သရုပ်ဆောင်တို့၏ “သရုပ်-ဆောင်” တတ်မှုများ

 2807

အိဖြူ(NP News) - မတ်လ ၉

NP News ရဲ့ အပတ်စဉ်ဖော်ပြနေတဲ့ အနုပညာအနှစ်ချုပ်ကဏ္ဍကနေ အနုပညာသတင်းတွေကို ဖော်ပြပေးပါမယ်။
ဒီတစ်ပတ်အတွက် မြန်မာ့အနုပညာလောကသားတို့အနက် အနုပညာသမားတချို့ရဲ့မျက်နှာဖုံးနောက်ကွယ်က အညှီအဟောက်တွေကို ထုတ်ဖော်ပေးသွားပါမယ်။

သရုပ်ဆောင်တွေရဲ့သရုပ်ဆောင်ပီပြင်မှုတွေမှာ လူမင်း၊ ပြေတီဦးတို့က ထိပ်ဆုံးက ပါဝင်နေပြီး ဂီတ အသိုင်းအဝိုင်း အပါအဝင် တက်သစ်စမင်းသမီးတွေအထိ သရုပ်ဆောင်မှု ပီပြင်လွန်းနေကြပါတယ်။ ပထမဦးဆုံး ပြောပြရရင်တော့ မတ်လ ပထမပတ်အတွင်း လူစိတ်ဝင်စားမှုအမြင့်ဆုံးဖြစ်ခဲ့တဲ့ ဟစ်ဟော့အမျိုးသမီး ရက်ပ်ပါ အဆိုတော်တစ်ဦး Bobby Soxer က "နာမည်တပ်ပြီး ပြောပိုင်ခွင့် မရှိ" လို့ ရေးစပ်သီဆိုလိုက်ပေမယ့် သက်ဆိုင်သူ အပေါင်းကတော့ မဖုံးဖိနိုင်တော့ဘဲ တရားဝင် ဝန်ခံခဲ့ရပြီး ဆင်ခြင်နေထိုင်တော့မှာဖြစ်ပါကြောင်း ကတိစကားတွေ ဆိုလာပြန်တဲ့ အနုပညာ-ညာ အကြောင်းတွေပါ။
(၂၀၂၅) ခုနှစ် မတ်လ (၂) ရက် ညပိုင်း မှာ Bobby Soxer က "နာမည်တပ်ပြီး ပြောပိုင်ခွင့် မရှိ" သီချင်း အသစ်ကို Facebook, Youtube မှာ တစ်ပြိုင်နက်တင်ခဲ့ပြီးနောက် မိနစ်ပိုင်းအတွင်း ကြည့်ရှုသူ မီလျံချီရရှိခဲ့ကာ (၃)ရက်အတွင်း Facebook အကောင့်မှာ ကြည့်ရှုသူ (၁၂) သန်း၊ ယူကျုအကောင့်မှာ (၇) သိန်းနီးပါးအထိ ရရှိခဲ့ပါ တယ်။
ဟစ်ဟော့လောကရဲ့ စံပြစုံတွဲဖြစ်ခဲ့တဲ့ လွှမ်းပိုင်နဲ့ Bobby Soxer တို့ လမ်းခွဲပြတ်စဲမှုဖြစ် စဉ်နောက်ကွယ်မှာ နန်းဆုရတီစိုးက တရားခံ မဟုတ်ခဲ့ဘဲ နော်ဖောအယ်ထားရဲ့လူမှုရေးစည်း မစောင့်ထိန်းမှု အပါအဝင် ချစ်သူမိန်းကလေးအပေါ် လွှမ်းပိုင်ရဲ့ သစ္စာတရားဖောက်ပြားမှုတွေကြောင့် ဖြစ်ကြောင်းနဲ့ ပတ်သက်ရင် " နာမည်တပ်ပြီး ပြော ပိုင်ခွင့် မရှိ " သီချင်းက သိသာစွာထင်ဟပ်စေခဲ့ပါ တယ်။
