ရေခဲချောင်းထဲက မြွေထွက်လာမှု ထိုင်းမှာဖြစ်ပွား

30369
ရောင်နီ (NP News) - မတ် ၆
ထိုင်းနိုင်ငံက အမျိုးသားတစ်ဦးဟာ ရေခဲချောင်းထဲက အေးခဲနေတဲ့ မြွေတစ်ကောင်ကို တွေ့လိုက်ရလို့ အံ့ဩခဲ့ရပါတယ်။
ဒီသတင်းဟာ "မြွေအစာသွပ် ရေခဲမုန့်တွေ ရနေပြီ" ဆိုတဲ့ ကပ်ပ်ရှင်တွေနဲ့အတူ မတ် ၄ ရက်က ဆိုရှယ်မီဒီယာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။
အဲဒီ Post ဟာ မတ်လ ၅ ရက် ညနေပိုင်းမှာ like ၈,၄၀၀၊ comment ၂,၄၀၀၊ share ၉,၁၀၀ ထိ ရရှိခဲ့ပါတယ်။ ဓာတ်ပုံတွေထဲမှာ ရေခဲချောင်းထဲက အဝါရောင်မြွေကို ရှင်းရှင်းလင်းလင်းမြင်တွေ့ရပါတယ်။
မူရင်းပို့စ်အောက်မှာ တချို့ကလည်း "မြွေ အသက်ရှိသေးလား" လို့မေးကြသလို "မြွေဟာ ပရိုတင်းဓာတ်ကို မြှင့်တင်ပေးတာကြောင့် စားသင့်တယ်" လို့ နောက်ပြောင်ပြောဆိုနေကြပါတယ်။
တချို့ကလည်း အဲဒီမြွေဟာ Chrysopelea ornata မျိုးစိတ်ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
ထိုင်းအမျိုးသားဥယျာဉ်တွေရဲ့ ဝက်ဘ်ဆိုဒ်အရ Chrysopelea ornata မျိုးစိတ်ဟာ အဆိပ်ပြင်းပြီး အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေ အပါအဝင် နိုင်ငံအများအပြားမှာ တွေ့ရှိရတယ်လို့ သိရပါတယ်။
Zawgyi Version:
ေရခဲေခ်ာင္းထဲက ေႁမြထြက္လာမႈ ထိုင္းမွာျဖစ္ပြား
ေရာင္နီ (NP News) - မတ္ ၆
ထိုင္းႏိုင္ငံက အမ်ိဳးသားတစ္ဦးဟာ ေရခဲေခ်ာင္းထဲက ေအးခဲေနတဲ့ ေႁမြတစ္ေကာင္ကို ေတြ႕လိုက္ရလို႔ အံ့ဩခဲ့ရပါတယ္။
ဒီသတင္းဟာ "ေႁမြအစာသြပ္ ေရခဲမုန႔္ေတြ ရေနၿပီ" ဆိုတဲ့ ကပ္ပ္ရွင္ေတြနဲ႔အတူ မတ္ ၄ ရက္က ဆိုရွယ္မီဒီယာ ေဖ့စ္ဘြတ္ခ္ေပၚမွာ ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။
အဲဒီ Post ဟာ မတ္လ ၅ ရက္ ညေနပိုင္းမွာ like ၈,၄၀၀၊ comment ၂,၄၀၀၊ share ၉,၁၀၀ ထိ ရရွိခဲ့ပါတယ္။ ဓာတ္ပုံေတြထဲမွာ ေရခဲေခ်ာင္းထဲက အဝါေရာင္ေႁမြကို ရွင္းရွင္းလင္းလင္းျမင္ေတြ႕ရပါတယ္။
မူရင္းပို႔စ္ေအာက္မွာ တခ်ိဳ႕ကလည္း "ေႁမြ အသက္ရွိေသးလား" လို႔ေမးၾကသလို "ေႁမြဟာ ပ႐ိုတင္းဓာတ္ကို ျမႇင့္တင္ေပးတာေၾကာင့္ စားသင့္တယ္" လို႔ ေနာက္ေျပာင္ေျပာဆိုေနၾကပါတယ္။
တခ်ိဳ႕ကလည္း အဲဒီေႁမြဟာ Chrysopelea ornata မ်ိဳးစိတ္ျဖစ္ႏိုင္တယ္လို႔ ခန႔္မွန္းထားၾကပါတယ္။
ထိုင္းအမ်ိဳးသားဥယ်ာဥ္ေတြရဲ႕ ဝက္ဘ္ဆိုဒ္အရ Chrysopelea ornata မ်ိဳးစိတ္ဟာ အဆိပ္ျပင္းၿပီး အိႏၵိယ၊ ဘဂၤလားေဒ့ရွ္၊ သီရိလကၤာ၊ ထိုင္းနဲ႔ ဗီယက္နမ္ႏိုင္ငံေတြ အပါအဝင္ ႏိုင္ငံအမ်ားအျပားမွာ ေတြ႕ရွိရတယ္လို႔ သိရပါတယ္။