(၂၀၂၄-၂၀၂၅)ပရီးမီးယားလိဂ်ပွဲစဉ် (၂၈) ၏ ပွဲကြိုသုံးသပ်ချက်များ

 428

ရဲထက် (NP News) - မတ် ၇

ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ဖို့ သေချာသလောက်ရှိနေတဲ့အသင်းကတော့ လီဗာပူးလ်အသင်း လို့တောင်ပြောလို့ရနေတဲ့ အခြေအနေကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ပွဲစဉ်(၂၈)မှာ အာဆင်နယ်အသင်း သာ ထပ်မံခြေချော်ခဲ့ရင် လီဗာပူးလ်အသင်းအတွက် ဒီရာသီပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ပြီလို့ ယူဆထား လို့ရနေတဲ့ အနေအထားမျိုးလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာ ထိပ်ဆုံး(၄)သင်းနဲ့ ယူရိုပါလိဂ်ဝင်ခွင့်အတွက် အပြိုင်အဆိုင်ယှဉ်ပြိုင်မှုတွေအပြင် တန်းဆင်းဇုန်ကအသင်းတွေရဲ့ တိုးအား၊ ရုန်းအားတွေကိုလည်း နောက်ပိုင်းပွဲစဉ်တွေမှာ ဆက်လက်စောင့်ကြည့်ရမှာဖြစ်တာကြောင့် ပရီးမီးယား လိဂ်ချန်ပီယံဆုအတွက် လီဗာပူးလ်အသင်းက တစ်ကောင်တည်းပြေးနေပေမယ့် ကျန်တဲ့အသင်းအသီး သီးရဲ့ပြိုင်ဆိုင်မှုတွေကတော့ ဆက်လက်ပြင်းထန်နေဦးမှာဖြစ်ပါတယ်။ ဒါ့ပြင် ဒီနှစ်မှာ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဝင်ခွင့်စတဲ့ ဥရောပဝင်ခွင့်အားလုံးကို ဆုံးရှုံးရနိုင်ခြေရှိတဲ့အသင်းကြီးတွေရဲ့အခြေအနေကို လည်း စောင့်ကြည့်သွားရဖို့ရှိနေပါတယ်။ ဒီတစ်ပတ်မှာလည်း NP News ကနေ အမှတ်ပေးဇယားရဲ့ ထိပ် ဆုံးမှာရပ်တည်နေတဲ့အသင်းကြီးတွေရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၈)အတွက် ခြေစွမ်းနဲ့ဖြစ်နိုင်ခြေ သုံးသပ် ချက်တွေကို တင်ပြသွားမှာဖြစ်ပါတယ်။

မန်ယူ VS အာဆင်နယ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
အာဆင်နယ် ၁ - ၂ မန်ယူ (၅-၁၂-၂၀၂၄)
မန်ယူ ဝ - ၁ အာဆင်နယ် (၁၂-၅-၂၀၂၄)
အာဆင်နယ် ၃ - ၁ မန်ယူ (၃-၉-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
မန်ယူ ၁ - ၂ အာဆင်နယ်
မန်ယူ ၁ - ၃ အာဆင်နယ်
မန်ယူအသင်းရဲ့ ဒီရာသီအကြီးမားဆုံး ပြဿနာဟာ ကစားသမားတွေရဲ့ နိုင်လိုစိတ်ဖြစ်ပါတယ်။ ဒါက အရေးမကြီးဘူးလို့ထင်ရပေမယ့် ကစားသမားတစ်ယောက် နိုင်လိုစိတ်မရှိရင်တောင် အသင်း တစ် သင်းရဲ့အနေအထား ပျက်စီးသွားနိုင်တဲ့အခြေအနေမှာ မန်ယူအသင်းရဲ့ ကစားသမားအကုန်လုံးနီးပါး ဟာ ပွဲစဉ်တစ်ပွဲအပေါ်မှာ နိုင်လိုစိတ်ပျောက်ဆုံးနေတာကို ပွဲတိုင်းလိုလိုမြင်တွေ့နေရပါတယ်။ လက်ရှိ အမှတ်ပေးဇယားကိုထည့်မတွက်ရင်တောင် မန်ယူအသင်းဟာ အခြားသောအသင်းငယ်လေးတွေထက် နိုင်လိုစိတ်ပျောက်ဆုံးမှုက ပိုများနေတာပါ။ ကစားသမားတွေ ကိုယ်တိုင်ကိုက မန်ယူအသင်းအတွက် ပေးဆပ်လိုစိတ် မရှိတော့တာကိုမြင်တွေ့ရပြီး နည်းပြအနေနဲ့ ရလဒ်ကောင်းတစ်ခုကိုဆက်သွားချင်ရင် ကစားသမားအာလုံး နေရာချိန်းပစ်ရမယ့်ပုံစံမျိုးကို မြင်တွေ့နေရတဲ့အနေအထားမျိုးဖြစ်ပါတယ်။ အာ ဆင်နယ်အသင်းကတော့ မန်ယူအသင်းနဲ့ ဆန့်ကျင်ဘက်အနေအထားလို့ပြောလို့ရပြီး ခြေစွမ်းပိုင်းအရ လည်း နောက်ပိုင်းမှာ တော်တော်လေးကွာဟတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အာဆင်နယ် အသင်း ဟာလည်း အရမ်းကြီးကောင်းမွန်လွန်းနေတယ်လို့လည်း ပြောလို့မရတဲ့အနေအထားပါ။ လီဗာပူးလ် အသင်းနဲ့ ဒီနှစ်မှာ ချန်ပီယံဆုကိုယှဉ်ပြိုင်ဖို့ကလည်း ကံတရားအပေါ်မှာသာ မူတည်နေပြီး အာဆင်နယ် အသင်းဟာ အကောင်းဆုံးဖြစ်ခဲ့ပေမယ့် ဒုတိယအကောင်းဆုံးဆိုတဲ့ အခြေအနေမျိုးကိုကြုံတွေ့ခဲ့တာ ဟာ ဒီနှစ်နဲ့ဆိုရင် (၃)နှစ်ဆက် တိုက်ရှိခဲ့ပြီလို့ပြောလို့ရပါတယ်။ မန်စီးတီး အရမ်း ကောင်းခဲ့ချိန်မှာလည်း အနီးစပ်ဆုံးအနေအထားအထိ အာဆင်နယ်အသင်း စွမ်းဆောင်ပြခဲ့ပေမယ့် ဒုတိယနေရာနဲ့သာ ကျေနပ် ခဲ့ရသလို လက်ရှိ လီဗာပူးလ်အသင်းနဲ့ ရမှတ်ကွာဟနေတဲ့အနေအထားမှာ လက်ကျန် ပွဲစဉ်တိုင်းကို နိုင်ခဲ့ ရင်တောင် အာဆင်နယ်အသင်းအတွက် ဘာမှထူးခြားမလာတဲ့ နှစ်တစ်နှစ်လို့ ပြောလို့ရနေပါတယ်။ ဒါ ကြောင့် ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုက ပြိုင်ဆိုင်မှုအနေအထားအရကြည့်ရင် ဒီရာသီ ပထမဆုံး တွေ့ဆုံမှုမှာလည်း အာဆင်နယ်အသင်းက အနိုင်ရထားသလို ပရီးမီးယားလိဂ် နောက်ဆုံး(၄)ပွဲ ဆက် အာဆင်နယ်အသင်းကသာ အနိုင်ရထားတာကြောင့် ဒီပွဲစဉ်က မန်ယူအသင်းရဲ့အိမ်ကွင်းဆိုပေမယ့် အာဆင်နယ် အသင်းကပဲ (၁)ဂိုးအထက်နဲ့ နိုင်ပွဲရယူသွားနိုင်ပါတယ်။