လွှမ်းပိုင်နဲ့ နော်ဖောအယ်ထားတို့ဟာ " ရင်ထဲက ဒဏ္ဍာရီ " ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ် ဆောင်ရာမှ လုပ်ငန်းခွင်ပြင်ပမှာပါ သရုပ်ဆောင် ပီပြင်လွန်းခဲ့ကြပုံပေါ်ပါတယ်။ အချိန်ကာလအပိုင်း အခြားတစ်ခုအထိ ဖုံးဖိနိုင်ခဲ့ကြပေမယ့် Bobby Soxer သီချင်းအသစ်ထွက်ချိန်မှာတော့ "နာမည် တပ်ပြီး ပြောပိုင်ခွင့်မရှိ" သီချင်း အဓိပ္ပာယ်က ချစ်သူနှစ်ဦးကြား သူစိမ်းတစ်ယောက် အကွက်ကျကျဝင်ရောက်လာပုံကို ပညာသားပါပါထည့်သွင်း ရေးသားသီဆိုဟန်သက်ရောက်ခဲ့ပါတယ်။ ပရိသတ်တွေကတော့ ကနဦးမှာ လွှမ်းပိုင်နဲ့ လက်ရှိကြိတ်ပုန်းတွဲ ခုတ်နေတဲ့ နန်းဆုရတီစိုးကို ခေတ်စကားအရ (စနိုက်ကြော်သူ) အဖြစ် ထင်မြင်ခဲ့ကြပြီး ဝေဖန် ရှုတ်ချခဲ့ကြတာပါ။
ဒီဖြစ်စဉ်မှာ လွှမ်းပိုင်က စနိုက်ကြော်သူ အမျိုးသမီးက လက်ရှိ ရည်စားမဟုတ်ကြောင်း သက်သေပြချင် ကြောင်း အကြောင်းပြချက်တစ်ခုပေးကာ ၎င်းနဲ့ လူမှုရေးဖောက်ပြားခဲ့သူက ရုပ်ရှင်သရုပ်ဆောင် နော်ဖော အယ်ထားသာဖြစ်ကြောင်းကို "အနမ်းပေးနေတဲ့ ရုပ်သံဖိုင်နဲ့တကွ" ပူးတွဲဖော်ပြခဲ့ပါ တယ်။
ခေတ်စကားအရ စနိုက်ကြော်ခဲ့သူ ရုပ်ရှင်သရုပ်ဆောင် နော်ဖောအယ်ထားလည်း ဝေဖန်ဆဲဆို ရှုတ်ချ ခြင်းခံရရုံမက ကိုယ်တိုင်လည်း ပါဝင်ပတ်သက် ကျူးလွန်ခဲ့သူ (၁၃) နှစ်နီးပါးတည်ဆောက်ခဲ့တဲ့ Relationship အပေါ်သစ္စာဖောက်ပြန်ခဲ့တဲ့ လွှမ်းပိုင်ကိုလည်း လူအများက ရွံရှာစက်ဆုပ်ကြပြီး၊ ဆယ်စုနှစ်ချီ အမျိုးသားတစ်ဦးကို သာ ယုံကြည်ပေးဆပ်ခဲ့ရတဲ့ Bobby Soxer အတွက် နောက်ဆုံး ရလဒ်သစ္စာဖောက်ခံရခြင်းအတွက် ဂီတ၊ အနုပညာလောက အပါအဝင် သူမရဲ့ပရိသတ်တွေက ကရုဏာပိုလျက်ရှိကြပါတယ်။
၎င်းတို့နှစ်ဦးရဲ့လူမှုရေးဖောက်ပြားမှုဖြစ်စဉ်တွေကို ဖော်ထုတ်သူက ကာယကံရှင်လွှမ်းပိုင် ကိုယ်တိုင် ဖြစ်နေတာကြောင့် လွှမ်းပိုင်ရဲ့ယောကျာ်းမဆန်တဲ့လုပ်ရပ်ကိုလည်း ရှုတ်ချခဲ့ကြပြီး၊ နော်ဖော အယ်ထားဟာ သူငယ်ချင်းချစ်သူစုံတွဲတွေကြား အရင်ကတည်းက ကြားဝင်ကာ ပြိုကွဲအောင် (စနိုက်ကြော်ခဲ့သူ) ဖြစ်ကြောင်း သက်သေတွေနဲ့တကွ ဖော်ကောင်လုပ်ခံနေရပြီဖြစ်ပါတယ်။
ရုပ်ရှင်သရုပ်ဆောင် နော်ဖောအယ်ထားက " နော်ဖောရဲ့မစဉ်းစားမဆင်ခြင်ပဲ မှားခဲ့တဲ့အမှားက နေ သင်ခန်းစာတွေလည်း အများကြီးရခဲ့ပြီမလို့ ရှေ့ဆက် အကောင်းဆုံးကြိုးစားနေထိုင်နေပါတယ်" အစရှိတဲ့ စာသား တွေရေးသားကာ (၁၃) နှစ်ကြာ ခိုင်မြဲစွာတည်ဆောက်ခဲ့တဲ့ ချစ်သူနှစ်ဦးက သူ့ကြောင့် ပြိုကွဲသွားခဲ့တာ မှန်ကန် ကြောင်း သွယ်ဝိုက်ကာ ဝန်ခံခဲ့ပြီး၊ ၎င်းရဲ့အပြုအမူအတွက် ဆင်ခြင်နေ ကြောင်း ဆိုထားတာပါ။
