ရန်ကုန်တွင် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဆေးရုံစာဖြေဌာန လေးခု ဖွင့်လှစ်သွားမည်

 235

NP News မတ်လ (၉)ရက်
မကြာမီ မတ်လ(၁၇)ရက်နေ့တွင်စတင်မည့် တက္ကသိုလ်ဝင်စာမေးပွဲအတွင်း ဆေးရုံတတ်ရောက် ကုသနေရသော ကျောင်းသားကျောင်းသူများအတွက် ရန်ကုန်ပြည်သူ့ဆေးရုံအပါအဝင် ဆေးရုံစာဖြေဌာန လေးခုကို ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှသိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်းဖွင့်ထားမည့်ဆေးရုံစာဖြေဌာနလေးခုမှာရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ဗဟိုအမျိုးသမီးဆေးရုံကြီး၊ ဝေဘာဂီအထူးကုဆေးရုံကြီး၊မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့်သင်ကြားရေး ဆေးရုံကြီးများဖြစ်ကြောင်းသိရသည်။
" ဆေးရုံစာဖြေဌာနတွေကလည်းနှစ်တိုင်းဖွင့်နေကြပါ။ပြီးခဲ့တဲ့နှစ်ကသက်ဆိုင်ရာ ဆေးရုံတက်နေကြတဲ့လူနာတွေထဲက စာမေးပွဲဖြေဆိုလိုသူ (၁၂) ယောက်စာရင်းပေးသွင်းထားတာမှာ (၇) ယောက်ခန့်အနည်းအကျဉ်းပဲသက်ဆိုင်ရာဆေးရုံစာဖြေဌာနတွေမှာဖြေကြပါတယ်။ ဖြေမယ်လို့စာရင်းပေးထားပြီးပျက်ကွက်သူတွေလည်းရှိပါတယ်"ဟု အဆင့်မြင့်ပညာဦးစီးဌာနကတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ကုသရေးဦးစီးဌာနနှင့်မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတို့ ညှိနှိုင်းထားချက်အရ ၂၀၂၅ ခုနှစ် မတ် ၁၇ ရက်မှ ၂၂ ရက် အထိကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ဆေးရုံတက်ရောက်ဆေးဝါးကုသမှုခံယူနေကြရသော ကျောင်းသား ကျောင်းသူများ နစ်နာမှုမရှိစေရန် ရည်ရွယ်ပြီးလုပ်ဆောင်ခြင်းဖြစ်ကြောင်းသိရသည်။
ဆေးရုံတက်ရောက်ကုသနေပြီးစာမေးပွဲဝင်ရောက်ဖြေဆိုလိုသည့် ကျောင်းသား ကျောင်းသူ (လူနာ) များသည် ဆေးရုံစာဖြေဌာနလေးခုရှိရာဆေးရုံကြီးများရှိ ဆေးလူမှုဆက်ဆံရေးဌာနနှင့် ဆက်သွယ်ဆောင်ရွက် ရမည်ဟုသိရသည်။

Zawgyi Version:
ရန္ကုန္တြင္ တကၠသိုလ္ဝင္စာေမးပြဲအတြက္ ေဆး႐ုံစာေျဖဌာန ေလးခု ဖြင့္လွစ္သြားမည္
NP News မတ္လ (၉)ရက္
မၾကာမီ မတ္လ(၁၇)ရက္ေန႔တြင္စတင္မည့္ တကၠသိုလ္ဝင္စာေမးပြဲအတြင္း ေဆး႐ုံတတ္ေရာက္ ကုသေနရေသာ ေက်ာင္းသားေက်ာင္းသူမ်ားအတြက္ ရန္ကုန္ျပည္သူ႔ေဆး႐ုံအပါအဝင္ ေဆး႐ုံစာေျဖဌာန ေလးခုကို ဖြင့္လွစ္ထားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွသိရသည္။
တကၠသိုလ္ဝင္စာေမးပြဲကာလအတြင္းဖြင့္ထားမည့္ေဆး႐ုံစာေျဖဌာနေလးခုမွာရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး၊ဗဟိုအမ်ိဳးသမီးေဆး႐ုံႀကီး၊ ေဝဘာဂီအထူးကုေဆး႐ုံႀကီး၊ေျမာက္ဥကၠလာပ အေထြေထြေရာဂါကုႏွင့္သင္ၾကားေရး ေဆး႐ုံႀကီးမ်ားျဖစ္ေၾကာင္းသိရသည္။
" ေဆး႐ုံစာေျဖဌာနေတြကလည္းႏွစ္တိုင္းဖြင့္ေနၾကပါ။ၿပီးခဲ့တဲ့ႏွစ္ကသက္ဆိုင္ရာ ေဆး႐ုံတက္ေနၾကတဲ့လူနာေတြထဲက စာေမးပြဲေျဖဆိုလိုသူ (၁၂) ေယာက္စာရင္းေပးသြင္းထားတာမွာ (၇) ေယာက္ခန႔္အနည္းအက်ဥ္းပဲသက္ဆိုင္ရာေဆး႐ုံစာေျဖဌာနေတြမွာေျဖၾကပါတယ္။ ေျဖမယ္လို႔စာရင္းေပးထားၿပီးပ်က္ကြက္သူေတြလည္းရွိပါတယ္"ဟု အဆင့္ျမင့္ပညာဦးစီးဌာနကတာဝန္ရွိသူတစ္ဦးက ေျပာၾကားသည္။
က်န္းမာေရးဝန္ႀကီးဌာန၊ကုသေရးဦးစီးဌာနႏွင့္ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနတို႔ ညႇိႏႈိင္းထားခ်က္အရ ၂၀၂၅ ခုႏွစ္ မတ္ ၁၇ ရက္မွ ၂၂ ရက္ အထိက်င္းပမည့္ တကၠသိုလ္ဝင္စာေမးပြဲကာလအတြင္း ေဆး႐ုံတက္ေရာက္ေဆးဝါးကုသမႈခံယူေနၾကရေသာ ေက်ာင္းသား ေက်ာင္းသူမ်ား နစ္နာမႈမရွိေစရန္ ရည္႐ြယ္ၿပီးလုပ္ေဆာင္ျခင္းျဖစ္ေၾကာင္းသိရသည္။
ေဆး႐ုံတက္ေရာက္ကုသေနၿပီးစာေမးပြဲဝင္ေရာက္ေျဖဆိုလိုသည့္ ေက်ာင္းသား ေက်ာင္းသူ (လူနာ) မ်ားသည္ ေဆး႐ုံစာေျဖဌာနေလးခုရွိရာေဆး႐ုံႀကီးမ်ားရွိ ေဆးလူမႈဆက္ဆံေရးဌာနႏွင့္ ဆက္သြယ္ေဆာင္႐ြက္ ရမည္ဟုသိရသည္။

Related news

© 2021. All rights reserved.