ထားဝယ်ရေနက်ဆိပ်ကမ်းကို ရုရှားနှင့် အဓိကဆောင်ရွက်မည်ဖြစ်သော်လည်း မည်သည့်နိုင်ငံမဆို ပါဝင်နိုင်ကြောင်း နစက ဖိတ်ခေါ်

 573

ချယ်ရီ (NP News)- မတ် ၁၀

ထားဝယ်ရေနက်ဆိပ်ကမ်းကို ရုရှားနိုင်ငံနှင့် အဓိကဆောင်ရွက်မည်ဖြစ်သော်လည်း မည်သည့်နိုင်ငံမဆို ပါဝင်နိုင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ (မတ်လ ၉ ရက်) ၌ မီဒီယာများနှင့်အင်တာဗျူးတွင် ထည့်သွင်းပြောကြားခဲ့သည်။

စီးပွားရေးကဏ္ဍနှင့်ပတ်သက်လျှင် ရုရှားနှင့်ဘယ်လာရုစ်နိုင်ငံတို့သည် မိမိတို့ နိုင်ငံထက် နည်းပညာမြင့်မားမှုများရှိရာ မြန်မာနိုင်ငံသည် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသော စက်မှုစီးပွားကိုသွားမည့်နိုင်ငံဟု သတ်မှတ်ထားရာ ထိုသို့ဆောင်ရွက်ရန် အခွင့်အလမ်းကောင်းများ ရှိနေကြောင်း ၎င်းကဆိုသည်။

“ရုရှားလိုနိုင်ငံမျိုးနဲ့ မပြောသေးဘူး။ မြန်မာရဲ့အကျယ်အဝန်းထက် ဘယ်လာရုစ်နိုင်ငံသည် သုံးပုံတစ်ပုံလောက်ပဲ ကျယ်ဝန်းတယ်။ ကုန်းတွင်းပိတ်နိုင်ငံဖြစ်တယ်။ ဒါ့အပြင် ဘယ်လာရုစ်နိုင်ငံသည် လူဦးရေအများဆုံး (၉ ဒသမ ၁) သန်းပဲရှိတယ်။ သို့သော် သူ့ရဲ့စိုက်ပျိုးရေးကဏ္ဍတစ်ခုတည်းကနေရရှိတဲ့ GDP က ၉ ဘီလီယံနီးပါးထိရရှိတယ်။ အဲဒီမှာကြည့်လိုက်တော့ သူသည် လယ်ယာစိုက်ပျိုးမှုဧရိယာက မြန်မာနိုင်ငံထက်နည်းတယ်။ ဒါ့အပြင် ကန့်သတ်ချက်တွေလည်း ရှိပါတယ်။ အခုချိန်မှာ ဘယ်လာရုစ်နိုင်ငံရဲ့ ရာသီဥတုက ညပိုင်းမှာဆိုရင် အနုတ် (-၂ ) ဒီဂရီစင်တီဂရိတ်မှ (-၁၂ ) ဒီဂရီစင်တီဂရိတ်လောက်ရှိတယ်။ တချို့နေရာတွေမှာလည်း အမြဲတမ်းအေးနေတယ်။ စိုက်ပျိုးဖို့အတွက် မြေကန့်သတ်ချက်၊ ရာသီဥတုကန့်သတ်ချက်တွေရှိတယ်။ ဒီလိုမျိုးနိုင်ငံတောင်ဖြစ်ထွန်းရင် ကျွန်တော်တို့လို ရေ၊ မြေ၊ ရာသီဥတုကောင်းမွန်တဲ့နိုင်ငံက မဖြစ်ထွန်းစရာအကြောင်းမရှိပါဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းပြသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ခေတ်မီသောစိုက်ပျိုးမွေးမြူရေးစနစ် လိုအပ်ချက်များစွာရှိပြီ တောင်သူလယ်သမားများလိုအပ်နေသော ဓာတ်မြေဩဇာလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စာချုပ်များ ချုပ်ဆိုခဲ့သည့်အပြင် ဓာတ်မြေဩဇာနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် စက်ရုံတည်ရန် ဖိတ်ခေါ်ခဲ့ကြောင်းနှင့် တရုတ်နိုင်ငံနှင့်လည်း ဓာတ်မြေဩဇာစက်ရုံ တည်ဆောက်ရန် ဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

