ရုရှားသမ္မတပူတင်ရဲ့လက်ရုံးတစ်ဆူ (သို့) ရုရှားနိုင်ငံရဲ့ထိပ်တန်း ဝါရင့်သံတမန် ‘ဆာဂေးလာရော့ဗ်’

 98

ဂျန်ဇက် (NP News) - မတ် ၁၁

ရုရှားနိုင်ငံ သမိုင်းတစ်လျှောက် သက်တမ်း အကြာဆုံး နိုင်ငံခြားရေးဝန်ကြီးတွေထဲမှာ ဆာဂေး လာရော့ဗ်လည်း ပါဝင်နေပါတယ်။ ဆာဂေးလာ ရောဗ့်ဟာ အသက် (၇၅)နှစ်အရွယ်ရှိနေပေမယ့် ရုရှားသမ္မတ ပူတင်ရဲ့အားကိုးရတဲ့ လက်ရုံးတစ်ဆူ အဖြစ် လက်ရှိအချိန်အထိ ဆက်လက်ရှိနေဆဲဖြစ် ကာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဆက်လက်တာဝန်ယူ နေဆဲဖြစ်ပါတယ်။
ဆာဂေးလာရော့ဗ်ကို (၁၉၅၀)ပြည့်နှစ် မတ်လမှာ မွေးဖွားခဲ့ပြီး(၂၀ဝ၄)ခုနှစ်ကတည်းက နိုင်ငံခြားရေးဝန်ကြီး အဖြစ် လက်ရှိအချိန်တာဝန်ယူနေ ဆဲဖြစ်ပါတယ်။ ဆိုဗီယက်ပြည်ထောင်စု နိုင်ငံအဖြစ် ရှိနေချိန်ကာလအတွင်း နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ အန်ဒရီဂရိုမီကို ပြီးရင် ဆာဂေး လာရော့ဗ်ဟာ နိုင်ငံခြားရေးဝန်ကြီး အဖြစ်သက်တမ်းအကြာဆုံး တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။ ဆာဂေးလာရော့ဗ်ကို မော်စကိုမြို့မှာမွေးဖွားခဲ့ပြီး (၁၉၇၂)ခုနှစ်က မော်စကိုနိုင်ငံတကာဆက်ဆံရေး အင်စတီကျုကနေ ဘွဲ့ရရှိခဲ့သူဖြစ်ပါတယ်။ ဖခင်ဖြစ် သူဟာအာမေးနီး ယားလူမျိုးဖြစ်ပြီး မိခင်ဖြစ်သူက ရုရှားလူမျိုးဖြစ်ပါတယ်။ ငယ်စဉ်ကလေးဘဝနဲ့ ပညာရေးကို မော်စကိုမြို့ရှိ ကျောင်းတွေမှာ တက်ရောက်သင်ယူခဲ့ပြီး အထက်တန်းကျောင်းပြီးဆုံး ချိန်မှာ မော်စကိုမြို့ရှိ အမျိုးသားနျူကလီးယား တက္ကသိုလ် သို့မဟုတ် မော်စကိုရူပဗေဒတက္ကသိုလ်ကို တက်ရောက်ဖို့လိုလားခဲ့ပေမယ့် မော်စကို နိုင်ငံတကာဆက်ဆံ ရေးကို တက်ရောက်ခဲ့သူဖြစ်ပါတယ်။ ဆာဂေးလာရော့ဗ်ဟာ (၁၉၇၂)ခုနှစ်မှာ ဘွဲ့ ရရှိခဲ့ပြီးနောက် ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ဆာဂေးလာရော့ဗ်ဟာ သီရိလင်္ကာနိုင်ငံဆိုင်ရာ ဆိုဗီယက်သံရုံးမှာ အကြံပေး အဖြစ်တာဝန်ယူခဲ့ပါတယ်။ ရုရှားနိုင်ငံသား တစ်ဦးဖြစ်ပေမယ့် ပြင်သစ်၊ အင်္ဂလိပ် ဘာသာစကားတွေအပြင် Sinhala, Dhivehi, ဘာသာစကား တွေကို ကျွမ်းကျင်စွာပြောဆိုနိုင်သူဖြစ်ပါတယ်။ ဆာဂေးလာရော့ဗ်ဟာ (၁၉၈၁)ခုနှစ်ကနေ (၁၉၈၈)ခုနှစ်အထိ ကုလသမဂ္ဂဆိုင်ရာ ဆိုဗီယက် သံတမန် အဖွဲ့မှာ ရာထူးအမျိုးမျိုးကို တာဝန်ယူခဲ့ဖူးသူ ဖြစ်ပါတယ်။
