အီလွန်မက်စ်ပြောတဲ့ စင်ကာပူပျောက်ကွယ်သွားနိုင်သော

 164

လင်းမြတ် (NP News) - မတ် ၁၁

အမေရိကန်နိုင်ငံ၏ ကမ္ဘာကျော်ထရီလျံ နာသူဋ္ဌေးကြီး အီလွန်မက်စ်က ကလေးမွေးဖွားနှုန်း (ဝ.၉၇)အထိကျ ဆင်းလာတဲ့ စင်ကာပူနိုင်ငံဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားနိုင်ကြောင်း Singapore is going extinct လို့ခန့်မှန်း ဟောကိန်းထုတ်ခဲ့ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေ ထဲမှာ စီးပွားရေးအရရော တစ်ဦးချင်းဝင်ငွေအရပါ ပြိုင်ဘက်မရှိ ထိပ်ဆုံးကရပ်တည်နေနိုင်တဲ့ စင်ကာပူနိုင်ငံဟာ တစ်ဖက်မှာလည်း နေထိုင်မှုကုန်ကျစရိတ်အကြီးမားဆုံးနိုင်ငံဖြစ်နေ တယ်ဆိုတာကိုလည်း ရောက်ဖူး လေ့လာဖူးသူတိုင်း သိကြမယ်ဟုထင်မိပါတယ်။

စင်ကာပူနိုင်ငံ သက်ကြီးလူဦးရေ (Aging Population) နှင့် မွေးဖွားနှုန်း (TFR)
စင်ကာပူနိုင်ငံ လူဦးရေဟာ ယေဘုယျအားဖြင့် ခန့်မှန်း(၆)သန်းနီးပါရှိသည့်အနက် တကယ့်နိုင်ငံသားစစ်စစ် လူဦးရေမှာ (၃.၆)မှ (၃.၉)သန်းခန့်အထိသာရှိပြီး ကျန်လူဦးရေမှာ အမြဲတမ်း နေထိုင်ခွင့်ရှိသူ၊ အလုပ်ဖြင့်နေထိုင်သူ၊ ၎င်းတို့ရဲ့မှီခို သူနဲ့ ပြည်ပမှကျောင်းသားများ အစရှိသော နိုင်ငံခြားသားတွေဖြစ်ပါတယ်။ စင်ကာပူနိုင်ငံဟာ (၂၀၂၅) ခုနှစ်မှာ နိုင်ငံရှိလူ(၅)ဦးတွင် (၁)ဦးမှာ ပင်စင်စား အလုပ်နားအရွယ်သက်ကြီးများဖြစ်နေပြီး လာမည့် (၂၀၂၉) ခုနှစ် နောက်ပိုင်းတွင်မူ လူဦးရေ (၄)ဦးတွင် (၁)မှာ ပင်စင်စားအလုပ်နားအရွယ်သက်ကြီး ဖြစ်လာနိုင်လောက်သည်အထိ နိုင်ငံ၏အိုမင်းလူဦးရေ တိုးပွားလာနိုင်ကြောင်း အစိုးရက သုတေသနပြုကြေ ညာထားပြီးလည်းဖြစ်ပါသည်။
ထို့အတူ အီလွန်မက်စ်ပြောတဲ့ နှစ်စဉ် စုစုပေါင်းကလေးမွေးဖွားနှုန်း total fertility rate (TFR) ကလည်း ဆယ်စုနှစ် (၃)ခုဆက်တိုက် dec­lining for three decades နှစ်စဉ်ကျဆင်းလာကာ ယခု(ဝ.၉၇)ရောက်သည်အထိ ကျဆင်းလာပြီး ဆက်လက်ကျဆင်းနိုင်ဖွယ်အနေအထားလည်း များစွာရှိလာနေသည်။ လူငယ်များအကြား အတူနေထိုင် မှုများရှိသော်လည်း အိမ်ထောင်ပြုစုံတွဲဦးရေနှင့်အတူ ကွာရှင်းစုံတွဲဦးရေသည်လည်း ရာခိုင်နှုန်းအားဖြင့် အပြိုင် အဆိုင်ဖြစ်လာသည်။ အိမ်ထောင်မြဲသူများအကြားတွင်လည်း ကလေးယူခြင်းကို