“ဒါ့အပြင် မြန်မာနိုင်ငံမှာ အဓိကအရေးပါတဲ့ စီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကြီး သုံးခုရှိတယ်။ ကျောက်ဖြူ၊ သီလဝါ၊ ထားဝယ်ဆိုတဲ့ ရေနက်ဆိပ်ကမ်းတို့ဖြစ် တယ်။ ထားဝယ်ရေနက်ဆိပ်ကမ်း သည် ရပ်ဆိုင်းနေတာကြာပြီ။ ဒီထားဝယ်ရေနက် ဆိပ်ကမ်းကိုလည်း ရုရှားနိုင်ငံနဲ့ ဆောင်ရွက်နိုင်ဖို့ MoU လက်မှတ်ရေးထိုးဆောင်ရွက်နိုင် ခဲ့တယ်။ သို့သော် ရုရှားနိုင်ငံနဲ့ အဓိကထားဆောင်ရွက်သော်လည်း ဘယ်နိုင်ငံမဆိုလည်း ဒီနေရာမှာ ပါဝင်လို့ရပါတယ်”ဟု ၎င်းက ပြောကြားသည်။

Zawgyi Version:
ထားဝယ္ေရနက္ဆိပ္ကမ္းကို ႐ုရွားႏွင့္ အဓိကေဆာင္႐ြက္မည္ျဖစ္ေသာ္လည္း မည္သည့္ႏိုင္ငံမဆို ပါဝင္ႏိုင္ေၾကာင္း နစက ဖိတ္ေခၚ
ခ်ယ္ရီ (NP News)- မတ္ ၁၀

ထားဝယ္ေရနက္ဆိပ္ကမ္းကို ႐ုရွားႏိုင္ငံႏွင့္ အဓိကေဆာင္႐ြက္မည္ျဖစ္ေသာ္လည္း မည္သည့္ႏိုင္ငံမဆို ပါဝင္ႏိုင္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ယမန္ေန႔ (မတ္လ ၉ ရက္) ၌ မီဒီယာမ်ားႏွင့္အင္တာဗ်ဴးတြင္ ထည့္သြင္းေျပာၾကားခဲ့သည္။

စီးပြားေရးက႑ႏွင့္ပတ္သက္လွ်င္ ႐ုရွားႏွင့္ဘယ္လာ႐ုစ္ႏိုင္ငံတို႔သည္ မိမိတို႔ ႏိုင္ငံထက္ နည္းပညာျမင့္မားမႈမ်ားရွိရာ ျမန္မာႏိုင္ငံသည္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးကို အေျခခံေသာ စက္မႈစီးပြားကိုသြားမည့္ႏိုင္ငံဟု သတ္မွတ္ထားရာ ထိုသို႔ေဆာင္႐ြက္ရန္ အခြင့္အလမ္းေကာင္းမ်ား ရွိေနေၾကာင္း ၎ကဆိုသည္။

