One မှာ နိုင်ပွဲပြန်မရှာနိုင်သေးတဲ့ ရိုးရာကျားစိုးကြီး

493
သားကြီး (NP News) မတ်-၈
ပရိတ်သတ်တွေက စိုးကြီးလို့ချစ်စနိုးခေါ်ခံရတဲ့ ရိုးရာကျား စိုးလင်းဦးဟာ ဒီနေ့ ONE Fight Night -29 ပွဲစဥ်အတွင်းမှာ ရုရှားဖိုက်တာ ကော့ထွန်း (Kovtun) ကို အမှတ်နဲ့ပဲ ထပ်မံရှုံးပွဲ ကြုံခဲ့ပါတယ်။
စိုးကြီးအနေနဲ့ ကစားချိန် သုံးချီစလုံးမှာ အသာစီးနဲ့ ကစားသွားနိုင်ပေမယ့်လည်း ပွဲအပြီးမှာတော့ အမှတ်နဲ့ ရှုံးနိမ့်သွားတာပဲဖြစ်ပါတယ်။
စိုးကြီးဟာ One Championship စုစုပေါင်း (၆) ပွဲကစား ထားပြီး ဒီပွဲစဥ်မှာတော့ ရှေ့ကကစားခဲ့ရတဲ့ မွေထိုင်းဖိုက်တာ ဆက်ဆန်နှင့် နာဘီးလ် တို့ကို ရှုံးခဲ့တဲ့ ပွဲတွေပြီးရင် ဒီပွဲဟာ စိုးကြီးအတွက် တတိယမြောက် ရှုံးပွဲကြုံတွေ့ခြင်းလည်း ဖြစ်ပါတယ်။
Zawgyi Version:
သားကြီး (NP News) မတ်-၈