တောင်ကိုရီးယားစစ်တပ်တွင် အထူးစစ်သည်တော်ဘွဲ့ ချီးမြှင့်ခံခဲ့ရသည့် BTS အဖွဲ့ဝင် V

113

Pika (NP News) - မတ် ၁၁
တောင်ကိုရီးယားစစ်တပ်တွင် တပ်ကြပ် ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသော တောင်ကိုရီး ယားနာမည် ကျော် အမျိုးသားအဆိုတော်အဖွဲ့ BTS ၏အဖွဲ့ဝင်တစ်ဦးဖြစ်သူ V သည် အထူးစစ်သည်တော်ဘွဲ့ကို ရရှိခဲ့ကြောင်း သိရသည်။ V သည် ၎င်း၏စစ်မှု ထမ်းဘဝနှင့်ပတ်သက်သည့် နောက်ဆုံးသတင်းအချက်အလက်များကို မျှဝေမှုနှင့် အတူ အထူးစစ်သည်တော်ဘွဲ့ကို ချီးမြှင့်ခံခဲ့ရသည့် သတင်းများထွက်ပေါ်လာခြင်းဖြစ်သည်။
V က “တောင်ကိုရီးယားစစ်တပ်မှာ တာဝန်ထမ်းဆောင်ချိန်အတွင်း ဒုတိယတန်း တပ်ကြပ်ကြီးအဖြစ် ရာထူး တိုးခံထားရပါတယ်။ ကျွန်တော် အခု ဒုတိယတန်းမှာရာထူးရရှိထားပေမယ့် မကြာခင် အချိန်အတွင်းမှာ ပထမတန်းကို ရာထူးတက်နိုင်တော့မှာပါ”ဟု ပြောဆိုခဲ့သည်။ ထို့ပြင် အထူးစစ် သည်တော်ဘွဲ့ချီးမြှင့်ခံရခြင်းနှင့် ပတ်သက်ပြီး V က နောက်ထပ် အသေးစိတ်အချက်အလက်များကို မျှဝေခဲ့ကြောင်းလည်းသိရသည်။ V က “မကြာသေးခင်က ကျွန်တော် အထူးစစ်သည်တော် ဘွဲ့ကို ချီးမြှင့်ခံခဲ့ရပါတယ်။ ကျွန်တော် အလုပ်အရမ်းကြိုးစားခဲ့ လို့ ခုလို ချီးမြှင့်ခံခဲ့ရတာပါ။ ကျွန် တော် တစ်ကြိမ်တုန်းကဆိုရင် နံရိုးဒဏ်ရာတောင်ရရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း အကောင်းဆုံးပုံစံနဲ့ပြန်လာနိုင်အောင် ကျွန်တော် ကြိုးစားခဲ့ပါတယ်”ဟု ပြောဆိုခဲ့သည်။
ထို့ပြင် V သည် လက်ရှိအချိန်တွင် ၎င်း၏ခန္ဓာကိုယ်ကြံ့ခိုင်မှုလေ့ကျင့်ခန်းများနှင့်ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို ထပ်မံမျှဝေခဲ့ကြောင်းလည်းသိရသည်။ V က ‘‘ကျွန်တော် အခု အလေးချိန်(၇၀)ကီလိုဂရမ်ရှိ နေပါပြီ။ ကျွန်တော်ရဲ့ပရိသတ်တွေဆီကို အကောင်းဆုံးပုံစံနဲ့ပြန်လာနိုင်အောင်လည်း ကြိုးစားနေပါတယ်”ဟု ပြောဆိုခဲ့သည်။

