သင်္ဘောသားများအတွက် ပင်စင်စနစ်တစ်မျိုး ထူထောင်ရန် (MSF) က သက်ဆိုင်ရာအာဏာပိုင်များထံ အဆိုပြုတင်ပြထား

 303

သုတကျော် (NP News) - မတ် ၆

သင်္ဘောသားများအတွက် ပင်စင်စနစ်တမျိုး ထူထောင်ရန်လိုကြောင်း သက်ဆိုင်ရာအာဏာပိုင် များထံ အဆိုပြု တင်ပြထားသည်ဟု မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် (MSF) ၏ ဥက္ကဋ္ဌ ကပ္ပတိန် စိုးမင်းအောင်က NP News သို့ ပြောသည်။
သင်္ဘောသားပင်စင်အတွက် MSF က ယခင်ကပင် တစ်စိုက်မတ်မတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုတစ်ကြိမ်တွင် အာဏာပိုင်များထံ တရားဝင်အဆိုပြုချက်တင်ပြခဲ့ခြင်းဖြစ်ကာ လွန်ခဲ့သောတစ်လခွဲ က တင်ပြထားပြီးနောက်တစ်စုံတစ်ရာအကြောင်း ပြန်ကြားခြင်းမျိုး မရှိသေးကြောင်းလည်း သိရသည်။
“သင်္ဘောသားတွေအတွက် ပင်စင်စနစ်တစ်ခု ရှိသင့်တယ်လို့ အဖွဲ့ချုပ်အနေနဲ့ ယူဆတယ်။ ပင်စင် စနစ်တစ်ခုထူထောင်ဖို့အတွက်ကို နိုင်ငံတော်မှာ ရှိ နေတဲ့သက်ဆိုင်တဲ့အာဏာပိုင်အဖွဲ့အစည်းကို တင်ပြ ထားပါ တယ်” ဟု ကပ္ပတိန် စိုးမင်းအောင်က ဆိုသည်။ ထိုသို့တင်ပြရာတွင် မည်သည့်စနစ်မျိုးဖြစ် သင့်သည်ဆိုသော အကြံပြုချက်ကို ထည့်သွင်းထား ခြင်းမျိုးမရှိကြောင်းလည်း ၎င်းကဆိုသည်။
“ပင်စင်ဦးစီးက လက်ရှိဥပဒေအရ ပုဂ္ဂလိက ဝန်ထမ်းကို အကျုံးမဝင်ဘူး။ ဒါပေမဲ့ ကိုယ်တို့က သင်္ဘောသား ဆီက စုပေးဖို့ပိုက်ဆံကောက်လိုက်တယ်ပဲ ထားပေါ့။ ကိုယ်တို့အဖွဲ့ချုပ်တစ်ခုတည်းနဲ့ စီမံခန့်ခွဲလို့ အဆင်မပြေဘူး လေ။ ဘာလို့လဲဆိုတော့ ပင်စင်စနစ်ကို နားလည်တဲ့သူတွေ မဟုတ်ဘူးလေ။ ကိုယ်တို့က ဖြစ်စေချင်တာက ကောက်ထားတဲ့ ပိုက်ဆံကို စီမံခန့်ခွဲရေး ကော်မတီတစ်ခုအနေနဲ့ ကြည့်ပြီးတော့ ထိန်းသိမ်းမယ်ပေါ့။ ထည့်လိုက်တဲ့ ပိုက်ဆံကို လူတစ်ယောက်က အသက် (၂၀) မှာ သင်္ဘောလိုက်တယ်။ ပင်စင်ယူဖို့ စစုတယ်။ နှစ် (၄၀) စုတယ်ပေါ့။ သူ အသက် (၆၀) ပင်စင်ယူတဲ့အခါ ကျရင် တစ်လကို ဘယ်လောက်ထုတ်သုံးမှာလဲ တွက်တာချက်တာရှိတယ်လေ။ လိုအပ်တဲ့အတွက် အဆို ပြု တင်ပြပေးတာပေါ့” ဟု ကပ္ပတိန် စိုးမင်းအောင်က ရှင်းပြသည်။
အသက် (၇၀) အထက် သင်္ဘောသားဟောင်းများ အတွက် MSF မှ နှစ်စဉ်ထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့ရာမှ (၂၀၂၁) ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ သက် ကြီးသင်္ဘောသား ကျန်းမာရေး ကူညီ စောင့် ရှောက်မှုကော်မတီဖြင့် ပြောင်းလဲ၍ သင်္ဘောသားဟောင်း (၇၀ဝ)ခန့် ကိုထောက်ပံ့နေကြောင်း ၎င်းကဆို သည်။ “ငယ်ငယ်တည်းက ပိုက်ဆံစုမလာခဲ့တဲ့အတွက် ကြီးလာတဲ့အခါမှာ ငွေရေးကြေးရေး ကျပ်တည်း မှုဖြစ်တာပေါ့။ အဲဒါထက်ပိုပြီးတော့ စိတ်မကောင်းဖြစ်စရာက ဘာလဲဆိုတော့ နာမကျန်းဖြစ်တဲ့အခါ အိမ်တိုင်ရာရောက် ထောက်ပံ့ရတယ်။ ထောက်ပံ့တဲ့အခါ ဘာသွားတွေ့လဲဆိုတော့ တချို့တွေဆိုရင် ကိုယ်ပိုင်အိမ် မရှိတော့ သူများအိမ်မှာအိမ်ဘေး အဖီချထားတာကို ငှားနေတဲ့ သင်္ဘောသားအိုကြီးတွေပါ တွေ့ရတယ်” ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော သင်္ဘော သား မှတ်ပုံတင် (ဃီဃ) အရ လူပေါင်း တစ်သိန်းငါး သောင်းနီးပါးရှိရာ အသက် (၁၈) နှစ်မှ (၆၅) နှစ် အတွင်း ဦးရေမှာ ခုနစ်သောင်းနှင့် ရှစ်သောင်းကြား ရှိကာ သင်္ဘောသား အလုပ်အကိုင်သည် မြန်မာနိုင်ငံ တွင် လူစိတ်ဝင်စားမှုများပြားသော အလုပ်အကိုင် အမျိုးအစား တစ်မျိုးဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း လိမ်လည်ခံရမှုများပြားသော အလုပ်အကိုင်နယ် ပယ်တစ်ခုဖြစ်နေသည်။