၎င်းဟာ (၁၉၈၀) ပြည့်နှစ်နောက်ပိုင်းမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နိုင်ငံတကာအဖွဲ့အစည်းရဲ့ ဒုတိယ ဒါရိုက်တာအဖြစ်တာဝန်ယူခဲ့ပြီး (၁၉၉၂)ခုနှစ်မှာ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယနိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပါတယ်။ ဒါ့ပြင် ဆာဂေးလာရော့ဗ်ဟာ ကုလသမဂ္ဂဆိုင်ရာ ရုရှားနိုင်ငံရဲ့အမြဲတမ်း သံအမတ်ကြီးရာထူးကို (၁၉၉၄)ခုနှစ်ကနေ (၂၀ဝ၄)ခုနှစ်အထိ တာဝန်ယူခဲ့ ပါတယ်။ (၁၉၉၄)ခုနှစ်ကနေ (၂၀ဝ၄)ခုနှစ်အထိ ကမ္ဘာတစ်ဝန်းမှာ ကိုဆိုဗိုစစ်ပွဲ၊ အီရတ်နိုင်ငံကို အမေရိကန်နိုင်ငံက ကျူးကျော်တိုက်ခိုက်မှုအပါအဝင် ကမ္ဘာ့ရေးရာပြဿနာ အများ အပြား ဖြစ်ပွားခဲ့ရာ ဆာဂေးလာရော့ဗ်ဟာ ရုရှားနိုင်ငံအကျိုးစီးပွားအတွက် ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီးအဖြစ် တာဝန် ယူချိန်အတွင်း အကောင်းဆုံးကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ပါတယ်။ ကုလသမဂ္ဂနိုင်ငံဆိုင်ရာ ရုရှားသံအမတ် ကြီးအဖြစ်တာဝန်ယူချိန်အတွင်းမှာလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ရုရှားနိုင်ငံကို ဩဇာလွှမ်းမိုးမှုရှိ တဲ့အဖွဲ့ ဝင်နိုင်ငံဖြစ်လာစေဖို့နဲ့ ရုရှားနိုင်ငံရဲ့နိုင်ငံခြား ရေးမူဝါဒတွေ၊ အကျိုးစီးပွားတွေကိုအကောင်းဆုံးပုံစံမျိုးနဲ့ ခုခံ ကာကွယ်ခဲ့ သလို အခက်ခဲပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီးအဖြစ်တာဝန်ယူချိန်အတွင်း ရုရှားနိုင်ငံအကျိုးစီးပွားကို ကာကွယ်စွမ်း ဆောင်ပေးနိုင်တဲ့အတွက် (၂၀ဝ၄)ခုနှစ်မတ်လမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီးအဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရပြီး ရုရှားနိုင်ငံခြား ရေးဝန်ကြီးအဖြစ်တာဝန်ယူချိန်အတွင်း သံတမန်ရေးရာအခက် ခဲပြဿနာတွေအပါအဝင် ရုရှားနိုင်ငံ အကျိုးစီးပွား တွေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့အတွက် ရုရှားသမ္မတ ပူတင်ရဲ့ အားကိုးအယုံကြည်ဆုံးရသူ တစ်ဦးဖြစ်လာခဲ့ ပါတယ်။ ဆာဂေးလာရောဗ့်ဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီးအဖြစ်ခန့်အပ်ခံရချိန်နောက်ပိုင်းမှာလည်း ကမ္ဘာ့ရေးရာ ပြဿနာ တွေအပြင် ရုရှားနိုင်ငံရဲ့စစ်ပွဲတွေကို သံတမန်ရေးနည်းလမ်းနဲ့ အကောင်းဆုံးတုံ့ ပြန်ဖြေရှင်းပေးနိုင်ခဲ့ သူဖြစ်ပါတယ်။ ၎င်းကို နိုင်ငံရေး သမားတွေထက် ရဲရင်တဲ့ အစိုးရဝန်ထမ်းတစ်ဦးအဖြစ် ချီးကျူးပြောဆိုကြသလို ရဲရင့် တည်ကြည်တဲ့ သံတမန်တစ်ဦးအဖြစ် ချီးကျူးကြပါတယ်။ ဗြိတိန်နိုင်ငံရှိ ရုရှားနိုင်ငံခြားရေးကျွမ်းကျင်သူတစ်ဦးက ဆာဂေး လာရော့ဗ်ကို ကိုင်တွယ်ရခက်ခဲပြီး ယုံကြည်စိတ်ချရတဲ့၊ အလွန်ခေတ်မီတဲ့စေ့စပ်ညှိနှိုင်းရေးမှူးတစ်ဦးအဖြစ် ချီးကျူးပြောဆိုခဲ့ဖူးပါ တယ်။ ရုရှားနိုင်ငံရဲ့နိုင်ငံ ခြားရေးမူဝါဒတွေနဲ့ပတ်သက်ပြီး ဆာဂေးလာရော့ဗ်ဟာ ရှေ့တန်းကနေ ဦးဆောင်နေသူတစ်ဦး ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနတာဝန်ရှိသူတွေက ဆာဂေးလာရော့ဗ်ကို ရုရှားသမ္မတပူတင်ရဲ့အကြမ်းဖက်ဆန်တဲ့ နိုင်ငံခြား ရေးမူဝါဒတွေကို အဓိက အကောင်အထည်ဖော် ပေးသူအဖြစ် ဝေဖန်ပြစ်တင်ထားပါတယ်။ ဆာဂေးလာရောဗ့်ဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီးဖြစ်လာခဲ့ပြီးနောက် ပိုင်း ရုရှားနိုင်ငံနဲ့မဟာ မိတ်ဆက်ဆံရေးရှိနေတဲ့ ဆီးရီးယားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကိုလည်း ကြားဝင်စေ့စပ် ဆွေးနွေးခဲ့သလို (၂၀၁၄)ခုနှစ်က ရုရှားနဲ့ ယူကရိန်းနိုင်ငံကြားဖြစ်ပွားခဲ့တဲ့ ရုရှားနဲ့ ယူကရိန်းစစ်ပွဲကိုလည်း သံတမန်ရေး နည်းလမ်းနဲ့ ရှေ့တန်းကနေ ဦးဆောင်ကိုင် တွယ်ဖြေရှင်းနိုင်ခဲ့သူဖြစ်ပါတယ်။ (၂၀၂၂) ခုနှစ်က ရုရှားနဲ့ ယူကရိန်း နိုင်ငံကြား စစ်ပွဲထပ်မံဖြစ်ပွားချိန်မှာလည်း ဆာဂေးလာရော့ဗ်ဟာ ရုရှားနိုင်ငံအပေါ်ဝေဖန်ပြစ်တင်ခဲ့တဲ့ အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ် စုနိုင်ငံတွေရဲ့ ဝေဖန်တိုက်ခိုက်မှုတွေကို သံတမန်ရေးနည်းလမ်းနဲ့ အကောင်းဆုံး တုံ့ပြန်ခု ခံပေးနိုင်ခဲ့ သူဖြစ်တယ်။ ဆာဂေးလာရော့ဗ်ဟာ ရုရှားနဲ့ ယူကရိန်းစစ်ပွဲဖြစ်လာခဲ့ပြီးနောက် အနောက်အုပ်စုနိုင်ငံတွေရဲ့ ပစ်မှတ် ထားစီးပွားရေး ပိတ်ဆို့မှုချမှတ်ခံရချိန်မှာ နိုင်ငံစီးပွားရေးကျဆင်းမှုမဖြစ်စေဖို့ သံတမန် ရေးနည်းလမ်း အသုံးပြုပြီး တရုတ်၊ အိန္ဒိယ၊ နိုင်ငံတို့နဲ့ ပိုမိုကောင်းမွန်တဲ့ဆက်ဆံရေးရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါ့ပြင် ဆာဂေး လာရော့ဗ်ဟာ အမေရိကန်ဦးဆောင်တဲ့ နေတိုးစစ်ရေးမဟာမိတ် အုပ်စု၊ ဥရောပသမဂ္ဂတို့နဲ့ ဖြစ်ပွားတဲ့ သံတမန်ရေး အခက်အခဲပြဿနာတွေကိုလည်း ရုရှားနိုင်ငံအကျိုးစီးပွားအတွက်ခုခံတုံ့ပြန်နိုင်ခဲ့သလို မြောက်ကိုရီးယားနဲ့ ရုရှားနိုင်ငံ ကြား အပြန်အလှန်ဆက်ဆံရေးပိုမိုကောင်းမွန်အောင် ကြိုးပမ်း ပေးနိုင်ခဲ့ပါတယ်။
ဆာဂေးလာရော့ဗ်ဟာ ရုရှားနိုင်ငံကို ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ BRICS အဖွဲ့ တွေမှာလည်း အဓိက အရေးပါတဲ့ နိုင်ငံတစ်နိုင်ငံဖြစ် လာစေဖို့ သံတမန်ရေးနည်းလမ်းနဲ့ အကောင်းဆုံးစွမ်း ဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ အစ္စရေးနဲ့ဟားမတ်စ် လက်နက်ကိုင်အဖွဲ့ကြား ဂါဇာစစ်ပွဲဖြစ်ပွားချိန်မှာလည်း ဆာဂေးလာရော့ဗ်ဟာ ရုရှားနိုင်ငံ အကျိုးစီးပွားအတွက် အစ္စရေးနဲ့ အမေရိကန်နိုင်ငံတို့ကို ဝေဖန်ပြော ဆိုတာတွေရှိခဲ့သူဖြစ်ပါတယ်။ ဆာဂေး လာရော့ဗ် ဟာ သံတမန်ရေးပိုင်းမှာ ထက်မြက်မှုရှိသလို စေ့စပ်ဆွေး နွေးမှုပိုင်းမှာလည်း ပါးနပ်သူတစ်ဦးဖြစ်တဲ့အတွက် ရုရှားသမ္မတဟာ ၎င်းရဲ့သမ္မတသက်တမ်းအတွင်း ဆာဂေးလာရော့ဗ်ကို ဆက်လက်တာဝန်ပေးနေတာလည်းဖြစ်ပါ တယ်။ ဆာဂေးလာရော့ဗ်ဟာ အနေအထိုင်ရိုးသားအေးဆေးသူဖြစ်ပြီး အားကစားကိုစိတ် ဝင်စားသူတစ်ဦးဖြစ်ကာ ရုပ်သံကနေ ဘောလုံးပွဲများ ကြည့်ရှုရခြင်းကို ဝါသနာပါသူတစ်ဦးဖြစ်သလို စပါးတပ်မော်စကိုအသင်း ရဲ့အမာခံပရိ သတ်တစ်ဦးဖြစ် ပါတယ်။
