မလေးရှားမှာ နာမည်ကြီး ရှော့ပင်းမော မျက်နှာကြက် ပြိုကျမှုဖြစ်ပွား

2667
ရောင်နီ (NP News) - မတ် ၁ဝ
မလေးရှားနိုင်ငံ၊ ဂျိုဟာဘာရူရှိ နာမည်ကြီး ကုန်တိုက်တစ်ခုမှာ မျက်နှာကြက်ပြိုကျမှုဖြစ်ခဲ့ပြီး ဆိုရှယ်မီဒီယာမှာ စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာစေခဲ့ပါတယ်။
မတ်လ ၈ ရက် ည ၇ နာရီခန့်က မျက်နှာကြက်ပြိုကျမှုဖြစ်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိ/မရှိတော့ မသိရ သေးပါဘူး။ The Star သတင်းစာက အဆိုပါကုန်တိုက်ကို အမည်မဖော်ပြထားခြင်းမရှိပေမယ့် အခြားမလေးရှား မီဒီယာတစ်ခုဖြစ်တဲ့ China Press မီဒီယာရဲ့ဖော်ပြချက်အရတော့ အဲဒီကုန်တိုက်ဟာ KSL City Mall ဖြစ်တယ်လို့ သိရပါတယ်။ အဖြစ်အပျက်ဓာတ်ပုံတွေနဲ့ဗီဒီယိုတွေဟာလည်း ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့သွားခဲ့ပြီး အဆောက်အအုံ တွေရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။
ဒီဖြစ်ရပ် ဘာကြောင့်ဘယ်လိုဖြစ်ပေါ်လာလဲ၊ အဆောက်အဦးဟောင်းနွမ်းလာခြင်းကြောင့်လား ဆိုတာကိုတော့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ တောင်ပိုင်း ဂျိုဟာ ခရိုင်ရဲမှူး ရာအက်ဆီလမက် က ပြောပါ တယ်။
Zawgyi Version:
မေလးရွားမွာ နာမည္ႀကီး ေရွာ့ပင္းေမာ မ်က္ႏွာၾကက္ ၿပိဳက်မႈျဖစ္ပြား
ေရာင္နီ (NP News) - မတ္ ၁ဝ
မေလးရွားႏိုင္ငံ၊ ဂ်ိဳဟာဘာ႐ူရွိ နာမည္ႀကီး ကုန္တိုက္တစ္ခုမွာ မ်က္ႏွာၾကက္ၿပိဳက်မႈျဖစ္ခဲ့ၿပီး ဆိုရွယ္မီဒီယာမွာ စိုးရိမ္ပူပန္မႈေတြ ျမင့္တက္လာေစခဲ့ပါတယ္။
မတ္လ ၈ ရက္ ည ၇ နာရီခန႔္က မ်က္ႏွာၾကက္ၿပိဳက်မႈျဖစ္ခဲ့တာျဖစ္ၿပီး ထိခိုက္ဒဏ္ရာရသူေတြ ရွိ/မရွိေတာ့ မသိရ ေသးပါဘူး။ The Star သတင္းစာက အဆိုပါကုန္တိုက္ကို အမည္မေဖာ္ျပထားျခင္းမရွိေပမယ့္ အျခားမေလးရွား မီဒီယာတစ္ခုျဖစ္တဲ့ China Press မီဒီယာရဲ႕ေဖာ္ျပခ်က္အရေတာ့ အဲဒီကုန္တိုက္ဟာ KSL City Mall ျဖစ္တယ္လို႔ သိရပါတယ္။ အျဖစ္အပ်က္ဓာတ္ပုံေတြနဲ႔ဗီဒီယိုေတြဟာလည္း ဆိုရွယ္မီဒီယာမွာ ပ်ံ႕ႏွံ႔သြားခဲ့ၿပီး အေဆာက္အအုံ ေတြရဲ႕လုံၿခဳံေရးနဲ႔ပတ္သက္ၿပီး စိုးရိမ္ပူပန္မႈေတြ ျမင့္တက္လာခဲ့ပါတယ္။
ဒီျဖစ္ရပ္ ဘာေၾကာင့္ဘယ္လိုျဖစ္ေပၚလာလဲ၊ အေဆာက္အဦးေဟာင္းႏြမ္းလာျခင္းေၾကာင့္လား ဆိုတာကိုေတာ့ ရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးမႈေတြျပဳလုပ္ေနတယ္လို႔ ေတာင္ပိုင္း ဂ်ိဳဟာ ခ႐ိုင္ရဲမႉး ရာအက္ဆီလမက္ က ေျပာပါ တယ္။