နော်တင်ဖောရက်စ် Vs မန်စီးတီး
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
မန်စီးတီး ၃ - ဝ ဖောရက်စ် (၅-၁၂-၂၀၂၄)
ဖောရက်စ် ဝ - ၂ မန်စီးတီး (၂၈-၄-၂၀၂၄)
မန်စီးတီး ၂ - ဝ ဖောရက်စ် (၂၃-၉-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ဖောရက်စ် ၂ - ၂ မန်စီးတီး
ဖောရက်စ် ၂ - ၃ မန်စီးတီး
မန်စီးတီးအသင်းအတွက် ဒီပွဲစဉ်က သေချာပေါက်ခက်ခဲဦးမယ့်ပွဲစဉ်တစ်ပွဲလို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မန်စီးတီးအသင်းဟာ နိုင်ပွဲတစ်ပွဲရဖို့ ကစားသမားတစ်ယောက်ချင်းစီရဲ့ အရည် အသွေးပိုင်းမပြည့်ဝမှုတွေကြောင့် အခုရာသီမှာ ဆိုးရွားတဲ့ရာသီတစ်ခုကိုဖြတ်သန်းနေရတယ်လို့ ပြောလို့ ရပါတယ်။ ရာသီအစမှာတင် အသင်းရဲ့အဓိကကွင်းလယ်ကစားသမား ရိုဒရီကို ဆုံးရှုံးထားရတာကြောင့် ကွင်းလယ်ပိုင်းမှာ လိုအပ်ချက်ကြီးမားမှုနဲ့အ တူ နိုင်ပွဲရဖို့ရုန်းကန်ခဲ့ရတာပါ။ ဒါ့ပြင် လက်ရှိ တိုက်စစ်မှူး ဟာလန်းမပါဝင်လာနိုင်တဲ့အနေအထားမှာ အသိသာဆုံးအချက်ဟာ သွင်းဂိုးတွေအတွက် စိတ်ချထားလို့ ရတဲ့တိုက်စစ်ကစားသမားစစ်စစ် မရှိတော့တာ ကိုတွေ့ရပါတယ်။ မန်စီးတီးအသင်းရလဒ်ပိုင်း ဆိုးရွား လာရတဲ့ အဓိကထိုးနှက်ချက်ကတော့အသင်းရဲ့ အရေးပါတဲ့ကစားသမားတွေဖြစ်တဲ့ ဖိုဒန်ပုံမှန်ခြေစွမ်း အောက်ရောက်နေမှုနဲ့အတူ ဒီဘရိုင်းနားနဲ့ ကိုဗာဆစ် တို့ရဲ့ ကွင်းလယ်ပိုင်းဟာလည်း အသက်အရွယ်အရ စကားပြောလာပြီဖြစ်တာကြောင့် ပြိုင်ဆိုင်မှုပြင်းထန်လာရင် ကစားအားကျသွားတတ်တာပဲဖြစ်ပါတယ်။ ဒီအချက်တွေကိုသာ မန်စီးတီးအသင်းမပြင်ဆင်နိုင်ခဲ့ရင် ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက်ကိုတောင် စိတ်ချထားလို့မရလောက်တဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ နော်တင်ဖောရက်စ်အသင်းကတော့ မန်စီးတီး အသင်းနဲ့ ဒီရာသီတွေ့ဆုံချိန်မှာ (၃)ဂိုးပြတ်ရှုံးထားတာကြောင့် ဒီပွဲစဉ်မှာ မန်စီးတီးကို အကောင်းဆုံးရင် ဆိုင်ဖို့ ပြင်ဆင်လာနိုင်ခြေရှိပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုတွေမှာ မန်စီးတီးအသင်းက အသာရထားတယ် ဆိုပေမယ့် လက်ရှိခြေစွမ်းပိုင်းအရကြည့်ရင် ဘာမဆိုဖြစ်သွားနိုင်တဲ့အပြင် နော်တင်ဖောရက်စ်အသင်းက လည်း မန်စီးတီးအသင်းကို အနိုင်ယူနိုင်လောက်တဲ့အထိ ခြေစွမ်းကောင်းမွန်နေပါတယ်။ ဒါကြောင့် ဒီပွဲ စဉ်က နော်တင်ဖောရက်စ်အိမ်ကွင်းမှာ မန်စီးတီးအသင်း နိုင်ပွဲရဖို့ခက်ခဲနိုင်ပါတယ်။ သရေကျဖို့များပြီး မန်စီးတီးအသင်းက နိုင်မယ်ဆိုရင်တောင် (၁)ဂိုး လောက်အကွာနဲ့သာ ကပ်နိုင်ပါမယ်။

