မန်းရွှေစက်တော်ဘုရားပွဲနှင့် ပကတိအရှိတရား

519

Pearl (NP News) - မတ် ၁ဝ
မြန်မာနိုင်ငံရှိ ထင်ရှားသောပွဲတော်များထဲတွင် မကွေးတိုင်းဒေသကြီးမှ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ကြီးလည်း တစ်ပွဲအပါအဝင်ဖြစ်သည်။ ယင်းပွဲတော်ကို ဖေဖော်ဝါရီ(၂)ရက်မှ ဧပြီလ (၁၇) ရက်အထိ ကျင်းပခြင်း ဖြစ်ရာ ပွဲတော်ကာလမှာ (၇၅)ရက်တိုင်တိုင် ဖြစ်သောကြောင့် ရှည်လျား သည့်ပွဲတော်တစ်ခုလည်းဖြစ်သည်။ အထက်ပါ ပွဲတော်နှင့်ပတ်သက်၍ လက်နက်ကိုင်အကြမ်းဖက်သမားများက သတင်းအမှားများထုတ်လွှင့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ သို့သော် မြေပြင်အခြေအနေတွင်မူ လုံခြုံရေးစိုးမိုးမှုရှိပြီး ဘုရားဖူးများ လည်း တစ်စတစ်စ ပြန်လည်ဝင်ရောက် လာနေပြီဖြစ်သည်။ အဆိုပါအခြေအနေများနှင့်ပတ်သက်၍ မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးအေးကိုထံသို့ NP News မှ ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
မေး - ပထမဦးဆုံး မေးခွန်းအနေနဲ့က ရွှေစက်တော်ဘုရားပွဲကိုလာတဲ့ ဘုရားဖူးအရေအတွက်ကို သိပါရ စေ။
ဖြေ - ကျွန်တော်တို့ စနေ၊ တနင်္ဂနွေမှာဆိုရင်တော့များတာပေါ့ဗျ။ ကျန်တဲ့ရက်တွေက နည်းနည်းလေး ပါးတဲ့ သဘောရှိပါတယ်။ ဝန်ထမ်းတွေ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်တွေကတော့ နည်းနည်းလူများပါ တယ်ခင်ဗျ။ ကျန်တဲ့ရက်တွေကတော့ စနေ၊ တနင်္ဂနွေ ထက်စာရင် လူပါးတာပေါ့။
မေး - ဘုရားပွဲကိုရော ဘယ်နေရာက လူတွေအများဆုံး လာကြလဲ။
ဖြေ - နယ်စုံပါပဲ။ အခု ကျွန်တော်ကြည့်ရသလောက် ရှမ်းပြည်ကလည်း လာတယ်။ ရန်ကုန်ကလည်း လာတယ်။ တောင်ငူဘက်တွေကလည်းလာတယ်။ နောက် နေပြည်တော်ဘက်ကလည်း လာတယ်။
မေး - ဘုရားပွဲကိုလာကြတဲ့အခါမှာ သူတို့တွေအနေနဲ့ လမ်းခရီးမှာ ဘယ်လို အနှောင့်အယှက်တွေ ကြုံရတယ်လို့ ကြားမိလဲ။
ဖြေ - ကျွန်တော်တို့က လိုင်းပေါ်ကရော ကောလာဟလတွေရှိနေတဲ့အတွက် သူတို့ကိုလည်း ကျွန်တော် တို့က မှာရတယ်။ လက်တွေ့ရှိနေတဲ့ အခြေအနေမှန်ကို တစ်ဆင့်စကား တစ်ဆင့်နားပြောကြား ပေးပါ ဆိုပြီး။ သူတို့ကလည်း လိုင်းပေါ်မှာနဲ့ တခြားစီပါပဲ ဆိုတာကို ပြောပါတယ်ခင်ဗျ။ ဒီက အေးအေးချမ်း ချမ်းပါပဲ။ လမ်းခရီးမှာလည်း ပုံမှန် လုံခြုံရေးအရ စစ်ဆေးတာကလွဲပြီးတော့ တင်းတင်းကြပ်ကြပ် စစ် ဆေးတာ မရှိသလို ပွဲတော်အတွင်းမှာလည်း စိတ်အေးချမ်းသာစွာ တည်းခိုလို့ရပါတယ်။
မေး - ရွှေစက်တော်ဘုရားပွဲအတွက် ဂေါပက အဖွဲ့ကပြင်ဆင်ထားတဲ့ အစီအမံလေးတွေလည်း သိပါရ စေ။
ဖြေ - ဂေါပကအဖွဲ့က စီစဉ်ထားတာကတော့ ကျွန်တော်တို့က ညအိပ်တည်းခိုဆောင်တွေ ဆောက်လုပ် ထားတာရှိတယ်။ ညအိပ်တည်းခိုဆောင်က ရိုးရိုးတဲ (၃၂)လုံးဆောက်လုပ်ထားပါတယ်။ အခန်းပေါင်း (၃၄၆) ခန်းရှိပါတယ်။ နောက် အထူးတဲ(၂)တဲပေါ့။ နမ္မဒါနဲ့ ငွေသောင်ယံပေါ့။ နမ္မဒါမှာတော့ တဲ အလုံး ရေ (၁၂၂)လုံး၊ အခန်းရေ (၁၂၂)ခန်း၊ ငွေသောင်ယံမှာက (၁၆)ပေါ့နော်။ အဲဒီလို ကျွန်တော်တို့ဆောက် လုပ်ထားပါတယ်။ ဆိုင်ခန်းတွေ အနေနဲ့ တော့ သောင်ပြင်မှာရောင်းချတဲ့ အထိမ်းအမှတ် အင်္ကျီ၊ အထိမ်း အမှတ် ပစ္စည်းလေးတွေရောင်းတဲ့ဆိုင် တွေရော တခြားစားသောက်ကုန်ရော လက်ဖက်ရည် ဆိုင်၊ စား သောက်ဆိုင်ပေါ့။ ဒါတွေအားလုံးက သောင်ပြင်မှာ (၃၂၅)ခန်း ရှိပါတယ်။ ကျွန်တော်တို့ အထက်စက် တော်ရာကို တက်တဲ့စောင်းတန်းမှာ ဆိုင်ခန်း (၉၇)ခန်း ရှိပါတယ်ခင်ဗျ။
