လသာမြို့နယ်တွင် တိုက်ခန်းရှေ့ရပ်ထားသည့်ကား (၃) စီး မီးလောင်ပျက်စီး

1487

သန့်ဇင်(NP News)-မတ် ၉
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်တွင် တိုက်ခန်းရှေ့ရပ်ထားသည့် ကား (၃) စီး မီးလောင်ပျက်စီးသွားခဲ့ကြောင်း လင်းလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။
မီးလောင်မှုသည် ယနေ့(မတ်လ ၉ရက်)၊ နံနက် ၁ နာရီ ၄၂ မိနစ်အချိန်ခန့်က လာသာမြို့နယ်၊ အနော်ရထာလမ်းနှင့်(၂၃)လမ်းထောင့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရပ်ထားတဲ့ကားတွေလောင်တာ။ Suzukiကစလောင်တာ။ Hijetကတစ်စီးအပါ (၃)စီးလောင်တာ။ အလယ်ကတစ်စီးလောင်ပြီးမှ ဘေးက (၂) စီးကိုလောင်တာ။ အလယ်ကကားကတော့ ကုန်တာပေါ့။ အိမ်စီးကားတစ်စီးပါတယ်”ဟု လင်းလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက NP Newsကိုပြောသည်။
အဆိုပါ မီးလောင်မှုတွင် လူထိခိုက်မှုမရှိခဲ့သော်လည်း ရပ်ထားသည့် ကား (၃) စီးအနက် (၂) စီးတွင် ပျက်စီးမှုများပြားခဲ့ပြီး အိမ်စီးကား တစ်စီးသည်လည်း အနည်းငယ်မီးလောင်ပျက်စီးသွားခဲ့ရကြောင်း သိရသည်။
“ညပိုင်း ၁ နာရီ၊ ၂ နာရီအချိန်ကြီးဖြစ်တော့ လူထိခိုက်မှုမရှိဘူး။ ကားတော့မမှီလိုက်ဘူး။ ကားကလုံးဝ Heatတက်ပြီး လောင်တာဖြစ်တဲ့အတွက် ဆီကြောင့်လည်းပေါက်ကွဲတာတွေရှိမယ်။ ဘေးပတ်ဝန်းကျင်ကိုထိတာတွေရှိမယ်”ဟု ၎င်းကဆက်ပြောသည်။
ထို့ကြောင့် မီးလောင်မှုအား ကျောက်တံတားမြို့နယ်မီးသတ်စခန်း၊ အရန်မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများက သွားရောက် မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

Zawgyi Version:
လသာၿမိဳ႕နယ္တြင္ တိုက္ခန္းေရွ႕ရပ္ထားသည့္ကား (၃) စီး မီးေလာင္ပ်က္စီး
သန႔္ဇင္(NP News)-မတ္ ၉
ရန္ကုန္တိုင္းေဒသႀကီး၊ လသာၿမိဳ႕နယ္တြင္ တိုက္ခန္းေရွ႕ရပ္ထားသည့္ ကား (၃) စီး မီးေလာင္ပ်က္စီးသြားခဲ့ေၾကာင္း လင္းလက္လူမႈကူညီေရးအသင္းထံမွ သိရသည္။
မီးေလာင္မႈသည္ ယေန႔(မတ္လ ၉ရက္)၊ နံနက္ ၁ နာရီ ၄၂ မိနစ္အခ်ိန္ခန႔္က လာသာၿမိဳ႕နယ္၊ အေနာ္ရထာလမ္းႏွင့္(၂၃)လမ္းေထာင့္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ရပ္ထားတဲ့ကားေတြေလာင္တာ။ Suzukiကစေလာင္တာ။ Hijetကတစ္စီးအပါ (၃)စီးေလာင္တာ။ အလယ္ကတစ္စီးေလာင္ၿပီးမွ ေဘးက (၂) စီးကိုေလာင္တာ။ အလယ္ကကားကေတာ့ ကုန္တာေပါ့။ အိမ္စီးကားတစ္စီးပါတယ္”ဟု လင္းလက္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူ တစ္ဦးက NP Newsကိုေျပာသည္။
အဆိုပါ မီးေလာင္မႈတြင္ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း ရပ္ထားသည့္ ကား (၃) စီးအနက္ (၂) စီးတြင္ ပ်က္စီးမႈမ်ားျပားခဲ့ၿပီး အိမ္စီးကား တစ္စီးသည္လည္း အနည္းငယ္မီးေလာင္ပ်က္စီးသြားခဲ့ရေၾကာင္း သိရသည္။
“ညပိုင္း ၁ နာရီ၊ ၂ နာရီအခ်ိန္ႀကီးျဖစ္ေတာ့ လူထိခိုက္မႈမရွိဘူး။ ကားေတာ့မမွီလိုက္ဘူး။ ကားကလုံးဝ Heatတက္ၿပီး ေလာင္တာျဖစ္တဲ့အတြက္ ဆီေၾကာင့္လည္းေပါက္ကြဲတာေတြရွိမယ္။ ေဘးပတ္ဝန္းက်င္ကိုထိတာေတြရွိမယ္”ဟု ၎ကဆက္ေျပာသည္။
ထို႔ေၾကာင့္ မီးေလာင္မႈအား ေက်ာက္တံတားၿမိဳ႕နယ္မီးသတ္စခန္း၊ အရန္မီးသတ္တပ္ဖြဲ႕ႏွင့္ လူမႈကူညီေရးအသင္းမ်ားက သြားေရာက္ မီးျငႇိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။