“တိုင်းပြည်ချစ်စိတ်နဲ့ ရအောင်လုပ်မယ်ဆိုတဲ့ကုမ္ပဏီမျိုး မတွေ့သေးဘူး” Tourism ကို ဖွင့်ပါ-နိုင်ငံရေး+စီးပွားရေး

 70

စော (NP News) - မတ် ၆
ကျော်နုနှင့်ဆွေးနွေးဖော်များ အလွတ်သဘောဆွေးနွေးမှု၏ ယခုတစ်ကြိမ်အစီအစဉ်သည် Tourism ကဏ္ဍအတွက် ဖြစ်၏။ ရေတိုရေရှည်နှင့် ပြုပြင်ပြောင်းလဲသင့်သောအချက်များကို ဆွေးနွေးဖော်က ထောက်ပြအကြံပြုထားသည်။

(ယခင်တစ်ပတ်မှအဆက်)
ကျော်နု - ဦးစားပေး Target ထားပြီးခေါ်ဖို့လိုတာတော့ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ထိုင်း ဒီနိုင်ငံတွေလောက်ပဲ အများဆုံးနော်။
ဆွေးနွေးဖော် - ကိုရီးယားပေါ့။ ကိုရီးယားခေါ်လို့ရတယ်၊ ထိုင်းခေါ်လို့ရတယ်၊ ဂျပန်ခေါ်လို့ရတယ်၊ အိန္ဒိ ယ ရမယ်၊ ရုရှားရမယ်။ နောက် သီရိလင်္ကာတို့ ဟိုဘက်ဒီဘက် Tour Contact Agreement တွေ ချုပ်ဖို့ မင်းတို့ တိုင်းပြည်ကို ရောက်လာတဲ့ Tour ကို ငါတို့တိုင်းပြည်ဘက်ကိုလည်း ဘယ်နှရာခိုင်နှုန်းပေး။ ငါတို့တိုင်းပြည်ရောက်လာတဲ့ Tour ကိုလည်း မင်းတို့ တိုင်းပြည် Package တွေဆွဲတဲ့အခါ ဒါတွေကို မပါ ပါအောင်ထည့်ဆွဲပြီးတော့ သူ့ကိုလည်း အကျိုးအမြတ်ပေး ကိုယ်လည်း အဲဒီလိုညှိနှိုင်းမှုတွေလိုတာပေါ့။

ကျော်နု - Tour ကုမ္ပဏီတွေက လုပ်ချင်ပြီးတော့ အစိုးရကမလုပ်တာမျိုး၊ အစိုးရကလုပ်ချင်ပြီးတော့ Tour ကုမ္ပဏီတွေ မပါလာတာမျိုး အဲဒီလိုဖြစ်မနေနိုင် ဘူးလား။ ဒီအခင်းအကျင်းမှာ ပြောတာ။
ဆွေးနွေးဖော် -အဲဒါကတော့ ကျွန်တော်တို့က Tour ကုမ္ပဏီမဟုတ်တော့ ပြောရခက်တာပေါ့။ ဒါပေမဲ့ ကျွန်တော့်အထင် မြန်မာTour ကုမ္ပဏီတွေကလည်း အစိုးရကိုမှီခိုလိုက်ဖို့ကြိုးစားသလို အစိုးရကလည်း Tour ကို ထဲထဲဝင်ဝင် ထိထိ‌ရောက်ရောက်မရှိဘူးပေါ့။ ကျွန်တော်သိသလောက်က Tourism Booth လောက်နဲ့ အဲဒီလူတွေရဲ့ လက်မှတ်ရောင်းမယ်။ ဝိုင်းလုပြီး စီစဉ်ကြမယ်။ ဒီလောက်လေးနဲ့ ပြီးနေကြ တာ။ ကိုကျော်မျိုးမင်းပြောသလိုပဲ မြန်မာလူမျိုးတွေက ဒီတိုင်းပြည်ကို တကယ်မချစ်ကြပါဘူး။ တကယ် ရှားတယ်။ တကယ် တိုင်းပြည်ချစ်စိတ်နဲ့ ငါတို့တိုင်းပြည် လူရအောင်လုပ်မယ်ဆိုတဲ့ကုမ္ပဏီမျိုး ကျွန် တော် မတွေ့ဖူးသေးဘူး။

ကျော်နု - ကျွန်တော်နားလည်တာတော့ Tour ကို Tourism ကိုတကယ်မြှင့်မယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံက လူတစ်သန်းလောက်ခေါ်နိုင်ရင် ဒီကာလမှာ လည်းခေါ်လို့ရပါတယ်။ ရန်ကုန်လိုနေရာမျိုး၊ မန္တလေး၊ နေပြည်တော်၊ ပုဂံ၊ ပုသိမ်၊ မော်လမြိုင်၊ မြိတ် ဒါတွေ က Tour တွေခေါ်လို့ရတဲ့နေရာချည်းပဲ ကျွန်တော် နားလည်တာပေါ့။ Tour လာရင် သူက လေကြောင်းလိုင်းသုံးမယ်။ ရန်ကုန်ရောက်မယ်။ ပြည် တွင်းသွားမယ်ဆိုရင် နောက်ထပ်လေကြောင်း လိုင်းအသေးလေးတစ်ခု ထပ်သုံးမယ်။ မသုံးရင် ကား သုံးမယ်။ သူ သေချာပေါက် ပိုက်ဆံသုံးနေရမှာပဲ။ လူတစ်သန်း လောက်ဆွဲခေါ်နိုင်ရင်ရတယ်လို့ ကျွန်တော်နားလည်တယ်။ တစ်သန်းကိုခေါ်လာရင် ရန်ကုန်မြို့တစ်မြို့တည်း ပတ်ပြရင် ရနိုင်တယ်လို့ ကျွန် တော်ထင်ထားတယ်။ ဘန်ကောက်လည်း ဘန်ကောက်မို့ ခေါ်သွားတာ။ ဘန်ကောက် တစ်ခုတည်းတောင် သန်း (၂၀) ပတ်ချာလည်လောက် ရှိမယ်ထင်တယ် တစ်နှစ်ကို။ အဲဒီတော့ ကျွန်တော်တို့လည်း လုပ်လို့ရ နိုင်မယ်။ သူတို့လောက်မဟုတ်ရင်တောင် အစွန်အဖျားလောက် လုပ်နိုင်မယ်လို့ မြင်ထားတယ်။
ဆွေးနွေးဖော် - မြန်မာပြည်အနေနဲ့ တစ်နှစ် သုံး သန်းလောက်လုပ်နိုင်ရင် တော်တော်ဟုတ်နေပြီ။ ဒါပေ မဲ့ ခုနကပြောသလိုပဲ Tour ကုမ္ပဏီက Tour Package တွေကိုအရင်ဆွဲရမှာကို သူဆွဲထားတဲ့ Package အတိုင်း Social Influencer တွေကို ခေါ်ပြီးတော့ ကျွန်တော်တို့က ဒီ Trip ကို ဘယ်လိုမျိုး သွားလို့လာ လို့ရမလဲ အဆင်ပြေမလဲ။ ဒီလိုမျိုး တကယ်ခေါ် ပြပြီးတော့ ဒါကိုသူတို့ခေါ်ရမှာလေ။ အစမ်းလည်ပတ် တဲ့ Trip အဲဒီလိုမျိုးခေါ်ပြီး Video ရိုက်ပြကြော်ငြာပေး မှ Package ကို ရောင်းရမှာလေ။ အဲဒီလိုရောင်းဖို့ အတွက် ထိုက်တန်သလောက်တော့ ရင်းနှီးရမှာနော်။ ထိုက်သင့်တဲ့ ရင်းနှီးမြှုပ် နှံမှုမရှိဘဲ နောက်က အများကြီးလိုက်လာဖို့ဆိုတာတော့မလွယ်ဘူးရယ်။ ကျွန်တော်တို့ OPM ဆိုတာရှိတယ်။ OPM ဆိုတာ Other Person Money ပေါ့။ Other Person Money ကို လွယ်လွယ်ရချင်ရင် ဒီအတိုင်းကြီး ထိုင်တောင်း နေလို့မရဘူး။ ကိုယ့်ဘက်ကလည်း ထိုက်သင့်တဲ့ ရင်းနှီးမြှုပ်နှံမှုရှိ ရမယ်။ နောက် Wellplan ရှိရမယ်။ Strategy ရှိရမယ်။ သူပိုက်ဆံကိုယ့်ဆီကို ပေးချင်လာဖို့အတွက် ပေးချင်စိတ်ပေါက်ဖို့အတွက်ကို ကိုယ်ရဲ့ Plan ကိုချပြနိုင်ရမယ်။ ကိုယ်ရဲ့ Strategy ကိုချပြနိုင်ရမယ်။ ဘယ်လိုကောင်းတယ် သူသိသွားအောင် Message ပေးနိုင်ရင် စိတ်ဝင်စားသွားပြီဆိုရင် လာချင်တယ်။ လာချင်တဲ့အခါ တကယ်လာသွားမယ်။ နောက်တစ်ခေါက်ပြန်လာအောင် ဆွဲဆောင်မှုပေးနိုင်သွားရင် နောက်တစ်ခေါက်ရမယ်။ အနည်းဆုံး တစ်ခါတော့ သူရမယ်။ အဲဒီလိုမျိုးဖြစ်အောင် ထိုက်သင့်တဲ့ ရင်းနှီးမြှုပ်နှံမှုလိုတယ်။ ဒါကတော့ ဘာမှမ လုပ်ဘဲနဲ့တော့ လာပါလာပါလို့ခေါ်နေရုံနဲ့ ဘယ်သူမှ မလာဘူး။