အယုံအကြည်ရှိသူကျ ဆင်းလာပြီး သားသမီးမယူသူ စုံတွဲ များပြားလာသည်။ တစ်ဖက်မှလည်း ကလေးတစ်ယောက်ကို လက်တွေ့ ကျကျပြုစုပျိုးထောင် မည်ဆိုပါက စရိတ်ကလည်း မတွေးဝံ့လောက်စရာ ကြီးမားလှသည်။ လူငယ်စုံတွဲများအကြား ကလေးယူသည်မှာ စွန့်စား မှုကြီးတစ်ခုကဲ့သို့ ဖြစ်လာသည်။ အစိုးရက ကလေးမွေးသူများကိုပေးသော ကလေးဆုကြေး Baby Bonus စင်ကာပူဒေါ် လာ(၃၀ဝဝ)သည်လည်း ဆွဲဆောင်မှုမရှိလှပေ။ ကလေးတစ်ယောက် အကြီးအကျယ်ဖျား၍ဆေးရုံတက် ရလျှင် စင်ကာပူ ဒေါ်လာ (၃၀ဝဝ)ဟာ တစ်ရက်စာ ဆေးရုံကုန်ကျရိတ်များကိုပင် ကာနိုင်ရန် ခက်ခဲလှသည်။

အလုပ်အကိုင်နှင့် နေထိုင်မှုကုန်ကျစရိတ်အခက်အခဲများ (employment and cost of living)
စင်ကာပူနိုင်ငံသည် ယေဘုယျအားဖြင့် ဝင်ငွေနှင့်ထွက်ငွေမျှသည်ဆိုသော်ငြားလည်း ကြို တင်ငှားရမ်းငွေပေး ချေမှုစနစ်ဖြင့်သာ ဝယ်ယူရသော အိမ်၊ ကားနှင့် ချေးငွေများအတွက် လစဉ်ပြန်လည် ပေးဆောင်ရသော ကုန်ကျစရိတ်၊ ပင်စင်စုငွေ၊ အိမ်သန့်ရှင်းရေးနှင့် ရေမီးခွန်၊ အိမ် အသက် အစရှိသည် တို့အတွက် အာမခံ ပရီမီယံပေါင်းများစွာ၊ အစားအ သောက် အစရှိသော စုစုပေါင်းကုန်ကျစရိတ်များ နုတ်ပြီးပါက လူလွတ်ပင်လျှင် စုဆောင်းနိုင်ရန်ခက်ခဲ လှပြီး ကိုဗစ်ကပ် ရောဂါကာလနောက်ပိုင်း၌ ပိုမိုဆိုးရွားလာသည်။ ထို့အတူ နိုင်ငံသား အလုပ်လက်မဲ့ဦးရေမှာလည်း (သိန်း) ဂဏန်းနားတွင် အမြဲရပ်တည်နေသည်။ အာဆီယံနိုင်ငံများမှလူငယ်များက ဘဝတိုး တက်မှုအတွက်သော်လည်းကောင်း၊ ဘဝသစ်စတင် အခြေချရန်လည်းကောင်း စင်ကာပူနိုင်ငံသို့ အလုအယက်လာရောက်ချင်နေကြဆဲဖြစ်သော်လည်း၊ စင် ကာပူနိုင်ငံရှိ လူလတ်တန်းစား ပညာတတ် လူငယ်အတော်များများကတော့ ပညာရေးဆုံးခန်းတိုင်သည်နှင့် အော်ဇီ၊ နယူးဇီလန်၊ ကနေဒါ၊ အမေရိကန်ပြည်ထောင်စုနှင့် အခြားဥရောပနိုင်ငံများသို့ ပြောင်းရွှေ့နေထိုင်သူ နိုင်ငံသားခံယူ သူများလည်း ပိုမိုများပြားလာပြီး လူငယ်များအကြားရေပန်းစားကာ စိတ်ဖိစီးမှုများသော စင်ကာပူနိုင်ငံကို စွန့်ခွာကြ သည့်ဦးရေ နှစ်စဉ် တိုးတက် များပြားလာသည်။

စိတ်ဖိစီးမှုနှင့် စိတ်ကျန်းမာရေး (High Stress and Mental Health)