၎င်းဟာ (၁၉၇၁) ခုနှစ်မှာ ရုရှားစီးပွားရေးသမား အလက်ဇန်နဒါ ဗီနိုကူရော့ဗ်နဲ့ အိမ်ထောင်ပြုခဲ့ပြီး သမီး တစ်ဦးနဲ့ မြေးနှစ်ဦးရှိနေသူဖြစ်ပါတယ်။ ဆာဂေးလာရော့ဗ်ဟာ ရုရှားနိုင်ငံအကျိုးစီးပွားကို ကာကွယ်ခဲ့ပေမယ့် ရုရှားနိုင်ငံ ရဲ့ပြိုင်ဘက်နိုင်ငံတွေကတော့ ဆာဂေးလာရော့ဗ်ကို လိုလားနှစ်သက်ခြင်းမရှိဘဲ အမေရိကန်၊ ဂျပန်၊ ကနေဒါ၊ နယူးဇီလန်၊ ဩစတြေးလျနိုင်ငံ၊ ဆွစ်ဇာလန် နဲ့ ဥရောပသမဂ္ဂတို့က ပစ်မှတ်ထားပိတ်ဆို့မှုချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ဆာဂေးလာရော့ဗ်ဟာ ရုရှားနဲ့နော်ဝေးနိုင်ငံကြား ဘာရမ်ပင်လယ်အရေးကိစ္စနလဲ့ပတ်သက်ပြီး အငြင်းပွားမှု တွေကို ကြားဝင်စေ့စပ်ဆွေးနွေးပေးခဲ့ရာ အောင်မြင်မှု များရရှိခဲ့တဲ့အတွက် (၂၀၁၁)ခုနှစ်မှာ နော်ဝေးတက္ကသိုလ်ရဲ့ ဂုဏ်ထူး ဆောင်ဒေါက်တာဘွဲ့ ချီးမြှင့်ခံခဲ့ရဖူးပါတယ်။ သူဟာ ရုရှားသံတမန် လုပ်ငန်းမှာ နှစ်ပေါင်းများစွာကြာ တာဝန် ထမ်းဆောင်ချိန်အတွင်း အဆိုးအကောင်းတွေကို စိန်ခေါ်မှုတွေရှိခဲ့ပေမယ့် အကောင်းဆုံးပုံစံမျိုးနဲ့ကျော်ဖြတ်၊ ဖြေရှင်းနိုင်ခဲ့တဲ့အတွက် ရုရှားနိုင်ငံရဲ့သူရဲကောင်းဘွဲ့ အပါအဝင် ရုရှား အစိုးရကချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဆုပေါင်း အနည်း ဆုံး (၁၀) ခု ရရှိခဲ့ပါတယ်။ ဒါ့ပြင် ဆာဂေးလာရော့ဗ်ရဲ့ သံတမန်ရေးလုပ်ငန်းတွေမှာ ကျွမ်းကျင်လိမ္မာစွာ ကိုင် တွယ်ဖြေရှင်းနိုင်မှုတွေကိုအသိမှတ်ပြုမှုအဖြစ် ဘီလာရုစ်နဲ့ ဟန်ဂေရီအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း (၁၉)နိုင်ငံက ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ပေးခဲ့ တယ်လို့သိရပါတယ်။
ကမ္ဘာတစ်ဝန်းရှိ တက္ကသိုလ်တွေက ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့တွေ ချီးမြှင့်ခဲ့ရာ ဆာဂေး လာရော့ဗ်ဟာ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ သုံးခုရရှိ ထားပါတယ်။ (၂၀၂၂)ခုနှစ်မှာစတင်ခဲ့တဲ့ ရုရှားနဲ့ ယူကရိန်းနိုင်ငံကြား စစ်ပွဲဟာ သုံးနှစ်ကျော်လာချိန်မှာ အပစ်ခတ်ရပ်စဲရေး ရယူနိုင်မယ့်အလားအလာတွေရှိ လာနေပြီး ဆာဂေးလာရော့ဗ်ဟာ ယူကရိန်း နဲ့ ရုရှားကြား အပစ်ခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးနိုင်အောင် သံတမန်ရေးနည်းလမ်းနဲ့ ဘယ်လိုမျိုးကိုင်တွယ် ဖြေရှင်း စွမ်းဆောင်ပေးမလဲဆို တာ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရဖွယ်ရှိနေပါတယ်။

