ဘားအံ နှင့်မြဝတီအကြား ဂျိုင်း(ကော့ကရိတ်) တံတား စတင်ဖွင့်လှစ်

 967

NP News မတ်လ (၉)ရက်
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဂျိုင်းကျေးရွာအနီး အရှေ့- အနောက် စီးပွားရေးစင်္ကြန်လမ်းမကြီးပေါ်၌ တည်ဆောက်လျက်ရှိသည့် ဂျိုင်း(ကော့ကရိတ်)တံတားကို မတ်လ(၉)ရက်နေ့တွင်စတင်ဖွင့်လှစ်ခဲ့ကြောင်း တံတားဦးစီးဌာနမှ သိရသည်။
“ ဒီတံတားသစ်ရှိတဲ့ လမ်းပိုင်းဟာ မြန်မာနိုင်ငံရန်ကုန် သီလဝါရေနက်ဆိပ်ကမ်း မှ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့လာအိုနိုင်ငံတို့ကို ဖြတ်သန်းကာ ဗီယက်နမ်နိုင်ငံ ဒါနန်းဆိပ်ကမ်းမြို့အထိ ခရီးပေါက်မှာ ဖြစ်ပါတယ်၊အရှေ့-အနောက် စီးပွားရေးစင်္ကြန်လမ်းမကြီးပေါ်မှရှိတဲ့ ပြည်တွင်း၊ ပြည်ပ ကုန်စည်စီးဆင်းမှုအတွက် အဓိကကျတဲ့ တံတားဖြစ်ပါတယ်” ဟု တံတား ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး တစ်ဦးက ပြောသည်။
ဂျိုင်း(ကော့ကရိတ်) တံတားကို ဂျပန်းယန်း ၆ဒသမ၈ ဘီလီယံ အကုန်ကျခံ၍ တည်ဆောက်ခဲ့ပြီး တံတား အရှည် (၁၉၀၃)ပေ ၊ ယာဉ်သွား လမ်း အကျယ်(၇၄)ပေ၊ ယာဉ်တစ်စီးချင်းခံနိုင်ဝန် တန်(၆၀) ရှိကာ လေးလမ်းသွားတံတား ၊ သုံးခန်းတွဲ ကြိုတင်အားဖြည့် သံကူကွန်ကရစ် ကြိုးဆိုင်းတံတား အမျိုးအစား ဖြစ်ကြောင်း သိရသည်။
ဂျိုင်း(ကော့ကရိတ်)တံတားကို ၂၀၁၉ ခုနှစ် မေ ၃ ရက်တွင် စတင်တည် ဆောက်ခဲ့ပြီး ယခု ၂၀၂၅ခုနှစ်မတ်လ (၉)ရက်နေ့တွင်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။ အလားတူ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ်ရှိ ဂျိုင်းမြစ်ပေါ်တွင်ဖြတ်သန်းတည်ဆောက်သော ဇာသပြင်တံတား သည်လည်း သံမဏိကြိုဆိုင်း တံတားအဖြစ် ဆက်လက်တည်ဆောက်နေကြောင်းသိရသည်။

Zawgyi Version:
ဘားအံ ႏွင့္ျမဝတီအၾကား ဂ်ိဳင္း(ေကာ့ကရိတ္) တံတား စတင္ဖြင့္လွစ္
NP News မတ္လ (၉)ရက္
ကရင္ျပည္နယ္ ေကာ့ကရိတ္ၿမိဳ႕နယ္ ဂ်ိဳင္းေက်း႐ြာအနီး အေရွ႕- အေနာက္ စီးပြားေရးစၾကၤန္လမ္းမႀကီးေပၚ၌ တည္ေဆာက္လ်က္ရွိသည့္ ဂ်ိဳင္း(ေကာ့ကရိတ္)တံတားကို မတ္လ(၉)ရက္ေန႔တြင္စတင္ဖြင့္လွစ္ခဲ့ေၾကာင္း တံတားဦးစီးဌာနမွ သိရသည္။
“ ဒီတံတားသစ္ရွိတဲ့ လမ္းပိုင္းဟာ ျမန္မာႏိုင္ငံရန္ကုန္ သီလဝါေရနက္ဆိပ္ကမ္း မွ အိမ္နီးခ်င္း ထိုင္းႏိုင္ငံနဲ႔လာအိုႏိုင္ငံတို႔ကို ျဖတ္သန္းကာ ဗီယက္နမ္ႏိုင္ငံ ဒါနန္းဆိပ္ကမ္းၿမိဳ႕အထိ ခရီးေပါက္မွာ ျဖစ္ပါတယ္၊အေရွ႕-အေနာက္ စီးပြားေရးစၾကၤန္လမ္းမႀကီးေပၚမွရွိတဲ့ ျပည္တြင္း၊ ျပည္ပ ကုန္စည္စီးဆင္းမႈအတြက္ အဓိကက်တဲ့ တံတားျဖစ္ပါတယ္” ဟု တံတား ဦးစီးဌာနမွ လက္ေထာက္ၫႊန္ၾကားေရးမႉး တစ္ဦးက ေျပာသည္။
ဂ်ိဳင္း(ေကာ့ကရိတ္) တံတားကို ဂ်ပန္းယန္း ၆ဒသမ၈ ဘီလီယံ အကုန္က်ခံ၍ တည္ေဆာက္ခဲ့ၿပီး တံတား အရွည္ (၁၉၀၃)ေပ ၊ ယာဥ္သြား လမ္း အက်ယ္(၇၄)ေပ၊ ယာဥ္တစ္စီးခ်င္းခံႏိုင္ဝန္ တန္(၆၀) ရွိကာ ေလးလမ္းသြားတံတား ၊ သုံးခန္းတြဲ ႀကိဳတင္အားျဖည့္ သံကူကြန္ကရစ္ ႀကိဳးဆိုင္းတံတား အမ်ိဳးအစား ျဖစ္ေၾကာင္း သိရသည္။
ဂ်ိဳင္း(ေကာ့ကရိတ္)တံတားကို ၂၀၁၉ ခုႏွစ္ ေမ ၃ ရက္တြင္ စတင္တည္ ေဆာက္ခဲ့ၿပီး ယခု ၂၀၂၅ခုႏွစ္မတ္လ (၉)ရက္ေန႔တြင္ဖြင့္လွစ္ႏိုင္ခဲ့ျခင္းျဖစ္သည္။ အလားတူ မြန္ျပည္နယ္ႏွင့္ ကရင္ျပည္နယ္အစပ္ရွိ ဂ်ိဳင္းျမစ္ေပၚတြင္ျဖတ္သန္းတည္ေဆာက္ေသာ ဇာသျပင္တံတား သည္လည္း သံမဏိႀကိဳဆိုင္း တံတားအျဖစ္ ဆက္လက္တည္ေဆာက္ေနေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.