မေး - လက်ရှိ ဘုရားပွဲတော်နဲ့ပတ်သက်လို့ ဂေါပက အဖွဲ့ကိုခြိမ်းခြောက်တာမျိုးရှိပါသလား။
ဖြေ - မရှိပါဘူး ခင်ဗျ။ အဲဒါလည်း လုံးဝမရှိပါဘူး။ကျွန်တော်တို့က ကျန်တဲ့မီဒီယာတွေကနေတစ်ဆင့် ပြောပေးလိုတာကတော့ ကျွန်တော်တို့ ဒီကသက်ဆိုင်ရာ တပ်မတော်တို့ ရဲတပ်ဖွဲ့တို့ကရော နေရာတွေ မှာ လုံခြုံရေးကို အပြည့်အဝယူထားတာ ရှိပါတယ်။ ပွဲတော်အတွင်းမှာလည်း ကျွန်တော်တို့ ဂေါပကအပါ အဝင် ဘုရားဖူးလာရောက်တဲ့ ဘုရားဖူးတွေ၊ တည်းခိုခန်း လုပ်ငန်းပိုင်ရှင်တွေ ဘယ်သူ့ကို ဘယ်သူမှ ခြိမ်း ခြောက်တာတွေ၊ ပြောဆိုတာတွေ မရှိပါဘူး။ ကောလာဟလနဲ့ အခြေအနေမှန်တွေကတော့ ခြားနား နေတဲ့အတွက် အသိပေးပြီးတော့ ပြောစေလိုပါတယ်။
မေး - အန်ကယ်ကလည်း ဒေသခံဖြစ်တဲ့အခါကျတော့ အကြမ်းဖက်သမားတွေက ဘုရားပွဲတော်ကျင်းပ တဲ့အခါ ဘယ်အချိန်လောက်ကနေ စပြီးတော့သတင်း အမှားတွေ စလွှင့်ခဲ့ကြတာလဲ။ အန်ကယ်သိသ လောက် ပြောပြ ပေးပါလား။
ဖြေ - ကျွန်တော်တို့တွေ နိုဝင်ဘာလကျော်၊ ဒီဇင်ဘာမှာ သောင်ပြင်ပြင်ဖို့ လုပ်ငန်းစတဲ့ အချိန်ကတည်း ကကိုလေ အပြင်မှာ ကောလာဟလတွေက ကျွန်တော်တို့ (၃)မိုင်နားမှာ တိုက်ပွဲဖြစ်တယ်တို့ ဘာတို့။ အဲဒါမျိုးလေးတွေ သတင်းလွှင့်တာလေးတွေ ရှိပါတယ်ခင်ဗျ။ ကျွန်တော်တို့ ရွှေစက်တော်ဘုရားပွဲက လည်း ပုသိမ် - မုံရွာလမ်းမကြီးကနေတစ်ဆင့် ဝင် လာရတာဆိုတဲ့အခါကျတော့ ပုသိမ် - မုံရွာလမ်းမကြီး ပေါ်မှာ တိုက်ပွဲတွေဖြစ်တဲ့ပုံစံမျိုး သတင်းတွေလွှင့်တယ်။ ဒါပေမဲ့ တိုက်ပွဲဖြစ်တဲ့နေရာက ကျွန်တော် တို့ ရွှေစက်တော်နဲ့ မဆိုင်ဘူးခင်ဗျ။ ဒါပေမဲ့ သတင်း သမားတွေက သတင်းတင်တဲ့အခါမှာ ကျွန်တော်တို့ (၃) မိုင်လမ်းဆိုတဲ့ ရွှေစက်တော်မုခ်ဦးပေါ့နော် ။ အဲဒီ မုခ်ဦးကြီးနဲ့ တင်တဲ့အခါကျတော့ မသိတဲ့လူတွေဆို ထင်ယောင်ထင်မှားဖြစ်တာပေါ့ဗျ။ ပုသိမ် - မုံရွာလမ်း ဘယ်နေရာမှာပဲဖြစ်ဖြစ် ကျွန်တော်တို့ ရွှေစက် တော်နားမှာ ဖြစ်တာ မဟုတ်သော်လည်း ပုသိမ် - မုံရွာ လမ်း ၊ ရွှေစက်တော်မုခ်ဦးအနီး ၊ မုခ်ဦးကလည်း ရိုက်လို့လည်း အဆင်ပြေတာကိုးဗျ။ အဲဒီမုခ်ဦးနဲ့ ရိုက်ပြီး တင်တဲ့အခါကျတော့ ကောလာဟလတွေ အဲဒီကနေ ပိုပြီး ပျံ့တယ်လို့ ယူဆတယ်။ တကယ့် တကယ်တော့ အဲဒီမုခ်ဦးနားမှာ လုံးဝ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပါဘူး။
မေး -ဒီကောလာဟလတွေက ပြည်သူတွေ ကြားထဲမှာ ဘယ်လောက်တောင် ပျံ့နှံ့သွားလဲပေါ့လေ။ ဒါကတော့ တစ်ချက်ပါ အန်ကယ်။ ဒုတိယ တစ်ချက်ကတော့ အန်ကယ်ရှင်းပြလို့ အခြေအနေမှန်ကို လည်း သိရပါပြီ။ ဒါနဲ့ပတ်သက်လို့ကော ဂေါပကအဖွဲ့အနေ ဖြင့် ဘာများ ပြောချင်ပါသလဲ။