အနုပညာသရုပ်ဆောင်မှု ထိတွေ့မှုတွေ ရဲ့နောက်ကွယ်မှာ ဖောက်ပြားမှုတွေက ဒွန်တွဲကပ် ပါလျက်ရှိ ကြပြီး၊ မင်းသား၊ ဒါရိုက်တာ၊ ထုတ်လုပ် သူတွေဘာပဲလုပ်ခိုင်းခိုင်း မင်းသမီးဖြစ်ဖို့ဆိုရင် အားလုံးလုပ်ပါမယ်ဆိုတဲ့ တက်သစ်စသရုပ်ဆောင် လည်းရှိသလို စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ အသုံးတော်ခံဖြစ်လည်း လုပ်ပါမယ်ဆိုတဲ့ သူတွေ လည်း ပေါများလှပါတယ်။ ပြောင်းလဲတိုးတက်လာတဲ့ ခေတ်အခြေအနေမှာတော့ ၎င်းတို့ရဲ့လူမှုရေးစည်း မစောင့်ထိန်းမှုသတင်းက ထိန်းချုပ်ဖုံးဖိလို့မရတော့ဘဲ လူအများထံ ပျံ့နှံ့မှုလွယ်ကူ လျင်မြန်လာရ ခြင်းမျိုးဖြစ်ပါ တယ်။ ဒီလိုဖြစ်စဉ်တွေဟာ အနုပညာ လောကသားတွေအတွက် ထမင်းစားရေသောက်လိုဖြစ်နေပြီလို့ ယူဆ မိပါတယ်။
အနုပညာသမားတွေက နောက်ကွယ်မှာ လိင်ပိုင်းဆိုင်ရာ၊ ငွေကြေးပိုင်းဆိုင်ရာ အစရှိတဲ့ပတ်သက်မှု ပြဿနာတွေ ဘယ်လိုပဲရှိကြပါစေ လူအများ ရှေ့မှောက်မှာ အရယ်အပြုံးမပျက်နေ နိုင်ကြတာကို သတိပြုမိပြီး အဲဒီဖြစ်စဉ်တွေအပေါ် လိုက်လံခံစားပေး တဲ့ ပြည်သူလူထုသာ လူမိုက်အသွင်ကျန်ရစ်ခဲ့ကြမြဲ ဖြစ်ပါတယ်။

အလားတူ သရုပ်ဆောင်ကောင်းလွန်းကြသူတွေလည်း ထပ်မံရှိလို့နေပြန်ပါတယ်။ ဒါကတော့ (၂၀၂၁) ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နောက်ပိုင်းမှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကို အပြီးတိုင် တိုက်ထုတ်ကြမယ်လို့ ကြွေးကြော်ခဲ့ကြတဲ့ သရုပ် ဆောင်ကောင်းသူများဆု ရရှိထားသူ ထပ်ဆင့် အကယ်ဒမီ လူမင်းနဲ့ ပြေတီဦးတို့ပါ။ မင်းမော်ကွန်း၊ ကိုပေါက်၊ လင်းလင်း၊ ချစ်သုဝေ၊ ဏကြီး၊ ပိုင်ဖြိုးသု စတဲ့ ပြည်ပြေးအနုပညာသမားတွေက တပ်မတော်ကို တော်လှန်မြဲဖြစ်ပေမယ့် လူမင်းနဲ့ ပြေတီဦးတို့က လက်ရှိမှာတော့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားဟန်ပေါ်ပြီး (၂၀၂၅) ခုနှစ် မတ်လ ပထမအပတ်က တောင်ကြီးမြို့ရှိ Jasmine Palace Hotel မှာ ပျော်ရွှင်စွာ သီချင်းဆိုရင်း ဖြတ်သန်းခဲ့ကြပုံတွေက ၎င်းတို့အပေါ် ယုံကြည်ထောက်ခံခဲ့ကြတဲ့ မိသားစုဝင်တွေ လူငယ်တွေ အတွက် မျက်ရည်ဝဲစေခဲ့တာအမှန်ပါ။
