ချန်ပီယံဆုရရှိလာသည့် မြန်မာအမျိုးသမီးဘောလုံးအသင်းကို ဘောလုံးအဖွဲ့ချုပ်က ကျပ်သိန်း ငါးထောင်ကျော် ချီးမြှင့်

 4968

ပီယ (NP News) - မတ် ၉

လေးနိုင်ငံ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သော မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း
ကို ကျပ်သိန်းပေါင်းငါးထောင့်ငါးရာကျော် ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံက သိရသည်။

ချန်ပီယံဆုရခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို မတ် ၉ ရက် မွန်းလွဲ ၃ နာရီ ၃ဝ မိနစ်က Novotel Yangon Max ဟိုတယ်၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၆ ရက်အထိ နီပေါနိုင်ငံ၌ကျင်းပသည့် International Women Championship 2025 လေးနိုင်ငံ အမျိုးသမီးဘောလုံးဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် နီပေါ၊ ကာဂျစ္စတန်၊ လက်ဘနွန်အသင်းတို့နှင့် လေးသင်းပတ်လည်ယှဉ်ပြိုင်ကစားခဲ့ပြီး အုပ်စုပွဲများတွင် လက်ဘနွန်အသင်းကို သုံးဂိုး-တစ်ဂိုး၊ ကာဂျစ္စတန်အသင်းကို ငါးဂိုးပြတ်အနိုင်ရကာ အိမ်ရှင်နီပေါအသင်း နှင့် နှစ်ဂိုးစီသရေကျကာ အုပ်စုပထမဖြင့် ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့သည်။

ဗိုလ်လုပွဲတွင် အိမ်ရှင်နီပေါအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ယူပြီး ချန်ပီယံဆု ထိုက်ထိုက်တန်တန် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

အခမ်းအနားတွင် အောင်ပွဲရ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းအတွက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနက ကျပ်သိန်း(၃၀၀)၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကျပ်သိန်း(၇၀၀)၊ KBZ Bank ကကျပ်သိန်း (၁၀၀၀)၊ AYA Bank ကကျပ်သိန်း(၁၀၀၀)၊ Max Energy ကကျပ်သိန်း(၆၀၀)၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အကြီးတန်း ဒုတိယ ဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇက ကျပ်သိန်း(၄၀၀)၊ A Bank ကျပ်သိန်း(၃၀၀)၊ ATOM ကျပ်သိန်း(၃၀၀)၊ BYD Essential Motors ကကျပ်သိန်း(၃၀၀)၊ Max Cement ကကျပ်သိန်း(၂၀၀)၊ MFF အမျိုးသမီးဘောလုံးကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်စပယ်ကြည်က ကျပ်သိန်း(၂၀၀)၊ MNL လိဂ်ကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းသိန်းက ကျပ်သိန်း(၁၀၀)၊ MFF ဖူဆယ်နှင့်သဲသောင်ပြင်‌ဘောလုံးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသော်က ကျပ်သိန်း(၁၀၀)၊ ရှမ်းယူနိုက်တက်အသင်းဥက္ကဋ္ဌ ဦးခွန်နောင်မြင့်ဝေက ကျပ်သိန်း(၁၀၀)၊ ဦးထွန်းထွန်းလင်း (Poe Poe Trading)က ကျပ်သိန်း(၁၀၀)အား ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီးနောက် ဂုဏ်ပြုဆုငွေစုစုပေါင်း ကျပ်သိန်း ၅၇၃၀ ကို မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အုပ်ချုပ်/နည်းပြ၊ကစားသမားများထံသို့ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
ခ်န္ပီယံဆုရရွိလာသည့္ ျမန္မာအမ်ိဳးသမီးေဘာလုံးအသင္းကို ေဘာလုံးအဖြဲ႕ခ်ဳပ္က က်ပ္သိန္း ငါးေထာင္ေက်ာ္ ခ်ီးျမႇင့္
ပီယ (NP News) - မတ္ ၉

ေလးႏိုင္ငံ အမ်ိဳးသမီးေဘာလုံးၿပိဳင္ပြဲတြင္ ခ်န္ပီယံျဖစ္ခဲ့ေသာ ျမန္မာ့လက္ေ႐ြးစင္အမ်ိဳးသမီးအသင္း
ကို က်ပ္သိန္းေပါင္းငါးေထာင့္ငါးရာေက်ာ္ ဂုဏ္ျပဳခ်ီးျမႇင့္ခဲ့ေၾကာင့္ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ထံက သိရသည္။