ကျော်နု- ခရီးသွားအဖွဲ့ချုပ်လိုမျိုး မြန်မာနိုင်ငံမှာရှိတာ။ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်။ အဲဒီလိုမျိုး အဖွဲ့ချုပ် လိုလူမျိုးက သူတို့ရဲ့ ငွေကြေးစိုက်ထုတ်မှုနဲ့ နိုင်ငံတကာချိုးဖောက်မှုလိုလား။
ဆွေးနွေးဖော် - လိုတာပေါ့။ သူတို့ရဲ့စိုက်ထုတ်မှုက လိုတာပေါ့။ နေရာတကာ အစိုးရကိုအားကိုးနေလို့ မရ ဘူးလေ။ သူတို့ကိုယ်တိုင်ကလည်း သူ့အလုပ်ဖြစ်တဲ့အတွက် သူကလည်း နိုင်ငံတကာကိုစိုက်ထုတ်ပြီး ခေါ်ဖို့လိုတယ်။ အဲဒီအဖွဲ့အစည်းလို့သတ်မှတ်ထားရင် အဲဒီအဖွဲ့အစည်းက ကမကထလုပ်ပြီးတော့ လုပ် ရမှာ။ ကျွန်တော်သိသလောက်ကတော့ အဲဒီအဖွဲ့အစည်းထဲ မှာကလည်း ရှိတဲ့ဗုဒ္ဓဂယာခရီးစဉ်တို့ တခြား PackageTour တွေတောင်မှ အချင်းချင်း တစ်ယောက်ကို တစ်ယောက် ဖဲ့ကိုက်လုယက်ဖြစ်နေကြတာ များတာ‌ပေါ့။ စည်းစည်းလုံးလုံးနဲ့ ငါတို့ ဘယ်လိုလုပ်ကြမလဲ။ မြန်မာပြည်ရဲ့ Tourism လောကကြီး တိုးတက်ဖို့အတွက် ဘယ်လို ဝိုင်းကြိုးစားကြမလဲဆိုပြီးမရှိဘူး။ အဲဒီလိုတွေဖြစ်နေတာ။

ကျော်နု - ကျွန်တော်တို့ Tourism လောကသားတွေကိုကြည့်ရတာ အိမ်ကျယ်အဆင့်ပဲဖြစ်နေတာပေါ့။ နိုင်ငံတကာ မ‌ဖောက်နိုင်ဘူး။ အိမ်ကျယ်အဆင့်ပဲ။
ဆွေးနွေးဖော်- မဖောက်နိုင်ဘူး။ အမှန်က တကယ်ကို နိုင်ငံတော်ရဲ့ပံ့ပိုးမှုနဲ့အတူ ဒီအဖွဲ့အစည်းတွေက ထက်ထက်မြက်မြက် လူတွေဦးဆောင်ပြီးတော့ ထိထိ‌ရောက်ရောက်ထိုးဖောက်မယ်ဆိုရင် မြန်မာပြည် က လုပ်လို့ရတာအများကြီးရှိတယ်။ ကျွန်‌တော်ပြောသလိုပေါ့။ နေပြည်တော် Tour Trip ဘယ်သူစီစဉ်လဲ ကြားဖူးလား။ မရှိဘူး။ ဒါပေမဲ့ နေပြည်တော်ရဲ့လွှတ် တော်ကြီးရယ်၊ လမ်း (၂၀) သွားလမ်းမကြီးရယ်၊ ဒီ ဘုရားတွေရယ်၊ နေပြည်တော်အနီးတစ်ဝိုက် ရှုခင်းတွေရယ်က ကောင်းကောင်း Tour Trip တစ်ခု နှစ်ည အိပ် သုံးရက် ကောင်းကောင်းဖန်တီးလို့ရတယ်။ နေပြည်တော်မှာ လုံလောက်တဲ့ဟိုတယ်တွေလည်း အ ပြည့်ရှိတယ်။ ကျန်တဲ့မြို့ထက်စာရင် မီးမှန်တယ်။ သွားရေးလာရေးအတွက် လေယာဉ်လည်းရှိတယ်။ ကားနဲ့သွားလည်း ရတယ်။ အရမ်းအဆင်ပြေတယ်။ အဲဒီ Trip ကိုတောင် ဘယ်သူမှထိုးဖောက်ပြီး မခေါ်ရဲဘူးလေ။ ဘာဖြစ်လို့လဲ။ နေပြည်တော်ဆိုတာ နိုင်ငံတော် ရဲ့မြို့ကြီးမဟုတ်ဘူးလား။ နေပြည် တော်ဆိုတဲ့ဟာကို ပြလို့ရတယ်။ ဘယ်သူမှမစီစဉ်ဘူး။ နေပြည်တော် Tour Trip အရမ်းပြလို့ ကောင်း တယ်။ သူတို့တိုင်းပြည်မှာမရှိတာမျိုးကို လူတွေကစိတ်ဝင်စားတာလေ။
ကျော်နု - သူများနိုင်ငံရဲ့ Tour ကုမ္ပဏီက ကျွန်တော်တို့ဆီကသွားတဲ့အခါတွေ့လိမ့်မယ်။ တကယ်ကို သူ့ နိုင်ငံကိုလာဖို့ ကျားစီးဖားစီးလာဖို့လုပ်နေတာတွေ့ရတယ်။
ဆွေးနွေးဖော် - တွေ့ရတာပေါ့။ ကျွန်တော်တို့ ဟိုတယ်တစ်ခုသွားတည်းပြီဆိုရင် ဟိုတယ်ကောင်တာ၊ Reception ကောင်တာကို Tour Package တွေ တန်းစီအောင်ရေးထားတာ။ တစ်ခုပြီးတစ်ခု လိုက်ဖတ်လိုက်ရုံပဲ။ လိုက် ဖတ်ပြီးရင် ဒီခရီးစဉ်ကိုသွားချင်တယ်ဆိုရင် ဖုန်းနံပါတ်လေးနဲ့ဆက်သွယ်လိုက်ရင် အကုန်လုံး ရှင်းရှင်းလင်းဖော်ပြ ထားတယ်။ ဒီခရီးစဉ်ကိုသွားရင် ဘယ်လောက်ရမယ်၊ ဘယ်လောက်ပေးရမယ်။ ဘယ်လောက်ကုန်မယ်၊ ဘယ်နှစ်ရက်ကြာမယ်ဆိုတာ အကုန်ပါတယ်။ သူက အဲဒီလိုမျိုး အကုန်ရှိတယ်။ ကောင်တာမေးလိုက်တာနဲ့ အကုန်ရှိတယ်။ ဘယ်တွေ လည်သင့်တယ်ဆိုတာ။ နောက်ပြီး အဲဒီမြို့ တစ်မြို့လုံး မြေပုံကို အလကားယူလို့ရတယ်။ မြေပုံ အလကားပေးတယ်။ Flag တွေနဲ့ ဘယ်တွေသွား လည်ချင်လဲ။ တစ်ရက်သုံးမလား၊ နှစ်ရက်သုံးမလား။ နှစ်ရက်ဆိုရင် ဘယ်လောက်ပေးရမလဲ။ လေးရက် ဆိုရင် ဘယ်နေရာတွေသွားသင့်လဲ။ ဒါမျိုးတွေပါတယ်။ Tour Guide ခေါ်ချင်ရင် ချက်ချင်းဖုန်းဆက် လိုက်‌ ရောက်လာတယ်။ Tour Guide မှာလည်း ဘာသာစကားသုံးမျိုးပြတယ် ဒါမျိုးပေါ့။ အဲဒါလေး လို တာပေါ့။