လီဗာပူးလ် Vs ဆောက်သမ်တန်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ဆောက်သမ်တန် ၁ - ၂ လီဗာပူးလ်(၁၉-၁၂-၂၀၂၄)
ဆောက်သမ်တန် ၂ - ၃ လီဗာပူးလ်(၂၄-၁၁-၂၀၂၄)
ဆောက်သမ်တန် ၄ - ၄ လီဗာပူးလ်(၂၈-၅-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
လီဗာပူးလ် ၂ - ဝ ဆောက်သမ်တန်
လီဗာပူးလ် ၃ - ၁ ဆောက်သမ်တန်
လီဗာပူးလ်အသင်းအနေနဲ့ ရာသီမှာ ချန်ပီယံဖြစ်ဖို့ လက်တစ်ကမ်းအလိုကိုရောက်ရှိနေပြီး ချန်ပီ ယံဖြစ်ဖို့လည်း သေချာသလောက်ကိုရှိနေခဲ့ပြီဖြစ်ပါတယ်။ ပွဲစဉ်(၂)ပွဲဆက်တိုက်ရှုံးခဲ့ရင်တောင် ဒုတိယ နေရာက အာဆင်နယ်အသင်းကို ဖိအားအများကြီး မရှိဘဲ ချန်ပီယံဆုအတွက် တိုက်ပွဲဝင်လို့ရနေသေးတဲ့ အပြင် တစ်ပွဲပါလျှော့ကန်ထားတာကြောင့် လီဗာပူးလ် အသင်းရဲ့ဖလားလို့တောင် ပြောလို့ရနေတဲ့ အနေ အထားမှာရှိနေပါတယ်။ ဒီလိုနိုင်ပွဲတွေနဲ့ ချန်ပီယံလမ်း ကြောင်းပေါ်မှာဦးဆောင်နိုင်နေတဲ့ လီဗာပူးလ် အသင်းရဲ့ အဓိကကံအကောင်းဆုံးအရာဟာ ဒီနှစ်မှာ လီဗာပူးလ်အသင်းရဲ့ အဓိက ကစားသမားတော် တော်များများ ဒဏ်ရာပြဿနာကို မကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ မန်စီးတီး၊ အာဆင်နယ်နဲ့ ချဲလ်ဆီး အသင်းတွေမှာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ရမှုတွေရှိခဲ့ပေမယ့် လီဗာပူးလ်အသင်းရဲ့ အဓိက ကစား သမားတော်တော်များများကတော့ ဒဏ်ရာကင်းရှင်းနေတာက လီဗာပူးလ်အသင်းကို ဒီလောက်အနေ အထားအထိရောက်ရှိစေခဲ့တာလည်းဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ မန်စီးတီးအသင်းနဲ့ အာဆင် နယ်အသင်းတို့ရဲ့ ခြေစွမ်းပိုင်းကျဆင်းမှုတွေကြောင့်လို့ပြောလို့ရနေပြီး ဒီရာသီမှာ အဆိုပါ အသင်းတွေရဲ့ ခြေစွမ်းပိုင်းသာ မကျဆင်းသွားခဲ့ရင် လီဗာပူးလ်အသင်းအနေနဲ့ လက်ရှိအချိန်မှာ ဒီထက်ပို ရုန်းကန်ရနိုင် လောက်တဲ့အခြေအနေဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအရာတွေက တွက်ချက်မှုအရသာဖြစ်ပြီး လီဗာပူးလ် အ သင်းရဲ့ခြေစွမ်းပိုင်းတိုးတက်လာမှုနဲ့ နည်းပြ အာနဲ့စလော့ရဲ့နည်းဗျူဟာတွေကြောင့်လို့လည်းဆိုနိုင်ပါ တယ်။ ဆောက်သမ်တန် အသင်းကတော့ ဒီရာသီမှာ တန်းဆင်းရဖို့သေချာသလောက်ရှိနေတဲ့ အသင်း ဖြစ်ပြီး လီဗာပူးလ်နဲ့ထိပ်တိုက် တွေ့ဆုံမှုမှာလည်း ဂိုးပြတ်ရှုံးထားတဲ့အပြင် ထိပ်တိုက်တွေ့ဆုံမှုတိုင်းမှာ လည်း ရှုံးပွဲကပိုများနေတာကြောင့် ဒီပွဲစဉ်မှာ လီဗာပူးလ်အသင်းက အိမ်ကွင်းမှာအနိုင် (၃)မှတ် ထပ်ယူ မယ့်ပွဲစဉ်လို့ဆိုနိုင်ပြီး အနည်းဆုံး (၂)ဂိုးပြတ်လောက်နဲ့နိုင်ပါမယ်။ အပြန်အလှန်သွင်း ဂိုးနည်းပါမယ်။

