နာမည်အရင်းကို ပြောပြလိုက်တဲ့ မီလီဘော်ဘီဘရောင်း

 285

ရောင်နီ (NP News) - မတ် ၈

နာမည်ကျော် Netflix ဇာတ်ကား "Stranger Things” ရဲ့ ကြယ်ပွင့်က မီလီဘော်ဘီဘရောင်းက သူမရဲ့နာမည်ဟာ နာမည်ရင်း မဟုတ်ဘူးလို့ အစီအစဉ်တစ်ခုမှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

Buzzfeed နဲ့ ပူးတွဲအင်တာဗျူးတစ်ခုမှာ "Electric State” စတား ခရစ်ဘရစ်နဲ့စကားပြောရာမှာ မီလီက သူမရဲ့ အလယ်နာမည်အကြောင်းနဲ့ ပတ်သက်ပြီး ဖွင့်ဟခဲ့တာဖြစ်ပါတယ်။ တကယ်တော့ သူမရဲ့အလယ်အမည်ဟာ "ဘွန်နီ" ဖြစ်ပြီး အမည်ရင်းကတော့ မီလီဘော်ဘီဘွန်နီဘရောင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်မီလီဟာ အသက် ၉ နှစ်အရွယ်ကစ မီလီဘော်ဘီဘရောင်းဆိုတဲ့ နာမည်နဲ့သာ ပွဲဦးထွက်ခဲ့ပါတယ်။ ဧည့်သည်ကလေး သရုပ်ဆောင်အဖြစ် "ABC" ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့ပြီး ကမ္ဘာကျော်စီးရီးတစ်ခုဖြစ်တဲ့ အသက် ၁၂ နှစ်အရွယ်မှာ "Stranger Things" ဇာတ်ကားရဲ့ ဇာတ်လိုက်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါတယ်။
အဲဒီနောက် Enola Homes, Damsel ဇာတ်ကားတွေနဲ့ ပိုပြီးနာမည်ကျော်လာခဲ့သူ ဖြစ်ပါတယ်။ အသက် ၂၁ နှစ် အရွယ် မီလီဟာ ရော့ကာ ဂျွန်ဘွန်ဂျိုဗီရဲ့သားဖြစ်သူ ဂျိတ် ဘွန်ဂျိုဗီနဲ့ ယမန်နှစ်က လက်ထပ်ခဲ့ပါတယ်။

Zawgyi Version:
နာမည္အရင္းကို ေျပာျပလိုက္တဲ့ မီလီေဘာ္ဘီဘေရာင္း
ေရာင္နီ (NP News) - မတ္ ၈

နာမည္ေက်ာ္ Netflix ဇာတ္ကား "Stranger Things” ရဲ႕ ၾကယ္ပြင့္က မီလီေဘာ္ဘီဘေရာင္းက သူမရဲ႕နာမည္ဟာ နာမည္ရင္း မဟုတ္ဘူးလို႔ အစီအစဥ္တစ္ခုမွာ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

Buzzfeed နဲ႔ ပူးတြဲအင္တာဗ်ဴးတစ္ခုမွာ "Electric State” စတား ခရစ္ဘရစ္နဲ႔စကားေျပာရာမွာ မီလီက သူမရဲ႕ အလယ္နာမည္အေၾကာင္းနဲ႔ ပတ္သက္ၿပီး ဖြင့္ဟခဲ့တာျဖစ္ပါတယ္။ တကယ္ေတာ့ သူမရဲ႕အလယ္အမည္ဟာ "ဘြန္နီ" ျဖစ္ၿပီး အမည္ရင္းကေတာ့ မီလီေဘာ္ဘီဘြန္နီဘေရာင္းျဖစ္တယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္မီလီဟာ အသက္ ၉ ႏွစ္အ႐ြယ္ကစ မီလီေဘာ္ဘီဘေရာင္းဆိုတဲ့ နာမည္နဲ႔သာ ပြဲဦးထြက္ခဲ့ပါတယ္။ ဧည့္သည္ကေလး သ႐ုပ္ေဆာင္အျဖစ္ "ABC" ဇာတ္လမ္းတြဲမွာ ပါဝင္ခဲ့ၿပီး ကမာၻေက်ာ္စီးရီးတစ္ခုျဖစ္တဲ့ အသက္ ၁၂ ႏွစ္အ႐ြယ္မွာ "Stranger Things" ဇာတ္ကားရဲ႕ ဇာတ္လိုက္သ႐ုပ္ေဆာင္အျဖစ္ ပါဝင္ခဲ့ပါတယ္။
အဲဒီေနာက္ Enola Homes, Damsel ဇာတ္ကားေတြနဲ႔ ပိုၿပီးနာမည္ေက်ာ္လာခဲ့သူ ျဖစ္ပါတယ္။ အသက္ ၂၁ ႏွစ္ အ႐ြယ္ မီလီဟာ ေရာ့ကာ ဂြၽန္ဘြန္ဂ်ိဳဗီရဲ႕သားျဖစ္သူ ဂ်ိတ္ ဘြန္ဂ်ိဳဗီနဲ႔ ယမန္ႏွစ္က လက္ထပ္ခဲ့ပါတယ္။

Related news

© 2021. All rights reserved.