ဖြေ - တကယ့်တကယ်ကျတော့ သူတို့ကလည်း ဆိုရှယ်မီဒီယာကတော့ အများသုံးနေတာ ဆိုတဲ့အခါကျ တော့ တကယ်မရောက်တဲ့လူတွေ၊ နယ်မြေအခြေ အနေမသိတဲ့လူကတော့ ယုံပြီးတော့ကြောက်လန့် တာမျိုးတွေ ရှိတာပေါ့ဗျာ။ ကျွန်တော်တို့လည်း သက်ဆိုင်ရာ သတင်းဌာနတွေကနေ ပွဲတော်မစခင်က တည်းက အင်တာဗျူးတွေ ဘာတွေ ဖြေပါတယ်ခင်ဗျ။ ကျွန်တော်တို့ ပွဲတော်နယ်နိမိတ်အတွင်းမှာ ဘာမှ တစ်စုံတစ်ရာ တိုက်ပွဲဖြစ်ပွားခြင်း ၊ သေဆုံးခြင်းမရှိပါဘူးဆိုတာ အမြဲဖြေနေရတယ်ခင်ဗျ။ အဲဒီတော့ မီဒီ ယာကို မီဒီယာနဲ့ပဲ ပြန်ဖြေသော်လည်းပဲ သိတဲ့အတိုင်း ပဲပေါ့။ သူတို့မီဒီယာမှာလည်း ကွန်းမန့်တွေများတဲ့ အနေအထားရှိတာပေါ့။ ကျွန်တော်တို့ဘက်ကလည်း တတ်နိုင်သမျှတော့သက်ဆိုင်ရာ မီဒီယာကို မီဒီယာ နဲ့ ပြန်ချေပနေပါတယ်။ သို့သော်လည်းပဲ တချို့လူတွေ ကလည်း ကြောက်လန့်တဲ့အနေအထားမျိုးရှိနေ တယ်လို့ ယူဆတယ်။ ဒါကြောင့်ကျွန်တော်တို့ကလည်း အခုလို မီဒီယာကမေးတာဆိုရင် ကျွန်တော်တို့ ကြိုဆိုပါတယ်။ အခြေအနေအမှန်ကိုလည်း ထုတ်ပြန်ပေးပါ လို့လည်း မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျ။
မေး - အကြမ်းဖက်သမားတွေရဲ့ အခုလိုမျိုး ခြိမ်းခြောက်တာကြောင့် သတင်းအမှားတွေဖြန့်တာကြောင့် အဲဒီမှာရှိတဲ့ဆိုင်တွေ ဈေးသည်တွေ အပေါ်မှာ ဘယ် လိုမျိုးနစ်နာသွားရလဲ။
ဖြေ - ဈေးသည်တွေကလည်း နစ်နာတာပေါ့။ အခုဆို စနေ ၊ တနင်္ဂနွေ လူကျတဲ့ရက်ဆို ရောင်းရတာ ပေါ့။ လူနည်းတဲ့အခါကျတော့ ဘာပြောပြော ဈေးသည်ကတော့ ခရီးသွားပြည်သူများမှ သူတို့လည်း ရောင်းရချရတာ အဆင်ပြေတာကိုးခင်ဗျ။ အဲဒီတော့ ဘုရားဖူးပြည်သူနည်းတဲ့အချိန်မှာ ရောင်းအားလည်း နည်းသွားတာပေါ့ဗျာ။ ဒါပေမဲ့ အခုလာမယ့် မတ်လ ဆန်းကနေ စပြီးတော့ ဘုရားဖူးကတော့ ပုံမှန်လေး တော့ ဝင်ရောက်နေတာများပါတယ်။ ကျွန်တော်တို့လည်း တတ်နိုင်သမျှတော့ သတင်းထုတ်ပြန်တာ တွေကတော့ လုပ်နေပါတယ်။
မေး - အန်ကယ်တို့သတင်းထုတ်ပြန်တဲ့အခါကျတော့ ပြည်သူတွေအနေနဲ့ ဘယ်ကနေ သွားကြည့်လို့ အဆင်ပြေမလဲ။
ဖြေ - အဲဒါတွေကတော့ အခု လောလောဆယ် ဆယ်လီတွေနဲ့ Vlogger သဘောမျိုးနဲ့သတင်းထုတ်ပြန် ဖို့လည်းရှိပါတယ်။ သက်ဆိုင်ရာ မီဒီယာတွေကိုလည်း ကျွန်တော်တို့ တတ်နိုင်သမျှတော့အင်တာဗျူး တွေလုပ်ပြီးတော့ သတင်းထုတ်ပြန်နေတာတွေ ရှိပါတယ်။
မေး - ဆိုတော့ လက်ရှိအနေအထားအရ ဘုရားပွဲတော်ကျင်းပဖို့ရာကျတော့ ဂေါပကအဖွဲ့တွေအနေနဲ့ အဟန့်အတား၊ အတားအဆီးရှိခဲ့သေးလား။ ဆိုလိုချင်တာကတော့ ဘုရားပွဲတော်ကျင်းပမယ် မကျင်းပ ဖြစ်ဘူး လွန်ဆွဲခဲ့ရတာမျိုးပေါ့။
ဖြေ - အဲဒီလို မရှိပါဘူးခင်ဗျာ။ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကလည်း လိုအပ်တဲ့ ပံ့ပိုးကူညီမှုပေးတယ်။ လုံခြုံရေးပိုင်းကလည်း လုံခြုံရေးကိုကူညီဆောင်ရွက်ပေးတဲ့အတွက် ဘုရားပွဲတော်ကျင်းပဖို့ဟာကတော့ ဘာမှအခက်အခဲ မရှိပါဘူး။ ဘုရားဖူး ပြည်သူတွေသာ သတင်းအမှားတွေကို တွေ့ပြီးတဲ့အခါကျတော့ နည်းနည်းလေးတော့ အဟန့်အတားဖြစ်တာကိုပဲ ကျွန်တော်တို့ ကြုံရပါတယ်။ ဘုရားပွဲတော် ကျင်းပတဲ့ ဟာနဲ့ပတ်သက်ပြီးလို့ကတော့ ဘာမှအခက်အခဲ အဟန့်အတားမရှိပါဘူး။