လွန်ခဲ့သော နှစ်ပေါင်း (၂၀)ခန့်ကစင်ကာပူနှင့် ယနေ့စင်ကာပူနှိုင်းယှဉ်ကြည့်ပါက လူငယ်စိတ် ကျန်းမာရေး ချို့တဲ့သူဦးရေများပြားလာသည်။ စာသင်အရွယ်တွင်လည်း စာသင်ကြားမှုဆိုင်ရာ စိတ်ဖိစီးမှုများရှိသကဲ့သို့ ဘွဲ့ရပြီး အလုပ်ဝင်ရန် ပြိုင်ဆိုင်မှု သည်လည်း လူငယ်များအကြား ကြီးမားသောစိန်ခေါ်မှု ကြီးဖြစ်ပြန်သည်။ အစစအရာရာကို ကုန်ကျစရိတ်၊ စိတ်ဖိစီးမှုဖြင့်သာတိုင်းတာရင်း တစ်ဦးတည်းနေ လူပျိုကြီး၊ အပျိုကြီးများ၊ အိမ်ထောင်ကွဲများ ပိုများလာကာ စိတ်ထွက်ပေါက် ပျောက်သူ၊ တိုင်ပင်ဖော်တိုင်ပင်ဖက် မဲ့သူ အများစုဖြစ်လာသည်။ ထို့အတူ ကူရာမဲ့ သား ထောက်သမီးခံဆွေမျိုးမဲ့ကာ အိမ်အတွင်း တစ်ယောက်တည်းဆုံးပါးသွားပြီး ပုပ်မှအနံ့ရ၍သိရှိရသည့် ရင်နှင့်ဖွယ် သက်ကြီးသေဆုံးမှုများဟာလည်း တစ်နှစ်ထက်တစ်နှစ် တိုးပွားလာသည်။ ကိုယ်အလုပ် လုပ်မှ ကိုယ်ရပ်တည်နိုင်မည့် လူနေမှုစနစ်တွန်းအားကြောင့် မွေးချင်းနည်းပါးသူများသည် စိတ်မကောင်း စွာဖြင့်ပင် မိအိုဖအိုကို လူအိုရုံ (သို့) သက်ကြီးစောင့် ရှောက်ရေးဂေဟာသို့ပို့ဆောင်ရမှုမှာလည်း နှစ်စဉ်မြင့် တက်လာပြီး အစိုးရကပင် လူအိုရုံတိုးချဲ့ တည်ဆောက်ခြင်းများကို တိုးကာလုပ်ဆောင်လာကြသည်။
အစိုးရက လူအိုရုံပြုစုသူ နိုင်ငံခြားသား သူနာပြုငှားရမ်းရမှုများမှာလည်း မိအိုဖအိုများကို လူအိုရုံသွားထားသူ သားသမီးများအဖို့ လစဉ်ပေးသွင်းရသော လူအိုရုံစရိတ်ကို ကြီးစေသည်အထိ သက်ရောက်မှုက ရှိပြန်သည်။ သဘာဝ သယံဇာတ တစ်ခုမျှ မရှိသည့်စင်ကာပူနိုင်ငံသည် တစ်နည်းအားဖြင့် အစစအရာရာငွေပေးဝယ်ရသည့်အတွက် လိုအပ်သည့် ဝန်ဆောင်မှုတိုင်း နိုင်ငံသားများ၏ ကုန်ကျစရိတ်များ အဖြစ် တိုက်ရိုက်အချိုးကျစေသည်။

မိမိကိုယ်မိမိ အဆုံးစီရင်မှု သေဆုံးနှုန်း (Suicide Death Rate)
စင်ကာပူနိုင်ငံသည် နှစ်စဉ် မွေးဖွားနှုန်း (၁)ရာခိုင်နှုန်းအောက်ကျဆင်းနေရုံမျှမက သာမန် သေဆုံးမှုများမပါ နိုင်ငံတွင်း နှစ်စဉ်မိမိကိုယ်မိမိ အဆုံးစီရင်နှုန်းဟာလည်း ဆယ်စုနှစ်နှင့်ချီကာ နိုင်ငံ သားလူဦးရေ၏(၁)ရာခိုင်နှုန်း နှင့်အထက် အမြဲရှိနေသည်။ အဆုံးစီရင်သူများထဲတွင် နိုင်ငံခြားသားနေထိုင် သူများပါသည်ဆိုသော်ငြားလည်း အနည်း ငယ်သာ ဖြစ်ပြီး နိုင်ငံသားမှာ အများဆုံးဖြစ်သည်။ အစိုးရက ထုတ်ပြန်သော နိုင်ငံတွင်း