ဝန်ကြီးဌာနအချို့နှင့်အဖွဲ့အစည်းအချို့အနေဖြင့် အသုံးစရိတ်ပိုင်းတွင် မလိုအပ်ဘဲ လိုရမယ်ရ တင်ပြတောင်းခံခြင်းများကြောင့် နိုင်ငံတော်၏ အထွေထွေပိုလျှံငွေများ ဖြစ်ပေါ်နေ

 706

ယွန်း (NP News) - မတ် ၆

ဝန်ကြီးဌာနအချို့နှင့်အဖွဲ့အစည်းအချို့အနေဖြင့် အသုံးစရိတ်ပိုင်းတွင် မလိုအပ်ဘဲ လိုရမယ်ရတင်ပြတောင်းခံခြင်း များကြောင့် နိုင်ငံတော်၏ အထွေထွေပိုလျှံငွေများဖြစ်ပေါ်နေကြောင်း ဘဏ္ဍာ‌‌ရေးဆိုင်ရာကော်မရှင်ဒုတိယဥက္ကဋ္ဌ က အသိပေးပြောကြားသည်။
ဘဏ္ဍာ‌‌ရေးဆိုင်ရာကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ နစကဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မတ်လ(၅) ရက်တွင် နစကဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၏ ပြည်‌ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများ စိစစ်ခြင်းဆိုင်ရာ အစည်းအဝေးတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြား ထားခြင်းဖြစ်သည်။
နိုင်ငံတော်အနေဖြင့် ဘဏ္ဍာရေးနှစ်အလိုက်အရ၊ အသုံးခန့်မှန်းခြေစာရင်း လျာထားရေးဆွဲရာတွင် ယေဘုယျ အနေဖြင့် လိုငွေနှင့်ဂျီဒီပီအချိုး (၅ ရာခိုင်နှုန်း) ထက် မကျော်စေရေး ဂရုပြုဆောင်ရွက်ရကြောင်း သိရသည်။
(၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ်၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းများအပေါ်သုံးသပ်ကြည့်ပါက နိုင်ငံတော်၏ စီးပွားရေးနှင့်ပတ်သက်၍ ဝင်ငွေရှာဖွေပေးရသည့် သက်ဆိုင်ရာဝန်ကြီးဌာနအချို့ နှင့် အဖွဲ့အစည်းအချို့အနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်လျာထားသည့် ရငွေပိုင်းပြည့်မီခြင်းမရှိသည်များကို တွေ့ရှိရသကဲ့သို့ သုံးစွဲ သည့်အသုံးစရိတ်ပိုင်းတွင်လည်း မလိုအပ်ဘဲ လိုရမယ်ရ တင်ပြတောင်းခံထားသည်များရှိကြောင်း ကော်မရှင် ဒုတိယဥက္ကဋ္ဌက ပြောသည်။
ထို့ပြင် အချို့စီမံကိန်းပြီးနိုင်သည်ဟု ယူဆပြီး တောင်းခံသည်များရှိခဲ့သော်လည်း ဘဏ္ဍာရေးနှစ် တစ်နှစ်ကုန် ဆုံးချိန်နီးမှသာ အကြောင်းအမျိုးမျိုးကြောင့် စီမံကိန်းများ ပြီးစီးအောင်မဆောင်ရွက်နိုင်ခြင်း၊ တစ်ချို့လုပ်ငန်းများ မစတင်နိုင်ခြင်း စသည့် အကြောင်းပြချက်များဖြင့် ပိုလျှံငွေများ ပြန်လည်အပ်နှံသည့်အတွက် နိုင်ငံတော်၏ အထွေထွေပိုလျှံငွေများစွာ ဖြစ်ပေါ်နေသည်ကိုတွေ့ရကြောင်း အသိပေးပြောကြားသည်။
ထို့ကြောင့် ရငွေအပိုင်း နှင့် အသုံးစရိတ်အပိုင်းအပေါ်မူတည်ပြီး ဂျီဒီပီကို တွက်ချက်ရသည်ဖြစ်၍ လိုငွေနှင့် ဂျီဒီပီ အချိုးကို နှိုင်းယှဉ်ရသည့်အပိုင်းတွင် သုံးစွဲသည့်ငွေအပိုင်း၌ ရငွေများအားလုံး မသုံးစွဲနိုင်ပါက ရငွေသုံးစွဲမှုအပေါ် မူတည်၍ ဂျီဒီပီလျော့နည်းကြောင်း သိရသည်။
အလားတူ အမှန်တကယ်သုံးစွဲရန်လိုအပ်သည့် ဝန်ကြီးဌာနမှအဆိုပါငွေအား စောစီးစွာသုံးစွဲနိုင်ပါကလည်း စီမံကိန်းနှင့်လုပ်ငန်းများ ပြီးစီးသွားမည်ဖြစ်ပြီး ယင်းဝန်ကြီးဌာန၏ ဂျီဒီပီမှာလည်း တိုးတက်လာမည်ဖြစ်ကြောင်း ကော်မရှင်ဒုဥက္ကဋ္ဌက အသိပေးပြောကြားထားသည်။
နစကဥက္ကဋ္ဌမှလည်း ဘဏ္ဍာရေးဆိုင်ရာကော်မရှင် (၂/၂၀၂၄) အစည်းအဝေးတွင် “ဘဏ္ဍာငွေနှင့်ပတ်သက်ပြီး စိစိစစ်စစ်သုံးသင့်ကြောင်း၊ မလိုဘဲနှင့်တောင်းခြင်း၊ လိုရမယ်ရတောင်းခြင်း၊ မလုပ်နိုင်ဘဲနှင့် တောင်းခြင်းများရှိ သည့်အတွက် စိစစ်ပြီးတောင်းပါက မူလခန့်မှန်းခြေငွေစာရင်း များစွာလျော့ကျသွားနိုင်ကြောင်း” လမ်းညွှန်မှာ ကြားမှုရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လိုအပ်သည့် စီမံကိန်း၊ မလိုအပ်သည့် စီမံကိန်းများအပေါ်မူတည်၍ ဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဖွဲ့ အစည်းများက စိစစ်၍ တင်ပြတောင်းခံကြရန် ကော်မရှင်ဒုဥက္ကဋ္ဌက တိုက်တွန်းထားသည်။

