တောင်ဒဂုံ တွင် သက်ကြီးပိုင်း အမျိုးသမီး တစ်ဦးကို အိမ်ပေါ်တက် လိမ်ခေါ်ကာ ဆွဲကြိုးလုရန် ကြိုးပမ်း သော် လည်း အချိန်မီ ကယ်နိုင်

 1494

ပီယ (NP News) - မတ် ၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် တွင် သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးကို အိမ်ပေါ်အထိ တက်ပြီး လိမ်ခေါ်ကာ ဆွဲကြိုးလုရန် ကြိုးပမ်းခဲ့သော်လည်း အချိန်မီကယ်တင်နိုင်ခဲ့ကြောင်း ကျူးလွန်ခံရသူ၏ မိသားစုဝင် တစ်ဦးက ၎င်း၏ လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် ပြန်လည် အသိပေး မျှဝေ ထားသည်။
ကျူးလွန်ခံရသူ အမျိုးသမီးကြီးမှာ အသက် ၇၀ ခန့် ရှိပြီ ဖြစ်ကာ မတ်လ ၇ ရက် နံနက်ပိုင်း က ၇၁ ရပ်ကွက် ရှိ ၎င်း ၏ နေအိမ်သို့ အခြားသူများ မရှိမီ အမျိုးသမီး တစ်ဦး ရောက်လာကာ နေကောင်းဟန် မတူကြောင်း၊ ကျန်းမာရေး ဌာန က ဖြစ်ကြောင်း နှင့် ဆေးကုသပေးမည်ဟု ဆိုကာ အိမ်ပေါ်ထိ တက် ခေါ်သွားခြင်း ဖြစ်ကြောင်း သိရသည်။
“ဒီလို နဲ့ ထိုအမျိုးသမီး နဲ့ အဖွားနဲ့ ၇၁စျေးကနေ ၇၀ကျောင်းလမ်းမှတ်တိုင် ထိ ၃ဘီး ငှားစီးသွားပါတယ်။ ကျောင်းလမ်းမှတ်တိုင် ကနေ ကားကြီးဂိတ်ထိ လမ်းလျောက်ကြပြီး ကားကြီးဂိတ်လဲ ရောက်ကော အဖွားကမောနေပါပြီ။ ထိုအမျိုးသမီးက အဖွား မောနေပြီ ကျန်းမာရေး ဌာနကလာတဲ့ ဆိုက်ကယ် ကိုစောင့်ကြမယ် ဒီမှာ နေပူတယ် အအေးဆိုင်ထဲမှာ စောင့်မယ် ဆိုပြီး အဖွားကို ကားကြီးဂိတ်မှတ်တိုင် အနီးမှာ ရှိတဲ့ Guest House ထဲကို ခေါ်သွားပါတယ်။ အဖွားကလဲ ယောင်လည်လည်နဲ့ လိုက်သွားပြီး အခန်းထဲရောက်တော့ အိပ်ယာပေါ် တွန်းလှဲပြီး နားကပ် ကို ချွတ်ခိုင်းပါတယ်။ အဖွားက မချွတ်ပေးတော့ ခေါင်းအုံးနဲ့ ဖိပါတယ်။ အဲဒီလိုနဲ့ အဖွားက အမေ့ကို ပြန်လွှတ်ပေးပါ ဘယ်သူကိုမှ သမီးအကြောင်းကိုမပြောပါဘူး လို့ ပြောပြီး နားကပ်ချွတ်ပေးလိုက်ရပါတယ်” ဟု အထက်ပါ မိသားစုဝင် က ရေးသားထားသည်။
ထို့နောက် အဆိုပါ အမျိုးသမီးအခန်းတံခါးဖွင့်ချိန် အပြင်သို့ ပြေးထွက်ကာ အကူအညီတောင်းသည့် အတွက် ဝန်ထမ်းများက ဝိုင်းဝန်း ဖမ်းဆီးပေးသည့် အပြင် နားကပ်ကိုလည်း ပြန်တောင်းပေးပြီးနောက် ဘေးတွဲ ဆိုင်ကယ် ငှားပေးကာ အိမ်သို့ ပြန်ပို့ပေးလိုက်ကြကြောင်း ၎င်းက ရေးသားထားသည်။
“ကျွန်တော်တို့ ရောက်သွားချိန်မှာ ထိုအမျိုးသမီးက Guest House မှာမရှိတော့ပါဘူး ထွက်ပြေးသွားတယ်လို့သိရပါတယ်” ဟု အထက်ပါ မိသားစုဝင် က ၎င်း၏ စာ အတွင်း ပြန်လည် ရှင်းလင်း ရေးသားပေးထားသည်။