ချဲလ်ဆီး Vs လက်စတာစီးတီး
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
လက်စတာစီးတီး ၁ - ၂ ချဲလ်ဆီး (၂၃-၁၁-၂၀၂၄)
လက်စတာစီးတီး ၁ - ၃ ချဲလ်ဆီး (၁၁-၅-၂၀၂၃)
ချဲလ်ဆီး ၁ - ၁ လက်စတာစီးတီး (၂၀-၅-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ချဲလ်ဆီး ၃ - ၁ လက်စတာစီးတီး
ချဲလ်ဆီး ၃ - ၂ လက်စတာစီးတီး
ဒီနှစ်သင်းတွေ့ဆုံတဲ့ပွဲစဉ်တိုင်းမှာ ပြိုင်ဆိုင်မှုပြင်းထန်လေ့ရှိသလို အမှတ်တရများစွာလည်း ရှိနေပါတယ်။ လက်စတာအသင်း တန်းမဆင်းခင်က FA Cup ပွဲစဉ်တွေမှာ ချဲလ်ဆီးအသင်းကို အနိုင်ယူ ကျော်ဖြတ်နိုင်ခဲ့တာကိုတွေ့ရပြီး ချဲလ်ဆီးအသင်းကို အမြဲတမ်းဒုက္ခပေးနိုင်တဲ့အသင်းဖြစ်ပါတယ်။ ချဲလ် ဆီးအသင်းဟာ အသင်းရဲ့တိုက်စစ်မှူး နက်ဂလက်ဂျက်ဆန်ဒဏ်ရာရပြီးကတည်းက နိုင်ပွဲပျောက်နေပြီး တော့ ခြေစွမ်းပိုင်းမှာလည်း သိသိသာသာကို ကျဆင်းသွားခဲ့တာကိုတွေ့ရပါတယ်။ အဓိက ပြဿနာက တော့ နောက်တန်းခံစစ်နဲ့ဂိုးသမားဖြစ်ပြီး ဒီကစားသမားတွေကြောင့်ပဲ ချဲလ်ဆီးအသင်းဟာ ရှေ့ကိုမ ရောက်နိုင်ဘဲ နိုင်ပွဲတွေပျောက်ဆုံးပြီး ချန်ပီယံလိဂ်ဝင် ခွင့်တစ်နေရာအတွက်ကိုပါ စိုးရိမ်စရာရှိလာပါ တယ်။ နောက်ထပ်ရင်ဆိုင်ရမှာကတော့ ကိုးလ်ပါးမားရဲ့ ခြေစွမ်းကျဆင်းလာမှုဖြစ်ပြီး လူမှန်နေရာမှန် သာပြန်မရခဲ့ရင် ချဲလ်ဆီးအသင်းအတွက် နိုင်ပွဲတွေနဲ့ အလှမ်းဝေးနေဦးမှာသေချာနေပါတယ်။ နည်းပြ အပြောင်းအလဲလုပ်ထားတဲ့အပြင် မီလျံနဲ့ချီပြီး လူဝယ်ထားတဲ့အသင်းတစ်သင်းအတွက် ဒီလိုရလဒ်မျိုးက ထိုက်တန်မနေဘူးလို့လည်း ပြောလို့ရပါတယ်။ ဒါကြောင့် ဒီပွဲစဉ်မှာ လက်စတာစီးတီးအသင်းကို အိမ် ကွင်းမှာကစားရမှာဖြစ်တဲ့အပြင် ဒီရာသီပထမအကြိမ်တွေ့ဆုံ မှုမှာလည်း အနိုင်ရထားတဲ့အပြင် ပြိုင်ပွဲစုံ ထိပ်တိုက် တွေ့ဆုံမှု (၇)ပွဲဆက် ချဲလ်ဆီးအသင်းကပဲ နိုင်ပွဲရထားတာကြောင့် ဒီပွဲစဉ်ကလည်း ချဲလ်ဆီး အသင်းအတွက် အနိုင်(၃)မှတ်ရဖို့ဦးတည်နေပြီး ခြေစွမ်းမကောင်းပေမယ့် လူစာရင်းအရ ချဲလ်ဆီး အသင်းကပဲ ကျဉ်းမြောင်းတဲ့ရလဒ်တစ်ခုနဲ့နိုင်သွားပါမယ်။ ဂိုးတော့ မပြတ်ပါဘူး။

၈- ၃-၂၀၂၅ (စနေနေ့ နံနက်ပိုင်း)
ည(၇◌းဝဝ) နော်တင်ဖောရက်စ် Vs မန်စီးတီး
ည(၉း၃၀) လီဗာပူးလ် Vs ဆောက်သမ်တန်
၉- ၃-၂၀၂၅ (တနင်္ဂနွေနေ့ နံနက်ပိုင်း)
ည(၈း၃၀) ချဲလ်ဆီး Vs လက်စတာစီးတီး
ည(၁၁းဝဝ) မန်ယူ Vs အာဆင်နယ်

zawgyi version
(၂၀၂၄-၂၀၂၅)ပရီးမီးယားလိဂ္ပြဲစဥ္ (၂၈) ၏ ပြဲႀကိဳသုံးသပ္ခ်က္မ်ား
ရဲထက္ (NP News) - မတ္ ၇

ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ႏိုင္ဖို႔ ေသခ်ာသေလာက္ရွိေနတဲ့အသင္းကေတာ့ လီဗာပူးလ္အသင္း လို႔ေတာင္ေျပာလို႔ရေနတဲ့ အေျခအေနကိုေရာက္ရွိလာခဲ့ၿပီျဖစ္ပါတယ္။ ပြဲစဥ္(၂၈)မွာ အာဆင္နယ္အသင္း သာ ထပ္မံေျခေခ်ာ္ခဲ့ရင္ လီဗာပူးလ္အသင္းအတြက္ ဒီရာသီပရီးမီးယားလိဂ္ခ်န္ပီယံ ျဖစ္ၿပီလို႔ ယူဆထား လို႔ရေနတဲ့ အေနအထားမ်ိဳးလည္းျဖစ္ပါတယ္။ ဒါေပမဲ့ ခ်န္ပီယံလိဂ္ဝင္ခြင့္တစ္ေနရာ ထိပ္ဆုံး(၄)သင္းနဲ႔ ယူ႐ိုပါလိဂ္ဝင္ခြင့္အတြက္ အၿပိဳင္အဆိုင္ယွဥ္ၿပိဳင္မႈေတြအျပင္ တန္းဆင္းဇုန္ကအသင္းေတြရဲ႕ တိုးအား၊ ႐ုန္းအားေတြကိုလည္း ေနာက္ပိုင္းပြဲစဥ္ေတြမွာ ဆက္လက္ေစာင့္ၾကည့္ရမွာျဖစ္တာေၾကာင့္ ပရီးမီးယား လိဂ္ခ်န္ပီယံဆုအတြက္ လီဗာပူးလ္အသင္းက တစ္ေကာင္တည္းေျပးေနေပမယ့္ က်န္တဲ့အသင္းအသီး သီးရဲ႕ၿပိဳင္ဆိုင္မႈေတြကေတာ့ ဆက္လက္ျပင္းထန္ေနဦးမွာျဖစ္ပါတယ္။ ဒါ့ျပင္ ဒီႏွစ္မွာ ခ်န္ပီယံလိဂ္နဲ႔ ယူ႐ိုပါလိဂ္ဝင္ခြင့္စတဲ့ ဥေရာပဝင္ခြင့္အားလုံးကို ဆုံးရႈံးရႏိုင္ေျခရွိတဲ့အသင္းႀကီးေတြရဲ႕အေျခအေနကို လည္း ေစာင့္ၾကည့္သြားရဖို႔ရွိေနပါတယ္။ ဒီတစ္ပတ္မွာလည္း NP News ကေန အမွတ္ေပးဇယားရဲ႕ ထိပ္ ဆုံးမွာရပ္တည္ေနတဲ့အသင္းႀကီးေတြရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္(၂၈)အတြက္ ေျခစြမ္းနဲ႔ျဖစ္ႏိုင္ေျခ သုံးသပ္ ခ်က္ေတြကို တင္ျပသြားမွာျဖစ္ပါတယ္။

မန္ယူ VS အာဆင္နယ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
အာဆင္နယ္ ၁ - ၂ မန္ယူ (၅-၁၂-၂၀၂၄)
မန္ယူ ဝ - ၁ အာဆင္နယ္ (၁၂-၅-၂၀၂၄)
အာဆင္နယ္ ၃ - ၁ မန္ယူ (၃-၉-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
မန္ယူ ၁ - ၂ အာဆင္နယ္
မန္ယူ ၁ - ၃ အာဆင္နယ္
မန္ယူအသင္းရဲ႕ ဒီရာသီအႀကီးမားဆုံး ျပႆနာဟာ ကစားသမားေတြရဲ႕ ႏိုင္လိုစိတ္ျဖစ္ပါတယ္။ ဒါက အေရးမႀကီးဘူးလို႔ထင္ရေပမယ့္ ကစားသမားတစ္ေယာက္ ႏိုင္လိုစိတ္မရွိရင္ေတာင္ အသင္း တစ္ သင္းရဲ႕အေနအထား ပ်က္စီးသြားႏိုင္တဲ့အေျခအေနမွာ မန္ယူအသင္းရဲ႕ ကစားသမားအကုန္လုံးနီးပါး ဟာ ပြဲစဥ္တစ္ပြဲအေပၚမွာ ႏိုင္လိုစိတ္ေပ်ာက္ဆုံးေနတာကို ပြဲတိုင္းလိုလိုျမင္ေတြ႕ေနရပါတယ္။ လက္ရွိ အမွတ္ေပးဇယားကိုထည့္မတြက္ရင္ေတာင္ မန္ယူအသင္းဟာ အျခားေသာအသင္းငယ္ေလးေတြထက္ ႏိုင္လိုစိတ္ေပ်ာက္ဆုံးမႈက ပိုမ်ားေနတာပါ။ ကစားသမားေတြ ကိုယ္တိုင္ကိုက မန္ယူအသင္းအတြက္ ေပးဆပ္လိုစိတ္ မရွိေတာ့တာကိုျမင္ေတြ႕ရၿပီး နည္းျပအေနနဲ႔ ရလဒ္ေကာင္းတစ္ခုကိုဆက္သြားခ်င္ရင္ ကစားသမားအာလုံး ေနရာခ်ိန္းပစ္ရမယ့္ပုံစံမ်ိဳးကို ျမင္ေတြ႕ေနရတဲ့အေနအထားမ်ိဳးျဖစ္ပါတယ္။ အာ ဆင္နယ္အသင္းကေတာ့ မန္ယူအသင္းနဲ႔ ဆန႔္က်င္ဘက္အေနအထားလို႔ေျပာလို႔ရၿပီး ေျခစြမ္းပိုင္းအရ လည္း ေနာက္ပိုင္းမွာ ေတာ္ေတာ္ေလးကြာဟတာကို ေတြ႕ရမွာျဖစ္ပါတယ္။ ဒါေပမဲ့ အာဆင္နယ္ အသင္း ဟာလည္း အရမ္းႀကီးေကာင္းမြန္လြန္းေနတယ္လို႔လည္း ေျပာလို႔မရတဲ့အေနအထားပါ။ လီဗာပူးလ္ အသင္းနဲ႔ ဒီႏွစ္မွာ ခ်န္ပီယံဆုကိုယွဥ္ၿပိဳင္ဖို႔ကလည္း ကံတရားအေပၚမွာသာ မူတည္ေနၿပီး အာဆင္နယ္ အသင္းဟာ အေကာင္းဆုံးျဖစ္ခဲ့ေပမယ့္ ဒုတိယအေကာင္းဆုံးဆိုတဲ့ အေျခအေနမ်ိဳးကိုႀကဳံေတြ႕ခဲ့တာ ဟာ ဒီႏွစ္နဲ႔ဆိုရင္ (၃)ႏွစ္ဆက္ တိုက္ရွိခဲ့ၿပီလို႔ေျပာလို႔ရပါတယ္။ မန္စီးတီး အရမ္း ေကာင္းခဲ့ခ်ိန္မွာလည္း အနီးစပ္ဆုံးအေနအထားအထိ အာဆင္နယ္အသင္း စြမ္းေဆာင္ျပခဲ့ေပမယ့္ ဒုတိယေနရာနဲ႔သာ ေက်နပ္ ခဲ့ရသလို လက္ရွိ လီဗာပူးလ္အသင္းနဲ႔ ရမွတ္ကြာဟေနတဲ့အေနအထားမွာ လက္က်န္ ပြဲစဥ္တိုင္းကို ႏိုင္ခဲ့ ရင္ေတာင္ အာဆင္နယ္အသင္းအတြက္ ဘာမွထူးျခားမလာတဲ့ ႏွစ္တစ္ႏွစ္လို႔ ေျပာလို႔ရေနပါတယ္။ ဒါ ေၾကာင့္ ဒီႏွစ္သင္းရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈက ၿပိဳင္ဆိုင္မႈအေနအထားအရၾကည့္ရင္ ဒီရာသီ ပထမဆုံး ေတြ႕ဆုံမႈမွာလည္း အာဆင္နယ္အသင္းက အႏိုင္ရထားသလို ပရီးမီးယားလိဂ္ ေနာက္ဆုံး(၄)ပြဲ ဆက္ အာဆင္နယ္အသင္းကသာ အႏိုင္ရထားတာေၾကာင့္ ဒီပြဲစဥ္က မန္ယူအသင္းရဲ႕အိမ္ကြင္းဆိုေပမယ့္ အာဆင္နယ္ အသင္းကပဲ (၁)ဂိုးအထက္နဲ႔ ႏိုင္ပြဲရယူသြားႏိုင္ပါတယ္။