Zawgyi Version:
ဝန္ႀကီးဌာနအခ်ိဳ႕ႏွင့္အဖြဲ႕အစည္းအခ်ိဳ႕အေနျဖင့္ အသုံးစရိတ္ပိုင္းတြင္ မလိုအပ္ဘဲ လိုရမယ္ရ တင္ျပေတာင္းခံျခင္း မ်ားေၾကာင့္ ႏိုင္ငံေတာ္၏ အေထြေထြပိုလွ်ံေငြမ်ား ျဖစ္ေပၚေန
ယြန္း (NP News) - မတ္ ၆

ဝန္ႀကီးဌာနအခ်ိဳ႕ႏွင့္အဖြဲ႕အစည္းအခ်ိဳ႕အေနျဖင့္ အသုံးစရိတ္ပိုင္းတြင္ မလိုအပ္ဘဲ လိုရမယ္ရတင္ျပေတာင္းခံျခင္း မ်ားေၾကာင့္ ႏိုင္ငံေတာ္၏ အေထြေထြပိုလွ်ံေငြမ်ားျဖစ္ေပၚေနေၾကာင္း ဘ႑ာ‌‌ေရးဆိုင္ရာေကာ္မရွင္ဒုတိယဥကၠ႒ က အသိေပးေျပာၾကားသည္။
ဘ႑ာ‌‌ေရးဆိုင္ရာေကာ္မရွင္ဒုတိယဥကၠ႒၊ နစကဒုတိယဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက မတ္လ(၅) ရက္တြင္ နစကဥကၠ႒႐ုံး အစည္းအေဝးခန္းမတြင္ က်င္းပခဲ့သည့္ ၂၀၂၅-၂၀၂၆ ဘ႑ာေရးႏွစ္၏ ျပည္‌ေထာင္စု၏ အရအသုံးခန႔္မွန္းေျခေငြစာရင္းမ်ား စိစစ္ျခင္းဆိုင္ရာ အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကား ထားျခင္းျဖစ္သည္။
ႏိုင္ငံေတာ္အေနျဖင့္ ဘ႑ာေရးႏွစ္အလိုက္အရ၊ အသုံးခန႔္မွန္းေျခစာရင္း လ်ာထားေရးဆြဲရာတြင္ ေယဘုယ် အေနျဖင့္ လိုေငြႏွင့္ဂ်ီဒီပီအခ်ိဳး (၅ ရာခိုင္ႏႈန္း) ထက္ မေက်ာ္ေစေရး ဂ႐ုျပဳေဆာင္႐ြက္ရေၾကာင္း သိရသည္။
(၂၀၂၄-၂၀၂၅) ဘ႑ာေရးႏွစ္၏ အရအသုံး ခန႔္မွန္းေျခေငြစာရင္းမ်ားအေပၚသုံးသပ္ၾကည့္ပါက ႏိုင္ငံေတာ္၏ စီးပြားေရးႏွင့္ပတ္သက္၍ ဝင္ေငြရွာေဖြေပးရသည့္ သက္ဆိုင္ရာဝန္ႀကီးဌာနအခ်ိဳ႕ ႏွင့္ အဖြဲ႕အစည္းအခ်ိဳ႕အေနျဖင့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ သတ္မွတ္လ်ာထားသည့္ ရေငြပိုင္းျပည့္မီျခင္းမရွိသည္မ်ားကို ေတြ႕ရွိရသကဲ့သို႔ သုံးစြဲ သည့္အသုံးစရိတ္ပိုင္းတြင္လည္း မလိုအပ္ဘဲ လိုရမယ္ရ တင္ျပေတာင္းခံထားသည္မ်ားရွိေၾကာင္း ေကာ္မရွင္ ဒုတိယဥကၠ႒က ေျပာသည္။