လူမင်း၊ ပြေတီဦးတို့မိသားစု ဇနီးမောင်နှံတွေဟာ အစိုးရယန္တာရားကြီးတစ်ခုလုံး ယိုင်နဲ့ သွားစေဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံအစိုးရဝန်ထမ်းတွေကို CDM (Civil Disobedience Movement) မှာပါဝင်ကြဖို့ အခကြေးငွေပေးကာ လှုံ့ဆော်စည်းရုံးမှုတွေ လုပ်ဆောင်ခဲ့တာပါ။ "စစ် အာဏာရှင်စနစ် ချုပ်ငြိမ်းသည်ထိ အဆုံးတိုင် ပါဝင်ဆင်နွှဲသွားမယ်လို့ ကတိပေးထားကြတဲ့ သူတွေက အခုလိုပျော်ရွှင်နေကြပြီဆိုတော့ ၎င်းတို့ တော်လှန်ပုန်ကန်နေတဲ့ အာဏာရှင်စနစ်က ချုပ်ငြိမ်းသွားပြီလား" လို့ ၎င်းတို့အပေါ် ထောက်ခံ သူလူအများက မေးခွန်းထုတ်ထားကြပါတယ်။
သတင်းတွေအရ ရှမ်းပြည်နယ် ကိုယ်စားပြု han United FC က ပြည်နယ်အ စိုးရထံ ချန်ပီယံဖလား အပ်နှံပွဲနဲ့ ရှမ်းယူနိုက် တက်အသင်းအတွက် ဂုဏ်ပြုဖျော်ဖြေပွဲကို တောင်ကြီးမြို့ မိုးလုံလေလုံ အားကစားကွင်းမှာ မတ်လ (၁) ရက် ညပိုင်းက ကျင်းပခဲ့ခြင်းဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်အတွက် Iron Cross နဲ့ တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်တို့ကို ဖိတ်‌ခေါ်ခဲ့တာဖြစ်ပါတယ်။ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူ တွေနဲ့ သီးသန့်ဂုဏ်ပြုပွဲကိုတော့Jasmine Palace Hotel မှာ ထပ်မံကျင်းပခဲ့တာဖြစ်ပြီး အဲဒီပွဲကို လူမင်း၊ ပြေတီဦးတို့လည်း ရောက်လာခဲ့တာဖြစ်တယ်လို့ ကြားသိရပါတယ်။ ၎င်းတို့ Shan United FC ဂုဏ်ပြုပွဲကို ရောက်ရှိ လာခဲ့ကြတဲ့ အကြောင်းရင်းက ထူးခြားလို့နေခဲ့ပြီး ကြားသိရတဲ့ သတင်းစကားတွေအရ ဘဏ်ချေးငွေအပေါ် လျှော့ ပေါ့ပေးစေလိုကြောင်း အသနားခံတင်ပြခြင်းဖြစ်တယ်လို့ ကြားသိရပါတယ်။ ကြားသိရသလောက် ၎င်းတို့ အဆိုပါဘဏ်သူဌေးကြီးထံ ပေးအပ်ရမယ့်ချေးငွေပမာဏက ကျပ်သိန်းပေါင်း နှစ်သောင်းကျော်ဖြစ်ပြီး၊ အတိုးပါထည့်သွင်းတွက်ချက်ပါက ကျပ်သိန်းပေါင်း သုံးသောင်းအထိ ပေးဆပ်ဖို့ရှိနေခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒီသတင်းတွေကတော့ တိကျခိုင်လုံတဲ့နေရာမှလာတဲ့သတင်းစကားတွေဖြစ်တာကြောင့် ထည့်သွင်းဖော် ပြပေး လိုက်ခြင်းဖြစ်ပါတယ်။

ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ဒီလောက်နဲ့ရပ်နားခွင့်ပြုပါ။

သ႐ုပ္ေဆာင္တို႔၏ “သ႐ုပ္-ေဆာင္” တတ္မႈမ်ား
အိျဖဴ(NP News) - မတ္လ ၉

NP News ရဲ႕ အပတ္စဥ္ေဖာ္ျပေနတဲ့ အႏုပညာအႏွစ္ခ်ဳပ္က႑ကေန အႏုပညာသတင္းေတြကို ေဖာ္ျပေပးပါမယ္။
ဒီတစ္ပတ္အတြက္ ျမန္မာ့အႏုပညာေလာကသားတို႔အနက္ အႏုပညာသမားတခ်ိဳ႕ရဲ႕မ်က္ႏွာဖုံးေနာက္ကြယ္က အညႇီအေဟာက္ေတြကို ထုတ္ေဖာ္ေပးသြားပါမယ္။

သ႐ုပ္ေဆာင္ေတြရဲ႕သ႐ုပ္ေဆာင္ပီျပင္မႈေတြမွာ လူမင္း၊ ေျပတီဦးတို႔က ထိပ္ဆုံးက ပါဝင္ေနၿပီး ဂီတ အသိုင္းအဝိုင္း အပါအဝင္ တက္သစ္စမင္းသမီးေတြအထိ သ႐ုပ္ေဆာင္မႈ ပီျပင္လြန္းေနၾကပါတယ္။ ပထမဦးဆုံး ေျပာျပရရင္ေတာ့ မတ္လ ပထမပတ္အတြင္း လူစိတ္ဝင္စားမႈအျမင့္ဆုံးျဖစ္ခဲ့တဲ့ ဟစ္ေဟာ့အမ်ိဳးသမီး ရက္ပ္ပါ အဆိုေတာ္တစ္ဦး Bobby Soxer က "နာမည္တပ္ၿပီး ေျပာပိုင္ခြင့္ မရွိ" လို႔ ေရးစပ္သီဆိုလိုက္ေပမယ့္ သက္ဆိုင္သူ အေပါင္းကေတာ့ မဖုံးဖိႏိုင္ေတာ့ဘဲ တရားဝင္ ဝန္ခံခဲ့ရၿပီး ဆင္ျခင္ေနထိုင္ေတာ့မွာျဖစ္ပါေၾကာင္း ကတိစကားေတြ ဆိုလာျပန္တဲ့ အႏုပညာ-ညာ အေၾကာင္းေတြပါ။
(၂၀၂၅) ခုႏွစ္ မတ္လ (၂) ရက္ ညပိုင္း မွာ Bobby Soxer က "နာမည္တပ္ၿပီး ေျပာပိုင္ခြင့္ မရွိ" သီခ်င္း အသစ္ကို Facebook, Youtube မွာ တစ္ၿပိဳင္နက္တင္ခဲ့ၿပီးေနာက္ မိနစ္ပိုင္းအတြင္း ၾကည့္ရႈသူ မီလ်ံခ်ီရရွိခဲ့ကာ (၃)ရက္အတြင္း Facebook အေကာင့္မွာ ၾကည့္ရႈသူ (၁၂) သန္း၊ ယူက်ဳအေကာင့္မွာ (၇) သိန္းနီးပါးအထိ ရရွိခဲ့ပါ တယ္။
ဟစ္ေဟာ့ေလာကရဲ႕ စံျပစုံတြဲျဖစ္ခဲ့တဲ့ လႊမ္းပိုင္နဲ႔ Bobby Soxer တို႔ လမ္းခြဲျပတ္စဲမႈျဖစ္ စဥ္ေနာက္ကြယ္မွာ နန္းဆုရတီစိုးက တရားခံ မဟုတ္ခဲ့ဘဲ ေနာ္ေဖာအယ္ထားရဲ႕လူမႈေရးစည္း မေစာင့္ထိန္းမႈ အပါအဝင္ ခ်စ္သူမိန္းကေလးအေပၚ လႊမ္းပိုင္ရဲ႕ သစၥာတရားေဖာက္ျပားမႈေတြေၾကာင့္ ျဖစ္ေၾကာင္းနဲ႔ ပတ္သက္ရင္ " နာမည္တပ္ၿပီး ေျပာ ပိုင္ခြင့္ မရွိ " သီခ်င္းက သိသာစြာထင္ဟပ္ေစခဲ့ပါ တယ္။