ေနာ္တင္ေဖာရက္စ္ Vs မန္စီးတီး
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
မန္စီးတီး ၃ - ဝ ေဖာရက္စ္ (၅-၁၂-၂၀၂၄)
ေဖာရက္စ္ ဝ - ၂ မန္စီးတီး (၂၈-၄-၂၀၂၄)
မန္စီးတီး ၂ - ဝ ေဖာရက္စ္ (၂၃-၉-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ေဖာရက္စ္ ၂ - ၂ မန္စီးတီး
ေဖာရက္စ္ ၂ - ၃ မန္စီးတီး
မန္စီးတီးအသင္းအတြက္ ဒီပြဲစဥ္က ေသခ်ာေပါက္ခက္ခဲဦးမယ့္ပြဲစဥ္တစ္ပြဲလို႔ ေျပာလို႔ရပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ မန္စီးတီးအသင္းဟာ ႏိုင္ပြဲတစ္ပြဲရဖို႔ ကစားသမားတစ္ေယာက္ခ်င္းစီရဲ႕ အရည္ အေသြးပိုင္းမျပည့္ဝမႈေတြေၾကာင့္ အခုရာသီမွာ ဆိုး႐ြားတဲ့ရာသီတစ္ခုကိုျဖတ္သန္းေနရတယ္လို႔ ေျပာလို႔ ရပါတယ္။ ရာသီအစမွာတင္ အသင္းရဲ႕အဓိကကြင္းလယ္ကစားသမား ႐ိုဒရီကို ဆုံးရႈံးထားရတာေၾကာင့္ ကြင္းလယ္ပိုင္းမွာ လိုအပ္ခ်က္ႀကီးမားမႈနဲ႔အ တူ ႏိုင္ပြဲရဖို႔႐ုန္းကန္ခဲ့ရတာပါ။ ဒါ့ျပင္ လက္ရွိ တိုက္စစ္မႉး ဟာလန္းမပါဝင္လာႏိုင္တဲ့အေနအထားမွာ အသိသာဆုံးအခ်က္ဟာ သြင္းဂိုးေတြအတြက္ စိတ္ခ်ထားလို႔ ရတဲ့တိုက္စစ္ကစားသမားစစ္စစ္ မရွိေတာ့တာ ကိုေတြ႕ရပါတယ္။ မန္စီးတီးအသင္းရလဒ္ပိုင္း ဆိုး႐ြား လာရတဲ့ အဓိကထိုးႏွက္ခ်က္ကေတာ့အသင္းရဲ႕ အေရးပါတဲ့ကစားသမားေတြျဖစ္တဲ့ ဖိုဒန္ပုံမွန္ေျခစြမ္း ေအာက္ေရာက္ေနမႈနဲ႔အတူ ဒီဘ႐ိုင္းနားနဲ႔ ကိုဗာဆစ္ တို႔ရဲ႕ ကြင္းလယ္ပိုင္းဟာလည္း အသက္အ႐ြယ္အရ စကားေျပာလာၿပီျဖစ္တာေၾကာင့္ ၿပိဳင္ဆိုင္မႈျပင္းထန္လာရင္ ကစားအားက်သြားတတ္တာပဲျဖစ္ပါတယ္။ ဒီအခ်က္ေတြကိုသာ မန္စီးတီးအသင္းမျပင္ဆင္ႏိုင္ခဲ့ရင္ ခ်န္ပီယံလိဂ္ဝင္ခြင့္တစ္ေနရာအတြက္ကိုေတာင္ စိတ္ခ်ထားလို႔မရေလာက္တဲ့ အေျခအေနမ်ိဳးျဖစ္ပါတယ္။ ေနာ္တင္ေဖာရက္စ္အသင္းကေတာ့ မန္စီးတီး အသင္းနဲ႔ ဒီရာသီေတြ႕ဆုံခ်ိန္မွာ (၃)ဂိုးျပတ္ရႈံးထားတာေၾကာင့္ ဒီပြဲစဥ္မွာ မန္စီးတီးကို အေကာင္းဆုံးရင္ ဆိုင္ဖို႔ ျပင္ဆင္လာႏိုင္ေျခရွိပါတယ္။ ထိပ္တိုက္ေတြ႕ဆုံမႈေတြမွာ မန္စီးတီးအသင္းက အသာရထားတယ္ ဆိုေပမယ့္ လက္ရွိေျခစြမ္းပိုင္းအရၾကည့္ရင္ ဘာမဆိုျဖစ္သြားႏိုင္တဲ့အျပင္ ေနာ္တင္ေဖာရက္စ္အသင္းက လည္း မန္စီးတီးအသင္းကို အႏိုင္ယူႏိုင္ေလာက္တဲ့အထိ ေျခစြမ္းေကာင္းမြန္ေနပါတယ္။ ဒါေၾကာင့္ ဒီပြဲ စဥ္က ေနာ္တင္ေဖာရက္စ္အိမ္ကြင္းမွာ မန္စီးတီးအသင္း ႏိုင္ပြဲရဖို႔ခက္ခဲႏိုင္ပါတယ္။ သေရက်ဖို႔မ်ားၿပီး မန္စီးတီးအသင္းက ႏိုင္မယ္ဆိုရင္ေတာင္ (၁)ဂိုး ေလာက္အကြာနဲ႔သာ ကပ္ႏိုင္ပါမယ္။

