သာပေါင်းမြို့တစ်ဝိုက် တိုက်ပွဲသတင်းများမှာ မှားယွင်းနေပြီး တပ်မတော်ဘက်မှ ခံစစ် အခိုင်အမာပြင်ထား

1904

Pearl (NP News) - မတ်လ ၉
သာပေါင်းမြို့နယ်နှင့်ပတ်သက်၍ ထွက်ပေါ်နေသော တိုက်ပွဲသတင်းများမှာ မှားယွင်းနေပြီး တပ်မတော်ဘက်မှ ခံစစ်အခိုင်အမာပြင်ထားကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းအရင်းအမြစ်များထံ NP News မှ မေးမြန်း ထားချက်များအရ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့ရှိ ခမရ (၃၀၈)တပ်ရင်း၏ ကာကင်းစခန်း(၂)ခုကို AA ပူးပေါင်း အဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသတင်း အပါအဝင် သာပေါင်းမြို့နယ်မှ စစ်ရေးသတင်းမှားများကို ပြည်ပ ရောက်မီဒီယာများက ယခုရက်ပိုင်းအတွင်း ရေးသားဖြန့်ဝေခဲ့သည်ကိုတွေ့မြင်ရသည်။
" ခံစစ်စခန်းကျတာလည်းမရှိဘူး။ ကျွန်တော်တို့ ဆီကလည်း အဲဒီဘက်မှာ ပြင်ဆင်ထားပါတယ်" ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက NP News သို့ ပြောသည်။ တိုက်ပွဲသတင်းအများစုမှာ ကောလာဟလသတင်းများ သာဖြစ်ကြောင်းလည်း အခြားစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
" ကောလာဟလတွေ လျှောက်တင်နေတာ။ လောလောဆယ် ဘာမှမဖြစ်ဘူး။ မြောက်စမ်းတို့ ဘာ တို့မှာဖြစ်နေတာ။ (၃၀၈)လည်း မရောက်ဘူး။ မြို့ထဲ မှာလည်း အေးဆေးပဲ"ဟု၎င်းကပြောသည်။
ထို့ပြင် သာပေါင်းမြို့နှင့် သာပေါင်းမြို့အနီး ဝန်းကျင်များ၌ တပ်မတော်လုံခြုံရေးအဖွဲ့က ခံစစ်အ ခိုင်အမာပြင်ထားပြီး တိုက်ပွဲသတင်းကြောင့် မြို့မှ တိမ်းရှောင်သွားခဲ့သူများပင် ပြန်လည်ဝင်ရောက်လာ ပြီဖြစ်ကြောင်းလည်း ဒေသခံတစ်ဦးက ပြောသည်။ "ဘာကာကင်းမှ မကျဘူး။ မရှိတာတော့ မဟုတ်ဘူး ပစ်တာခတ်တာက။ နောက်ဘက်မှာတော့ ချောင်း မြောင်းပစ်တာခတ်တာတော့ရှိတယ်။ ကာကင်းကို တိုက်လိုက်ပြီ။ ကာကင်းကျသွားပြီ နောက်ဆုတ်ပေး လိုက်ရပြီဆိုတာမျိုး ဘာညာတော့ မရှိဘူး။ နဂိုက တည်းက ခံစစ်ပြင်ထားတဲ့နေရာမှာပဲ။ ဆက်လည်းမ တိုးဘူး၊ နောက်လည်းမဆုတ်ဘဲနဲ့အဲဒီအတိုင်းပဲရှိ နေတယ်။ အခုပြောင်းရွှေ့သွားတဲ့မြို့ခံတွေလည်း ရှိတာလေးတွေစားပြီး အကုန်လုံးက ပြန်ရောက်လာ ကြပြီလေ"ဟု မြို့ခံတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီလတွင် သာပေါင်းမြို့မရဲစခန်းမှူးကို အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ချောင်းမြောင်းပစ်ခတ်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။