လႊမ္းပိုင္နဲ႔ ေနာ္ေဖာအယ္ထားတို႔ဟာ " ရင္ထဲက ဒ႑ာရီ " ဇာတ္လမ္းတြဲမွာ ပါဝင္သ႐ုပ္ ေဆာင္ရာမွ လုပ္ငန္းခြင္ျပင္ပမွာပါ သ႐ုပ္ေဆာင္ ပီျပင္လြန္းခဲ့ၾကပုံေပၚပါတယ္။ အခ်ိန္ကာလအပိုင္း အျခားတစ္ခုအထိ ဖုံးဖိႏိုင္ခဲ့ၾကေပမယ့္ Bobby Soxer သီခ်င္းအသစ္ထြက္ခ်ိန္မွာေတာ့ "နာမည္ တပ္ၿပီး ေျပာပိုင္ခြင့္မရွိ" သီခ်င္း အဓိပၸာယ္က ခ်စ္သူႏွစ္ဦးၾကား သူစိမ္းတစ္ေယာက္ အကြက္က်က်ဝင္ေရာက္လာပုံကို ပညာသားပါပါထည့္သြင္း ေရးသားသီဆိုဟန္သက္ေရာက္ခဲ့ပါတယ္။ ပရိသတ္ေတြကေတာ့ ကနဦးမွာ လႊမ္းပိုင္နဲ႔ လက္ရွိႀကိတ္ပုန္းတြဲ ခုတ္ေနတဲ့ နန္းဆုရတီစိုးကို ေခတ္စကားအရ (စႏိုက္ေၾကာ္သူ) အျဖစ္ ထင္ျမင္ခဲ့ၾကၿပီး ေဝဖန္ ရႈတ္ခ်ခဲ့ၾကတာပါ။
ဒီျဖစ္စဥ္မွာ လႊမ္းပိုင္က စႏိုက္ေၾကာ္သူ အမ်ိဳးသမီးက လက္ရွိ ရည္စားမဟုတ္ေၾကာင္း သက္ေသျပခ်င္ ေၾကာင္း အေၾကာင္းျပခ်က္တစ္ခုေပးကာ ၎နဲ႔ လူမႈေရးေဖာက္ျပားခဲ့သူက ႐ုပ္ရွင္သ႐ုပ္ေဆာင္ ေနာ္ေဖာ အယ္ထားသာျဖစ္ေၾကာင္းကို "အနမ္းေပးေနတဲ့ ႐ုပ္သံဖိုင္နဲ႔တကြ" ပူးတြဲေဖာ္ျပခဲ့ပါ တယ္။
ေခတ္စကားအရ စႏိုက္ေၾကာ္ခဲ့သူ ႐ုပ္ရွင္သ႐ုပ္ေဆာင္ ေနာ္ေဖာအယ္ထားလည္း ေဝဖန္ဆဲဆို ရႈတ္ခ် ျခင္းခံရ႐ုံမက ကိုယ္တိုင္လည္း ပါဝင္ပတ္သက္ က်ဴးလြန္ခဲ့သူ (၁၃) ႏွစ္နီးပါးတည္ေဆာက္ခဲ့တဲ့ Relationship အေပၚသစၥာေဖာက္ျပန္ခဲ့တဲ့ လႊမ္းပိုင္ကိုလည္း လူအမ်ားက ႐ြံရွာစက္ဆုပ္ၾကၿပီး၊ ဆယ္စုႏွစ္ခ်ီ အမ်ိဳးသားတစ္ဦးကို သာ ယုံၾကည္ေပးဆပ္ခဲ့ရတဲ့ Bobby Soxer အတြက္ ေနာက္ဆုံး ရလဒ္သစၥာေဖာက္ခံရျခင္းအတြက္ ဂီတ၊ အႏုပညာေလာက အပါအဝင္ သူမရဲ႕ပရိသတ္ေတြက က႐ုဏာပိုလ်က္ရွိၾကပါတယ္။
၎တို႔ႏွစ္ဦးရဲ႕လူမႈေရးေဖာက္ျပားမႈျဖစ္စဥ္ေတြကို ေဖာ္ထုတ္သူက ကာယကံရွင္လႊမ္းပိုင္ ကိုယ္တိုင္ ျဖစ္ေနတာေၾကာင့္ လႊမ္းပိုင္ရဲ႕ေယာက်ာ္းမဆန္တဲ့လုပ္ရပ္ကိုလည္း ရႈတ္ခ်ခဲ့ၾကၿပီး၊ ေနာ္ေဖာ အယ္ထားဟာ သူငယ္ခ်င္းခ်စ္သူစုံတြဲေတြၾကား အရင္ကတည္းက ၾကားဝင္ကာ ၿပိဳကြဲေအာင္ (စႏိုက္ေၾကာ္ခဲ့သူ) ျဖစ္ေၾကာင္း သက္ေသေတြနဲ႔တကြ ေဖာ္ေကာင္လုပ္ခံေနရၿပီျဖစ္ပါတယ္။
႐ုပ္ရွင္သ႐ုပ္ေဆာင္ ေနာ္ေဖာအယ္ထားက " ေနာ္ေဖာရဲ႕မစဥ္းစားမဆင္ျခင္ပဲ မွားခဲ့တဲ့အမွားက ေန သင္ခန္းစာေတြလည္း အမ်ားႀကီးရခဲ့ၿပီမလို႔ ေရွ႕ဆက္ အေကာင္းဆုံးႀကိဳးစားေနထိုင္ေနပါတယ္" အစရွိတဲ့ စာသား ေတြေရးသားကာ (၁၃) ႏွစ္ၾကာ ခိုင္ၿမဲစြာတည္ေဆာက္ခဲ့တဲ့ ခ်စ္သူႏွစ္ဦးက သူ႔ေၾကာင့္ ၿပိဳကြဲသြားခဲ့တာ မွန္ကန္ ေၾကာင္း သြယ္ဝိုက္ကာ ဝန္ခံခဲ့ၿပီး၊ ၎ရဲ႕အျပဳအမူအတြက္ ဆင္ျခင္ေန ေၾကာင္း ဆိုထားတာပါ။