Zawgyi Version:
သေဘၤာသားမ်ားအတြက္ ပင္စင္စနစ္တစ္မ်ိဳး ထူေထာင္ရန္ (MSF) က သက္ဆိုင္ရာ အာဏာပိုင္မ်ားထံ အဆိုျပဳ တင္ျပထား
သုတေက်ာ္ (NP News) - မတ္ ၆

သေဘၤာသားမ်ားအတြက္ ပင္စင္စနစ္တမ်ိဳး ထူေထာင္ရန္လိုေၾကာင္း သက္ဆိုင္ရာအာဏာပိုင္ မ်ားထံ အဆိုျပဳ တင္ျပထားသည္ဟု ျမန္မာႏိုင္ငံ ပင္လယ္ကူးသေဘၤာသားအလုပ္သမားမ်ားအဖြဲ႕ခ်ဳပ္ (MSF) ၏ ဥကၠ႒ ကပၸတိန္ စိုးမင္းေအာင္က NP News သို႔ ေျပာသည္။
သေဘၤာသားပင္စင္အတြက္ MSF က ယခင္ကပင္ တစ္စိုက္မတ္မတ္ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ၿပီး ယခုတစ္ႀကိမ္တြင္ အာဏာပိုင္မ်ားထံ တရားဝင္အဆိုျပဳခ်က္တင္ျပခဲ့ျခင္းျဖစ္ကာ လြန္ခဲ့ေသာတစ္လခြဲ က တင္ျပထားၿပီးေနာက္တစ္စုံတစ္ရာအေၾကာင္း ျပန္ၾကားျခင္းမ်ိဳး မရွိေသးေၾကာင္းလည္း သိရသည္။
“သေဘၤာသားေတြအတြက္ ပင္စင္စနစ္တစ္ခု ရွိသင့္တယ္လို႔ အဖြဲ႕ခ်ဳပ္အေနနဲ႔ ယူဆတယ္။ ပင္စင္ စနစ္တစ္ခုထူေထာင္ဖို႔အတြက္ကို ႏိုင္ငံေတာ္မွာ ရွိ ေနတဲ့သက္ဆိုင္တဲ့အာဏာပိုင္အဖြဲ႕အစည္းကို တင္ျပ ထားပါ တယ္” ဟု ကပၸတိန္ စိုးမင္းေအာင္က ဆိုသည္။ ထိုသို႔တင္ျပရာတြင္ မည္သည့္စနစ္မ်ိဳးျဖစ္ သင့္သည္ဆိုေသာ အႀကံျပဳခ်က္ကို ထည့္သြင္းထား ျခင္းမ်ိဳးမရွိေၾကာင္းလည္း ၎ကဆိုသည္။
“ပင္စင္ဦးစီးက လက္ရွိဥပေဒအရ ပုဂၢလိက ဝန္ထမ္းကို အက်ဳံးမဝင္ဘူး။ ဒါေပမဲ့ ကိုယ္တို႔က သေဘၤာသား ဆီက စုေပးဖို႔ပိုက္ဆံေကာက္လိုက္တယ္ပဲ ထားေပါ့။ ကိုယ္တို႔အဖြဲ႕ခ်ဳပ္တစ္ခုတည္းနဲ႔ စီမံခန႔္ခြဲလို႔ အဆင္မေျပဘူး ေလ။ ဘာလို႔လဲဆိုေတာ့ ပင္စင္စနစ္ကို နားလည္တဲ့သူေတြ မဟုတ္ဘူးေလ။ ကိုယ္တို႔က ျဖစ္ေစခ်င္တာက ေကာက္ထားတဲ့ ပိုက္ဆံကို စီမံခန႔္ခြဲေရး ေကာ္မတီတစ္ခုအေနနဲ႔ ၾကည့္ၿပီးေတာ့ ထိန္းသိမ္းမယ္ေပါ့။ ထည့္လိုက္တဲ့ ပိုက္ဆံကို လူတစ္ေယာက္က အသက္ (၂၀) မွာ သေဘၤာလိုက္တယ္။ ပင္စင္ယူဖို႔ စစုတယ္။ ႏွစ္ (၄၀) စုတယ္ေပါ့။ သူ အသက္ (၆၀) ပင္စင္ယူတဲ့အခါ က်ရင္ တစ္လကို ဘယ္ေလာက္ထုတ္သုံးမွာလဲ တြက္တာခ်က္တာရွိတယ္ေလ။ လိုအပ္တဲ့အတြက္ အဆို ျပဳ တင္ျပေပးတာေပါ့” ဟု ကပၸတိန္ စိုးမင္းေအာင္က ရွင္းျပသည္။
အသက္ (၇၀) အထက္ သေဘၤာသားေဟာင္းမ်ား အတြက္ MSF မွ ႏွစ္စဥ္ေထာက္ပံ့ျခင္းမ်ား ျပဳလုပ္ခဲ့ရာမွ (၂၀၂၁) ခုႏွစ္ ႏွစ္ဆန္းပိုင္းမွစတင္ကာ သက္ ႀကီးသေဘၤာသား က်န္းမာေရး ကူညီ ေစာင့္ ေရွာက္မႈေကာ္မတီျဖင့္ ေျပာင္းလဲ၍ သေဘၤာသားေဟာင္း (၇၀ဝ)ခန႔္ ကိုေထာက္ပံ့ေနေၾကာင္း ၎ကဆို သည္။ “ငယ္ငယ္တည္းက ပိုက္ဆံစုမလာခဲ့တဲ့အတြက္ ႀကီးလာတဲ့အခါမွာ ေငြေရးေၾကးေရး က်ပ္တည္း မႈျဖစ္တာေပါ့။ အဲဒါထက္ပိုၿပီးေတာ့ စိတ္မေကာင္းျဖစ္စရာက ဘာလဲဆိုေတာ့ နာမက်န္းျဖစ္တဲ့အခါ အိမ္တိုင္ရာေရာက္ ေထာက္ပံ့ရတယ္။ ေထာက္ပံ့တဲ့အခါ ဘာသြားေတြ႕လဲဆိုေတာ့ တခ်ိဳ႕ေတြဆိုရင္ ကိုယ္ပိုင္အိမ္ မရွိေတာ့ သူမ်ားအိမ္မွာအိမ္ေဘး အဖီခ်ထားတာကို ငွားေနတဲ့ သေဘၤာသားအိုႀကီးေတြပါ ေတြ႕ရတယ္” ဟု ၎ကဆိုသည္။
ျမန္မာႏိုင္ငံတြင္ မွတ္ပုံတင္ထားေသာ သေဘၤာ သား မွတ္ပုံတင္ (ဃီဃ) အရ လူေပါင္း တစ္သိန္းငါး ေသာင္းနီးပါးရွိရာ အသက္ (၁၈) ႏွစ္မွ (၆၅) ႏွစ္ အတြင္း ဦးေရမွာ ခုနစ္ေသာင္းႏွင့္ ရွစ္ေသာင္းၾကား ရွိကာ သေဘၤာသား အလုပ္အကိုင္သည္ ျမန္မာႏိုင္ငံ တြင္ လူစိတ္ဝင္စားမႈမ်ားျပားေသာ အလုပ္အကိုင္ အမ်ိဳးအစား တစ္မ်ိဳးျဖစ္သကဲ့သို႔ တစ္ဖက္တြင္လည္း လိမ္လည္ခံရမႈမ်ားျပားေသာ အလုပ္အကိုင္နယ္ ပယ္တစ္ခုျဖစ္ေနသည္။

Related news

© 2021. All rights reserved.