မိမိကိုယ်မိမိ အဆုံးစီရင်သူ မှတ်တမ်းအချက်အလက်များအရ (၂၀၁၄) ခုနှစ်တွင် (၄၁၅) ဦး၊ (၂၀၁၅) ခုနှစ်တွင် (၄၃၁) ဦး၊ (၂၀၁၆) ခုနှစ်တွင် (၄၁၅) ဦး၊ (၂၀၁၇) ခုနှစ်တွင် (၃၈၄) ဦး၊ (၂၀၁၈) ခုနှစ်တွင် (၃၉၆) ဦး၊ (၂၀၁၉) ခုနှစ်တွင် (၄၀ဝ) ဦး၊ (၂၀၂၀) ပြည့်နှစ်တွင် (၄၅၂) ဦး၊ (၂၀၂၁) ခုနှစ်တွင် (၃၇၈) ဦး၊ (၂၀၂၂) ခုနှစ်တွင် (၄၇၆) ဦး၊ (၂၀၂၂) ခုနှစ်တွင် (၃၂၂) ဦးရှိပြီး (၂၀ဝဝ)ပြည့်နှစ်မှစ၍ နှစ်စဉ်သတ်သေမှုများနှင့်နှိုင်း ယှဉ်ပါက အနည်းဆုံးသောနှစ်ဖြစ်သည်။ (၂၂၂)ယောက်သောအဆုံးစီရင်သူမှာ အမျိုးသား များဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် (၆၈.၉)ရာခိုင်နှုန်းဖြစ်သည်။ စိတ်မကောင်းစရာမှာ (၂၉.၂) ရာခိုင်နှုန်းသော အဆုံးစီရင် သူများမှာ အသက် (၁၀)နှစ်မှ (၂၉)နှစ်ကြားရှိသူများ ဖြစ်သည်။ (၂၀၂၄)ခုနှစ်အတွက် တရားဝင်သတ်သေ အဆုံးစီရင်သူ စာရင်း မကြေညာသေးသော်လည်း ရာခိုင်နှုန်းများကြောင်း သတင်းများထွက်ပေါ်လျက်ရှိ သည်။
ထို့အတွက် နှစ်စဉ်မွေးဖွားနှုန်းမှာ နိုင်ငံ လူဦးရေ၏ (၁)ရာခိုင်နှုန်းအောက်ကျဆင်းနေပြီး သာမန်သေဆုံးမှုများ မပါဘဲ နှစ်စဉ်ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သူမှာ နိုင်ငံ့လူဦးရေ၏ (၁)ရာခိုင်နှုန်းအမြဲ ကျော်နေသော နှစ်ပေါင်း(၆၀) သက်တမ်းသာရှိသေးသည့် စင်ကာပူနိုင်ငံ၏ နှစ်(၁၀ဝ) အနာဂတ်သက် တမ်းနှင့် နိုင်ငံ့လူဦးရေကို မှန်းဆကြည့်မည်ဆို ပါက အီလွန်မက်စ် စိုးရိမ်စွာခန့်မှန်းသည့်ဟောကိန်းသည် မှားဖို့ရန် ခက်ခဲလှသည်။ ကျန်ရှိသည့် နှစ်ပေါင်း(၄၀)တွင် စင်ကာပူနိုင်ငံ ပျောက်မသွားလောက်သော်လည်း၊ ခေတ်မီလက်နက်များရှိသော်ငြားလည်း နိုင်ငံကာကွယ် ရေးစိတ်ဓာတ် ပြည့်ဝသည့်နိုင်ငံသားများမရှိလျှင် အင်အားတောင့်တင်းသူနိုင်ငံများ၏အနိုင်ကျင့်ခံရနိုင်ခြေ အလားအလားများစွာအပြင် ပြင်ပခြိမ်းခြောက်မှု (Ex­ternal Threat)များစွာနှင့်လည်း ရင်ဆိုင်ရနိုင် ခြေရှိသည်။