မေး - ဒီဘုရားပွဲတော်ကြီးရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ ဘက်ပေါင်းစုံကနေ ထောင့်စေ့အောင် ပြင်ဆင်ထားတယ်လို့ ပြောလို့ရနိုင်မလား။
ဖြေ - ရနိုင်ပါတယ်။ ဘုရားပွဲတော်ကွင်းအတွင်းမှာလည်း လုံခြုံရေးရှိနေသလို ဘုရားပွဲတော်ရဲ့ ပတ်ဝန်း ကျင်မှာလည်း Location တစ်ခုချင်းပြောပြဖို့ နည်းနည်းအခက်အခဲရှိသော်လည်း အားလုံး အားလုံး ကျွန် တော်တို့ ပတ်ဝန်းကျင်မှာလည်း လုံခြုံရေးတွေ အပြည့်အဝ တာဝန်ယူပြီးတော့ တာဝန်ထမ်းဆောင် လျက်ရှိတယ်ဆိုတာလေး ပြောလို ပါတယ်။ ဒါကြောင့် ဘုရားပွဲတော်ကွင်းမှာတော့ ဘာမှအနှောင့် အယှက် ဘာမှမရှိဘူး ဆိုတာလေးတော့ ပြောလိုပါတယ်။ အေးအေးချမ်းချမ်းရှိတယ်။
မေး - ဒီနှစ်ဘုရားပွဲတော်က ပြီးခဲ့တဲ့နှစ်တွေနဲ့ အတူတူပဲလား။ ဒီနှစ်မှာ ထူးထူးခြားခြားအစီအစဉ်တွေ ပါသေးလား။
ဖြေ - ထူးထူးခြားခြားအစီအစဉ်တော့ မပါပါဘူး ခင်ဗျ။ ခါတိုင်းနှစ်လိုပါပဲ။ အခုချိန်ထိပေါ့လေ။ တစ်လ လောက်ကျင်းပပြီးတဲ့အခါမှာတော့ စနေ၊ တနင်္ဂနွေမှာတော့ ဘုရားဖူး နည်းနည်းများတာပေါ့။ ကျန်တဲ့ ရက်ကို နည်းနည်းလေးနည်းတဲ့အနေအထားပဲရှိပါတယ်။ ကျွန်တော် ခုနကပြောခဲ့သလိုပဲ အခု မတ်လ ဆန်းမှာ ဘုရားဖူးက ပုံမှန်ဝင်ရောက်နေတာရှိပါတယ်ခင်ဗျ။ G 12 စာမေးပွဲ ပြီးရင်တော့ ပိုကျမယ်လို့ မျှော်လင့်ထားပါတယ်။
မေး - ရွှေစက်တော်နဲ့ ပတ်သက်လို့ကော တစ်ခုခုလုပ်မယ်လို့ ခြိမ်းခြောက်ခံရတာရှိလား။ ဂေါပက အဖွဲ့တွေအနေနဲ့ တာဝန်နဲ့ပတ်သက်လို့ ခြိမ်းခြောက်ခံရတာမျိုးရှိလား။
ဖြေ - အဲဒီလိုက လုံးဝမရှိပါဘူး။ ခြိမ်းခြောက်တာလည်း မရှိဘူး။ ဘာမှကို မရှိပါဘူး။ ဘုရားကြီးကိုလည်း အနှောက်အယှက်ပေးတာ အခုထိ မကြုံပါဘူးခင်ဗျ။ ဒါကတော့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အပြည့်အဝသူတို့ တာဝန်ယူထားတဲ့အပိုင်းလည်းရှိသလို ဘုရားကြီးရဲ့ တန်ခိုး အာနုဘော်ကြောင့်လည်း ပါမှာပေါ့။ လုံးဝ တစ်စုံတစ်ရာ ဘုရားကြီးကို ပျက်စီးရာပျက်စီးကြောင်း ပွဲတော်ကြီးပျက်စီးရာပျက်စီးကြောင်း နှောင့်ယှက် ဖျက်ဆီးတာတော့အခုထိ မကြုံရပါဘူး။ ကြုံမှာလည်း မဟုတ်ပါဘူး။ လုံခြုံရေး အပြည့်အဝ ရှိပါတယ်။
မေး - ဂေါပက အဖွဲ့အနေနဲ့ လက်ရှိတာဝန်ယူထားတဲ့ကာလမှာ ဆောင်ရွက်ထားတဲ့ဟာတွေနဲ့ပတ်သက် ပြီးတော့ နည်းနည်းပြောပြပေးလို့ရမလား။
ဖြေ - ဆောင်ရွက်ထားတာကတော့ ဒီနှစ်ကတော့ အနေအထားကတော့သိတဲ့အတိုင်း လုံခြုံရေးကိုပဲ အဓိက ဦးစားပေးပါတယ်။ ကျန်တာကတော့ တည်း ကျောင်းပိုင်ရှင်တွေတို့၊ ဈေးသည်တွေတို့ လိုအပ် ချက်ရှိရင် ကျွန်တော်တို့ ဂေါပကရုံးမှာ လိုအပ်ချက်တွေကို ပြည့်စုံအောင် ဆောင်ရွက်ပေးပါတယ်။ အခုပဲ ကျွန်တော်တို့ ပုံမှန်လုပ်ငန်းအဖြစ် နောက် (၇)ရက်၊ တပေါင်းလဆန်း (၉)ရက်မှာ နှစ်စဉ် ကျင်းပမြဲဖြစ်တဲ့ မန်းရွှေစက်တော်ရဲ့ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့က အစဉ်အလာအရ အတိုင်းပဲဆောင်ရွက်တာဖြစ်သလို အထူးသဖြင့်ကတော့ လုံခြုံရေး ပါပဲ။ အဲဒါလေးပဲ ပြောလိုပါတယ်။
အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

Zawgyi Version:
မန္းေ႐ႊစက္ေတာ္ဘုရားပြဲႏွင့္ ပကတိအရွိတရား
Pearl (NP News) - မတ္ ၁ဝ
ျမန္မာႏိုင္ငံရွိ ထင္ရွားေသာပြဲေတာ္မ်ားထဲတြင္ မေကြးတိုင္းေဒသႀကီးမွ မန္းေ႐ႊစက္ေတာ္ဘုရား ဗုဒၶပူဇနိယပြဲေတာ္ ႀကီးလည္း တစ္ပြဲအပါအဝင္ျဖစ္သည္။ ယင္းပြဲေတာ္ကို ေဖေဖာ္ဝါရီ(၂)ရက္မွ ဧၿပီလ (၁၇) ရက္အထိ က်င္းပျခင္း ျဖစ္ရာ ပြဲေတာ္ကာလမွာ (၇၅)ရက္တိုင္တိုင္ ျဖစ္ေသာေၾကာင့္ ရွည္လ်ား သည့္ပြဲေတာ္တစ္ခုလည္းျဖစ္သည္။ အထက္ပါ ပြဲေတာ္ႏွင့္ပတ္သက္၍ လက္နက္ကိုင္အၾကမ္းဖက္သမားမ်ားက သတင္းအမွားမ်ားထုတ္လႊင့္ျခင္း၊ ၿခိမ္းေျခာက္ျခင္းမ်ား ျပဳလုပ္ခဲ့ၾကသည္။ သို႔ေသာ္ ေျမျပင္အေျခအေနတြင္မူ လုံၿခဳံေရးစိုးမိုးမႈရွိၿပီး ဘုရားဖူးမ်ား လည္း တစ္စတစ္စ ျပန္လည္ဝင္ေရာက္ လာေနၿပီျဖစ္သည္။ အဆိုပါအေျခအေနမ်ားႏွင့္ပတ္သက္၍ မန္းေ႐ႊစက္ေတာ္ဘုရား ေဂါပကအဖြဲ႕ ဥကၠ႒ ဦးေအးကိုထံသို႔ NP News မွ ဆက္သြယ္ေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။
ေမး - ပထမဦးဆုံး ေမးခြန္းအေနနဲ႔က ေ႐ႊစက္ေတာ္ဘုရားပြဲကိုလာတဲ့ ဘုရားဖူးအေရအတြက္ကို သိပါရ ေစ။
ေျဖ - ကြၽန္ေတာ္တို႔ စေန၊ တနဂၤေႏြမွာဆိုရင္ေတာ့မ်ားတာေပါ့ဗ်။ က်န္တဲ့ရက္ေတြက နည္းနည္းေလး ပါးတဲ့ သေဘာရွိပါတယ္။ ဝန္ထမ္းေတြ ႐ုံးပိတ္ရက္၊ ေက်ာင္းပိတ္ရက္ေတြကေတာ့ နည္းနည္းလူမ်ားပါ တယ္ခင္ဗ်။ က်န္တဲ့ရက္ေတြကေတာ့ စေန၊ တနဂၤေႏြ ထက္စာရင္ လူပါးတာေပါ့။
ေမး - ဘုရားပြဲကိုေရာ ဘယ္ေနရာက လူေတြအမ်ားဆုံး လာၾကလဲ။
ေျဖ - နယ္စုံပါပဲ။ အခု ကြၽန္ေတာ္ၾကည့္ရသေလာက္ ရွမ္းျပည္ကလည္း လာတယ္။ ရန္ကုန္ကလည္း လာတယ္။ ေတာင္ငူဘက္ေတြကလည္းလာတယ္။ ေနာက္ ေနျပည္ေတာ္ဘက္ကလည္း လာတယ္။
ေမး - ဘုရားပြဲကိုလာၾကတဲ့အခါမွာ သူတို႔ေတြအေနနဲ႔ လမ္းခရီးမွာ ဘယ္လို အေႏွာင့္အယွက္ေတြ ႀကဳံရတယ္လို႔ ၾကားမိလဲ။
ေျဖ - ကြၽန္ေတာ္တို႔က လိုင္းေပၚကေရာ ေကာလာဟလေတြရွိေနတဲ့အတြက္ သူတို႔ကိုလည္း ကြၽန္ေတာ္ တို႔က မွာရတယ္။ လက္ေတြ႕ရွိေနတဲ့ အေျခအေနမွန္ကို တစ္ဆင့္စကား တစ္ဆင့္နားေျပာၾကား ေပးပါ ဆိုၿပီး။ သူတို႔ကလည္း လိုင္းေပၚမွာနဲ႔ တျခားစီပါပဲ ဆိုတာကို ေျပာပါတယ္ခင္ဗ်။ ဒီက ေအးေအးခ်မ္း ခ်မ္းပါပဲ။ လမ္းခရီးမွာလည္း ပုံမွန္ လုံၿခဳံေရးအရ စစ္ေဆးတာကလြဲၿပီးေတာ့ တင္းတင္းၾကပ္ၾကပ္ စစ္ ေဆးတာ မရွိသလို ပြဲေတာ္အတြင္းမွာလည္း စိတ္ေအးခ်မ္းသာစြာ တည္းခိုလို႔ရပါတယ္။
ေမး - ေ႐ႊစက္ေတာ္ဘုရားပြဲအတြက္ ေဂါပက အဖြဲ႕ကျပင္ဆင္ထားတဲ့ အစီအမံေလးေတြလည္း သိပါရ ေစ။
ေျဖ - ေဂါပကအဖြဲ႕က စီစဥ္ထားတာကေတာ့ ကြၽန္ေတာ္တို႔က ညအိပ္တည္းခိုေဆာင္ေတြ ေဆာက္လုပ္ ထားတာရွိတယ္။ ညအိပ္တည္းခိုေဆာင္က ႐ိုး႐ိုးတဲ (၃၂)လုံးေဆာက္လုပ္ထားပါတယ္။ အခန္းေပါင္း (၃၄၆) ခန္းရွိပါတယ္။ ေနာက္ အထူးတဲ(၂)တဲေပါ့။ နမၼဒါနဲ႔ ေငြေသာင္ယံေပါ့။ နမၼဒါမွာေတာ့ တဲ အလုံး ေရ (၁၂၂)လုံး၊ အခန္းေရ (၁၂၂)ခန္း၊ ေငြေသာင္ယံမွာက (၁၆)ေပါ့ေနာ္။ အဲဒီလို ကြၽန္ေတာ္တို႔ေဆာက္ လုပ္ထားပါတယ္။ ဆိုင္ခန္းေတြ အေနနဲ႔ ေတာ့ ေသာင္ျပင္မွာေရာင္းခ်တဲ့ အထိမ္းအမွတ္ အက်ႌ၊ အထိမ္း အမွတ္ ပစၥည္းေလးေတြေရာင္းတဲ့ဆိုင္ ေတြေရာ တျခားစားေသာက္ကုန္ေရာ လက္ဖက္ရည္ ဆိုင္၊ စား ေသာက္ဆိုင္ေပါ့။ ဒါေတြအားလုံးက ေသာင္ျပင္မွာ (၃၂၅)ခန္း ရွိပါတယ္။ ကြၽန္ေတာ္တို႔ အထက္စက္ ေတာ္ရာကို တက္တဲ့ေစာင္းတန္းမွာ ဆိုင္ခန္း (၉၇)ခန္း ရွိပါတယ္ခင္ဗ်။