Zawgyi Version:
႐ုရွားသမၼတပူတင္ရဲ႕လက္႐ုံးတစ္ဆူ (သို႔) ႐ုရွားႏိုင္ငံရဲ႕ထိပ္တန္း ဝါရင့္သံတမန္ ‘ဆာေဂးလာေရာ့ဗ္’
ဂ်န္ဇက္ (NP News) - မတ္ ၁၁

႐ုရွားႏိုင္ငံ သမိုင္းတစ္ေလွ်ာက္ သက္တမ္း အၾကာဆုံး ႏိုင္ငံျခားေရးဝန္ႀကီးေတြထဲမွာ ဆာေဂး လာေရာ့ဗ္လည္း ပါဝင္ေနပါတယ္။ ဆာေဂးလာ ေရာဗ့္ဟာ အသက္ (၇၅)ႏွစ္အ႐ြယ္ရွိေနေပမယ့္ ႐ုရွားသမၼတ ပူတင္ရဲ႕အားကိုးရတဲ့ လက္႐ုံးတစ္ဆူ အျဖစ္ လက္ရွိအခ်ိန္အထိ ဆက္လက္ရွိေနဆဲျဖစ္ ကာ ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ ဆက္လက္တာဝန္ယူ ေနဆဲျဖစ္ပါတယ္။
ဆာေဂးလာေရာ့ဗ္ကို (၁၉၅၀)ျပည့္ႏွစ္ မတ္လမွာ ေမြးဖြားခဲ့ၿပီး(၂၀ဝ၄)ခုႏွစ္ကတည္းက ႏိုင္ငံျခားေရးဝန္ႀကီး အျဖစ္ လက္ရွိအခ်ိန္တာဝန္ယူေန ဆဲျဖစ္ပါတယ္။ ဆိုဗီယက္ျပည္ေထာင္စု ႏိုင္ငံအျဖစ္ ရွိေနခ်ိန္ကာလအတြင္း ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ တာဝန္ယူခဲ့တဲ့ အန္ဒရီဂ႐ိုမီကို ၿပီးရင္ ဆာေဂး လာေရာ့ဗ္ဟာ ႏိုင္ငံျခားေရးဝန္ႀကီး အျဖစ္သက္တမ္းအၾကာဆုံး တာဝန္ထမ္းေဆာင္ေနသူျဖစ္ပါတယ္။ ဆာေဂးလာေရာ့ဗ္ကို ေမာ္စကိုၿမိဳ႕မွာေမြးဖြားခဲ့ၿပီး (၁၉၇၂)ခုႏွစ္က ေမာ္စကိုႏိုင္ငံတကာဆက္ဆံေရး အင္စတီက်ဳကေန ဘြဲ႕ရရွိခဲ့သူျဖစ္ပါတယ္။ ဖခင္ျဖစ္ သူဟာအာေမးနီး ယားလူမ်ိဳးျဖစ္ၿပီး မိခင္ျဖစ္သူက ႐ုရွားလူမ်ိဳးျဖစ္ပါတယ္။ ငယ္စဥ္ကေလးဘဝနဲ႔ ပညာေရးကို ေမာ္စကိုၿမိဳ႕ရွိ ေက်ာင္းေတြမွာ တက္ေရာက္သင္ယူခဲ့ၿပီး အထက္တန္းေက်ာင္းၿပီးဆုံး ခ်ိန္မွာ ေမာ္စကိုၿမိဳ႕ရွိ အမ်ိဳးသားန်ဴကလီးယား တကၠသိုလ္ သို႔မဟုတ္ ေမာ္စကို႐ူပေဗဒတကၠသိုလ္ကို တက္ေရာက္ဖို႔လိုလားခဲ့ေပမယ့္ ေမာ္စကို ႏိုင္ငံတကာဆက္ဆံ ေရးကို တက္ေရာက္ခဲ့သူျဖစ္ပါတယ္။ ဆာေဂးလာေရာ့ဗ္ဟာ (၁၉၇၂)ခုႏွစ္မွာ ဘြဲ႕ ရရွိခဲ့ၿပီးေနာက္ ႐ုရွားႏိုင္ငံျခားေရး ဝန္ႀကီးဌာနမွာ ဝင္ေရာက္လုပ္ကိုင္ခဲ့ၿပီး ဆာေဂးလာေရာ့ဗ္ဟာ သီရိလကၤာႏိုင္ငံဆိုင္ရာ ဆိုဗီယက္သံ႐ုံးမွာ အႀကံေပး အျဖစ္တာဝန္ယူခဲ့ပါတယ္။ ႐ုရွားႏိုင္ငံသား တစ္ဦးျဖစ္ေပမယ့္ ျပင္သစ္၊ အဂၤလိပ္ ဘာသာစကားေတြအျပင္ Sinhala, Dhivehi, ဘာသာစကား ေတြကို ကြၽမ္းက်င္စြာေျပာဆိုႏိုင္သူျဖစ္ပါတယ္။ ဆာေဂးလာေရာ့ဗ္ဟာ (၁၉၈၁)ခုႏွစ္ကေန (၁၉၈၈)ခုႏွစ္အထိ ကုလသမဂၢဆိုင္ရာ ဆိုဗီယက္ သံတမန္ အဖြဲ႕မွာ ရာထူးအမ်ိဳးမ်ိဳးကို တာဝန္ယူခဲ့ဖူးသူ ျဖစ္ပါတယ္။