လီဗာပူးလ္ Vs ေဆာက္သမ္တန္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ေဆာက္သမ္တန္ ၁ - ၂ လီဗာပူးလ္(၁၉-၁၂-၂၀၂၄)
ေဆာက္သမ္တန္ ၂ - ၃ လီဗာပူးလ္(၂၄-၁၁-၂၀၂၄)
ေဆာက္သမ္တန္ ၄ - ၄ လီဗာပူးလ္(၂၈-၅-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
လီဗာပူးလ္ ၂ - ဝ ေဆာက္သမ္တန္
လီဗာပူးလ္ ၃ - ၁ ေဆာက္သမ္တန္
လီဗာပူးလ္အသင္းအေနနဲ႔ ရာသီမွာ ခ်န္ပီယံျဖစ္ဖို႔ လက္တစ္ကမ္းအလိုကိုေရာက္ရွိေနၿပီး ခ်န္ပီ ယံျဖစ္ဖို႔လည္း ေသခ်ာသေလာက္ကိုရွိေနခဲ့ၿပီျဖစ္ပါတယ္။ ပြဲစဥ္(၂)ပြဲဆက္တိုက္ရႈံးခဲ့ရင္ေတာင္ ဒုတိယ ေနရာက အာဆင္နယ္အသင္းကို ဖိအားအမ်ားႀကီး မရွိဘဲ ခ်န္ပီယံဆုအတြက္ တိုက္ပြဲဝင္လို႔ရေနေသးတဲ့ အျပင္ တစ္ပြဲပါေလွ်ာ့ကန္ထားတာေၾကာင့္ လီဗာပူးလ္ အသင္းရဲ႕ဖလားလို႔ေတာင္ ေျပာလို႔ရေနတဲ့ အေန အထားမွာရွိေနပါတယ္။ ဒီလိုႏိုင္ပြဲေတြနဲ႔ ခ်န္ပီယံလမ္း ေၾကာင္းေပၚမွာဦးေဆာင္ႏိုင္ေနတဲ့ လီဗာပူးလ္ အသင္းရဲ႕ အဓိကကံအေကာင္းဆုံးအရာဟာ ဒီႏွစ္မွာ လီဗာပူးလ္အသင္းရဲ႕ အဓိက ကစားသမားေတာ္ ေတာ္မ်ားမ်ား ဒဏ္ရာျပႆနာကို မႀကဳံေတြ႕ခဲ့ရတာျဖစ္ပါတယ္။ မန္စီးတီး၊ အာဆင္နယ္နဲ႔ ခ်ဲလ္ဆီး အသင္းေတြမွာ ဒဏ္ရာျပႆနာေတြနဲ႔ ရင္ဆိုင္ရမႈေတြရွိခဲ့ေပမယ့္ လီဗာပူးလ္အသင္းရဲ႕ အဓိက ကစား သမားေတာ္ေတာ္မ်ားမ်ားကေတာ့ ဒဏ္ရာကင္းရွင္းေနတာက လီဗာပူးလ္အသင္းကို ဒီေလာက္အေန အထားအထိေရာက္ရွိေစခဲ့တာလည္းျဖစ္ပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ မန္စီးတီးအသင္းနဲ႔ အာဆင္ နယ္အသင္းတို႔ရဲ႕ ေျခစြမ္းပိုင္းက်ဆင္းမႈေတြေၾကာင့္လို႔ေျပာလို႔ရေနၿပီး ဒီရာသီမွာ အဆိုပါ အသင္းေတြရဲ႕ ေျခစြမ္းပိုင္းသာ မက်ဆင္းသြားခဲ့ရင္ လီဗာပူးလ္အသင္းအေနနဲ႔ လက္ရွိအခ်ိန္မွာ ဒီထက္ပို ႐ုန္းကန္ရႏိုင္ ေလာက္တဲ့အေျခအေနျဖစ္ပါတယ္။ ဒါေပမဲ့ ဒီအရာေတြက တြက္ခ်က္မႈအရသာျဖစ္ၿပီး လီဗာပူးလ္ အ သင္းရဲ႕ေျခစြမ္းပိုင္းတိုးတက္လာမႈနဲ႔ နည္းျပ အာနဲ႔စေလာ့ရဲ႕နည္းဗ်ဴဟာေတြေၾကာင့္လို႔လည္းဆိုႏိုင္ပါ တယ္။ ေဆာက္သမ္တန္ အသင္းကေတာ့ ဒီရာသီမွာ တန္းဆင္းရဖို႔ေသခ်ာသေလာက္ရွိေနတဲ့ အသင္း ျဖစ္ၿပီး လီဗာပူးလ္နဲ႔ထိပ္တိုက္ ေတြ႕ဆုံမႈမွာလည္း ဂိုးျပတ္ရႈံးထားတဲ့အျပင္ ထိပ္တိုက္ေတြ႕ဆုံမႈတိုင္းမွာ လည္း ရႈံးပြဲကပိုမ်ားေနတာေၾကာင့္ ဒီပြဲစဥ္မွာ လီဗာပူးလ္အသင္းက အိမ္ကြင္းမွာအႏိုင္ (၃)မွတ္ ထပ္ယူ မယ့္ပြဲစဥ္လို႔ဆိုႏိုင္ၿပီး အနည္းဆုံး (၂)ဂိုးျပတ္ေလာက္နဲ႔ႏိုင္ပါမယ္။ အျပန္အလွန္သြင္း ဂိုးနည္းပါမယ္။

