယ္ တာဝန္ေတြကိုထမ္းေဆာင္ခဲ့ဖူးပါတယ္။ ကာအိုကင္ဟြန္ဟာဟာ (၂၀၁၃)ခုႏွစ္မွာ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္႐ုံးရဲ႕ဝန္ႀကီးအျဖစ္ခန႔္အပ္ခံရၿပီး ကေမာၻဒီးယားႏိုင္ငံရဲ႕တကၠသိုလ္ပညာ ေရးက႑ေတြမွာလည္း သုေတသီ၊ ဘုတ္အဖြဲ႕ဝင္၊ ဒါ႐ိုက္တာ စတဲ့ ရာထူးတာ ဝန္ေတြကိုထမ္းေဆာင္ခဲ့ဖူးသူ ျဖစ္ပါတယ္။ ကာအိုကင္ဟြန္ဟာ (၂၀၂၃)ခုႏွစ္မွာ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံေတြအနက္ အာဆီယံအဖြဲ႕အေထြ ေထြအတြင္းေရးမႉးခ်ဳပ္ရာထူးကို ေ႐ြးခ်ယ္ခန႔္အပ္ခံရၿပီး အာဆီယံအဖြဲ႕ လက္ရွိရင္ဆိုင္ေနရတဲ့ ေတာင္တ႐ုတ္ ပင္လယ္အေရးအျငင္းပြားမႈေတြ၊ ျမန္မာ့အေရးနဲ႔ ေဒသအတြင္း ဖြံ႕ၿဖိဳးတိုးတက္ေရးေတြကို ေပ်ာ့ေပ်ာင္းတဲ့ ခ်ဥ္းကပ္မႈပုံစံမ်ိဳးကို ခ်ဥ္းကပ္ေနသူတစ္ဦးအျဖစ္ ရႈျမင္ခံထားရသူျဖစ္ပါတယ္။ ကာအိုကင္ဟြန္ဟာ ျမန္မာ့အေရး ကို ေျဖရွင္းႏိုင္ဖို႔ ျမန္မာအစိုးရတာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့ဖူးသလို ကုလသမဂၢအဖြဲ႕တာဝန္ရွိသူေတြ နဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့သူျဖစ္ပါတယ္။
ျမန္မာႏိုင္ငံမွာ (၂၀၂၁)ခုႏွစ္က ႏိုင္ငံေရး ျပႆနာေတြျဖစ္လာခဲ့ၿပီးေနာက္ပိုင္း အာဆီယံအဖြဲ႕ဝင္ႏိုင္ငံတခ်ိဳ႕ဟာ အာဆီယံအဖြဲ႕နဲ႔ ျမန္မာႏိုင္ငံၾကား ရရွိထားတဲ့အာဆီယံသေဘာတူညီခ်က္ငါးခ်က္ကို ထိေရာက္စြာအေကာင္ အထည္ေဖာ္ဖို႔ ရည္႐ြယ္ခ်က္နဲ႔ ျမန္မာႏိုင္ငံကို အဖြဲ႕ဝင္ႏိုင္ငံအျဖစ္ကေနဖယ္ထုတ္ဖို႔ စတဲ့ ေတာင္းဆိုခ်က္ေတြ ရွိခဲ့ ေပမယ့္ အာဆီယံအဖြဲ႕အတြင္းေရးမႉးခ်ဳပ္ ကာအိုကင္ဟြန္ဟာ အဲဒီေတာင္းဆိုခ်က္ေတြကို ျငင္းဆန္ပယ္ခ်ခဲ့ဖူးၿပီး ျမန္မာအစိုးရတာဝန္ရွိသူေတြနဲ႔ ဆက္လက္ေဆြးေႏြးရမယ္လို႔ ေတာင္းဆိုခဲ့ဖူးသူျဖစ္ပါတယ္။ ကာအိုကင္ဟြန္ဟာ ၿပီးခဲ့တဲ့ (၂၀၂၄)ခုႏွစ္ေအာက္တို ဘာလက က်င္းပခဲ့တဲ့ အာဆီယံအစည္းအေဝးတစ္ခုအတြင္း ျမန္မာ့အေရးနဲ႔ ပတ္သက္ၿပီး တုံ႔ျပန္ေျပာဆိုခဲ့ရာမွာ “အာဆီယံအဖြဲ႕ဟာ ျမန္မာႏိုင္ငံနဲ႔ ဆက္လက္ေဆြးေႏြးရမယ္။ ျမန္မာ့အေရးကို ေျဖရွင္းႏိုင္ဖို႔ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံ အားလုံးဟာ အခ်ိန္ယူသည္းခံရမယ္။ ျမန္မာ့အေရးဟာ ခက္ခဲရႈပ္ေထြးမႈေတြ မ်ားျပားေနတဲ့အတြက္ ခ်က္ ခ်င္းေျဖရွင္းႏိုင္မယ္ လို႔ေမွ်ာ္လင့္ထားလို႔မရဘူး” လို႔ ေျပာခဲ့ဖူးပါတယ္။
ကာအိုကင္ဟြန္ရဲ႕ေျပာဆိုခ်က္ေတြဟာ ျမန္မာ့အေရးနဲ႔ပတ္သက္ၿပီး အျပဳသေဘာေဆာင္တဲ့ ရပ္တည္မႈမ်ိဳး ျဖစ္ၿပီး ျမန္မာ့အေရးအခက္ခဲေတြကို ေကာင္းစြာနားလည္သေဘာေပါက္သူအျဖစ္ ရႈျမင္ႏိုင္ပါတယ္။ အာဆီယံအဖြဲ႕ဟာ ျမန္မာ့အေရးကို ၾကားဝင္ေျဖရွင္းႏိုင္ဖို႔ (၄)ႏွစ္ေက်ာ္ၾကာႀကိဳးပမ္းခဲ့ေပမယ့္ အာဆီယံသေဘာတူညီခ်က္ငါးခ်က္ကို သိသာတိုး တက္ေအာင္မေဆာင္႐ြက္ႏိုင္တဲ့အတြက္ ေဝဖန္ျပစ္တင္မႈေတြရင္ဆိုင္ခဲ့ရေပမယ့္ အာဆီယံအေထြေထြ အေရးမႉးခ်ဳပ္ ကာအိုကင္ဟြန္ကေတာ့ သံတမန္ေရး အခက္ခဲေတြကိုခ်ဥ္းကပ္ေျဖရွင္းရာမွာ ေပ်ာ့ေပ်ာင္းတဲ့ နည္းလမ္းနဲ႔ ေဆြးေႏြးေျဖရွင္းဖို႔ လိုလားေနသူျဖစ္ၿပီး ေအာင္ျမင္မႈေတြလည္းရယူႏိုင္ခဲ့ပါတယ္။ ကာအိုကင္ဟြန္ဟာ အာဆီယံအဖြဲ႕ အေထြေထြအတြင္းေရးမႉးခ်ဳပ္တာဝန္ယူခ်ိန္အတြင္း ေဒသအတြင္း အခက္အခဲျပႆနာေတြကို ေပ်ာ့ေပ်ာင္းတဲ့ သံတမန္နည္းလမ္းနဲ႔ ဘယ္ေလာက္အထိ ကိုင္တြယ္ေျဖရွင္းေပးႏိုင္မလဲဆိုတာကို စိတ္ဝင္တစား ေစာင့္ၾကည့္ရဖြယ္ရွိေနပါတယ္။

Related news

© 2021. All rights reserved.