Zawgyi Version:
ေတာင္ဒဂုံ တြင္ သက္ႀကီးပိုင္း အမ်ိဳးသမီး တစ္ဦးကို အိမ္ေပၚတက္ လိမ္ေခၚကာ ဆြဲႀကိဳးလုရန္ ႀကိဳးပမ္း ေသာ္ လည္း အခ်ိန္မီ ကယ္ႏိုင္
ပီယ (NP News) - မတ္ ၈
ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း) ၿမိဳ႕နယ္ တြင္ သက္ႀကီးပိုင္း အမ်ိဳးသမီးတစ္ဦးကို အိမ္ေပၚအထိ တက္ၿပီး လိမ္ေခၚကာ ဆြဲႀကိဳးလုရန္ ႀကိဳးပမ္းခဲ့ေသာ္လည္း အခ်ိန္မီကယ္တင္ႏိုင္ခဲ့ေၾကာင္း က်ဴးလြန္ခံရသူ၏ မိသားစုဝင္ တစ္ဦးက ၎၏ လူမႈကြန္ယက္ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာထက္တြင္ ျပန္လည္ အသိေပး မွ်ေဝ ထားသည္။
က်ဴးလြန္ခံရသူ အမ်ိဳးသမီးႀကီးမွာ အသက္ ၇၀ ခန႔္ ရွိၿပီ ျဖစ္ကာ မတ္လ ၇ ရက္ နံနက္ပိုင္း က ၇၁ ရပ္ကြက္ ရွိ ၎ ၏ ေနအိမ္သို႔ အျခားသူမ်ား မရွိမီ အမ်ိဳးသမီး တစ္ဦး ေရာက္လာကာ ေနေကာင္းဟန္ မတူေၾကာင္း၊ က်န္းမာေရး ဌာန က ျဖစ္ေၾကာင္း ႏွင့္ ေဆးကုသေပးမည္ဟု ဆိုကာ အိမ္ေပၚထိ တက္ ေခၚသြားျခင္း ျဖစ္ေၾကာင္း သိရသည္။
“ဒီလို နဲ႔ ထိုအမ်ိဳးသမီး နဲ႔ အဖြားနဲ႔ ၇၁ေစ်းကေန ၇၀ေက်ာင္းလမ္းမွတ္တိုင္ ထိ ၃ဘီး ငွားစီးသြားပါတယ္။ ေက်ာင္းလမ္းမွတ္တိုင္ ကေန ကားႀကီးဂိတ္ထိ လမ္းေလ်ာက္ၾကၿပီး ကားႀကီးဂိတ္လဲ ေရာက္ေကာ အဖြားကေမာေနပါၿပီ။ ထိုအမ်ိဳးသမီးက အဖြား ေမာေနၿပီ က်န္းမာေရး ဌာနကလာတဲ့ ဆိုက္ကယ္ ကိုေစာင့္ၾကမယ္ ဒီမွာ ေနပူတယ္ အေအးဆိုင္ထဲမွာ ေစာင့္မယ္ ဆိုၿပီး အဖြားကို ကားႀကီးဂိတ္မွတ္တိုင္ အနီးမွာ ရွိတဲ့ Guest House ထဲကို ေခၚသြားပါတယ္။ အဖြားကလဲ ေယာင္လည္လည္နဲ႔ လိုက္သြားၿပီး အခန္းထဲေရာက္ေတာ့ အိပ္ယာေပၚ တြန္းလွဲၿပီး နားကပ္ ကို ခြၽတ္ခိုင္းပါတယ္။ အဖြားက မခြၽတ္ေပးေတာ့ ေခါင္းအုံးနဲ႔ ဖိပါတယ္။ အဲဒီလိုနဲ႔ အဖြားက အေမ့ကို ျပန္လႊတ္ေပးပါ ဘယ္သူကိုမွ သမီးအေၾကာင္းကိုမေျပာပါဘူး လို႔ ေျပာၿပီး နားကပ္ခြၽတ္ေပးလိုက္ရပါတယ္” ဟု အထက္ပါ မိသားစုဝင္ က ေရးသားထားသည္။
ထို႔ေနာက္ အဆိုပါ အမ်ိဳးသမီးအခန္းတံခါးဖြင့္ခ်ိန္ အျပင္သို႔ ေျပးထြက္ကာ အကူအညီေတာင္းသည့္ အတြက္ ဝန္ထမ္းမ်ားက ဝိုင္းဝန္း ဖမ္းဆီးေပးသည့္ အျပင္ နားကပ္ကိုလည္း ျပန္ေတာင္းေပးၿပီးေနာက္ ေဘးတြဲ ဆိုင္ကယ္ ငွားေပးကာ အိမ္သို႔ ျပန္ပို႔ေပးလိုက္ၾကေၾကာင္း ၎က ေရးသားထားသည္။
“ကြၽန္ေတာ္တို႔ ေရာက္သြားခ်ိန္မွာ ထိုအမ်ိဳးသမီးက Guest House မွာမရွိေတာ့ပါဘူး ထြက္ေျပးသြားတယ္လို႔သိရပါတယ္” ဟု အထက္ပါ မိသားစုဝင္ က ၎၏ စာ အတြင္း ျပန္လည္ ရွင္းလင္း ေရးသားေပးထားသည္။

Picture

Win Lwin

08/03/2025 18:04

ခေါင်းစဉ်က ဆွဲကြိုး၊ ဖြစ်စဉ်က နားကပ်

Related news

© 2021. All rights reserved.