အမေရိကန်သမ္မတကို ပြန်တောင်းပန်မှာမဟုတ်ဟု ယူကရိန်းပြော

 699

ဂျန်ဇက် (NP News) - မတ် ၉

ယူကရိန်းယူကရိန်းသမ္မတ ဇီလန်စကီးဟာ အမေရိကန်သမ္မတကို ပြန်လည်တောင်းပန်မှာ မဟုတ်ဘူးလို့ ယူကရိန်း သမ္မတရဲ့အကြံပေးဖြစ်သူက ပြောပါတယ်။ ယူကရိန်းသမ္မတနဲ့ အမေရိကန်သမ္မတထရမ့်တို့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးခဲ့ရာ အချေတင်စကားများခဲ့ပါတယ်။ ယူကရိန်းသမ္မတ အကြံပေးက အမေရိကန်သမ္မတဟာ ရုရှားကို ဖိအား ပိုမိုပေးရမယ်ဆိုတဲ့အချက်ကိုနားလည်ဖို့ လိုတယ်လို့ ပြောပါတယ်။

အငြင်းပွားမှုများ ဖြစ်ခဲ့ပြီးနောက် ယူကရိန်းသမ္မတက အမေရိကန်နိုင်ငံရဲ့စစ်ရေးအကူအညီအတွက် ကျေးဇူးတင်လို့ ပြောဆိုခဲ့သလို စေ့စပ်ဆွေးနွေးမှုတွေလုပ်ဖို့ အဆင်သင့်ရှိကြောင်း ပြောပါတယ်။
ယူကရိန်းသမ္မတက အမေရိကန်သမ္မတနဲ့ဆွေးနွေးမှုတွေက ထင်ထားသလိုဖြစ်မလာခဲ့ကြောင်း ပြောပါတယ်။ ထရမ့်နဲ့ ဇီလန်စကီးကြား အငြင်းပွားခဲ့ပြီးနောက် အမေရိကန်အစိုးရဟာ ယူကရိန်းကို စစ်ရေးအကူညီပေးမှု ရပ်ဆိုင်းခဲ့သလို ထောက်လှမ်းရေး အချက်အလက်မျှဝေပေးမှုလည်း ရပ်ဆိုင်းခဲ့ပါတယ်။

အမေရိကန်အစိုးက ယူကရိန်းကို အကူအညီပေးမှုတွေကို ငြိမ်းချမ်းရေးဆွေးနွေးမှု ကတိပေးမှသာ ပြန်လည် လုပ်ဆောင်မယ်လို့ ပြောပါတယ်။ အမေရိကန်သမ္မတဟာ ယူကရိန်းနဲ့ ရုရှားကြားဖြစ်ပွားနေတဲ့ စစ်ပွဲအဆုံးသတ်ဖို့ ကြားဝင် ဆောင်ရွက်နေပြီး ယူကရိန်းသမ္မတအပြင် ရုရှားသမ္မတတို့နဲ့ဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။

Zawgyi Version:
အေမရိကန္သမၼတကို ျပန္ေတာင္းပန္မွာမဟုတ္ဟု ယူကရိန္းေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၉

ယူကရိန္းယူကရိန္းသမၼတ ဇီလန္စကီးဟာ အေမရိကန္သမၼတကို ျပန္လည္ေတာင္းပန္မွာ မဟုတ္ဘူးလို႔ ယူကရိန္း သမၼတရဲ႕အႀကံေပးျဖစ္သူက ေျပာပါတယ္။ ယူကရိန္းသမၼတနဲ႔ အေမရိကန္သမၼတထရမ့္တို႔ဟာ ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္း အိမ္ျဖဴေတာ္မွာ ေတြ႕ဆုံေဆြးေႏြးခဲ့ရာ အေခ်တင္စကားမ်ားခဲ့ပါတယ္။ ယူကရိန္းသမၼတ အႀကံေပးက အေမရိကန္သမၼတဟာ ႐ုရွားကို ဖိအား ပိုမိုေပးရမယ္ဆိုတဲ့အခ်က္ကိုနားလည္ဖို႔ လိုတယ္လို႔ ေျပာပါတယ္။

အျငင္းပြားမႈမ်ား ျဖစ္ခဲ့ၿပီးေနာက္ ယူကရိန္းသမၼတက အေမရိကန္ႏိုင္ငံရဲ႕စစ္ေရးအကူအညီအတြက္ ေက်းဇူးတင္လို႔ ေျပာဆိုခဲ့သလို ေစ့စပ္ေဆြးေႏြးမႈေတြလုပ္ဖို႔ အဆင္သင့္ရွိေၾကာင္း ေျပာပါတယ္။
ယူကရိန္းသမၼတက အေမရိကန္သမၼတနဲ႔ေဆြးေႏြးမႈေတြက ထင္ထားသလိုျဖစ္မလာခဲ့ေၾကာင္း ေျပာပါတယ္။ ထရမ့္နဲ႔ ဇီလန္စကီးၾကား အျငင္းပြားခဲ့ၿပီးေနာက္ အေမရိကန္အစိုးရဟာ ယူကရိန္းကို စစ္ေရးအကူညီေပးမႈ ရပ္ဆိုင္းခဲ့သလို ေထာက္လွမ္းေရး အခ်က္အလက္မွ်ေဝေပးမႈလည္း ရပ္ဆိုင္းခဲ့ပါတယ္။

အေမရိကန္အစိုးက ယူကရိန္းကို အကူအညီေပးမႈေတြကို ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ ကတိေပးမွသာ ျပန္လည္ လုပ္ေဆာင္မယ္လို႔ ေျပာပါတယ္။ အေမရိကန္သမၼတဟာ ယူကရိန္းနဲ႔ ႐ုရွားၾကားျဖစ္ပြားေနတဲ့ စစ္ပြဲအဆုံးသတ္ဖို႔ ၾကားဝင္ ေဆာင္႐ြက္ေနၿပီး ယူကရိန္းသမၼတအျပင္ ႐ုရွားသမၼတတို႔နဲ႔ေဆြးေႏြးတာေတြ ရွိခဲ့ပါတယ္။

Related news

© 2021. All rights reserved.