၎ဟာ (၁၉၈၀) ျပည့္ႏွစ္ေနာက္ပိုင္းမွာ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ႏိုင္ငံတကာအဖြဲ႕အစည္းရဲ႕ ဒုတိယ ဒါ႐ိုက္တာအျဖစ္တာဝန္ယူခဲ့ၿပီး (၁၉၉၂)ခုႏွစ္မွာ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန ဒုတိယႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ တာဝန္ယူခဲ့ပါတယ္။ ဒါ့ျပင္ ဆာေဂးလာေရာ့ဗ္ဟာ ကုလသမဂၢဆိုင္ရာ ႐ုရွားႏိုင္ငံရဲ႕အၿမဲတမ္း သံအမတ္ႀကီးရာထူးကို (၁၉၉၄)ခုႏွစ္ကေန (၂၀ဝ၄)ခုႏွစ္အထိ တာဝန္ယူခဲ့ ပါတယ္။ (၁၉၉၄)ခုႏွစ္ကေန (၂၀ဝ၄)ခုႏွစ္အထိ ကမာၻတစ္ဝန္းမွာ ကိုဆိုဗိုစစ္ပြဲ၊ အီရတ္ႏိုင္ငံကို အေမရိကန္ႏိုင္ငံက က်ဴးေက်ာ္တိုက္ခိုက္မႈအပါအဝင္ ကမာၻ႔ေရးရာျပႆနာ အမ်ား အျပား ျဖစ္ပြားခဲ့ရာ ဆာေဂးလာေရာ့ဗ္ဟာ ႐ုရွားႏိုင္ငံအက်ိဳးစီးပြားအတြက္ ကုလသမဂၢဆိုင္ရာ ႐ုရွားသံအမတ္ႀကီးအျဖစ္ တာဝန္ ယူခ်ိန္အတြင္း အေကာင္းဆုံးကိုင္တြယ္ေျဖရွင္းႏိုင္ခဲ့ပါတယ္။ ကုလသမဂၢႏိုင္ငံဆိုင္ရာ ႐ုရွားသံအမတ္ ႀကီးအျဖစ္တာဝန္ယူခ်ိန္အတြင္းမွာလည္း ကုလသမဂၢ လုံၿခဳံေရးေကာင္စီမွာ ႐ုရွားႏိုင္ငံကို ဩဇာလႊမ္းမိုးမႈရွိ တဲ့အဖြဲ႕ ဝင္ႏိုင္ငံျဖစ္လာေစဖို႔နဲ႔ ႐ုရွားႏိုင္ငံရဲ႕ႏိုင္ငံျခား ေရးမူဝါဒေတြ၊ အက်ိဳးစီးပြားေတြကိုအေကာင္းဆုံးပုံစံမ်ိဳးနဲ႔ ခုခံ ကာကြယ္ခဲ့ သလို အခက္ခဲျပႆနာေတြကို ကိုင္တြယ္ေျဖရွင္းႏိုင္ခဲ့ပါတယ္။
ကုလသမဂၢဆိုင္ရာ ႐ုရွားသံအမတ္ႀကီးအျဖစ္တာဝန္ယူခ်ိန္အတြင္း ႐ုရွားႏိုင္ငံအက်ိဳးစီးပြားကို ကာကြယ္စြမ္း ေဆာင္ေပးႏိုင္တဲ့အတြက္ (၂၀ဝ၄)ခုႏွစ္မတ္လမွာ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ ရာထူးတိုးျမႇင့္ခံခဲ့ရၿပီး ႐ုရွားႏိုင္ငံျခား ေရးဝန္ႀကီးအျဖစ္တာဝန္ယူခ်ိန္အတြင္း သံတမန္ေရးရာအခက္ ခဲျပႆနာေတြအပါအဝင္ ႐ုရွားႏိုင္ငံ အက်ိဳးစီးပြား ေတြကို ကိုင္တြယ္ေျဖရွင္းႏိုင္တဲ့အတြက္ ႐ုရွားသမၼတ ပူတင္ရဲ႕ အားကိုးအယုံၾကည္ဆုံးရသူ တစ္ဦးျဖစ္လာခဲ့ ပါတယ္။ ဆာေဂးလာေရာဗ့္ဟာ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ခန႔္အပ္ခံရခ်ိန္ေနာက္ပိုင္းမွာလည္း ကမာၻ႔ေရးရာ ျပႆနာ ေတြအျပင္ ႐ုရွားႏိုင္ငံရဲ႕စစ္ပြဲေတြကို သံတမန္ေရးနည္းလမ္းနဲ႔ အေကာင္းဆုံးတုံ႔ ျပန္ေျဖရွင္းေပးႏိုင္ခဲ့ သူျဖစ္ပါတယ္။ ၎ကို ႏိုင္ငံေရး သမားေတြထက္ ရဲရင္တဲ့ အစိုးရဝန္ထမ္းတစ္ဦးအျဖစ္ ခ်ီးက်ဴးေျပာဆိုၾကသလို ရဲရင့္ တည္ၾကည္တဲ့ သံတမန္တစ္ဦးအျဖစ္ ခ်ီးက်ဴးၾကပါတယ္။ ၿဗိတိန္ႏိုင္ငံရွိ ႐ုရွားႏိုင္ငံျခားေရးကြၽမ္းက်င္သူတစ္ဦးက ဆာေဂး လာေရာ့ဗ္ကို ကိုင္တြယ္ရခက္ခဲၿပီး ယုံၾကည္စိတ္ခ်ရတဲ့၊ အလြန္ေခတ္မီတဲ့ေစ့စပ္ညႇိႏႈိင္းေရးမႉးတစ္ဦးအျဖစ္ ခ်ီးက်ဴးေျပာဆိုခဲ့ဖူးပါ တယ္။ ႐ုရွားႏိုင္ငံရဲ႕ႏိုင္ငံ ျခားေရးမူဝါဒေတြနဲ႔ပတ္သက္ၿပီး ဆာေဂးလာေရာ့ဗ္ဟာ ေရွ႕တန္းကေန