ကျော်နု - ကျွန်တော်တို့အားနည်းနေတာက Marketing အားနည်း နေတာတွေ့ရတယ်။ ပြီးခဲ့တဲ့လက ဂျပန်မလေး တွေ မြန်မာပြည်ရောက်လာပြီး ရထားတွေစီးပြတယ်။ လျှောက်စီးပြတယ်။ Video ရိုက်ပြီး တော့ သူတို့ရဲ့ Social Platform မှာ အကုန်ပြန်တင်တယ်။ အဲဒါက ဘယ်သူကမှဖိတ်ခေါ်တာမဟုတ်ဘူး။ သူတို့ဘာသာရောက်လာပြီး သူတို့ဘာသာလုပ်သွားတာ။ ဒါမျိုးဆိုရင် ကိုယ်က သယ်ယူစရိတ်လေးပဲ။ အဲဒီမှာ Marketing Strategy အားနည်းတယ် လို့မြင်တယ်။
ဆွေးနွေးဖော် - အဓိကကတော့ အားမနာတမ်းပြောရရင် ဖြစ်ချင်စိတ်အားနည်းနေတာလေ။ ဖြစ်ချင်စိတ် အားနည်းနေတဲ့အတွက် ကျန်တာတွေကို သိပ်အား မထည့်တော့တဲ့အတွက် ကိုယ်ထဲကပါမှာ ကြောက် ကြတာအတွက် အဲဒီလိုတွေဖြစ်နေတာလေ။ စိတ်ပါပဲ။ ဖြစ်ချင်စိတ်ပါပဲ။ ဒါကို မဖြစ်ဖြစ်အောင်လုပ်မယ်။ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုထားပေါ့။ (၂၀၂၅)၊ (၂၀၂၆) လောက်ကိုရည်ရွယ်ပြီးတော့ ငါတို့ (၂၀၂၆)ကိုအားထည့်ပြီးတော့ Tourist ဘယ် နှသိန်းရအောင်ခေါ် မယ်။ အဲဒီအတွက် ငါတို့လိုတာတွေ ဘယ်လိုဖြစ်မလဲ ပြင်ဆင်ထားမယ်။ ဝိုင်းလုပ်ကြမယ်ဟေ့။ နိုင်ငံတော်ပိုင်းရော Tourism ပိုင်းကရော Tourism ကုမ္ပဏီဘက်ကရော နောက်တစ်ခါ လေ ကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်း အကုန် ဝိုင်းခေါ် ကြ။ ဒါလေးတွေ လုပ်လိုက်ကြအောင်ဟေ့ဆိုတဲ့ Organize လုပ်ပြီးတော့ လုပ်တဲ့အစည်းအဝေးမျိုး၊ ပြီး သွားရင် အဲဒါလေးကို ဆက်လက်အကောင်အထည်ဖော်ဖို့ အတွက် ဘယ်သူ့ဘယ်သူကိုတာဝန်ပေး ဘယ် သူတွေ ဖြစ်အောင်လုပ်ကြ။ ဆိုတော့ ဒါမျိုးလေးတွေ ဖြစ်အောင် ထလုပ်ဖို့လုပ်ချင်တဲ့စိတ်နဲ့ တွန်းတွန်း တိုက်တိုက်တွန်းပေးမယ့်လူနဲ့ အဲဒါမျိုးလေး ဝိုင်းလုပ်လိုက်ရင် နိုင်ငံချစ် စိတ်လေးပါထည့်ပြီးတော့ လုပ် ကြရင် ဖြစ်သွားမှာပါ။