Zawgyi Version:
ေတာင္ကိုရီးယားစစ္တပ္တြင္ အထူးစစ္သည္ေတာ္ဘြဲ႕ ခ်ီးျမႇင့္ခံခဲ့ရသည့္ BTS အဖြဲ႕ဝင္ V
Pika (NP News) - မတ္ ၁၁
ေတာင္ကိုရီးယားစစ္တပ္တြင္ တပ္ၾကပ္ ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ေနေသာ ေတာင္ကိုရီး ယားနာမည္ ေက်ာ္ အမ်ိဳးသားအဆိုေတာ္အဖြဲ႕ BTS ၏အဖြဲ႕ဝင္တစ္ဦးျဖစ္သူ V သည္ အထူးစစ္သည္ေတာ္ဘြဲ႕ကို ရရွိခဲ့ေၾကာင္း သိရသည္။ V သည္ ၎၏စစ္မႈ ထမ္းဘဝႏွင့္ပတ္သက္သည့္ ေနာက္ဆုံးသတင္းအခ်က္အလက္မ်ားကို မွ်ေဝမႈႏွင့္ အတူ အထူးစစ္သည္ေတာ္ဘြဲ႕ကို ခ်ီးျမႇင့္ခံခဲ့ရသည့္ သတင္းမ်ားထြက္ေပၚလာျခင္းျဖစ္သည္။
V က “ေတာင္ကိုရီးယားစစ္တပ္မွာ တာဝန္ထမ္းေဆာင္ခ်ိန္အတြင္း ဒုတိယတန္း တပ္ၾကပ္ႀကီးအျဖစ္ ရာထူး တိုးခံထားရပါတယ္။ ကြၽန္ေတာ္ အခု ဒုတိယတန္းမွာရာထူးရရွိထားေပမယ့္ မၾကာခင္ အခ်ိန္အတြင္းမွာ ပထမတန္းကို ရာထူးတက္ႏိုင္ေတာ့မွာပါ”ဟု ေျပာဆိုခဲ့သည္။ ထို႔ျပင္ အထူးစစ္ သည္ေတာ္ဘြဲ႕ခ်ီးျမႇင့္ခံရျခင္းႏွင့္ ပတ္သက္ၿပီး V က ေနာက္ထပ္ အေသးစိတ္အခ်က္အလက္မ်ားကို မွ်ေဝခဲ့ေၾကာင္းလည္းသိရသည္။ V က “မၾကာေသးခင္က ကြၽန္ေတာ္ အထူးစစ္သည္ေတာ္ ဘြဲ႕ကို ခ်ီးျမႇင့္ခံခဲ့ရပါတယ္။ ကြၽန္ေတာ္ အလုပ္အရမ္းႀကိဳးစားခဲ့ လို႔ ခုလို ခ်ီးျမႇင့္ခံခဲ့ရတာပါ။ ကြၽန္ ေတာ္ တစ္ႀကိမ္တုန္းကဆိုရင္ နံ႐ိုးဒဏ္ရာေတာင္ရရွိခဲ့ပါတယ္။ ဒါေပမဲ့လည္း အေကာင္းဆုံးပုံစံနဲ႔ျပန္လာႏိုင္ေအာင္ ကြၽန္ေတာ္ ႀကိဳးစားခဲ့ပါတယ္”ဟု ေျပာဆိုခဲ့သည္။
ထို႔ျပင္ V သည္ လက္ရွိအခ်ိန္တြင္ ၎၏ခႏၶာကိုယ္ႀကံ့ခိုင္မႈေလ့က်င့္ခန္းမ်ားႏွင့္ပတ္သက္ၿပီး အေသးစိတ္ အခ်က္အလက္မ်ားကို ထပ္မံမွ်ေဝခဲ့ေၾကာင္းလည္းသိရသည္။ V က ‘‘ကြၽန္ေတာ္ အခု အေလးခ်ိန္(၇၀)ကီလိုဂရမ္ရွိ ေနပါၿပီ။ ကြၽန္ေတာ္ရဲ႕ပရိသတ္ေတြဆီကို အေကာင္းဆုံးပုံစံနဲ႔ျပန္လာႏိုင္ေအာင္လည္း ႀကိဳးစားေနပါတယ္”ဟု ေျပာဆိုခဲ့သည္။