Zawgyi Version:
သာေပါင္းၿမိဳ႕တစ္ဝိုက္ တိုက္ပြဲသတင္းမ်ားမွာ မွားယြင္းေနၿပီး တပ္မေတာ္ဘက္မွ ခံစစ္ အခိုင္အမာျပင္ထား
Pearl (NP News) - မတ္လ ၉
သာေပါင္းၿမိဳ႕နယ္ႏွင့္ပတ္သက္၍ ထြက္ေပၚေနေသာ တိုက္ပြဲသတင္းမ်ားမွာ မွားယြင္းေနၿပီး တပ္မေတာ္ဘက္မွ ခံစစ္အခိုင္အမာျပင္ထားေၾကာင္း ေဒသခံမ်ားႏွင့္ စစ္ေရးသတင္းအရင္းအျမစ္မ်ားထံ NP News မွ ေမးျမန္း ထားခ်က္မ်ားအရ သိရသည္။
ဧရာဝတီတိုင္းေဒသႀကီး သာေပါင္းၿမိဳ႕ရွိ ခမရ (၃၀၈)တပ္ရင္း၏ ကာကင္းစခန္း(၂)ခုကို AA ပူးေပါင္း အဖြဲ႕က တိုက္ခိုက္သိမ္းပိုက္ခဲ့ေၾကာင္းသတင္း အပါအဝင္ သာေပါင္းၿမိဳ႕နယ္မွ စစ္ေရးသတင္းမွားမ်ားကို ျပည္ပ ေရာက္မီဒီယာမ်ားက ယခုရက္ပိုင္းအတြင္း ေရးသားျဖန႔္ေဝခဲ့သည္ကိုေတြ႕ျမင္ရသည္။
" ခံစစ္စခန္းက်တာလည္းမရွိဘူး။ ကြၽန္ေတာ္တို႔ ဆီကလည္း အဲဒီဘက္မွာ ျပင္ဆင္ထားပါတယ္" ဟု စစ္ေရးသတင္းရင္းျမစ္တစ္ဦးက NP News သို႔ ေျပာသည္။ တိုက္ပြဲသတင္းအမ်ားစုမွာ ေကာလာဟလသတင္းမ်ား သာျဖစ္ေၾကာင္းလည္း အျခားစစ္ေရးသတင္းရင္းျမစ္တစ္ဦးက ေျပာသည္။
" ေကာလာဟလေတြ ေလွ်ာက္တင္ေနတာ။ ေလာေလာဆယ္ ဘာမွမျဖစ္ဘူး။ ေျမာက္စမ္းတို႔ ဘာ တို႔မွာျဖစ္ေနတာ။ (၃၀၈)လည္း မေရာက္ဘူး။ ၿမိဳ႕ထဲ မွာလည္း ေအးေဆးပဲ"ဟု၎ကေျပာသည္။
ထို႔ျပင္ သာေပါင္းၿမိဳ႕ႏွင့္ သာေပါင္းၿမိဳ႕အနီး ဝန္းက်င္မ်ား၌ တပ္မေတာ္လုံၿခဳံေရးအဖြဲ႕က ခံစစ္အ ခိုင္အမာျပင္ထားၿပီး တိုက္ပြဲသတင္းေၾကာင့္ ၿမိဳ႕မွ တိမ္းေရွာင္သြားခဲ့သူမ်ားပင္ ျပန္လည္ဝင္ေရာက္လာ ၿပီျဖစ္ေၾကာင္းလည္း ေဒသခံတစ္ဦးက ေျပာသည္။ "ဘာကာကင္းမွ မက်ဘူး။ မရွိတာေတာ့ မဟုတ္ဘူး ပစ္တာခတ္တာက။ ေနာက္ဘက္မွာေတာ့ ေခ်ာင္း ေျမာင္းပစ္တာခတ္တာေတာ့ရွိတယ္။ ကာကင္းကို တိုက္လိုက္ၿပီ။ ကာကင္းက်သြားၿပီ ေနာက္ဆုတ္ေပး လိုက္ရၿပီဆိုတာမ်ိဳး ဘာညာေတာ့ မရွိဘူး။ နဂိုက တည္းက ခံစစ္ျပင္ထားတဲ့ေနရာမွာပဲ။ ဆက္လည္းမ တိုးဘူး၊ ေနာက္လည္းမဆုတ္ဘဲနဲ႔အဲဒီအတိုင္းပဲရွိ ေနတယ္။ အခုေျပာင္းေ႐ႊ႕သြားတဲ့ၿမိဳ႕ခံေတြလည္း ရွိတာေလးေတြစားၿပီး အကုန္လုံးက ျပန္ေရာက္လာ ၾကၿပီေလ"ဟု ၿမိဳ႕ခံတစ္ဦးက ေျပာသည္။ ၿပီးခဲ့သည့္ ဇန္နဝါရီလတြင္ သာေပါင္းၿမိဳ႕မရဲစခန္းမႉးကို အၾကမ္းဖက္အဖြဲ႕က ေသနတ္ျဖင့္ေခ်ာင္းေျမာင္းပစ္ခတ္ခဲ့သည့္ ျဖစ္စဥ္ ျဖစ္ပြားခဲ့ဖူးသည္။