ကျော်နု - ဟိုတယ်/ခရီးကတော့ ပြီးခဲ့တဲ့တစ်ပတ်ကျော်က အလုပ်ရုံဆွေးနွေးပွဲလုပ်တာတွေ့တယ်။ မြန်မာ့ခရီးသွား ပြပွဲ (၂၀၂၅) ဆိုလားပဲ။ သတင်းထုတ် ပြန်ချက်ကို လိုက်ဖတ်ကြည့်တော့ သူတို့လုပ်မယ့် ပြပွဲက မြန်မာနိုင်ငံထဲမှာ လုပ်မှာ။ ဆိုတော့ မြန်မာနိုင်ငံကို ပြည်ပခရီးသွားတွေလာဖို့အတွက် မြန်မာနိုင်ငံ ထဲမှာပဲ ပြပွဲလုပ်တာ အဆင်ပြေပါ့ မလား။
ဆွေးနွေးဖော် - ပြောရရင်တော့ ကိုကျော်မျိုးမင်းရာ။ နိုင်ငံခြားသားခရီးသည်ကိုခေါ်ဖို့အတွက် ကိုယ်ခေါ် ချင်တဲ့နိုင်ငံတွေမှာ သွားပြီးပြပွဲမလုပ်ဘဲ ပြည်တွင်းက နေလှမ်းခေါ်နေတာကတော့ တစ်မျိုးကြီးပဲလေ။ ပြည်တွင်းမှာလုပ်တာမှားသလားဆိုတော့ မှားတယ်လို့လည်းမဆိုနိုင်ပါဘူး။ ဒါပေမဲ့ နည်းနည်းတော့ လွဲနေ သလားလို့။ ကျွန်တော့်အမြင်ကတော့ဗျာ။ ဒီကာလမှာ မြန်မာနိုင်ငံကိုလာမယ့်လူက တရုတ်၊ အိန္ဒိယ၊ ထိုင်းနဲ့ ရုရှားလောက်ပဲ အဓိကဖြစ်မယ်။ ဒါတောင် ကျားဖျန့်ခေါင်းစဉ်နဲ့ မြန်မာကိုလာလည်ဖို့ လန့်နေကြတာ။ အဓိ က သူတို့လုပ်ရမှာက ဒီကာလမှာ မြန်မာနိုင်ငံကို လာလည်မှုအများဆုံးက ဘယ် နိုင်ငံတွေလဲဆိုတာရယ်၊ ဘယ်သူတွေက လာလည်ကြည့်ဖို့ စိတ်ဝင်စားနေလဲဆိုတာရယ်ကို လေ့လာ စောင့်ကြည့်သုံးသပ်ထားရမှာဗျ။ ဒါမှ ကိုယ်အဓိက Target ထားပြီး ခေါ်ရမယ့်နိုင်ငံကို သတိထားမိမှာ။ ပြီးရင် အဲဒီနိုင်ငံတွေကို မြန်မာဘက်က ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူတွေနဲ့အသင်းအဖွဲ့ဝင် တွေ ကုမ္ပဏီတွေက ဖိတ်ခေါ်ပွဲတွေ လုပ်ရမှာ။ ဝန်ကြီးဌာနက အာမခံချက်လည်းပေးရမယ်။ မြန်မာနိုင်ငံ ကိုလာလည်ရင် ဘယ်ဟာတွေကို ခွင့်ပြု မယ်၊ ဘာတွေကိုအာမခံတယ်ဆိုတာကအစ ခိုင်ခိုင်မာမာ ပြော ရမှာ။ နိုင်ငံတော်အဆင့်က မူဝါဒချပြီး ဝန်ကြီးဌာန လေးငါးခု ပေါင်းစပ်အကောင်အထည်ဖော်ရမှာဗျ။ ဒါက နည်းလမ်းတစ်ခု။ နောက်တစ်ခုက ရှေ့ပိုင်းမှာကျွန်တော်ပြောခဲ့သလို နိုင်ငံတကာက You­tuber တွေကို မြန်မာပြည်ထဲဝင်လာလည်ချင်အောင် သူတို့နဲ့ နီးစပ်သူတွေကနေတစ်ဆင့် သွယ်ဝိုက်ပြီး ဆွဲ ဆောင်ရမှာ။ ဒီရောက်ရင် သူတို့မြင်တဲ့အတိုင်း လွတ် လွတ်လပ်လပ် သွားလာပြောဆိုခွင့်ပေးပြီး မြန်မာ ပြည်ကို အခုနေလာလည်ရင်လည်း အေးအေးဆေးဆေး ဖြစ်တယ်ဆိုတာမျိုးပြနိုင်ဖို့လိုတယ်။ ပြည်ပကို ထွက်ပြီး ပြပွဲတွေကနေ ဖိတ်ခေါ်တာမျိုးမလုပ်နိုင်သေးလို့ ပြည်တွင်းကနေ ပြပွဲလုပ်ပြီးခေါ်တယ်ဆိုရင် လည်း နိုင်ငံတကာက ခရီးသွားအေဂျင်စီတွေနဲ့ TripAdvi­sor တို့ Booking.com တို့ Expedia Group ၊ Agoda ၊ G Adventures တို့ဘာတို့ကိုရအောင် ဖိတ်ခေါ်ပေါ့။ ဒါမျိုး ကမ္ဘာကျော်ခရီးသွား အေဂျင်စီတွေ အများကြီးရှိတယ်။ မြန်မာက ခရီးသွားအသင်းတွေက ဒီလိုအဖွဲ့အစည်းတွေနဲ့ အချိတ်အဆက် မရှိကြ သေးတာလား၊ မခေါ်နိုင်တာလားတော့ မသိဘူး။ ကိုယ့်ဘက်က ခရီးသွားလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံ မှုတော့ လုပ်ရမှာပေါ့။ အခုက ဝန်ကြီးဌာနနဲ့ အသင်းအဖွဲ့တွေက တစ်ဖက်နဲ့တစ်ဖက် လှေကြုံစီး Free Ride ဖို့လုပ်နေတာများတယ်။ ငွေမထုတ်ချင်ကြဘူး။ ထိုင်းတို့ ဗီယက်နမ်တို့က နိုင်ငံတော်အဆင့် မူဝါဒချ မှတ်ပြီးတော့ကို ခရီးသွားတွေကို ဆွဲဆောင်တာဗျ။ ထိုင်းဆိုရင် ခရီးသွားနဲ့ပဲ သူတို့ရဲ့ GDP ကို ဆွဲတင် သွားတာ။ အခုကာလ ကျားဖျန့်နဲ့ နာမည်ဆိုးထွက်လာချိန်မှာ ထိုင်းတို့ ဘယ်လိုပေါ်လစီချမှတ်သွားလဲဆို တာ သတိထားကြည့်လိုက်ပါ။ ဘယ်လောက်အထိ ဦးဆောင်မှုကောင်းကောင်းနဲ့ မောင်းနှင်သွားလဲဆို တာ မြင်ရတယ်။ မြန်မာကတော့ဗျာ။ ဟိုတယ်/ခရီးဝန်ကြီးက ဘယ်သူ့အပေါ်မှာမှ ဩဇာလည်းမညောင်း သလို ပေါင်းစပ်ညှိနှိုင်းလုပ်ကိုင်ဖို့ တီထွင်ကြံဆ ထိုးဖောက်လုပ်ကိုင်တာမျိုးလည်း မတွေ့ရသေးပါဘူး ဗျာ။ အဝေးကြီးမကြည့်နဲ့။ ရန်ကုန်မြို့မှာ ဆူးလေရှန်ဂရီလာ ပြန်မဖွင့်နိုင်သေးသလို ဆီဒိုနားလည်း ကျဲတိ ကျဲတောက်ပဲ။ ဒါတွေကိုကြည့်လိုက်တာနဲ့ပဲ မြန်မာ့ခရီးသွားလုပ်ငန်းက ဘယ်လောက်အထိ ထိုးဆင်းသွားသလဲဆိုတာ မြင်သာတယ်။ တကယ်တော့ နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ စစ်ရေးစစ်ရာတွေနဲ့ အများကြီးတော့ မဆိုင်ဘူးဗျ။ စစ်ဖြစ်နေ တဲ့နေရာနဲ့ ခရီးသွားလို့ရတဲ့နေရာတွေက တူမှမတူတာဗျာ။ လုပ်တတ်ရင် နိုင်ငံရေးအမြတ်ထုတ်လို့တောင် ရသေးတယ်။

ကျော်နု - ဒါဆိုရင်တော့ ပြည်တွင်းမှာလုပ်မယ့် ခရီးသွားပြပွဲ (၂၀၂၅) ကတော့ စောင့်ကြည့်ရဦးမှာပေါ့နော်။ ဘယ်လောက်အထိ သူတို့လုပ်နိုင်မလဲဆိုတာနဲ့ For Show ပဲလားဆိုတာ ကြည့်ကြတာပေါ့။
ဆွေးနွေးဖော် - ကြည့်ကြည့်ပေါ့ဗျာ။ ခင်ဗျားလည်း မြင်တတ်တာပဲ။ ကျွန်တော်တော့ အများကြီး မျှော်လင့်မထား ဘူး။
ကဲ - ခရီးသွားလုပ်ငန်းအကြောင်းကတော့ ဒီလောက်နဲ့ ရပ်ထားကြတာပေါ့ခင်ဗျာ။

ကျေးဇူးတင်ပါတယ် အစ်ကို။

Zawgyi Version:
“တိုင္းျပည္ခ်စ္စိတ္နဲ႔ ရေအာင္လုပ္မယ္ဆိုတဲ့ကုမၸဏီမ်ိဳး မေတြ႕ေသးဘူး” Tourism ကို ဖြင့္ပါ-ႏိုင္ငံေရး+စီးပြားေရး
ေစာ (NP News) - မတ္ ၆
ေက်ာ္ႏုႏွင့္ေဆြးေႏြးေဖာ္မ်ား အလြတ္သေဘာေဆြးေႏြးမႈ၏ ယခုတစ္ႀကိမ္အစီအစဥ္သည္ Tourism က႑အတြက္ ျဖစ္၏။ ေရတိုေရရွည္ႏွင့္ ျပဳျပင္ေျပာင္းလဲသင့္ေသာအခ်က္မ်ားကို ေဆြးေႏြးေဖာ္က ေထာက္ျပအႀကံျပဳထားသည္။

(ယခင္တစ္ပတ္မွအဆက္)
ေက်ာ္ႏု - ဦးစားေပး Target ထားၿပီးေခၚဖို႔လိုတာေတာ့ တ႐ုတ္၊ အိႏၵိယ၊ ႐ုရွား၊ ထိုင္း ဒီႏိုင္ငံေတြေလာက္ပဲ အမ်ားဆုံးေနာ္။
ေဆြးေႏြးေဖာ္ - ကိုရီးယားေပါ့။ ကိုရီးယားေခၚလို႔ရတယ္၊ ထိုင္းေခၚလို႔ရတယ္၊ ဂ်ပန္ေခၚလို႔ရတယ္၊ အိႏၵိ ယ ရမယ္၊ ႐ုရွားရမယ္။ ေနာက္ သီရိလကၤာတို႔ ဟိုဘက္ဒီဘက္ Tour Contact Agreement ေတြ ခ်ဳပ္ဖို႔ မင္းတို႔ တိုင္းျပည္ကို ေရာက္လာတဲ့ Tour ကို ငါတို႔တိုင္းျပည္ဘက္ကိုလည္း ဘယ္ႏွရာခိုင္ႏႈန္းေပး။ ငါတို႔တိုင္းျပည္ေရာက္လာတဲ့ Tour ကိုလည္း မင္းတို႔ တိုင္းျပည္ Package ေတြဆြဲတဲ့အခါ ဒါေတြကို မပါ ပါေအာင္ထည့္ဆြဲၿပီးေတာ့ သူ႔ကိုလည္း အက်ိဳးအျမတ္ေပး ကိုယ္လည္း အဲဒီလိုညႇိႏႈိင္းမႈေတြလိုတာေပါ့။