ေမး - လက္ရွိ ဘုရားပြဲေတာ္နဲ႔ပတ္သက္လို႔ ေဂါပက အဖြဲ႕ကိုၿခိမ္းေျခာက္တာမ်ိဳးရွိပါသလား။
ေျဖ - မရွိပါဘူး ခင္ဗ်။ အဲဒါလည္း လုံးဝမရွိပါဘူး။ကြၽန္ေတာ္တို႔က က်န္တဲ့မီဒီယာေတြကေနတစ္ဆင့္ ေျပာေပးလိုတာကေတာ့ ကြၽန္ေတာ္တို႔ ဒီကသက္ဆိုင္ရာ တပ္မေတာ္တို႔ ရဲတပ္ဖြဲ႕တို႔ကေရာ ေနရာေတြ မွာ လုံၿခဳံေရးကို အျပည့္အဝယူထားတာ ရွိပါတယ္။ ပြဲေတာ္အတြင္းမွာလည္း ကြၽန္ေတာ္တို႔ ေဂါပကအပါ အဝင္ ဘုရားဖူးလာေရာက္တဲ့ ဘုရားဖူးေတြ၊ တည္းခိုခန္း လုပ္ငန္းပိုင္ရွင္ေတြ ဘယ္သူ႔ကို ဘယ္သူမွ ၿခိမ္း ေျခာက္တာေတြ၊ ေျပာဆိုတာေတြ မရွိပါဘူး။ ေကာလာဟလနဲ႔ အေျခအေနမွန္ေတြကေတာ့ ျခားနား ေနတဲ့အတြက္ အသိေပးၿပီးေတာ့ ေျပာေစလိုပါတယ္။
ေမး - အန္ကယ္ကလည္း ေဒသခံျဖစ္တဲ့အခါက်ေတာ့ အၾကမ္းဖက္သမားေတြက ဘုရားပြဲေတာ္က်င္းပ တဲ့အခါ ဘယ္အခ်ိန္ေလာက္ကေန စၿပီးေတာ့သတင္း အမွားေတြ စလႊင့္ခဲ့ၾကတာလဲ။ အန္ကယ္သိသ ေလာက္ ေျပာျပ ေပးပါလား။
ေျဖ - ကြၽန္ေတာ္တို႔ေတြ ႏိုဝင္ဘာလေက်ာ္၊ ဒီဇင္ဘာမွာ ေသာင္ျပင္ျပင္ဖို႔ လုပ္ငန္းစတဲ့ အခ်ိန္ကတည္း ကကိုေလ အျပင္မွာ ေကာလာဟလေတြက ကြၽန္ေတာ္တို႔ (၃)မိုင္နားမွာ တိုက္ပြဲျဖစ္တယ္တို႔ ဘာတို႔။ အဲဒါမ်ိဳးေလးေတြ သတင္းလႊင့္တာေလးေတြ ရွိပါတယ္ခင္ဗ်။ ကြၽန္ေတာ္တို႔ ေ႐ႊစက္ေတာ္ဘုရားပြဲက လည္း ပုသိမ္ - မုံ႐ြာလမ္းမႀကီးကေနတစ္ဆင့္ ဝင္ လာရတာဆိုတဲ့အခါက်ေတာ့ ပုသိမ္ - မုံ႐ြာလမ္းမႀကီး ေပၚမွာ တိုက္ပြဲေတြျဖစ္တဲ့ပုံစံမ်ိဳး သတင္းေတြလႊင့္တယ္။ ဒါေပမဲ့ တိုက္ပြဲျဖစ္တဲ့ေနရာက ကြၽန္ေတာ္ တို႔ ေ႐ႊစက္ေတာ္နဲ႔ မဆိုင္ဘူးခင္ဗ်။ ဒါေပမဲ့ သတင္း သမားေတြက သတင္းတင္တဲ့အခါမွာ ကြၽန္ေတာ္တို႔ (၃) မိုင္လမ္းဆိုတဲ့ ေ႐ႊစက္ေတာ္မုခ္ဦးေပါ့ေနာ္ ။ အဲဒီ မုခ္ဦးႀကီးနဲ႔ တင္တဲ့အခါက်ေတာ့ မသိတဲ့လူေတြဆို ထင္ေယာင္ထင္မွားျဖစ္တာေပါ့ဗ်။ ပုသိမ္ - မုံ႐ြာလမ္း ဘယ္ေနရာမွာပဲျဖစ္ျဖစ္ ကြၽန္ေတာ္တို႔ ေ႐ႊစက္ ေတာ္နားမွာ ျဖစ္တာ မဟုတ္ေသာ္လည္း ပုသိမ္ - မုံ႐ြာ လမ္း ၊ ေ႐ႊစက္ေတာ္မုခ္ဦးအနီး ၊ မုခ္ဦးကလည္း ႐ိုက္လို႔လည္း အဆင္ေျပတာကိုးဗ်။ အဲဒီမုခ္ဦးနဲ႔ ႐ိုက္ၿပီး တင္တဲ့အခါက်ေတာ့ ေကာလာဟလေတြ အဲဒီကေန ပိုၿပီး ပ်ံ႕တယ္လို႔ ယူဆတယ္။ တကယ့္ တကယ္ေတာ့ အဲဒီမုခ္ဦးနားမွာ လုံးဝ တိုက္ပြဲ ျဖစ္ပြားျခင္းမရွိပါဘူး။
ေမး -ဒီေကာလာဟလေတြက ျပည္သူေတြ ၾကားထဲမွာ ဘယ္ေလာက္ေတာင္ ပ်ံ႕ႏွံ႔သြားလဲေပါ့ေလ။ ဒါကေတာ့ တစ္ခ်က္ပါ အန္ကယ္။ ဒုတိယ တစ္ခ်က္ကေတာ့ အန္ကယ္ရွင္းျပလို႔ အေျခအေနမွန္ကို လည္း သိရပါၿပီ။ ဒါနဲ႔ပတ္သက္လို႔ေကာ ေဂါပကအဖြဲ႕အေန ျဖင့္ ဘာမ်ား ေျပာခ်င္ပါသလဲ။