ထို႔ျပင္ အခ်ိဳ႕စီမံကိန္းၿပီးႏိုင္သည္ဟု ယူဆၿပီး ေတာင္းခံသည္မ်ားရွိခဲ့ေသာ္လည္း ဘ႑ာေရးႏွစ္ တစ္ႏွစ္ကုန္ ဆုံးခ်ိန္နီးမွသာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စီမံကိန္းမ်ား ၿပီးစီးေအာင္မေဆာင္႐ြက္ႏိုင္ျခင္း၊ တစ္ခ်ိဳ႕လုပ္ငန္းမ်ား မစတင္ႏိုင္ျခင္း စသည့္ အေၾကာင္းျပခ်က္မ်ားျဖင့္ ပိုလွ်ံေငြမ်ား ျပန္လည္အပ္ႏွံသည့္အတြက္ ႏိုင္ငံေတာ္၏ အေထြေထြပိုလွ်ံေငြမ်ားစြာ ျဖစ္ေပၚေနသည္ကိုေတြ႕ရေၾကာင္း အသိေပးေျပာၾကားသည္။
ထို႔ေၾကာင့္ ရေငြအပိုင္း ႏွင့္ အသုံးစရိတ္အပိုင္းအေပၚမူတည္ၿပီး ဂ်ီဒီပီကို တြက္ခ်က္ရသည္ျဖစ္၍ လိုေငြႏွင့္ ဂ်ီဒီပီ အခ်ိဳးကို ႏႈိင္းယွဥ္ရသည့္အပိုင္းတြင္ သုံးစြဲသည့္ေငြအပိုင္း၌ ရေငြမ်ားအားလုံး မသုံးစြဲႏိုင္ပါက ရေငြသုံးစြဲမႈအေပၚ မူတည္၍ ဂ်ီဒီပီေလ်ာ့နည္းေၾကာင္း သိရသည္။
အလားတူ အမွန္တကယ္သုံးစြဲရန္လိုအပ္သည့္ ဝန္ႀကီးဌာနမွအဆိုပါေငြအား ေစာစီးစြာသုံးစြဲႏိုင္ပါကလည္း စီမံကိန္းႏွင့္လုပ္ငန္းမ်ား ၿပီးစီးသြားမည္ျဖစ္ၿပီး ယင္းဝန္ႀကီးဌာန၏ ဂ်ီဒီပီမွာလည္း တိုးတက္လာမည္ျဖစ္ေၾကာင္း ေကာ္မရွင္ဒုဥကၠ႒က အသိေပးေျပာၾကားထားသည္။
နစကဥကၠ႒မွလည္း ဘ႑ာေရးဆိုင္ရာေကာ္မရွင္ (၂/၂၀၂၄) အစည္းအေဝးတြင္ “ဘ႑ာေငြႏွင့္ပတ္သက္ၿပီး စိစိစစ္စစ္သုံးသင့္ေၾကာင္း၊ မလိုဘဲႏွင့္ေတာင္းျခင္း၊ လိုရမယ္ရေတာင္းျခင္း၊ မလုပ္ႏိုင္ဘဲႏွင့္ ေတာင္းျခင္းမ်ားရွိ သည့္အတြက္ စိစစ္ၿပီးေတာင္းပါက မူလခန႔္မွန္းေျခေငြစာရင္း မ်ားစြာေလ်ာ့က်သြားႏိုင္ေၾကာင္း” လမ္းၫႊန္မွာ ၾကားမႈရွိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ လိုအပ္သည့္ စီမံကိန္း၊ မလိုအပ္သည့္ စီမံကိန္းမ်ားအေပၚမူတည္၍ ဝန္ႀကီးဌာနမ်ား၊ ျပည္ေထာင္စုအဖြဲ႕ အစည္းမ်ားက စိစစ္၍ တင္ျပေတာင္းခံၾကရန္ ေကာ္မရွင္ဒုဥကၠ႒က တိုက္တြန္းထားသည္။

Related news

© 2021. All rights reserved.