ေက်ာ္ႏု - Tour ကုမၸဏီေတြက လုပ္ခ်င္ၿပီးေတာ့ အစိုးရကမလုပ္တာမ်ိဳး၊ အစိုးရကလုပ္ခ်င္ၿပီးေတာ့ Tour ကုမၸဏီေတြ မပါလာတာမ်ိဳး အဲဒီလိုျဖစ္မေနႏိုင္ ဘူးလား။ ဒီအခင္းအက်င္းမွာ ေျပာတာ။
ေဆြးေႏြးေဖာ္ -အဲဒါကေတာ့ ကြၽန္ေတာ္တို႔က Tour ကုမၸဏီမဟုတ္ေတာ့ ေျပာရခက္တာေပါ့။ ဒါေပမဲ့ ကြၽန္ေတာ့္အထင္ ျမန္မာTour ကုမၸဏီေတြကလည္း အစိုးရကိုမွီခိုလိုက္ဖို႔ႀကိဳးစားသလို အစိုးရကလည္း Tour ကို ထဲထဲဝင္ဝင္ ထိထိ‌ေရာက္ေရာက္မရွိဘူးေပါ့။ ကြၽန္ေတာ္သိသေလာက္က Tourism Booth ေလာက္နဲ႔ အဲဒီလူေတြရဲ႕ လက္မွတ္ေရာင္းမယ္။ ဝိုင္းလုၿပီး စီစဥ္ၾကမယ္။ ဒီေလာက္ေလးနဲ႔ ၿပီးေနၾက တာ။ ကိုေက်ာ္မ်ိဳးမင္းေျပာသလိုပဲ ျမန္မာလူမ်ိဳးေတြက ဒီတိုင္းျပည္ကို တကယ္မခ်စ္ၾကပါဘူး။ တကယ္ ရွားတယ္။ တကယ္ တိုင္းျပည္ခ်စ္စိတ္နဲ႔ ငါတို႔တိုင္းျပည္ လူရေအာင္လုပ္မယ္ဆိုတဲ့ကုမၸဏီမ်ိဳး ကြၽန္ ေတာ္ မေတြ႕ဖူးေသးဘူး။

ေက်ာ္ႏု - ကြၽန္ေတာ္နားလည္တာေတာ့ Tour ကို Tourism ကိုတကယ္ျမႇင့္မယ္ဆိုရင္ ကြၽန္ေတာ္တို႔ ႏိုင္ငံက လူတစ္သန္းေလာက္ေခၚႏိုင္ရင္ ဒီကာလမွာ လည္းေခၚလို႔ရပါတယ္။ ရန္ကုန္လိုေနရာမ်ိဳး၊ မႏၲေလး၊ ေနျပည္ေတာ္၊ ပုဂံ၊ ပုသိမ္၊ ေမာ္လၿမိဳင္၊ ၿမိတ္ ဒါေတြ က Tour ေတြေခၚလို႔ရတဲ့ေနရာခ်ည္းပဲ ကြၽန္ေတာ္ နားလည္တာေပါ့။ Tour လာရင္ သူက ေလေၾကာင္းလိုင္းသုံးမယ္။ ရန္ကုန္ေရာက္မယ္။ ျပည္ တြင္းသြားမယ္ဆိုရင္ ေနာက္ထပ္ေလေၾကာင္း လိုင္းအေသးေလးတစ္ခု ထပ္သုံးမယ္။ မသုံးရင္ ကား သုံးမယ္။ သူ ေသခ်ာေပါက္ ပိုက္ဆံသုံးေနရမွာပဲ။ လူတစ္သန္း ေလာက္ဆြဲေခၚႏိုင္ရင္ရတယ္လို႔ ကြၽန္ေတာ္နားလည္တယ္။ တစ္သန္းကိုေခၚလာရင္ ရန္ကုန္ၿမိဳ႕တစ္ၿမိဳ႕တည္း ပတ္ျပရင္ ရႏိုင္တယ္လို႔ ကြၽန္ ေတာ္ထင္ထားတယ္။ ဘန္ေကာက္လည္း ဘန္ေကာက္မို႔ ေခၚသြားတာ။ ဘန္ေကာက္ တစ္ခုတည္းေတာင္ သန္း (၂၀) ပတ္ခ်ာလည္ေလာက္ ရွိမယ္ထင္တယ္ တစ္ႏွစ္ကို။ အဲဒီေတာ့ ကြၽန္ေတာ္တို႔လည္း လုပ္လို႔ရ ႏိုင္မယ္။ သူတို႔ေလာက္မဟုတ္ရင္ေတာင္ အစြန္အဖ်ားေလာက္ လုပ္ႏိုင္မယ္လို႔ ျမင္ထားတယ္။
ေဆြးေႏြးေဖာ္ - ျမန္မာျပည္အေနနဲ႔ တစ္ႏွစ္ သုံး သန္းေလာက္လုပ္ႏိုင္ရင္ ေတာ္ေတာ္ဟုတ္ေနၿပီ။ ဒါေပ မဲ့ ခုနကေျပာသလိုပဲ Tour ကုမၸဏီက Tour Package ေတြကိုအရင္ဆြဲရမွာကို သူဆြဲထားတဲ့ Package အတိုင္း Social Influencer ေတြကို ေခၚၿပီးေတာ့ ကြၽန္ေတာ္တို႔က ဒီ Trip ကို ဘယ္လိုမ်ိဳး သြားလို႔လာ လို႔ရမလဲ အဆင္ေျပမလဲ။ ဒီလိုမ်ိဳး တကယ္ေခၚ ျပၿပီးေတာ့ ဒါကိုသူတို႔ေခၚရမွာေလ။ အစမ္းလည္ပတ္ တဲ့ Trip အဲဒီလိုမ်ိဳးေခၚၿပီး Video ႐ိုက္ျပေၾကာ္ျငာေပး မွ Package ကို ေရာင္းရမွာေလ။ အဲဒီလိုေရာင္းဖို႔ အတြက္ ထိုက္တန္သေလာက္ေတာ့ ရင္းႏွီးရမွာေနာ္။ ထိုက္သင့္တဲ့ ရင္းႏွီးျမႇဳပ္ ႏွံမႈမရွိဘဲ ေနာက္က အမ်ားႀကီးလိုက္လာဖို႔ဆိုတာေတာ့မလြယ္ဘူးရယ္။ ကြၽန္ေတာ္တို႔ OPM ဆိုတာရွိတယ္။ OPM ဆိုတာ Other Person Money ေပါ့။ Other Person Money ကို လြယ္လြယ္ရခ်င္ရင္ ဒီအတိုင္းႀကီး ထိုင္ေတာင္း ေနလို႔မရဘူး။ ကိုယ့္ဘက္ကလည္း ထိုက္သင့္တဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈရွိ ရမယ္။ ေနာက္ Wellplan ရွိရမယ္။ Strategy ရွိရမယ္။ သူပိုက္ဆံကိုယ့္ဆီကို ေပးခ်င္လာဖို႔အတြက္ ေပးခ်င္စိတ္ေပါက္ဖို႔အတြက္ကို ကိုယ္ရဲ႕ Plan ကိုခ်ျပႏိုင္ရမယ္။ ကိုယ္ရဲ႕ Strategy ကိုခ်ျပႏိုင္ရမယ္။ ဘယ္လိုေကာင္းတယ္ သူသိသြားေအာင္ Message ေပးႏိုင္ရင္ စိတ္ဝင္စားသြားၿပီဆိုရင္ လာခ်င္တယ္။ လာခ်င္တဲ့အခါ တကယ္လာသြားမယ္။ ေနာက္တစ္ေခါက္ျပန္လာေအာင္ ဆြဲေဆာင္မႈေပးႏိုင္သြားရင္ ေနာက္တစ္ေခါက္ရမယ္။ အနည္းဆုံး တစ္ခါေတာ့ သူရမယ္။ အဲဒီလိုမ်ိဳးျဖစ္ေအာင္ ထိုက္သင့္တဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈလိုတယ္။ ဒါကေတာ့ ဘာမွမ လုပ္ဘဲနဲ႔ေတာ့ လာပါလာပါလို႔ေခၚေန႐ုံနဲ႔ ဘယ္သူမွ မလာဘူး။

