သရုပ်ဆောင်သည့်အပိုင်းထက် ဂီတအသက်မွေးဝမ်းကျောင်းကိုသာ အာရုံစိုက်လိုကြောင်း ပြောဆိုလာသည့် BLACKPINK အဖွဲ့ဝင်ဂျင်းနီ

 233

Pika (NP News) - မတ် ၇

လက်ရှိအချိန်တွင် သရုပ်ဆောင်သည့်အပိုင်းထက် ၎င်း၏ဂီတလောက အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို အာရုံစိုက်လိုကြောင်း တောင်ကိုရီးယားနာမည်ကျော် အမျိုးသမီးအဆိုတော်အဖွဲ့ BLACKPINK ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျင်းနီက ထုတ်ပြန်ပြောဆိုခဲ့သည်။

ဂျင်းနီသည် လာမည့်မတ်လ(၁၀)ရက်တွင် ထွက်ရှိလာမည့် 'The Jennifer Hudson Show’ အတွက် ရိုက်ကူးမှုများကို မကြာသေးမီက လုပ်ဆောင်ခဲ့ပြီးနောက် ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်မတ်လ(၂)ရက်တွင် အမေရိကန်အဆိုတော် Jennifer Hudson သည် 'The Jennifer Hudson Show’ အတွင်း မကြာမီထွက်ရှိလာမည့် တစ်ကိုယ်တော်အယ်လ်ဘမ် 'Ruby’ နှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို မျှဝေခဲ့သည့် ဂျင်းနီ၏အင်တာဗျူး ဗီဒီယိုဖိုင်တစ်ခုကို ဆိုရှယ်မီဒီယာပေါ်တွင် မျှဝေခဲ့ကြောင်းသိရသည်။

အဆိုပါဗီဒီယိုဖိုင်တွင် ဂျင်းနီက လက်ရှိအချိန်တွင် သရုပ်ဆောင်သည့်အပိုင်းထက် ၎င်း၏ဂီတအသက်မွေးဝမ်းကျောင်းလုပ်ငန်းကို အာရုံစိုက်လိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။လာမည့်အနာဂတ်တွင် နောက်ထပ်သရုပ်ဆောင်မှုများကို ထပ်မံမြင်တွေ့နိုင်ရန် မျှော်လင့်ရမလားဆိုသည့် မေးခွန်းများကို ဂျင်းနီက တုံ့ပြန်ဖြေကြားခဲ့ကြောင်းသိရသည်။ဂျင်းနီက "ကျွန်မရဲ့ နောက်ထပ်သရုပ်ဆောင်မှုတွေကို ထပ်မံမြင်တွေ့နိုင်ဖို့က ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာတော့ ကျွန်မရဲ့အယ်လ်ဘမ်အတွက်ပဲ အာရုံစိုက်ထားချင်ပါသေးတယ်"ဟု ပြောဆိုခဲ့သည်။ ထို့ပြင် ၎င်း၏တစ်ကိုယ်တော်အယ်လ်ဘမ်အတွက် ပြင်ဆင်နေသည့်အချိန်တွင် အခြားပရောဂျက်များအကြောင်း မစဉ်းစားချင်ကြောင်း ဂျင်းနီက ဝန်ခံပြောဆိုခဲ့သည်။

zawgyi version
သ႐ုပ္ေဆာင္သည့္အပိုင္းထက္ ဂီတအသက္ေမြးဝမ္းေက်ာင္းကိုသာ အာ႐ုံစိုက္လိုေၾကာင္း ေျပာဆိုလာသည့္ BLACKPINK အဖြဲ႕ဝင္ဂ်င္းနီ
Pika (NP News) - မတ္ ၇

လက္ရွိအခ်ိန္တြင္ သ႐ုပ္ေဆာင္သည့္အပိုင္းထက္ ၎၏ဂီတေလာက အသက္ေမြးဝမ္းေက်ာင္းလုပ္ငန္းကို အာ႐ုံစိုက္လိုေၾကာင္း ေတာင္ကိုရီးယားနာမည္ေက်ာ္ အမ်ိဳးသမီးအဆိုေတာ္အဖြဲ႕ BLACKPINK ၏ အဖြဲ႕ဝင္တစ္ဦးျဖစ္သူ ဂ်င္းနီက ထုတ္ျပန္ေျပာဆိုခဲ့သည္။

ဂ်င္းနီသည္ လာမည့္မတ္လ(၁၀)ရက္တြင္ ထြက္ရွိလာမည့္ 'The Jennifer Hudson Show’ အတြက္ ႐ိုက္ကူးမႈမ်ားကို မၾကာေသးမီက လုပ္ေဆာင္ခဲ့ၿပီးေနာက္ ယခုကဲ့သို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္သည္။ ၿပီးခဲ့သည့္မတ္လ(၂)ရက္တြင္ အေမရိကန္အဆိုေတာ္ Jennifer Hudson သည္ 'The Jennifer Hudson Show’ အတြင္း မၾကာမီထြက္ရွိလာမည့္ တစ္ကိုယ္ေတာ္အယ္လ္ဘမ္ 'Ruby’ ႏွင့္ပတ္သက္ၿပီး အေသးစိတ္အခ်က္အလက္မ်ားကို မွ်ေဝခဲ့သည့္ ဂ်င္းနီ၏အင္တာဗ်ဴး ဗီဒီယိုဖိုင္တစ္ခုကို ဆိုရွယ္မီဒီယာေပၚတြင္ မွ်ေဝခဲ့ေၾကာင္းသိရသည္။

အဆိုပါဗီဒီယိုဖိုင္တြင္ ဂ်င္းနီက လက္ရွိအခ်ိန္တြင္ သ႐ုပ္ေဆာင္သည့္အပိုင္းထက္ ၎၏ဂီတအသက္ေမြးဝမ္းေက်ာင္းလုပ္ငန္းကို အာ႐ုံစိုက္လိုေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္။လာမည့္အနာဂတ္တြင္ ေနာက္ထပ္သ႐ုပ္ေဆာင္မႈမ်ားကို ထပ္မံျမင္ေတြ႕ႏိုင္ရန္ ေမွ်ာ္လင့္ရမလားဆိုသည့္ ေမးခြန္းမ်ားကို ဂ်င္းနီက တုံ႔ျပန္ေျဖၾကားခဲ့ေၾကာင္းသိရသည္။ဂ်င္းနီက "ကြၽန္မရဲ႕ ေနာက္ထပ္သ႐ုပ္ေဆာင္မႈေတြကို ထပ္မံျမင္ေတြ႕ႏိုင္ဖို႔က ျဖစ္ႏိုင္ပါတယ္။ ဒါေပမဲ့ ဒီအခ်ိန္မွာေတာ့ ကြၽန္မရဲ႕အယ္လ္ဘမ္အတြက္ပဲ အာ႐ုံစိုက္ထားခ်င္ပါေသးတယ္"ဟု ေျပာဆိုခဲ့သည္။ ထို႔ျပင္ ၎၏တစ္ကိုယ္ေတာ္အယ္လ္ဘမ္အတြက္ ျပင္ဆင္ေနသည့္အခ်ိန္တြင္ အျခားပေရာဂ်က္မ်ားအေၾကာင္း မစဥ္းစားခ်င္ေၾကာင္း ဂ်င္းနီက ဝန္ခံေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.