တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်မတိုင်ခင်နေ့အထိ စာစစ်ဌာနအပြောင်းအလဲများကို ဆောင်ရွက်နိုင်

 81

ယွန်း (NP News) - မတ် ၁ဝ

တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် မတိုင်ခင်နေ့အထိ စာစစ်ဌာနအပြောင်းအလဲများကို ဆောင်ရွက်နိုင် ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံမှ သိရသည်။
ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို လာမည့် မတ်လ (၁၇) ရက်မှ (၂၂) ရက်အထိ ပိတ်ရက်မရှိ ကျင်းပသွား မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ပြီးခဲ့သည့်ဒီဇင်ဘာလက အသိပေးထုတ်ပြန် ထားသည်။
သို့သော် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအနေဖြင့် လက်ရှိအချိန်အထိ စာမေးပွဲဖြေဆိုခွင့်ပြုမည့် စာစစ်ဌာန အရေအတွက်ကို အသိပေးထုတ်ပြန်ခြင်းမျိုးမရှိသေးသော်လည်း ကျောင်းသား၊ကျောင်းသူများအနေဖြင့် မည်သည့် စာစစ်ဌာနတွင်မဆို ဝင်ရောက်ဖြေဆိုနိုင်မည်ဖြစ်ကြောင်း သိရသည်။
“ကိုယ့်ဒေသမှာမလုံခြုံလို့ ဖြေချင်တယ်ဆိုရင်တော့ ဘယ်စာစစ်ဌာနမှာမဆို ဝင်ဖြေလို့ရတယ်။ ဝင်ဖြေခွင့် ပေးထားတယ်။ စာစစ်ဌာနကတော့ မငြိမ်သေးဘူး။ လုပ်နေတုန်းပဲ။ ဖြေတဲ့သူတွေကလည်း ရှမ်းမြောက်က မြေပြန့်မှာ လာဖြေချင်တယ်ဆိုရင်လည်း (၁၇)ရက်ဖြေမှာဆိုရင် (၁၆)ရက်အထိ လက်ခံတယ်။ ဘယ်ဌာနမှာမဆို လက်ခံပါတယ်” ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ယခုနှစ်(၂၀၂၄- ၂၀၂၅) ပညာသင်နှစ် အတွက် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံမှုကို ပြီးခဲ့သည့် မေလ(၂၃)ရက်မှစ၍ ဇွန်လ(၂) ရက်အထိ လက်ခံဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူဦး ရေ(၆၄၇၃၃၅၀) ဦးရှိခဲ့ရာ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန် ကျောင်းသား/ကျောင်းသူဦးရေ (၂၂၀ဝဝဝ)ဝန်းကျင် စာရင်းပေးသွင်းထားကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။
စာမေးပွဲအချိန်ဇယားအရ လာမည့် မတ်လ (၁၇)ရက်တွင် မြန်မာစာ၊ (၁၈) ရက်တွင် အင်္ဂလိပ်စာ၊ (၁၉) ရက်တွင် သင်္ချာ၊ (၂၀) ရက်တွင် ဓာတုဗေဒ (သို့) ပထဝီဝင်၊ (၂၁) ရက်တွင် ရူပဗေဒ (သို့) သမိုင်း၊ (၂၂) ရက်တွင် ဇီဝဗေဒ (သို့) ဘောဂဗေဒ စသဖြင့် ပိတ်ရက်မရှိ မိမိတို့ယူထားသည့် ဘာသာတွဲအလိုက် ဖြေဆိုရမည်ဖြစ် ကြောင်း သိရသည်။
ပြီးခဲ့သည့် (၂၀၂၃-၂၀၂၄) ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုသူ (၁၂၈၈၂၀) ဦးရှိခဲ့ ရာ (၇၄၅၉၂) ဦး အောင်မြင်ခဲ့ပြီး အောင်ချက် ရာခိုင်နှုန်းအားဖြင့် (၅၉ ဒသမ ၉ ရာခိုင်နှုန်း) ရှိကြောင်း သိရသည်။
ပြည်တွင်း၌ နိုင်ငံရေးမငြိမ်သက်မှုများကြောင့် တိုက်ပွဲဖြစ်ဒေသများမှ ကျောင်းသား၊ ကျောင်းသူ များကို ပြီးခဲ့သည့် (၂၀၂၄) ခုနှစ်တွင် စာစစ်ဌာနများပြောင်းရွှေ့ဖြေဆိုခွင့်ပြုခဲ့ရာ ယခုနှစ်တွင်လည်း စာစစ်ဌာနများကို ပြောင်းရွှေ့ဖြေဆိုခွင့်ပြုမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုမည့်နေ့မတိုင်ခင် တစ်ရက်အလိုအထိ ပြောင်းရွှေ့ခွင့်ပေးမည် ဖြစ်သည်။

Zawgyi Version:
တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုမည့္မတိုင္ခင္ေန႔အထိ စာစစ္ဌာနအေျပာင္းအလဲမ်ားကို ေဆာင္႐ြက္ႏိုင္
ယြန္း (NP News) - မတ္ ၁ဝ