ေက်ာ္ႏု- ခရီးသြားအဖြဲ႕ခ်ဳပ္လိုမ်ိဳး ျမန္မာႏိုင္ငံမွာရွိတာ။ ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းအဖြဲ႕ခ်ဳပ္။ အဲဒီလိုမ်ိဳး အဖြဲ႕ခ်ဳပ္ လိုလူမ်ိဳးက သူတို႔ရဲ႕ ေငြေၾကးစိုက္ထုတ္မႈနဲ႔ ႏိုင္ငံတကာခ်ိဳးေဖာက္မႈလိုလား။
ေဆြးေႏြးေဖာ္ - လိုတာေပါ့။ သူတို႔ရဲ႕စိုက္ထုတ္မႈက လိုတာေပါ့။ ေနရာတကာ အစိုးရကိုအားကိုးေနလို႔ မရ ဘူးေလ။ သူတို႔ကိုယ္တိုင္ကလည္း သူ႔အလုပ္ျဖစ္တဲ့အတြက္ သူကလည္း ႏိုင္ငံတကာကိုစိုက္ထုတ္ၿပီး ေခၚဖို႔လိုတယ္။ အဲဒီအဖြဲ႕အစည္းလို႔သတ္မွတ္ထားရင္ အဲဒီအဖြဲ႕အစည္းက ကမကထလုပ္ၿပီးေတာ့ လုပ္ ရမွာ။ ကြၽန္ေတာ္သိသေလာက္ကေတာ့ အဲဒီအဖြဲ႕အစည္းထဲ မွာကလည္း ရွိတဲ့ဗုဒၶဂယာခရီးစဥ္တို႔ တျခား PackageTour ေတြေတာင္မွ အခ်င္းခ်င္း တစ္ေယာက္ကို တစ္ေယာက္ ဖဲ့ကိုက္လုယက္ျဖစ္ေနၾကတာ မ်ားတာ‌ေပါ့။ စည္းစည္းလုံးလုံးနဲ႔ ငါတို႔ ဘယ္လိုလုပ္ၾကမလဲ။ ျမန္မာျပည္ရဲ႕ Tourism ေလာကႀကီး တိုးတက္ဖို႔အတြက္ ဘယ္လို ဝိုင္းႀကိဳးစားၾကမလဲဆိုၿပီးမရွိဘူး။ အဲဒီလိုေတြျဖစ္ေနတာ။

ေက်ာ္ႏု - ကြၽန္ေတာ္တို႔ Tourism ေလာကသားေတြကိုၾကည့္ရတာ အိမ္က်ယ္အဆင့္ပဲျဖစ္ေနတာေပါ့။ ႏိုင္ငံတကာ မ‌ေဖာက္ႏိုင္ဘူး။ အိမ္က်ယ္အဆင့္ပဲ။
ေဆြးေႏြးေဖာ္- မေဖာက္ႏိုင္ဘူး။ အမွန္က တကယ္ကို ႏိုင္ငံေတာ္ရဲ႕ပံ့ပိုးမႈနဲ႔အတူ ဒီအဖြဲ႕အစည္းေတြက ထက္ထက္ျမက္ျမက္ လူေတြဦးေဆာင္ၿပီးေတာ့ ထိထိ‌ေရာက္ေရာက္ထိုးေဖာက္မယ္ဆိုရင္ ျမန္မာျပည္ က လုပ္လို႔ရတာအမ်ားႀကီးရွိတယ္။ ကြၽန္‌ေတာ္ေျပာသလိုေပါ့။ ေနျပည္ေတာ္ Tour Trip ဘယ္သူစီစဥ္လဲ ၾကားဖူးလား။ မရွိဘူး။ ဒါေပမဲ့ ေနျပည္ေတာ္ရဲ႕လႊတ္ ေတာ္ႀကီးရယ္၊ လမ္း (၂၀) သြားလမ္းမႀကီးရယ္၊ ဒီ ဘုရားေတြရယ္၊ ေနျပည္ေတာ္အနီးတစ္ဝိုက္ ရႈခင္းေတြရယ္က ေကာင္းေကာင္း Tour Trip တစ္ခု ႏွစ္ည အိပ္ သုံးရက္ ေကာင္းေကာင္းဖန္တီးလို႔ရတယ္။ ေနျပည္ေတာ္မွာ လုံေလာက္တဲ့ဟိုတယ္ေတြလည္း အ ျပည့္ရွိတယ္။ က်န္တဲ့ၿမိဳ႕ထက္စာရင္ မီးမွန္တယ္။ သြားေရးလာေရးအတြက္ ေလယာဥ္လည္းရွိတယ္။ ကားနဲ႔သြားလည္း ရတယ္။ အရမ္းအဆင္ေျပတယ္။ အဲဒီ Trip ကိုေတာင္ ဘယ္သူမွထိုးေဖာက္ၿပီး မေခၚရဲဘူးေလ။ ဘာျဖစ္လို႔လဲ။ ေနျပည္ေတာ္ဆိုတာ ႏိုင္ငံေတာ္ ရဲ႕ၿမိဳ႕ႀကီးမဟုတ္ဘူးလား။ ေနျပည္ ေတာ္ဆိုတဲ့ဟာကို ျပလို႔ရတယ္။ ဘယ္သူမွမစီစဥ္ဘူး။ ေနျပည္ေတာ္ Tour Trip အရမ္းျပလို႔ ေကာင္း တယ္။ သူတို႔တိုင္းျပည္မွာမရွိတာမ်ိဳးကို လူေတြကစိတ္ဝင္စားတာေလ။
ေက်ာ္ႏု - သူမ်ားႏိုင္ငံရဲ႕ Tour ကုမၸဏီက ကြၽန္ေတာ္တို႔ဆီကသြားတဲ့အခါေတြ႕လိမ့္မယ္။ တကယ္ကို သူ႔ ႏိုင္ငံကိုလာဖို႔ က်ားစီးဖားစီးလာဖို႔လုပ္ေနတာေတြ႕ရတယ္။
ေဆြးေႏြးေဖာ္ - ေတြ႕ရတာေပါ့။ ကြၽန္ေတာ္တို႔ ဟိုတယ္တစ္ခုသြားတည္းၿပီဆိုရင္ ဟိုတယ္ေကာင္တာ၊ Reception ေကာင္တာကို Tour Package ေတြ တန္းစီေအာင္ေရးထားတာ။ တစ္ခုၿပီးတစ္ခု လိုက္ဖတ္လိုက္႐ုံပဲ။ လိုက္ ဖတ္ၿပီးရင္ ဒီခရီးစဥ္ကိုသြားခ်င္တယ္ဆိုရင္ ဖုန္းနံပါတ္ေလးနဲ႔ဆက္သြယ္လိုက္ရင္ အကုန္လုံး ရွင္းရွင္းလင္းေဖာ္ျပ ထားတယ္။ ဒီခရီးစဥ္ကိုသြားရင္ ဘယ္ေလာက္ရမယ္၊ ဘယ္ေလာက္ေပးရမယ္။ ဘယ္ေလာက္ကုန္မယ္၊ ဘယ္ႏွစ္ရက္ၾကာမယ္ဆိုတာ အကုန္ပါတယ္။ သူက အဲဒီလိုမ်ိဳး အကုန္ရွိတယ္။ ေကာင္တာေမးလိုက္တာနဲ႔ အကုန္ရွိတယ္။ ဘယ္ေတြ လည္သင့္တယ္ဆိုတာ။ ေနာက္ၿပီး အဲဒီၿမိဳ႕ တစ္ၿမိဳ႕လုံး ေျမပုံကို အလကားယူလို႔ရတယ္။ ေျမပုံ အလကားေပးတယ္။ Flag ေတြနဲ႔ ဘယ္ေတြသြား လည္ခ်င္လဲ။ တစ္ရက္သုံးမလား၊ ႏွစ္ရက္သုံးမလား။ ႏွစ္ရက္ဆိုရင္ ဘယ္ေလာက္ေပးရမလဲ။ ေလးရက္ ဆိုရင္ ဘယ္ေနရာေတြသြားသင့္လဲ။ ဒါမ်ိဳးေတြပါတယ္။ Tour Guide ေခၚခ်င္ရင္ ခ်က္ခ်င္းဖုန္းဆက္ လိုက္‌ ေရာက္လာတယ္။ Tour Guide မွာလည္း ဘာသာစကားသုံးမ်ိဳးျပတယ္ ဒါမ်ိဳးေပါ့။ အဲဒါေလး လို တာေပါ့။

