ကလေးသရုပ်ဆောင်လည်းဖြစ်ခဲ့သူ MRTV-4 မင်းသား "ထူး" ယနေ့ နံနက်တွင် ကွယ်လွန်

5484

NP News - မတ် ၁ဝ
ကလေးသရုပ်ဆောင်မှ လူကြီးသရုပ်ဆောင်ဖြစ်လာသူ MRTV-4 မင်းသား "ထူး"သည် ယနေ့(မတ်လ ၁ဝ ရက်) နံနက်(၆)နာရီအချိန်တွင် ကွယ်လွန်ခဲ့ကြောင်း အနုပညာအသိုင်းအဝိုင်းထံမှ သိရသည်။
သရုပ်ဆောင်ထူးသည် ပြီးခဲ့သည့် မတ်လ(၈)ရက်တွင် ယာဥ်မတော်တဆမှုဖြစ်ကာ ဦးခေါင်းဒဏ်ရာရခဲ့သောကြောင့် ရန်ကုန်မြို့မြောက်ဥက္ကလာဆေးရုံ၌ ဆေးကုသမှုခံယူခဲ့ခြင်းဖြစ်ကြောင်း ထွက်ပေါ်နေရသည့်သတင်းများအရ ကနဦးသိရသည်။
ထိုသို့ဆေးကုသမှုခံယူနေစဥ် မတ်လ ၁၀ ရက် နံနက်(၆)နာရီအချိန်တွင် အဆိုပါဆေးရုံ၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
၎င်းသေဆုံးမှုနှင့်ပတ်သက်၍ သရုပ်ဆောင် ဝိုင်းရွှေရည်က "ညကထိ ဆုတောင်းကူပေးနေခဲ့တာ စိတ်ထားကောင်းပျော်ပျော်နေတတ်တဲ့ မောင်လေး ကောင်းရာဘုံဘဝရောက်ပါစေ" ဟု ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ဝမ်းနည်းကြောင်း ရေးသားထားသည်။
ထို့ပြင် သရုပ်ဆောင်ထူး၏ လူမှုကွန်ယက် Facebook စာမျက်နှာဖြစ်သော Htoo MK အကောင့်တွင်လည်း လွန်ခဲ့သော(၃)နာရီခန့်က "ထူးအသက်မရှိတော့ဘူး ထူး ဆုံးပြီ" ဟု တရားဝင်အသိပေးဖော်ပြထားသည်။
သရုပ်ဆောင်ထူးသည် "အဖြူရောင်သက္ကရာဇ်များ၊ မယ်ချို စသည့်ဇာတ်လမ်းတွဲများနှင့် အောင်မြင်ခဲ့ခြင်းဖြစ်ပြီး (၂၀၂၄)ခုနှစ်၏ အကယ်ဒမီထူးချွန်ဆု အမျိုးသားဇာတ်ပို့ဆုတွင်လည်း ယောက်ျားကောင်းအတောင်နှစ်ဆယ်ဇာတ်ကားဖြင့် ပရိသတ်ထင်ကြေးပေးခံရသူတစ်ဦးဖြစ်ခဲ့သည်။

Zawgyi Version:
ကေလးသ႐ုပ္ေဆာင္လည္းျဖစ္ခဲ့သူ MRTV-4 မင္းသား "ထူး" ယေန႔ နံနက္တြင္ ကြယ္လြန္
NP News - မတ္ ၁ဝ
ကေလးသ႐ုပ္ေဆာင္မွ လူႀကီးသ႐ုပ္ေဆာင္ျဖစ္လာသူ MRTV-4 မင္းသား "ထူး"သည္ ယေန႔(မတ္လ ၁ဝ ရက္) နံနက္(၆)နာရီအခ်ိန္တြင္ ကြယ္လြန္ခဲ့ေၾကာင္း အႏုပညာအသိုင္းအဝိုင္းထံမွ သိရသည္။
သ႐ုပ္ေဆာင္ထူးသည္ ၿပီးခဲ့သည့္ မတ္လ(၈)ရက္တြင္ ယာဥ္မေတာ္တဆမႈျဖစ္ကာ ဦးေခါင္းဒဏ္ရာရခဲ့ေသာေၾကာင့္ ရန္ကုန္ၿမိဳ႕ေျမာက္ဥကၠလာေဆး႐ုံ၌ ေဆးကုသမႈခံယူခဲ့ျခင္းျဖစ္ေၾကာင္း ထြက္ေပၚေနရသည့္သတင္းမ်ားအရ ကနဦးသိရသည္။
ထိုသို႔ေဆးကုသမႈခံယူေနစဥ္ မတ္လ ၁၀ ရက္ နံနက္(၆)နာရီအခ်ိန္တြင္ အဆိုပါေဆး႐ုံ၌ ကြယ္လြန္ခဲ့ျခင္းျဖစ္သည္။
၎ေသဆုံးမႈႏွင့္ပတ္သက္၍ သ႐ုပ္ေဆာင္ ဝိုင္းေ႐ႊရည္က "ညကထိ ဆုေတာင္းကူေပးေနခဲ့တာ စိတ္ထားေကာင္းေပ်ာ္ေပ်ာ္ေနတတ္တဲ့ ေမာင္ေလး ေကာင္းရာဘုံဘဝေရာက္ပါေစ" ဟု ၎၏ လူမႈကြန္ယက္စာမ်က္ႏွာတြင္ ဝမ္းနည္းေၾကာင္း ေရးသားထားသည္။
ထို႔ျပင္ သ႐ုပ္ေဆာင္ထူး၏ လူမႈကြန္ယက္ Facebook စာမ်က္ႏွာျဖစ္ေသာ Htoo MK အေကာင့္တြင္လည္း လြန္ခဲ့ေသာ(၃)နာရီခန႔္က "ထူးအသက္မရွိေတာ့ဘူး ထူး ဆုံးၿပီ" ဟု တရားဝင္အသိေပးေဖာ္ျပထားသည္။
သ႐ုပ္ေဆာင္ထူးသည္ "အျဖဴေရာင္သကၠရာဇ္မ်ား၊ မယ္ခ်ိဳ စသည့္ဇာတ္လမ္းတြဲမ်ားႏွင့္ ေအာင္ျမင္ခဲ့ျခင္းျဖစ္ၿပီး (၂၀၂၄)ခုႏွစ္၏ အကယ္ဒမီထူးခြၽန္ဆု အမ်ိဳးသားဇာတ္ပို႔ဆုတြင္လည္း ေယာက္်ားေကာင္းအေတာင္ႏွစ္ဆယ္ဇာတ္ကားျဖင့္ ပရိသတ္ထင္ေၾကးေပးခံရသူတစ္ဦးျဖစ္ခဲ့သည္။