ဦးေဆာင္ေနသူတစ္ဦး ျဖစ္တယ္လို႔လည္း ဆိုၾကပါတယ္။ အေမရိကန္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနတာဝန္ရွိသူေတြက ဆာေဂးလာေရာ့ဗ္ကို ႐ုရွားသမၼတပူတင္ရဲ႕အၾကမ္းဖက္ဆန္တဲ့ ႏိုင္ငံျခား ေရးမူဝါဒေတြကို အဓိက အေကာင္အထည္ေဖာ္ ေပးသူအျဖစ္ ေဝဖန္ျပစ္တင္ထားပါတယ္။ ဆာေဂးလာေရာဗ့္ဟာ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးျဖစ္လာခဲ့ၿပီးေနာက္ ပိုင္း ႐ုရွားႏိုင္ငံနဲ႔မဟာ မိတ္ဆက္ဆံေရးရွိေနတဲ့ ဆီးရီးယားႏိုင္ငံမွာ ျဖစ္ပြားခဲ့တဲ့ ျပည္တြင္းစစ္ကိုလည္း ၾကားဝင္ေစ့စပ္ ေဆြးေႏြးခဲ့သလို (၂၀၁၄)ခုႏွစ္က ႐ုရွားနဲ႔ ယူကရိန္းႏိုင္ငံၾကားျဖစ္ပြားခဲ့တဲ့ ႐ုရွားနဲ႔ ယူကရိန္းစစ္ပြဲကိုလည္း သံတမန္ေရး နည္းလမ္းနဲ႔ ေရွ႕တန္းကေန ဦးေဆာင္ကိုင္ တြယ္ေျဖရွင္းႏိုင္ခဲ့သူျဖစ္ပါတယ္။ (၂၀၂၂) ခုႏွစ္က ႐ုရွားနဲ႔ ယူကရိန္း ႏိုင္ငံၾကား စစ္ပြဲထပ္မံျဖစ္ပြားခ်ိန္မွာလည္း ဆာေဂးလာေရာ့ဗ္ဟာ ႐ုရွားႏိုင္ငံအေပၚေဝဖန္ျပစ္တင္ခဲ့တဲ့ အေမရိကန္ ဦးေဆာင္တဲ့ အေနာက္အုပ္ စုႏိုင္ငံေတြရဲ႕ ေဝဖန္တိုက္ခိုက္မႈေတြကို သံတမန္ေရးနည္းလမ္းနဲ႔ အေကာင္းဆုံး တုံ႔ျပန္ခု ခံေပးႏိုင္ခဲ့ သူျဖစ္တယ္။ ဆာေဂးလာေရာ့ဗ္ဟာ ႐ုရွားနဲ႔ ယူကရိန္းစစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ ပစ္မွတ္ ထားစီးပြားေရး ပိတ္ဆို႔မႈခ်မွတ္ခံရခ်ိန္မွာ ႏိုင္ငံစီးပြားေရးက်ဆင္းမႈမျဖစ္ေစဖို႔ သံတမန္ ေရးနည္းလမ္း အသုံးျပဳၿပီး တ႐ုတ္၊ အိႏၵိယ၊ ႏိုင္ငံတို႔နဲ႔ ပိုမိုေကာင္းမြန္တဲ့ဆက္ဆံေရးရရွိေအာင္စြမ္းေဆာင္ေပးႏိုင္ခဲ့သူျဖစ္ပါတယ္။ ဒါ့ျပင္ ဆာေဂး လာေရာ့ဗ္ဟာ အေမရိကန္ဦးေဆာင္တဲ့ ေနတိုးစစ္ေရးမဟာမိတ္ အုပ္စု၊ ဥေရာပသမဂၢတို႔နဲ႔ ျဖစ္ပြားတဲ့ သံတမန္ေရး အခက္အခဲျပႆနာေတြကိုလည္း ႐ုရွားႏိုင္ငံအက်ိဳးစီးပြားအတြက္ခုခံတုံ႔ျပန္ႏိုင္ခဲ့သလို ေျမာက္ကိုရီးယားနဲ႔ ႐ုရွားႏိုင္ငံ ၾကား အျပန္အလွန္ဆက္ဆံေရးပိုမိုေကာင္းမြန္ေအာင္ ႀကိဳးပမ္း ေပးႏိုင္ခဲ့ပါတယ္။
ဆာေဂးလာေရာ့ဗ္ဟာ ႐ုရွားႏိုင္ငံကို ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕၊ BRICS အဖြဲ႕ ေတြမွာလည္း အဓိက အေရးပါတဲ့ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ လာေစဖို႔ သံတမန္ေရးနည္းလမ္းနဲ႔ အေကာင္းဆုံးစြမ္း ေဆာင္ေပးႏိုင္ခဲ့သူျဖစ္ပါတယ္။ အစၥေရးနဲ႔ဟားမတ္စ္ လက္နက္ကိုင္အဖြဲ႕ၾကား ဂါဇာစစ္ပြဲျဖစ္ပြားခ်ိန္မွာလည္း ဆာေဂးလာေရာ့ဗ္ဟာ ႐ုရွားႏိုင္ငံ အက်ိဳးစီးပြားအတြက္ အစၥေရးနဲ႔ အေမရိကန္ႏိုင္ငံတို႔ကို ေဝဖန္ေျပာ ဆိုတာေတြရွိခဲ့သူျဖစ္ပါတယ္။ ဆာေဂး လာေရာ့ဗ္ ဟာ သံတမန္ေရးပိုင္းမွာ ထက္ျမက္မႈရွိသလို ေစ့စပ္ေဆြး ေႏြးမႈပိုင္းမွာလည္း