ေျဖ - တကယ့္တကယ္က်ေတာ့ သူတို႔ကလည္း ဆိုရွယ္မီဒီယာကေတာ့ အမ်ားသုံးေနတာ ဆိုတဲ့အခါက် ေတာ့ တကယ္မေရာက္တဲ့လူေတြ၊ နယ္ေျမအေျခ အေနမသိတဲ့လူကေတာ့ ယုံၿပီးေတာ့ေၾကာက္လန႔္ တာမ်ိဳးေတြ ရွိတာေပါ့ဗ်ာ။ ကြၽန္ေတာ္တို႔လည္း သက္ဆိုင္ရာ သတင္းဌာနေတြကေန ပြဲေတာ္မစခင္က တည္းက အင္တာဗ်ဴးေတြ ဘာေတြ ေျဖပါတယ္ခင္ဗ်။ ကြၽန္ေတာ္တို႔ ပြဲေတာ္နယ္နိမိတ္အတြင္းမွာ ဘာမွ တစ္စုံတစ္ရာ တိုက္ပြဲျဖစ္ပြားျခင္း ၊ ေသဆုံးျခင္းမရွိပါဘူးဆိုတာ အၿမဲေျဖေနရတယ္ခင္ဗ်။ အဲဒီေတာ့ မီဒီ ယာကို မီဒီယာနဲ႔ပဲ ျပန္ေျဖေသာ္လည္းပဲ သိတဲ့အတိုင္း ပဲေပါ့။ သူတို႔မီဒီယာမွာလည္း ကြန္းမန႔္ေတြမ်ားတဲ့ အေနအထားရွိတာေပါ့။ ကြၽန္ေတာ္တို႔ဘက္ကလည္း တတ္ႏိုင္သမွ်ေတာ့သက္ဆိုင္ရာ မီဒီယာကို မီဒီယာ နဲ႔ ျပန္ေခ်ပေနပါတယ္။ သို႔ေသာ္လည္းပဲ တခ်ိဳ႕လူေတြ ကလည္း ေၾကာက္လန႔္တဲ့အေနအထားမ်ိဳးရွိေန တယ္လို႔ ယူဆတယ္။ ဒါေၾကာင့္ကြၽန္ေတာ္တို႔ကလည္း အခုလို မီဒီယာကေမးတာဆိုရင္ ကြၽန္ေတာ္တို႔ ႀကိဳဆိုပါတယ္။ အေျခအေနအမွန္ကိုလည္း ထုတ္ျပန္ေပးပါ လို႔လည္း ေမတၱာရပ္ခံခ်င္ပါတယ္ခင္ဗ်။
ေမး - အၾကမ္းဖက္သမားေတြရဲ႕ အခုလိုမ်ိဳး ၿခိမ္းေျခာက္တာေၾကာင့္ သတင္းအမွားေတြျဖန႔္တာေၾကာင့္ အဲဒီမွာရွိတဲ့ဆိုင္ေတြ ေဈးသည္ေတြ အေပၚမွာ ဘယ္ လိုမ်ိဳးနစ္နာသြားရလဲ။
ေျဖ - ေဈးသည္ေတြကလည္း နစ္နာတာေပါ့။ အခုဆို စေန ၊ တနဂၤေႏြ လူက်တဲ့ရက္ဆို ေရာင္းရတာ ေပါ့။ လူနည္းတဲ့အခါက်ေတာ့ ဘာေျပာေျပာ ေဈးသည္ကေတာ့ ခရီးသြားျပည္သူမ်ားမွ သူတို႔လည္း ေရာင္းရခ်ရတာ အဆင္ေျပတာကိုးခင္ဗ်။ အဲဒီေတာ့ ဘုရားဖူးျပည္သူနည္းတဲ့အခ်ိန္မွာ ေရာင္းအားလည္း နည္းသြားတာေပါ့ဗ်ာ။ ဒါေပမဲ့ အခုလာမယ့္ မတ္လ ဆန္းကေန စၿပီးေတာ့ ဘုရားဖူးကေတာ့ ပုံမွန္ေလး ေတာ့ ဝင္ေရာက္ေနတာမ်ားပါတယ္။ ကြၽန္ေတာ္တို႔လည္း တတ္ႏိုင္သမွ်ေတာ့ သတင္းထုတ္ျပန္တာ ေတြကေတာ့ လုပ္ေနပါတယ္။
ေမး - အန္ကယ္တို႔သတင္းထုတ္ျပန္တဲ့အခါက်ေတာ့ ျပည္သူေတြအေနနဲ႔ ဘယ္ကေန သြားၾကည့္လို႔ အဆင္ေျပမလဲ။
ေျဖ - အဲဒါေတြကေတာ့ အခု ေလာေလာဆယ္ ဆယ္လီေတြနဲ႔ Vlogger သေဘာမ်ိဳးနဲ႔သတင္းထုတ္ျပန္ ဖို႔လည္းရွိပါတယ္။ သက္ဆိုင္ရာ မီဒီယာေတြကိုလည္း ကြၽန္ေတာ္တို႔ တတ္ႏိုင္သမွ်ေတာ့အင္တာဗ်ဴး ေတြလုပ္ၿပီးေတာ့ သတင္းထုတ္ျပန္ေနတာေတြ ရွိပါတယ္။
ေမး - ဆိုေတာ့ လက္ရွိအေနအထားအရ ဘုရားပြဲေတာ္က်င္းပဖို႔ရာက်ေတာ့ ေဂါပကအဖြဲ႕ေတြအေနနဲ႔ အဟန႔္အတား၊ အတားအဆီးရွိခဲ့ေသးလား။ ဆိုလိုခ်င္တာကေတာ့ ဘုရားပြဲေတာ္က်င္းပမယ္ မက်င္းပ ျဖစ္ဘူး လြန္ဆြဲခဲ့ရတာမ်ိဳးေပါ့။
ေျဖ - အဲဒီလို မရွိပါဘူးခင္ဗ်ာ။ သက္ဆိုင္ရာ ပုဂၢိဳလ္ေတြကလည္း လိုအပ္တဲ့ ပံ့ပိုးကူညီမႈေပးတယ္။ လုံၿခဳံေရးပိုင္းကလည္း လုံၿခဳံေရးကိုကူညီေဆာင္႐ြက္ေပးတဲ့အတြက္ ဘုရားပြဲေတာ္က်င္းပဖို႔ဟာကေတာ့ ဘာမွအခက္အခဲ မရွိပါဘူး။ ဘုရားဖူး ျပည္သူေတြသာ သတင္းအမွားေတြကို ေတြ႕ၿပီးတဲ့အခါက်ေတာ့ နည္းနည္းေလးေတာ့ အဟန႔္အတားျဖစ္တာကိုပဲ ကြၽန္ေတာ္တို႔ ႀကဳံရပါတယ္။ ဘုရားပြဲေတာ္ က်င္းပတဲ့ ဟာနဲ႔ပတ္သက္ၿပီးလို႔ကေတာ့ ဘာမွအခက္အခဲ အဟန႔္အတားမရွိပါဘူး။
