ယခုနှစ် နေပြည်တော်လမ်းလျှောက်သင်္ကြန် ကို ယခင်နှစ်ကြိမ်ထက် ပိုမိုအလေးထားဆောင်ရွက်မည်

548

သုတကျော် (NP News) - မတ် ၈
ယခုနှစ် နေပြည်တော်လမ်းလျှောက်သင်္ကြန်ကို ယခင်နှစ်ကြိမ်ထက် ပိုမို အလေးထားဆောင်ရွက်မည် ဖြစ်ကြောင်း နေပြည်တော်တွင် ယမန့်နေ့ (မတ်လ ၇ ရက်) က ပြုလုပ်သော နေပြည်တော်တွင် လမ်းလျှောက်သင်္ကြန် အောင်မြင်စွာ ကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးကို မှ သိရသည်။
နေပြည်တော်တွင် လမ်းလျှောက်သင်္ကြန်ကို နှစ်ကြိမ်ကျင်းပခဲ့ပြီးဖြစ်၍ အတွေ့အကြုံရှိကြပြီးဖြစ်ကြောင်း၊ မြန်မာ့ရိုးရာအတာသင်္ကြန်သည် လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ဖြစ်သည့်အလျောက် ယခင်နှစ်များထက် ပိုမိုအလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကိုလည်း လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ် ဖော်ပြနိုင်မည့် သရုပ်ဖော်မှုကို ယခုနှစ်လမ်းလျှောက်သင်္ကြန်တွင် ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောသည်။
မြန်မာနိုင်ငံမှ ထင်ပေါ်ကျော်ကြားသည့် အနုပညာရှင်များကိုလည်း ပါဝင်ဆင်နွှဲနိုင်ရန် ဖိတ်ခေါ်သွားမည်ဖြစ်ပါကြောင်း၊ ပြည်သူများ၊ ဝန်ထမ်းများ မြန်မာ့နှစ်သစ်ကူးကာလတွင် စိတ်ရွှင်လန်းတက်ကြွပျော်ရွှင်စေရေးအတွက် ယခင်နှစ်များနှင့်မတူ မြန်မာ့သနပ်ခါးပါ တွဲဖက်အထူးပြုပြီး ပိုမိုပျော်ရွှင်စရာကောင်းသည့် လမ်းလျှောက်သင်္ကြန်ဖြစ်မည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားသည်။
လမ်းလျှောက်သင်္ကြန် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယိမ်းအကအလှများဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယူနက်စကိုက အသိအမှတ်ပြုပြီးဖြစ်သည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် မြန်မာ့ရိုးရာအတာသင်္ကြန် နှင့် နောက်ထပ်ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ်တင်ပြသွားမည့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့တို့ကို တစ်ပြိုင်တည်းဖော်ပြပေးသွားမည်ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် က အထက်ပါ အစည်းအဝေးတွင် ပြောသည်။
Zawgyi Version:
ယခုႏွစ္ ေနျပည္ေတာ္လမ္းေလွ်ာက္သၾကၤန္ ကို ယခင္ႏွစ္ႀကိမ္ထက္ ပိုမိုအေလးထားေဆာင္႐ြက္မည္
သုတေက်ာ္ (NP News) - မတ္ ၈
ယခုႏွစ္ ေနျပည္ေတာ္လမ္းေလွ်ာက္သၾကၤန္ကို ယခင္ႏွစ္ႀကိမ္ထက္ ပိုမို အေလးထားေဆာင္႐ြက္မည္ ျဖစ္ေၾကာင္း ေနျပည္ေတာ္တြင္ ယမန႔္ေန႔ (မတ္လ ၇ ရက္) က ျပဳလုပ္ေသာ ေနျပည္ေတာ္တြင္ လမ္းေလွ်ာက္သၾကၤန္ ေအာင္ျမင္စြာ က်င္းပႏိုင္ေရးညႇိႏႈိင္းအစည္းအေဝးကို မွ သိရသည္။
ေနျပည္ေတာ္တြင္ လမ္းေလွ်ာက္သၾကၤန္ကို ႏွစ္ႀကိမ္က်င္းပခဲ့ၿပီးျဖစ္၍ အေတြ႕အႀကဳံရွိၾကၿပီးျဖစ္ေၾကာင္း၊ ျမန္မာ့႐ိုးရာအတာသၾကၤန္သည္ လူသားမ်ိဳးႏြယ္ကိုယ္စားျပဳျဒပ္မဲ့ယဥ္ေက်းမႈ အေမြအႏွစ္စာရင္းဝင္ျဖစ္သည့္အေလ်ာက္ ယခင္ႏွစ္မ်ားထက္ ပိုမိုအေလးထားေဆာင္႐ြက္ရမည္ျဖစ္ပါေၾကာင္း၊ ထို႔ျပင္ ျမန္မာ့သနပ္ခါးယဥ္ေက်းမႈဓေလ့ကိုလည္း လူသားမ်ိဳးႏြယ္ကိုယ္စားျပဳ ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္ စာရင္းဝင္အျဖစ္ ေဖာ္ျပႏိုင္မည့္ သ႐ုပ္ေဖာ္မႈကို ယခုႏွစ္လမ္းေလွ်ာက္သၾကၤန္တြင္ ထည့္သြင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္းက ေျပာသည္။
ျမန္မာႏိုင္ငံမွ ထင္ေပၚေက်ာ္ၾကားသည့္ အႏုပညာရွင္မ်ားကိုလည္း ပါဝင္ဆင္ႏႊဲႏိုင္ရန္ ဖိတ္ေခၚသြားမည္ျဖစ္ပါေၾကာင္း၊ ျပည္သူမ်ား၊ ဝန္ထမ္းမ်ား ျမန္မာ့ႏွစ္သစ္ကူးကာလတြင္ စိတ္႐ႊင္လန္းတက္ႂကြေပ်ာ္႐ႊင္ေစေရးအတြက္ ယခင္ႏွစ္မ်ားႏွင့္မတူ ျမန္မာ့သနပ္ခါးပါ တြဲဖက္အထူးျပဳၿပီး ပိုမိုေပ်ာ္႐ႊင္စရာေကာင္းသည့္ လမ္းေလွ်ာက္သၾကၤန္ျဖစ္မည္ဟု ယုံၾကည္ေၾကာင္းလည္း ေျပာၾကားသည္။
လမ္းေလွ်ာက္သၾကၤန္ ေအာင္ျမင္စြာ က်င္းပႏိုင္ေရးအတြက္ ယိမ္းအကအလွမ်ားျဖင့္ ပူးေပါင္းပါဝင္ေဆာင္႐ြက္သြားမည္ျဖစ္ပါေၾကာင္း၊ ယူနက္စကိုက အသိအမွတ္ျပဳၿပီးျဖစ္သည့္ ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္စာရင္းဝင္ ျမန္မာ့႐ိုးရာအတာသၾကၤန္ ႏွင့္ ေနာက္ထပ္ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္စာရင္းဝင္အျဖစ္တင္ျပသြားမည့္ ျမန္မာ့သနပ္ခါးယဥ္ေက်းမႈဓေလ့တို႔ကို တစ္ၿပိဳင္တည္းေဖာ္ျပေပးသြားမည္ျဖစ္ေၾကာင္း သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးတင္ဦးလြင္ က အထက္ပါ အစည္းအေဝးတြင္ ေျပာသည္။