ေက်ာ္ႏု - ကြၽန္ေတာ္တို႔အားနည္းေနတာက Marketing အားနည္း ေနတာေတြ႕ရတယ္။ ၿပီးခဲ့တဲ့လက ဂ်ပန္မေလး ေတြ ျမန္မာျပည္ေရာက္လာၿပီး ရထားေတြစီးျပတယ္။ ေလွ်ာက္စီးျပတယ္။ Video ႐ိုက္ၿပီး ေတာ့ သူတို႔ရဲ႕ Social Platform မွာ အကုန္ျပန္တင္တယ္။ အဲဒါက ဘယ္သူကမွဖိတ္ေခၚတာမဟုတ္ဘူး။ သူတို႔ဘာသာေရာက္လာၿပီး သူတို႔ဘာသာလုပ္သြားတာ။ ဒါမ်ိဳးဆိုရင္ ကိုယ္က သယ္ယူစရိတ္ေလးပဲ။ အဲဒီမွာ Marketing Strategy အားနည္းတယ္ လို႔ျမင္တယ္။
ေဆြးေႏြးေဖာ္ - အဓိကကေတာ့ အားမနာတမ္းေျပာရရင္ ျဖစ္ခ်င္စိတ္အားနည္းေနတာေလ။ ျဖစ္ခ်င္စိတ္ အားနည္းေနတဲ့အတြက္ က်န္တာေတြကို သိပ္အား မထည့္ေတာ့တဲ့အတြက္ ကိုယ္ထဲကပါမွာ ေၾကာက္ ၾကတာအတြက္ အဲဒီလိုေတြျဖစ္ေနတာေလ။ စိတ္ပါပဲ။ ျဖစ္ခ်င္စိတ္ပါပဲ။ ဒါကို မျဖစ္ျဖစ္ေအာင္လုပ္မယ္။ ျဖစ္ကိုျဖစ္ရမယ္ဆိုတဲ့ ရည္႐ြယ္ခ်က္တစ္ခုထားေပါ့။ (၂၀၂၅)၊ (၂၀၂၆) ေလာက္ကိုရည္႐ြယ္ၿပီးေတာ့ ငါတို႔ (၂၀၂၆)ကိုအားထည့္ၿပီးေတာ့ Tourist ဘယ္ ႏွသိန္းရေအာင္ေခၚ မယ္။ အဲဒီအတြက္ ငါတို႔လိုတာေတြ ဘယ္လိုျဖစ္မလဲ ျပင္ဆင္ထားမယ္။ ဝိုင္းလုပ္ၾကမယ္ေဟ့။ ႏိုင္ငံေတာ္ပိုင္းေရာ Tourism ပိုင္းကေရာ Tourism ကုမၸဏီဘက္ကေရာ ေနာက္တစ္ခါ ေလ ေၾကာင္း၊ ေရေၾကာင္း၊ ကုန္းေၾကာင္း အကုန္ ဝိုင္းေခၚ ၾက။ ဒါေလးေတြ လုပ္လိုက္ၾကေအာင္ေဟ့ဆိုတဲ့ Organize လုပ္ၿပီးေတာ့ လုပ္တဲ့အစည္းအေဝးမ်ိဳး၊ ၿပီး သြားရင္ အဲဒါေလးကို ဆက္လက္အေကာင္အထည္ေဖာ္ဖို႔ အတြက္ ဘယ္သူ႔ဘယ္သူကိုတာဝန္ေပး ဘယ္ သူေတြ ျဖစ္ေအာင္လုပ္ၾက။ ဆိုေတာ့ ဒါမ်ိဳးေလးေတြ ျဖစ္ေအာင္ ထလုပ္ဖို႔လုပ္ခ်င္တဲ့စိတ္နဲ႔ တြန္းတြန္း တိုက္တိုက္တြန္းေပးမယ့္လူနဲ႔ အဲဒါမ်ိဳးေလး ဝိုင္းလုပ္လိုက္ရင္ ႏိုင္ငံခ်စ္ စိတ္ေလးပါထည့္ၿပီးေတာ့ လုပ္ ၾကရင္ ျဖစ္သြားမွာပါ။