ခ်ဲလ္ဆီး Vs လက္စတာစီးတီး
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
လက္စတာစီးတီး ၁ - ၂ ခ်ဲလ္ဆီး (၂၃-၁၁-၂၀၂၄)
လက္စတာစီးတီး ၁ - ၃ ခ်ဲလ္ဆီး (၁၁-၅-၂၀၂၃)
ခ်ဲလ္ဆီး ၁ - ၁ လက္စတာစီးတီး (၂၀-၅-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ခ်ဲလ္ဆီး ၃ - ၁ လက္စတာစီးတီး
ခ်ဲလ္ဆီး ၃ - ၂ လက္စတာစီးတီး
ဒီႏွစ္သင္းေတြ႕ဆုံတဲ့ပြဲစဥ္တိုင္းမွာ ၿပိဳင္ဆိုင္မႈျပင္းထန္ေလ့ရွိသလို အမွတ္တရမ်ားစြာလည္း ရွိေနပါတယ္။ လက္စတာအသင္း တန္းမဆင္းခင္က FA Cup ပြဲစဥ္ေတြမွာ ခ်ဲလ္ဆီးအသင္းကို အႏိုင္ယူ ေက်ာ္ျဖတ္ႏိုင္ခဲ့တာကိုေတြ႕ရၿပီး ခ်ဲလ္ဆီးအသင္းကို အၿမဲတမ္းဒုကၡေပးႏိုင္တဲ့အသင္းျဖစ္ပါတယ္။ ခ်ဲလ္ ဆီးအသင္းဟာ အသင္းရဲ႕တိုက္စစ္မႉး နက္ဂလက္ဂ်က္ဆန္ဒဏ္ရာရၿပီးကတည္းက ႏိုင္ပြဲေပ်ာက္ေနၿပီး ေတာ့ ေျခစြမ္းပိုင္းမွာလည္း သိသိသာသာကို က်ဆင္းသြားခဲ့တာကိုေတြ႕ရပါတယ္။ အဓိက ျပႆနာက ေတာ့ ေနာက္တန္းခံစစ္နဲ႔ဂိုးသမားျဖစ္ၿပီး ဒီကစားသမားေတြေၾကာင့္ပဲ ခ်ဲလ္ဆီးအသင္းဟာ ေရွ႕ကိုမ ေရာက္ႏိုင္ဘဲ ႏိုင္ပြဲေတြေပ်ာက္ဆုံးၿပီး ခ်န္ပီယံလိဂ္ဝင္ ခြင့္တစ္ေနရာအတြက္ကိုပါ စိုးရိမ္စရာရွိလာပါ တယ္။ ေနာက္ထပ္ရင္ဆိုင္ရမွာကေတာ့ ကိုးလ္ပါးမားရဲ႕ ေျခစြမ္းက်ဆင္းလာမႈျဖစ္ၿပီး လူမွန္ေနရာမွန္ သာျပန္မရခဲ့ရင္ ခ်ဲလ္ဆီးအသင္းအတြက္ ႏိုင္ပြဲေတြနဲ႔ အလွမ္းေဝးေနဦးမွာေသခ်ာေနပါတယ္။ နည္းျပ အေျပာင္းအလဲလုပ္ထားတဲ့အျပင္ မီလ်ံနဲ႔ခ်ီၿပီး လူဝယ္ထားတဲ့အသင္းတစ္သင္းအတြက္ ဒီလိုရလဒ္မ်ိဳးက ထိုက္တန္မေနဘူးလို႔လည္း ေျပာလို႔ရပါတယ္။ ဒါေၾကာင့္ ဒီပြဲစဥ္မွာ လက္စတာစီးတီးအသင္းကို အိမ္ ကြင္းမွာကစားရမွာျဖစ္တဲ့အျပင္ ဒီရာသီပထမအႀကိမ္ေတြ႕ဆုံ မႈမွာလည္း အႏိုင္ရထားတဲ့အျပင္ ၿပိဳင္ပြဲစုံ ထိပ္တိုက္ ေတြ႕ဆုံမႈ (၇)ပြဲဆက္ ခ်ဲလ္ဆီးအသင္းကပဲ ႏိုင္ပြဲရထားတာေၾကာင့္ ဒီပြဲစဥ္ကလည္း ခ်ဲလ္ဆီး အသင္းအတြက္ အႏိုင္(၃)မွတ္ရဖို႔ဦးတည္ေနၿပီး ေျခစြမ္းမေကာင္းေပမယ့္ လူစာရင္းအရ ခ်ဲလ္ဆီး အသင္းကပဲ က်ဥ္းေျမာင္းတဲ့ရလဒ္တစ္ခုနဲ႔ႏိုင္သြားပါမယ္။ ဂိုးေတာ့ မျပတ္ပါဘူး။

၈- ၃-၂၀၂၅ (စေနေန႔ နံနက္ပိုင္း)
ည(၇◌းဝဝ) ေနာ္တင္ေဖာရက္စ္ Vs မန္စီးတီး
ည(၉း၃၀) လီဗာပူးလ္ Vs ေဆာက္သမ္တန္
၉- ၃-၂၀၂၅ (တနဂၤေႏြေန႔ နံနက္ပိုင္း)
ည(၈း၃၀) ခ်ဲလ္ဆီး Vs လက္စတာစီးတီး
ည(၁၁းဝဝ) မန္ယူ Vs အာဆင္နယ္

Related news

© 2021. All rights reserved.