အႏုပညာသ႐ုပ္ေဆာင္မႈ ထိေတြ႕မႈေတြ ရဲ႕ေနာက္ကြယ္မွာ ေဖာက္ျပားမႈေတြက ဒြန္တြဲကပ္ ပါလ်က္ရွိ ၾကၿပီး၊ မင္းသား၊ ဒါ႐ိုက္တာ၊ ထုတ္လုပ္ သူေတြဘာပဲလုပ္ခိုင္းခိုင္း မင္းသမီးျဖစ္ဖို႔ဆိုရင္ အားလုံးလုပ္ပါမယ္ဆိုတဲ့ တက္သစ္စသ႐ုပ္ေဆာင္ လည္းရွိသလို စီးပြားေရးလုပ္ငန္းရွင္ႀကီးေတြရဲ႕ အသုံးေတာ္ခံျဖစ္လည္း လုပ္ပါမယ္ဆိုတဲ့ သူေတြ လည္း ေပါမ်ားလွပါတယ္။ ေျပာင္းလဲတိုးတက္လာတဲ့ ေခတ္အေျခအေနမွာေတာ့ ၎တို႔ရဲ႕လူမႈေရးစည္း မေစာင့္ထိန္းမႈသတင္းက ထိန္းခ်ဳပ္ဖုံးဖိလို႔မရေတာ့ဘဲ လူအမ်ားထံ ပ်ံ႕ႏွံ႔မႈလြယ္ကူ လ်င္ျမန္လာရ ျခင္းမ်ိဳးျဖစ္ပါ တယ္။ ဒီလိုျဖစ္စဥ္ေတြဟာ အႏုပညာ ေလာကသားေတြအတြက္ ထမင္းစားေရေသာက္လိုျဖစ္ေနၿပီလို႔ ယူဆ မိပါတယ္။
အႏုပညာသမားေတြက ေနာက္ကြယ္မွာ လိင္ပိုင္းဆိုင္ရာ၊ ေငြေၾကးပိုင္းဆိုင္ရာ အစရွိတဲ့ပတ္သက္မႈ ျပႆနာေတြ ဘယ္လိုပဲရွိၾကပါေစ လူအမ်ား ေရွ႕ေမွာက္မွာ အရယ္အၿပဳံးမပ်က္ေန ႏိုင္ၾကတာကို သတိျပဳမိၿပီး အဲဒီျဖစ္စဥ္ေတြအေပၚ လိုက္လံခံစားေပး တဲ့ ျပည္သူလူထုသာ လူမိုက္အသြင္က်န္ရစ္ခဲ့ၾကၿမဲ ျဖစ္ပါတယ္။
အလားတူ သ႐ုပ္ေဆာင္ေကာင္းလြန္းၾကသူေတြလည္း ထပ္မံရွိလို႔ေနျပန္ပါတယ္။ ဒါကေတာ့ (၂၀၂၁) ခုႏွစ္ ေဖေဖာ္ဝါရီလ (၁) ရက္ေနာက္ပိုင္းမွာ စစ္အာဏာရွင္စနစ္ခ်ဳပ္ၿငိမ္းေရးကို အၿပီးတိုင္ တိုက္ထုတ္ၾကမယ္လို႔ ေႂကြးေၾကာ္ခဲ့ၾကတဲ့ သ႐ုပ္ ေဆာင္ေကာင္းသူမ်ားဆု ရရွိထားသူ ထပ္ဆင့္ အကယ္ဒမီ လူမင္းနဲ႔ ေျပတီဦးတို႔ပါ။ မင္းေမာ္ကြန္း၊ ကိုေပါက္၊ လင္းလင္း၊ ခ်စ္သုေဝ၊ ဏႀကီး၊ ပိုင္ၿဖိဳးသု စတဲ့ ျပည္ေျပးအႏုပညာသမားေတြက တပ္မေတာ္ကို ေတာ္လွန္ၿမဲျဖစ္ေပမယ့္ လူမင္းနဲ႔ ေျပတီဦးတို႔က လက္ရွိမွာေတာ့ စစ္အာဏာရွင္စနစ္ ခ်ဳပ္ၿငိမ္းသြားဟန္ေပၚၿပီး (၂၀၂၅) ခုႏွစ္ မတ္လ ပထမအပတ္က ေတာင္ႀကီးၿမိဳ႕ရွိ Jasmine Palace Hotel မွာ ေပ်ာ္႐ႊင္စြာ သီခ်င္းဆိုရင္း ျဖတ္သန္းခဲ့ၾကပုံေတြက ၎တို႔အေပၚ ယုံၾကည္ေထာက္ခံခဲ့ၾကတဲ့ မိသားစုဝင္ေတြ လူငယ္ေတြ အတြက္ မ်က္ရည္ဝဲေစခဲ့တာအမွန္ပါ။