တကၠသိုလ္ဝင္တန္းစာေမးပြဲေျဖဆိုမည့္ မတိုင္ခင္ေန႔အထိ စာစစ္ဌာနအေျပာင္းအလဲမ်ားကို ေဆာင္႐ြက္ႏိုင္ ေၾကာင္း ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနထံမွ သိရသည္။
ယခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲကို လာမည့္ မတ္လ (၁၇) ရက္မွ (၂၂) ရက္အထိ ပိတ္ရက္မရွိ က်င္းပသြား မည္ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာန၊ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက ၿပီးခဲ့သည့္ဒီဇင္ဘာလက အသိေပးထုတ္ျပန္ ထားသည္။
သို႔ေသာ္ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနအေနျဖင့္ လက္ရွိအခ်ိန္အထိ စာေမးပြဲေျဖဆိုခြင့္ျပဳမည့္ စာစစ္ဌာန အေရအတြက္ကို အသိေပးထုတ္ျပန္ျခင္းမ်ိဳးမရွိေသးေသာ္လည္း ေက်ာင္းသား၊ေက်ာင္းသူမ်ားအေနျဖင့္ မည္သည့္ စာစစ္ဌာနတြင္မဆို ဝင္ေရာက္ေျဖဆိုႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
“ကိုယ့္ေဒသမွာမလုံၿခဳံလို႔ ေျဖခ်င္တယ္ဆိုရင္ေတာ့ ဘယ္စာစစ္ဌာနမွာမဆို ဝင္ေျဖလို႔ရတယ္။ ဝင္ေျဖခြင့္ ေပးထားတယ္။ စာစစ္ဌာနကေတာ့ မၿငိမ္ေသးဘူး။ လုပ္ေနတုန္းပဲ။ ေျဖတဲ့သူေတြကလည္း ရွမ္းေျမာက္က ေျမျပန႔္မွာ လာေျဖခ်င္တယ္ဆိုရင္လည္း (၁၇)ရက္ေျဖမွာဆိုရင္ (၁၆)ရက္အထိ လက္ခံတယ္။ ဘယ္ဌာနမွာမဆို လက္ခံပါတယ္” ဟု ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ယခုႏွစ္(၂၀၂၄- ၂၀၂၅) ပညာသင္ႏွစ္ အတြက္ အေျခခံပညာေက်ာင္းမ်ား၌ ေက်ာင္းအပ္လက္ခံမႈကို ၿပီးခဲ့သည့္ ေမလ(၂၃)ရက္မွစ၍ ဇြန္လ(၂) ရက္အထိ လက္ခံေဆာင္႐ြက္ေပးခဲ့ၿပီး ေက်ာင္းသား၊ ေက်ာင္းသူဦး ေရ(၆၄၇၃၃၅၀) ဦးရွိခဲ့ရာ တကၠသိုလ္ဝင္စာေမးပြဲကို ဝင္ေရာက္ေျဖဆိုရန္ ေက်ာင္းသား/ေက်ာင္းသူဦးေရ (၂၂၀ဝဝဝ)ဝန္းက်င္ စာရင္းေပးသြင္းထားေၾကာင္း ပညာေရးဝန္ႀကီးဌာနထံမွ သိရသည္။
စာေမးပြဲအခ်ိန္ဇယားအရ လာမည့္ မတ္လ (၁၇)ရက္တြင္ ျမန္မာစာ၊ (၁၈) ရက္တြင္ အဂၤလိပ္စာ၊ (၁၉) ရက္တြင္ သခ်ၤာ၊ (၂၀) ရက္တြင္ ဓာတုေဗဒ (သို႔) ပထဝီဝင္၊ (၂၁) ရက္တြင္ ႐ူပေဗဒ (သို႔) သမိုင္း၊ (၂၂) ရက္တြင္ ဇီဝေဗဒ (သို႔) ေဘာဂေဗဒ စသျဖင့္ ပိတ္ရက္မရွိ မိမိတို႔ယူထားသည့္ ဘာသာတြဲအလိုက္ ေျဖဆိုရမည္ျဖစ္ ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ (၂၀၂၃-၂၀၂၄) ပညာသင္ႏွစ္ တကၠသိုလ္ဝင္စာေမးပြဲတြင္ ေျဖဆိုသူ (၁၂၈၈၂၀) ဦးရွိခဲ့ ရာ (၇၄၅၉၂) ဦး ေအာင္ျမင္ခဲ့ၿပီး ေအာင္ခ်က္ ရာခိုင္ႏႈန္းအားျဖင့္ (၅၉ ဒသမ ၉ ရာခိုင္ႏႈန္း) ရွိေၾကာင္း သိရသည္။
ျပည္တြင္း၌ ႏိုင္ငံေရးမၿငိမ္သက္မႈမ်ားေၾကာင့္ တိုက္ပြဲျဖစ္ေဒသမ်ားမွ ေက်ာင္းသား၊ ေက်ာင္းသူ မ်ားကို ၿပီးခဲ့သည့္ (၂၀၂၄) ခုႏွစ္တြင္ စာစစ္ဌာနမ်ားေျပာင္းေ႐ႊ႕ေျဖဆိုခြင့္ျပဳခဲ့ရာ ယခုႏွစ္တြင္လည္း စာစစ္ဌာနမ်ားကို ေျပာင္းေ႐ႊ႕ေျဖဆိုခြင့္ျပဳမည္ျဖစ္ၿပီး စာေမးပြဲေျဖဆိုမည့္ေန႔မတိုင္ခင္ တစ္ရက္အလိုအထိ ေျပာင္းေ႐ႊ႕ခြင့္ေပးမည္ ျဖစ္သည္။

Related news

© 2021. All rights reserved.