ေမး - ဒီဘုရားပြဲေတာ္ႀကီးရဲ႕ လုံၿခဳံေရးနဲ႔ပတ္သက္ၿပီးေတာ့ ဘက္ေပါင္းစုံကေန ေထာင့္ေစ့ေအာင္ ျပင္ဆင္ထားတယ္လို႔ ေျပာလို႔ရႏိုင္မလား။
ေျဖ - ရႏိုင္ပါတယ္။ ဘုရားပြဲေတာ္ကြင္းအတြင္းမွာလည္း လုံၿခဳံေရးရွိေနသလို ဘုရားပြဲေတာ္ရဲ႕ ပတ္ဝန္း က်င္မွာလည္း Location တစ္ခုခ်င္းေျပာျပဖို႔ နည္းနည္းအခက္အခဲရွိေသာ္လည္း အားလုံး အားလုံး ကြၽန္ ေတာ္တို႔ ပတ္ဝန္းက်င္မွာလည္း လုံၿခဳံေရးေတြ အျပည့္အဝ တာဝန္ယူၿပီးေတာ့ တာဝန္ထမ္းေဆာင္ လ်က္ရွိတယ္ဆိုတာေလး ေျပာလို ပါတယ္။ ဒါေၾကာင့္ ဘုရားပြဲေတာ္ကြင္းမွာေတာ့ ဘာမွအေႏွာင့္ အယွက္ ဘာမွမရွိဘူး ဆိုတာေလးေတာ့ ေျပာလိုပါတယ္။ ေအးေအးခ်မ္းခ်မ္းရွိတယ္။
ေမး - ဒီႏွစ္ဘုရားပြဲေတာ္က ၿပီးခဲ့တဲ့ႏွစ္ေတြနဲ႔ အတူတူပဲလား။ ဒီႏွစ္မွာ ထူးထူးျခားျခားအစီအစဥ္ေတြ ပါေသးလား။
ေျဖ - ထူးထူးျခားျခားအစီအစဥ္ေတာ့ မပါပါဘူး ခင္ဗ်။ ခါတိုင္းႏွစ္လိုပါပဲ။ အခုခ်ိန္ထိေပါ့ေလ။ တစ္လ ေလာက္က်င္းပၿပီးတဲ့အခါမွာေတာ့ စေန၊ တနဂၤေႏြမွာေတာ့ ဘုရားဖူး နည္းနည္းမ်ားတာေပါ့။ က်န္တဲ့ ရက္ကို နည္းနည္းေလးနည္းတဲ့အေနအထားပဲရွိပါတယ္။ ကြၽန္ေတာ္ ခုနကေျပာခဲ့သလိုပဲ အခု မတ္လ ဆန္းမွာ ဘုရားဖူးက ပုံမွန္ဝင္ေရာက္ေနတာရွိပါတယ္ခင္ဗ်။ G 12 စာေမးပြဲ ၿပီးရင္ေတာ့ ပိုက်မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။
ေမး - ေ႐ႊစက္ေတာ္နဲ႔ ပတ္သက္လို႔ေကာ တစ္ခုခုလုပ္မယ္လို႔ ၿခိမ္းေျခာက္ခံရတာရွိလား။ ေဂါပက အဖြဲ႕ေတြအေနနဲ႔ တာဝန္နဲ႔ပတ္သက္လို႔ ၿခိမ္းေျခာက္ခံရတာမ်ိဳးရွိလား။
ေျဖ - အဲဒီလိုက လုံးဝမရွိပါဘူး။ ၿခိမ္းေျခာက္တာလည္း မရွိဘူး။ ဘာမွကို မရွိပါဘူး။ ဘုရားႀကီးကိုလည္း အေႏွာက္အယွက္ေပးတာ အခုထိ မႀကဳံပါဘူးခင္ဗ်။ ဒါကေတာ့ လုံၿခဳံေရးတပ္ဖြဲ႕ေတြရဲ႕ အျပည့္အဝသူတို႔ တာဝန္ယူထားတဲ့အပိုင္းလည္းရွိသလို ဘုရားႀကီးရဲ႕ တန္ခိုး အာႏုေဘာ္ေၾကာင့္လည္း ပါမွာေပါ့။ လုံးဝ တစ္စုံတစ္ရာ ဘုရားႀကီးကို ပ်က္စီးရာပ်က္စီးေၾကာင္း ပြဲေတာ္ႀကီးပ်က္စီးရာပ်က္စီးေၾကာင္း ေႏွာင့္ယွက္ ဖ်က္ဆီးတာေတာ့အခုထိ မႀကဳံရပါဘူး။ ႀကဳံမွာလည္း မဟုတ္ပါဘူး။ လုံၿခဳံေရး အျပည့္အဝ ရွိပါတယ္။
ေမး - ေဂါပက အဖြဲ႕အေနနဲ႔ လက္ရွိတာဝန္ယူထားတဲ့ကာလမွာ ေဆာင္႐ြက္ထားတဲ့ဟာေတြနဲ႔ပတ္သက္ ၿပီးေတာ့ နည္းနည္းေျပာျပေပးလို႔ရမလား။
ေျဖ - ေဆာင္႐ြက္ထားတာကေတာ့ ဒီႏွစ္ကေတာ့ အေနအထားကေတာ့သိတဲ့အတိုင္း လုံၿခဳံေရးကိုပဲ အဓိက ဦးစားေပးပါတယ္။ က်န္တာကေတာ့ တည္း ေက်ာင္းပိုင္ရွင္ေတြတို႔၊ ေဈးသည္ေတြတို႔ လိုအပ္ ခ်က္ရွိရင္ ကြၽန္ေတာ္တို႔ ေဂါပက႐ုံးမွာ လိုအပ္ခ်က္ေတြကို ျပည့္စုံေအာင္ ေဆာင္႐ြက္ေပးပါတယ္။ အခုပဲ ကြၽန္ေတာ္တို႔ ပုံမွန္လုပ္ငန္းအျဖစ္ ေနာက္ (၇)ရက္၊ တေပါင္းလဆန္း (၉)ရက္မွာ ႏွစ္စဥ္ က်င္းပၿမဲျဖစ္တဲ့ မန္းေ႐ႊစက္ေတာ္ရဲ႕ အသံမစဲမဟာပ႒ာန္း႐ြတ္ဖတ္ ပူေဇာ္ပြဲကို က်င္းပေတာ့မွာ ျဖစ္ပါတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔က အစဥ္အလာအရ အတိုင္းပဲေဆာင္႐ြက္တာျဖစ္သလို အထူးသျဖင့္ကေတာ့ လုံၿခဳံေရး ပါပဲ။ အဲဒါေလးပဲ ေျပာလိုပါတယ္။
အခုလို ေျဖၾကားေပးတာ ေက်းဇူးတင္ပါတယ္။