ေက်ာ္ႏု - ဟိုတယ္/ခရီးကေတာ့ ၿပီးခဲ့တဲ့တစ္ပတ္ေက်ာ္က အလုပ္႐ုံေဆြးေႏြးပြဲလုပ္တာေတြ႕တယ္။ ျမန္မာ့ခရီးသြား ျပပြဲ (၂၀၂၅) ဆိုလားပဲ။ သတင္းထုတ္ ျပန္ခ်က္ကို လိုက္ဖတ္ၾကည့္ေတာ့ သူတို႔လုပ္မယ့္ ျပပြဲက ျမန္မာႏိုင္ငံထဲမွာ လုပ္မွာ။ ဆိုေတာ့ ျမန္မာႏိုင္ငံကို ျပည္ပခရီးသြားေတြလာဖို႔အတြက္ ျမန္မာႏိုင္ငံ ထဲမွာပဲ ျပပြဲလုပ္တာ အဆင္ေျပပါ့ မလား။
ေဆြးေႏြးေဖာ္ - ေျပာရရင္ေတာ့ ကိုေက်ာ္မ်ိဳးမင္းရာ။ ႏိုင္ငံျခားသားခရီးသည္ကိုေခၚဖို႔အတြက္ ကိုယ္ေခၚ ခ်င္တဲ့ႏိုင္ငံေတြမွာ သြားၿပီးျပပြဲမလုပ္ဘဲ ျပည္တြင္းက ေနလွမ္းေခၚေနတာကေတာ့ တစ္မ်ိဳးႀကီးပဲေလ။ ျပည္တြင္းမွာလုပ္တာမွားသလားဆိုေတာ့ မွားတယ္လို႔လည္းမဆိုႏိုင္ပါဘူး။ ဒါေပမဲ့ နည္းနည္းေတာ့ လြဲေန သလားလို႔။ ကြၽန္ေတာ့္အျမင္ကေတာ့ဗ်ာ။ ဒီကာလမွာ ျမန္မာႏိုင္ငံကိုလာမယ့္လူက တ႐ုတ္၊ အိႏၵိယ၊ ထိုင္းနဲ႔ ႐ုရွားေလာက္ပဲ အဓိကျဖစ္မယ္။ ဒါေတာင္ က်ားဖ်န႔္ေခါင္းစဥ္နဲ႔ ျမန္မာကိုလာလည္ဖို႔ လန႔္ေနၾကတာ။ အဓိ က သူတို႔လုပ္ရမွာက ဒီကာလမွာ ျမန္မာႏိုင္ငံကို လာလည္မႈအမ်ားဆုံးက ဘယ္ ႏိုင္ငံေတြလဲဆိုတာရယ္၊ ဘယ္သူေတြက လာလည္ၾကည့္ဖို႔ စိတ္ဝင္စားေနလဲဆိုတာရယ္ကို ေလ့လာ ေစာင့္ၾကည့္သုံးသပ္ထားရမွာဗ်။ ဒါမွ ကိုယ္အဓိက Target ထားၿပီး ေခၚရမယ့္ႏိုင္ငံကို သတိထားမိမွာ။ ၿပီးရင္ အဲဒီႏိုင္ငံေတြကို ျမန္မာဘက္က ခရီးသြားလုပ္ငန္းအဖြဲ႕ခ်ဳပ္ တာဝန္ရွိသူေတြနဲ႔အသင္းအဖြဲ႕ဝင္ ေတြ ကုမၸဏီေတြက ဖိတ္ေခၚပြဲေတြ လုပ္ရမွာ။ ဝန္ႀကီးဌာနက အာမခံခ်က္လည္းေပးရမယ္။ ျမန္မာႏိုင္ငံ ကိုလာလည္ရင္ ဘယ္ဟာေတြကို ခြင့္ျပဳ မယ္၊ ဘာေတြကိုအာမခံတယ္ဆိုတာကအစ ခိုင္ခိုင္မာမာ ေျပာ ရမွာ။ ႏိုင္ငံေတာ္အဆင့္က မူဝါဒခ်ၿပီး ဝန္ႀကီးဌာန ေလးငါးခု ေပါင္းစပ္အေကာင္အထည္ေဖာ္ရမွာဗ်။ ဒါက နည္းလမ္းတစ္ခု။ ေနာက္တစ္ခုက ေရွ႕ပိုင္းမွာကြၽန္ေတာ္ေျပာခဲ့သလို ႏိုင္ငံတကာက You­tuber ေတြကို ျမန္မာျပည္ထဲဝင္လာလည္ခ်င္ေအာင္ သူတို႔နဲ႔ နီးစပ္သူေတြကေနတစ္ဆင့္ သြယ္ဝိုက္ၿပီး ဆြဲ ေဆာင္ရမွာ။ ဒီေရာက္ရင္ သူတို႔ျမင္တဲ့အတိုင္း လြတ္ လြတ္လပ္လပ္ သြားလာေျပာဆိုခြင့္ေပးၿပီး ျမန္မာ ျပည္ကို အခုေနလာလည္ရင္လည္း ေအးေအးေဆးေဆး ျဖစ္တယ္ဆိုတာမ်ိဳးျပႏိုင္ဖို႔လိုတယ္။ ျပည္ပကို ထြက္ၿပီး ျပပြဲေတြကေန ဖိတ္ေခၚတာမ်ိဳးမလုပ္ႏိုင္ေသးလို႔ ျပည္တြင္းကေန ျပပြဲလုပ္ၿပီးေခၚတယ္ဆိုရင္ လည္း ႏိုင္ငံတကာက ခရီးသြားေအဂ်င္စီေတြနဲ႔ TripAdvi­sor တို႔ Booking.com တို႔ Expedia Group ၊ Agoda ၊ G Adventures တို႔ဘာတို႔ကိုရေအာင္ ဖိတ္ေခၚေပါ့။ ဒါမ်ိဳး ကမာၻေက်ာ္ခရီးသြား ေအဂ်င္စီေတြ အမ်ားႀကီးရွိတယ္။ ျမန္မာက ခရီးသြားအသင္းေတြက ဒီလိုအဖြဲ႕အစည္းေတြနဲ႔ အခ်ိတ္အဆက္ မရွိၾက ေသးတာလား၊ မေခၚႏိုင္တာလားေတာ့ မသိဘူး။ ကိုယ့္ဘက္က ခရီးသြားလုပ္ငန္းအတြက္ ရင္းႏွီးျမႇဳပ္ႏွံ မႈေတာ့ လုပ္ရမွာေပါ့။ အခုက ဝန္ႀကီးဌာနနဲ႔ အသင္းအဖြဲ႕ေတြက တစ္ဖက္နဲ႔တစ္ဖက္ ေလွႀကဳံစီး Free Ride ဖို႔လုပ္ေနတာမ်ားတယ္။ ေငြမထုတ္ခ်င္ၾကဘူး။ ထိုင္းတို႔ ဗီယက္နမ္တို႔က ႏိုင္ငံေတာ္အဆင့္ မူဝါဒခ် မွတ္ၿပီးေတာ့ကို ခရီးသြားေတြကို ဆြဲေဆာင္တာဗ်။ ထိုင္းဆိုရင္ ခရီးသြားနဲ႔ပဲ သူတို႔ရဲ႕ GDP ကို ဆြဲတင္ သြားတာ။ အခုကာလ က်ားဖ်န႔္နဲ႔ နာမည္ဆိုးထြက္လာခ်ိန္မွာ ထိုင္းတို႔ ဘယ္လိုေပၚလစီခ်မွတ္သြားလဲဆို တာ သတိထားၾကည့္လိုက္ပါ။ ဘယ္ေလာက္အထိ ဦးေဆာင္မႈေကာင္းေကာင္းနဲ႔ ေမာင္းႏွင္သြားလဲဆို တာ ျမင္ရတယ္။ ျမန္မာကေတာ့ဗ်ာ။ ဟိုတယ္/ခရီးဝန္ႀကီးက ဘယ္သူ႔အေပၚမွာမွ ဩဇာလည္းမေညာင္း သလို ေပါင္းစပ္ညႇိႏႈိင္းလုပ္ကိုင္ဖို႔ တီထြင္ႀကံဆ ထိုးေဖာက္လုပ္ကိုင္တာမ်ိဳးလည္း မေတြ႕ရေသးပါဘူး ဗ်ာ။ အေဝးႀကီးမၾကည့္နဲ႔။ ရန္ကုန္ၿမိဳ႕မွာ ဆူးေလရွန္ဂရီလာ ျပန္မဖြင့္ႏိုင္ေသးသလို ဆီဒိုနားလည္း က်ဲတိ က်ဲေတာက္ပဲ။ ဒါေတြကိုၾကည့္လိုက္တာနဲ႔ပဲ ျမန္မာ့ခရီးသြားလုပ္ငန္းက ဘယ္ေလာက္အထိ ထိုးဆင္းသြားသလဲဆိုတာ ျမင္သာတယ္။ တကယ္ေတာ့ ႏိုင္ငံမွာ ျဖစ္ေပၚေနတဲ့ စစ္ေရးစစ္ရာေတြနဲ႔ အမ်ားႀကီးေတာ့ မဆိုင္ဘူးဗ်။ စစ္ျဖစ္ေန တဲ့ေနရာနဲ႔ ခရီးသြားလို႔ရတဲ့ေနရာေတြက တူမွမတူတာဗ်ာ။ လုပ္တတ္ရင္ ႏိုင္ငံေရးအျမတ္ထုတ္လို႔ေတာင္ ရေသးတယ္။

ေက်ာ္ႏု - ဒါဆိုရင္ေတာ့ ျပည္တြင္းမွာလုပ္မယ့္ ခရီးသြားျပပြဲ (၂၀၂၅) ကေတာ့ ေစာင့္ၾကည့္ရဦးမွာေပါ့ေနာ္။ ဘယ္ေလာက္အထိ သူတို႔လုပ္ႏိုင္မလဲဆိုတာနဲ႔ For Show ပဲလားဆိုတာ ၾကည့္ၾကတာေပါ့။
ေဆြးေႏြးေဖာ္ - ၾကည့္ၾကည့္ေပါ့ဗ်ာ။ ခင္ဗ်ားလည္း ျမင္တတ္တာပဲ။ ကြၽန္ေတာ္ေတာ့ အမ်ားႀကီး ေမွ်ာ္လင့္မထား ဘူး။
ကဲ - ခရီးသြားလုပ္ငန္းအေၾကာင္းကေတာ့ ဒီေလာက္နဲ႔ ရပ္ထားၾကတာေပါ့ခင္ဗ်ာ။

ေက်းဇူးတင္ပါတယ္ အစ္ကို။

Related news

© 2021. All rights reserved.