ခ်န္ပီယံဆုရခဲ့သည့္ ျမန္မာ့လက္ေ႐ြးစင္အမ်ိဳးသမီးေဘာလုံးအသင္းအား ဂုဏ္ျပဳပြဲအခမ္းအနားကို မတ္ ၉ ရက္ မြန္းလြဲ ၃ နာရီ ၃ဝ မိနစ္က Novotel Yangon Max ဟိုတယ္၌ ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

ေဖေဖာ္ဝါရီ ၁၇ ရက္မွ ၂၆ ရက္အထိ နီေပါႏိုင္ငံ၌က်င္းပသည့္ International Women Championship 2025 ေလးႏိုင္ငံ အမ်ိဳးသမီးေဘာလုံးဖိတ္ေခၚၿပိဳင္ပြဲတြင္ ျမန္မာ့လက္ေ႐ြးစင္ အမ်ိဳးသမီးအသင္းသည္ နီေပါ၊ ကာဂ်စၥတန္၊ လက္ဘႏြန္အသင္းတို႔ႏွင့္ ေလးသင္းပတ္လည္ယွဥ္ၿပိဳင္ကစားခဲ့ၿပီး အုပ္စုပြဲမ်ားတြင္ လက္ဘႏြန္အသင္းကို သုံးဂိုး-တစ္ဂိုး၊ ကာဂ်စၥတန္အသင္းကို ငါးဂိုးျပတ္အႏိုင္ရကာ အိမ္ရွင္နီေပါအသင္း ႏွင့္ ႏွစ္ဂိုးစီသေရက်ကာ အုပ္စုပထမျဖင့္ ဗိုလ္လုပြဲတက္ေရာက္ႏိုင္ခဲ့သည္။

ဗိုလ္လုပြဲတြင္ အိမ္ရွင္နီေပါအသင္းကို ႏွစ္ဂိုး-ဂိုးမရွိျဖင့္ အႏိုင္ယူၿပီး ခ်န္ပီယံဆု ထိုက္ထိုက္တန္တန္ ရယူႏိုင္ခဲ့ျခင္းျဖစ္သည္။

အခမ္းအနားတြင္ ေအာင္ပြဲရ ျမန္မာ့လက္ေ႐ြးစင္ အမ်ိဳးသမီးေဘာလုံးအသင္းအတြက္ အားကစားႏွင့္ လူငယ္ေရးရာဝန္ႀကီးဌာနက က်ပ္သိန္း(၃၀၀)၊ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕က က်ပ္သိန္း(၇၀၀)၊ KBZ Bank ကက်ပ္သိန္း (၁၀၀၀)၊ AYA Bank ကက်ပ္သိန္း(၁၀၀၀)၊ Max Energy ကက်ပ္သိန္း(၆၀၀)၊ ျမန္မာႏိုင္ငံ ေဘာလုံးအဖြဲ႕ခ်ဳပ္ အႀကီးတန္း ဒုတိယ ဥကၠ႒ ဦးျပည့္ၿဖိဳးေတဇက က်ပ္သိန္း(၄၀၀)၊ A Bank က်ပ္သိန္း(၃၀၀)၊ ATOM က်ပ္သိန္း(၃၀၀)၊ BYD Essential Motors ကက်ပ္သိန္း(၃၀၀)၊ Max Cement ကက်ပ္သိန္း(၂၀၀)၊ MFF အမ်ိဳးသမီးေဘာလုံးေကာ္မတီ ဥကၠ႒ ေဒၚခင္စပယ္ၾကည္က က်ပ္သိန္း(၂၀၀)၊ MNL လိဂ္ေကာ္မတီ ဥကၠ႒ ဦးေဇာ္မင္းသိန္းက က်ပ္သိန္း(၁၀၀)၊ MFF ဖူဆယ္ႏွင့္သဲေသာင္ျပင္‌ေဘာလုံးေကာ္မတီ ဥကၠ႒ ဦးဝင္းေသာ္က က်ပ္သိန္း(၁၀၀)၊ ရွမ္းယူႏိုက္တက္အသင္းဥကၠ႒ ဦးခြန္ေနာင္ျမင့္ေဝက က်ပ္သိန္း(၁၀၀)၊ ဦးထြန္းထြန္းလင္း (Poe Poe Trading)က က်ပ္သိန္း(၁၀၀)အား ေပးအပ္လႉဒါန္းရာ တာဝန္ရွိသူမ်ားက လက္ခံရယူခဲ့ၿပီးေနာက္ ဂုဏ္ျပဳဆုေငြစုစုေပါင္း က်ပ္သိန္း ၅၇၃၀ ကို ျမန္မာ့လက္ေ႐ြးစင္ အမ်ိဳးသမီးအသင္း အုပ္ခ်ဳပ္/နည္းျပ၊ကစားသမားမ်ားထံသို႔ ခ်ီးျမႇင့္ေပးအပ္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.