ပါးနပ္သူတစ္ဦးျဖစ္တဲ့အတြက္ ႐ုရွားသမၼတဟာ ၎ရဲ႕သမၼတသက္တမ္းအတြင္း ဆာေဂးလာေရာ့ဗ္ကို ဆက္လက္တာဝန္ေပးေနတာလည္းျဖစ္ပါ တယ္။ ဆာေဂးလာေရာ့ဗ္ဟာ အေနအထိုင္႐ိုးသားေအးေဆးသူျဖစ္ၿပီး အားကစားကိုစိတ္ ဝင္စားသူတစ္ဦးျဖစ္ကာ ႐ုပ္သံကေန ေဘာလုံးပြဲမ်ား ၾကည့္ရႈရျခင္းကို ဝါသနာပါသူတစ္ဦးျဖစ္သလို စပါးတပ္ေမာ္စကိုအသင္း ရဲ႕အမာခံပရိ သတ္တစ္ဦးျဖစ္ ပါတယ္။
၎ဟာ (၁၉၇၁) ခုႏွစ္မွာ ႐ုရွားစီးပြားေရးသမား အလက္ဇန္နဒါ ဗီႏိုကူေရာ့ဗ္နဲ႔ အိမ္ေထာင္ျပဳခဲ့ၿပီး သမီး တစ္ဦးနဲ႔ ေျမးႏွစ္ဦးရွိေနသူျဖစ္ပါတယ္။ ဆာေဂးလာေရာ့ဗ္ဟာ ႐ုရွားႏိုင္ငံအက်ိဳးစီးပြားကို ကာကြယ္ခဲ့ေပမယ့္ ႐ုရွားႏိုင္ငံ ရဲ႕ၿပိဳင္ဘက္ႏိုင္ငံေတြကေတာ့ ဆာေဂးလာေရာ့ဗ္ကို လိုလားႏွစ္သက္ျခင္းမရွိဘဲ အေမရိကန္၊ ဂ်ပန္၊ ကေနဒါ၊ နယူးဇီလန္၊ ဩစေၾတးလ်ႏိုင္ငံ၊ ဆြစ္ဇာလန္ နဲ႔ ဥေရာပသမဂၢတို႔က ပစ္မွတ္ထားပိတ္ဆို႔မႈခ်မွတ္ခဲ့တယ္လို႔ သိရပါတယ္။ ဆာေဂးလာေရာ့ဗ္ဟာ ႐ုရွားနဲ႔ေနာ္ေဝးႏိုင္ငံၾကား ဘာရမ္ပင္လယ္အေရးကိစၥနလဲ့ပတ္သက္ၿပီး အျငင္းပြားမႈ ေတြကို ၾကားဝင္ေစ့စပ္ေဆြးေႏြးေပးခဲ့ရာ ေအာင္ျမင္မႈ မ်ားရရွိခဲ့တဲ့အတြက္ (၂၀၁၁)ခုႏွစ္မွာ ေနာ္ေဝးတကၠသိုလ္ရဲ႕ ဂုဏ္ထူး ေဆာင္ေဒါက္တာဘြဲ႕ ခ်ီးျမႇင့္ခံခဲ့ရဖူးပါတယ္။ သူဟာ ႐ုရွားသံတမန္ လုပ္ငန္းမွာ ႏွစ္ေပါင္းမ်ားစြာၾကာ တာဝန္ ထမ္းေဆာင္ခ်ိန္အတြင္း အဆိုးအေကာင္းေတြကို စိန္ေခၚမႈေတြရွိခဲ့ေပမယ့္ အေကာင္းဆုံးပုံစံမ်ိဳးနဲ႔ေက်ာ္ျဖတ္၊ ေျဖရွင္းႏိုင္ခဲ့တဲ့အတြက္ ႐ုရွားႏိုင္ငံရဲ႕သူရဲေကာင္းဘြဲ႕ အပါအဝင္ ႐ုရွား အစိုးရကခ်ီးျမႇင့္တဲ့ ဂုဏ္ထူးေဆာင္ဆုေပါင္း အနည္း ဆုံး (၁၀) ခု ရရွိခဲ့ပါတယ္။ ဒါ့ျပင္ ဆာေဂးလာေရာ့ဗ္ရဲ႕ သံတမန္ေရးလုပ္ငန္းေတြမွာ ကြၽမ္းက်င္လိမၼာစြာ ကိုင္ တြယ္ေျဖရွင္းႏိုင္မႈေတြကိုအသိမွတ္ျပဳမႈအျဖစ္ ဘီလာ႐ုစ္နဲ႔ ဟန္ေဂရီအပါအဝင္ ကမာၻ႔ႏိုင္ငံေပါင္း (၁၉)ႏိုင္ငံက ဂုဏ္ထူးေဆာင္ဆုမ်ား ခ်ီးျမႇင့္ေပးခဲ့ တယ္လို႔သိရပါတယ္။
ကမာၻတစ္ဝန္းရွိ တကၠသိုလ္ေတြက ဂုဏ္ထူးေဆာင္ေဒါက္တာဘြဲ႕ေတြ ခ်ီးျမႇင့္ခဲ့ရာ ဆာေဂး လာေရာ့ဗ္ဟာ ဂုဏ္ထူးေဆာင္ေဒါက္တာဘြဲ႕ သုံးခုရရွိ ထားပါတယ္။ (၂၀၂၂)ခုႏွစ္မွာစတင္ခဲ့တဲ့ ႐ုရွားနဲ႔ ယူကရိန္းႏိုင္ငံၾကား စစ္ပြဲဟာ သုံးႏွစ္ေက်ာ္လာခ်ိန္မွာ အပစ္ခတ္ရပ္စဲေရး ရယူႏိုင္မယ့္အလားအလာေတြရွိ လာေနၿပီး ဆာေဂးလာေရာ့ဗ္ဟာ ယူကရိန္း နဲ႔ ႐ုရွားၾကား အပစ္ခတ္ရပ္စဲေရးနဲ႔ ၿငိမ္းခ်မ္းေရးစာခ်ဳပ္ လက္မွတ္ေရးထိုးႏိုင္ေအာင္ သံတမန္ေရးနည္းလမ္းနဲ႔ ဘယ္လိုမ်ိဳးကိုင္တြယ္ ေျဖရွင္း စြမ္းေဆာင္ေပးမလဲဆို တာ စိတ္ဝင္စားဖြယ္ေစာင့္ၾကည့္ရဖြယ္ရွိေနပါတယ္။

Related news

© 2021. All rights reserved.