လူမင္း၊ ေျပတီဦးတို႔မိသားစု ဇနီးေမာင္ႏွံေတြဟာ အစိုးရယႏၲာရားႀကီးတစ္ခုလုံး ယိုင္နဲ႔ သြားေစဖို႔ ရည္႐ြယ္ခ်က္နဲ႔ ႏိုင္ငံအစိုးရဝန္ထမ္းေတြကို CDM (Civil Disobedience Movement) မွာပါဝင္ၾကဖို႔ အခေၾကးေငြေပးကာ လႈံ႕ေဆာ္စည္း႐ုံးမႈေတြ လုပ္ေဆာင္ခဲ့တာပါ။ "စစ္ အာဏာရွင္စနစ္ ခ်ဳပ္ၿငိမ္းသည္ထိ အဆုံးတိုင္ ပါဝင္ဆင္ႏႊဲသြားမယ္လို႔ ကတိေပးထားၾကတဲ့ သူေတြက အခုလိုေပ်ာ္႐ႊင္ေနၾကၿပီဆိုေတာ့ ၎တို႔ ေတာ္လွန္ပုန္ကန္ေနတဲ့ အာဏာရွင္စနစ္က ခ်ဳပ္ၿငိမ္းသြားၿပီလား" လို႔ ၎တို႔အေပၚ ေထာက္ခံ သူလူအမ်ားက ေမးခြန္းထုတ္ထားၾကပါတယ္။
သတင္းေတြအရ ရွမ္းျပည္နယ္ ကိုယ္စားျပဳ han United FC က ျပည္နယ္အ စိုးရထံ ခ်န္ပီယံဖလား အပ္ႏွံပြဲနဲ႔ ရွမ္းယူႏိုက္ တက္အသင္းအတြက္ ဂုဏ္ျပဳေဖ်ာ္ေျဖပြဲကို ေတာင္ႀကီးၿမိဳ႕ မိုးလုံေလလုံ အားကစားကြင္းမွာ မတ္လ (၁) ရက္ ညပိုင္းက က်င္းပခဲ့ျခင္းျဖစ္ၿပီး ေဖ်ာ္ေျဖေရးအစီအစဥ္အတြက္ Iron Cross နဲ႔ ေတးသံရွင္ စိုင္းစိုင္းခမ္းလႈိင္တို႔ကို ဖိတ္‌ေခၚခဲ့တာျဖစ္ပါတယ္။ ေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠ႒ အပါအဝင္ သက္ဆိုင္ရာတာဝန္ရွိသူ ေတြနဲ႔ သီးသန႔္ဂုဏ္ျပဳပြဲကိုေတာ့Jasmine Palace Hotel မွာ ထပ္မံက်င္းပခဲ့တာျဖစ္ၿပီး အဲဒီပြဲကို လူမင္း၊ ေျပတီဦးတို႔လည္း ေရာက္လာခဲ့တာျဖစ္တယ္လို႔ ၾကားသိရပါတယ္။ ၎တို႔ Shan United FC ဂုဏ္ျပဳပြဲကို ေရာက္ရွိ လာခဲ့ၾကတဲ့ အေၾကာင္းရင္းက ထူးျခားလို႔ေနခဲ့ၿပီး ၾကားသိရတဲ့ သတင္းစကားေတြအရ ဘဏ္ေခ်းေငြအေပၚ ေလွ်ာ့ ေပါ့ေပးေစလိုေၾကာင္း အသနားခံတင္ျပျခင္းျဖစ္တယ္လို႔ ၾကားသိရပါတယ္။ ၾကားသိရသေလာက္ ၎တို႔ အဆိုပါဘဏ္သူေဌးႀကီးထံ ေပးအပ္ရမယ့္ေခ်းေငြပမာဏက က်ပ္သိန္းေပါင္း ႏွစ္ေသာင္းေက်ာ္ျဖစ္ၿပီး၊ အတိုးပါထည့္သြင္းတြက္ခ်က္ပါက က်ပ္သိန္းေပါင္း သုံးေသာင္းအထိ ေပးဆပ္ဖို႔ရွိေနျခင္းျဖစ္တယ္လို႔ သိရပါတယ္။ ဒီသတင္းေတြကေတာ့ တိက်ခိုင္လုံတဲ့ေနရာမွလာတဲ့သတင္းစကားေတြျဖစ္တာေၾကာင့္ ထည့္သြင္းေဖာ္ ျပေပး လိုက္ျခင္းျဖစ္ပါတယ္။

ဒီတစ္ပတ္အတြက္ အႏုပညာက႑ကို ဒီေလာက္နဲ႔ရပ္နားခြင့္ျပဳပါ။

Related news

© 2021. All rights reserved.