“႐ုရွားလိုႏိုင္ငံမ်ိဳးနဲ႔ မေျပာေသးဘူး။ ျမန္မာရဲ႕အက်ယ္အဝန္းထက္ ဘယ္လာ႐ုစ္ႏိုင္ငံသည္ သုံးပုံတစ္ပုံေလာက္ပဲ က်ယ္ဝန္းတယ္။ ကုန္းတြင္းပိတ္ႏိုင္ငံျဖစ္တယ္။ ဒါ့အျပင္ ဘယ္လာ႐ုစ္ႏိုင္ငံသည္ လူဦးေရအမ်ားဆုံး (၉ ဒသမ ၁) သန္းပဲရွိတယ္။ သို႔ေသာ္ သူ႔ရဲ႕စိုက္ပ်ိဳးေရးက႑တစ္ခုတည္းကေနရရွိတဲ့ GDP က ၉ ဘီလီယံနီးပါးထိရရွိတယ္။ အဲဒီမွာၾကည့္လိုက္ေတာ့ သူသည္ လယ္ယာစိုက္ပ်ိဳးမႈဧရိယာက ျမန္မာႏိုင္ငံထက္နည္းတယ္။ ဒါ့အျပင္ ကန႔္သတ္ခ်က္ေတြလည္း ရွိပါတယ္။ အခုခ်ိန္မွာ ဘယ္လာ႐ုစ္ႏိုင္ငံရဲ႕ ရာသီဥတုက ညပိုင္းမွာဆိုရင္ အႏုတ္ (-၂ ) ဒီဂရီစင္တီဂရိတ္မွ (-၁၂ ) ဒီဂရီစင္တီဂရိတ္ေလာက္ရွိတယ္။ တခ်ိဳ႕ေနရာေတြမွာလည္း အၿမဲတမ္းေအးေနတယ္။ စိုက္ပ်ိဳးဖို႔အတြက္ ေျမကန႔္သတ္ခ်က္၊ ရာသီဥတုကန႔္သတ္ခ်က္ေတြရွိတယ္။ ဒီလိုမ်ိဳးႏိုင္ငံေတာင္ျဖစ္ထြန္းရင္ ကြၽန္ေတာ္တို႔လို ေရ၊ ေျမ၊ ရာသီဥတုေကာင္းမြန္တဲ့ႏိုင္ငံက မျဖစ္ထြန္းစရာအေၾကာင္းမရွိပါဘူး” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ရွင္းျပသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံတြင္ ေခတ္မီေသာစိုက္ပ်ိဳးေမြးျမဴေရးစနစ္ လိုအပ္ခ်က္မ်ားစြာရွိၿပီ ေတာင္သူလယ္သမားမ်ားလိုအပ္ေနေသာ ဓာတ္ေျမဩဇာလိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေပးႏိုင္ရန္အတြက္ စာခ်ဳပ္မ်ား ခ်ဳပ္ဆိုခဲ့သည့္အျပင္ ဓာတ္ေျမဩဇာႏွင့္ ပတ္သက္၍ ျမန္မာႏိုင္ငံတြင္ စက္႐ုံတည္ရန္ ဖိတ္ေခၚခဲ့ေၾကာင္းႏွင့္ တ႐ုတ္ႏိုင္ငံႏွင့္လည္း ဓာတ္ေျမဩဇာစက္႐ုံ တည္ေဆာက္ရန္ ေဆာင္႐ြက္ေနေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

“ဒါ့အျပင္ ျမန္မာႏိုင္ငံမွာ အဓိကအေရးပါတဲ့ စီးပြားေရးဇုန္ ေရနက္ဆိပ္ကမ္းႀကီး သုံးခုရွိတယ္။ ေက်ာက္ျဖဴ၊ သီလဝါ၊ ထားဝယ္ဆိုတဲ့ ေရနက္ဆိပ္ကမ္းတို႔ျဖစ္ တယ္။ ထားဝယ္ေရနက္ဆိပ္ကမ္း သည္ ရပ္ဆိုင္းေနတာၾကာၿပီ။ ဒီထားဝယ္ေရနက္ ဆိပ္ကမ္းကိုလည္း ႐ုရွားႏိုင္ငံနဲ႔ ေဆာင္႐ြက္ႏိုင္ဖို႔ MoU လက္မွတ္ေရးထိုးေဆာင္႐ြက္ႏိုင္ ခဲ့တယ္။ သို႔ေသာ္ ႐ုရွားႏိုင္ငံနဲ႔ အဓိကထားေဆာင္႐ြက္ေသာ္လည္း ဘယ္ႏိုင္ငံမဆိုလည္း ဒီေနရာမွာ ပါဝင္လို႔ရပါတယ္”ဟု ၎က ေျပာၾကားသည္။

Related news

© 2021. All rights reserved.