ထိုအရေးကို ကြိုတင်တွက်ဆထားသော စင်ကာပူနိုင်ငံ့ခေါင်းဆောင်များသည် အရွယ်ရောက် ပညာတတ် နိုင်ငံခြားသားနေထိုင်သူများနှင့် ၎င်းတို့၏ သားသမီးများကို အမြဲတမ်းနေထိုင်ခွင့်နှင့် နိုင်ငံသား ပြောင်းလဲဆက်ခံခွင့် များကို စိစစ်ချပေးကာ နိုင်ငံသား လိုအပ်ချက်ကွက်လပ်များကို ဖြည့်တင်းလာနေသည်။ သို့သော် ထိုမဟာဗျူဟာမှာ စီးပွားရေး၊ ကုန်ထုတ် လုပ်ငန်းနှင့် အရည်အချင်း၊ လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်ကိုသာ ဖြည့်တင်းနိုင်မည်ဖြစ်ပြီး နိုင်ငံနှင့် တစ်သားတည်းကျမှု၊ နိုင်ငံချစ်စိတ်၊ နိုင်ငံတော်ကာ ကွယ်ရေးတာဝန်များအတွက်မူ အစိုးရခေါင်းဆောင် များအဖို့ ကြီးမားသည့်စိန်ခေါ်မှုကြီးများ ရှိနေဆဲဖြစ်သည်။
နိုင်ငံတည်မြဲရန် တည်ငြိမ်ရေးနှင့် ကာကွယ်ရေး၊ သတင်းအချက်အလက်လုံခြုံရေးမှာ အဓိကကျလှပြီး ရေကြည်ရာ မြက်နုရာကို ဘဝရှေ့ရေးအ တွက် မိမိမွေးဖွားရာနိုင်ငံ၏ နိုင်ငံသားဖြစ်ခွင့်ကိုတောင် စွန့်လွှတ်ခဲ့သူများသည် စင်ကာပူနိုင်ငံတွင် အစစသာ၍ နိုင်ငံသားခံယူလာကြသော်လည်း စင်ကာပူနိုင်ငံသာ နိုင်ငံတော်ကာကွယ်ရေး အရေးပေါ်အခြေအနေ ဖြစ်လာပါက ထိုနိုင်ငံသားသစ်များ စင်ကာပူကို တကယ်အသက်စွန့်ကာကွယ်ကြမလား၊ ခေါင်း ရှောင် စွန့်ခွာသွားကြမလားဆိုသည်ကတော့ လေးနက်သော စိုးရိမ်ဖွယ်မေးခွန်းထုတ်စရာပင်။
အထက်ပါလေ့လာမှုများကို စာရေးသူ အနေဖြင့် အမိမြန်မာပြည်အတွက် သင်ခန်းစာ ယူရပါက မိမိတို့နိုင်ငံတွင် ဖြေရှင်းမရနိုင်သေးသော သမိုင်းပြဿနာများစွာရှိနေဆဲနှင့် ယနေ့ပြဿနာများ စွာပေါ်နေဆဲဖြစ်လင့်ကစား စင်ကာပူကို လည်း မျက်ခြည်မပြတ် သင်ခန်းစာယူသင့်သည်။ နိုင်ငံစုံက Talent များဖြင့်ဖွဲ့စည်းထားသည့် Multi National country ပါဆိုသော တိုးတက်ချမ်းသာသည့်နိုင်ငံများပင် လူသားများရှိနေရုံဖြင့် တိုင်းပြည်မတည်မြဲ နိုင်ပါ။ လုံလောက်သည့် နိုင်ငံသားဦးရေရှိမှ နိုင်ငံဆိုသည်မှာ တင့်တယ်တောင့်တင်းသည်ကို သတိချပ်သင့်သည်။ မျိုးဆက်မပြတ်မှ အစဉ်အလာကြီး မားသည့် မြန်မာနိုင်ငံ အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ် ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာဆိုသည်မှာ ကမ္ဘာတည်သရွေ့ တည်ရှိနေမည်ဖြစ်သည်။ မြန်မာ နိုင်ငံသားမှဖွားသော မြန်မာကလေးများ ဆက်လက် မွေးဖွားရမည်၊ လူငယ်တို့ ကျန်းမာကြံ့ခိုင်ရမည်၊ ပညာတတ်ရမည်၊ သမိုင်းဟောင်းကို သိရမည်၊ ထိုအပေါ် တွင် သင်ခန်းစာယူ တတ်ရမည်၊ သမိုင်းသစ်ရေးသော သူများဖြစ်ရမည်၊ နိုင်ငံနှင့်နိုင်ငံ့အမွေအနှစ်များကို သမိုင်းပေးတာဝန်ကဲ့သို့ ကာကွယ်စောင့်ရှောက်ကြ ရမည်။ စည်းလုံးပြီးကျစ်လျစ်သော လူမျိုး၊ နိုင်ငံသား မရှိလျှင် နိုင်ငံဆိုသည်မှာမရှိနိုင်။ မည်သူ လာနေနေ၊ ထွက်သွားသွား ရပြီ။ ထိန်းသိမ်းမှုမဲ့သည့် ကုန်းမြေ၊ ရေပြင် သက်သက်သာဖြစ်သွားပါလိမ့်မည်။

Zawgyi Version:
အီလြန္မက္စ္ေျပာတဲ့ စင္ကာပူေပ်ာက္ကြယ္သြားႏိုင္ေသာ
လင္းျမတ္ (NP News) - မတ္ ၁၁

အေမရိကန္ႏိုင္ငံ၏ ကမာၻေက်ာ္ထရီလ်ံ နာသူေ႒းႀကီး အီလြန္မက္စ္က ကေလးေမြးဖြားႏႈန္း (ဝ.၉၇)အထိက် ဆင္းလာတဲ့ စင္ကာပူႏိုင္ငံဟာ တျဖည္းျဖည္း ေပ်ာက္ကြယ္သြားႏိုင္ေၾကာင္း Singapore is going extinct လို႔ခန႔္မွန္း ေဟာကိန္းထုတ္ခဲ့ပါတယ္။ အေရွ႕ေတာင္အာရွႏိုင္ငံေတြ ထဲမွာ စီးပြားေရးအရေရာ တစ္ဦးခ်င္းဝင္ေငြအရပါ ၿပိဳင္ဘက္မရွိ ထိပ္ဆုံးကရပ္တည္ေနႏိုင္တဲ့ စင္ကာပူႏိုင္ငံဟာ တစ္ဖက္မွာလည္း ေနထိုင္မႈကုန္က်စရိတ္အႀကီးမားဆုံးႏိုင္ငံျဖစ္ေန တယ္ဆိုတာကိုလည္း ေရာက္ဖူး ေလ့လာဖူးသူတိုင္း သိၾကမယ္ဟုထင္မိပါတယ္။

စင္ကာပူႏိုင္ငံ သက္ႀကီးလူဦးေရ (Aging Population) ႏွင့္ ေမြးဖြားႏႈန္း (TFR)
စင္ကာပူႏိုင္ငံ လူဦးေရဟာ ေယဘုယ်အားျဖင့္ ခန႔္မွန္း(၆)သန္းနီးပါရွိသည့္အနက္ တကယ့္ႏိုင္ငံသားစစ္စစ္ လူဦးေရမွာ (၃.၆)မွ (၃.၉)သန္းခန႔္အထိသာရွိၿပီး က်န္လူဦးေရမွာ အၿမဲတမ္း ေနထိုင္ခြင့္ရွိသူ၊ အလုပ္ျဖင့္ေနထိုင္သူ၊ ၎တို႔ရဲ႕မွီခို သူနဲ႔ ျပည္ပမွေက်ာင္းသားမ်ား အစရွိေသာ ႏိုင္ငံျခားသားေတြျဖစ္ပါတယ္။ စင္ကာပူႏိုင္ငံဟာ (၂၀၂၅) ခုႏွစ္မွာ ႏိုင္ငံရွိလူ(၅)ဦးတြင္ (၁)ဦးမွာ ပင္စင္စား အလုပ္နားအ႐ြယ္သက္ႀကီးမ်ားျဖစ္ေနၿပီး လာမည့္ (၂၀၂၉) ခုႏွစ္ ေနာက္ပိုင္းတြင္မူ လူဦးေရ (၄)ဦးတြင္ (၁)မွာ ပင္စင္စားအလုပ္နားအ႐ြယ္သက္ႀကီး ျဖစ္လာႏိုင္ေလာက္သည္အထိ ႏိုင္ငံ၏အိုမင္းလူဦးေရ တိုးပြားလာႏိုင္ေၾကာင္း အစိုးရက သုေတသနျပဳေၾက ညာထားၿပီးလည္းျဖစ္ပါသည္။
ထို႔အတူ အီလြန္မက္စ္ေျပာတဲ့ ႏွစ္စဥ္ စုစုေပါင္းကေလးေမြးဖြားႏႈန္း total fertility rate (TFR) ကလည္း ဆယ္စုႏွစ္ (၃)ခုဆက္တိုက္ dec­lining for three decades ႏွစ္စဥ္က်ဆင္းလာကာ ယခု(ဝ.၉၇)ေရာက္သည္အထိ က်ဆင္းလာၿပီး ဆက္လက္က်ဆင္းႏိုင္ဖြယ္အေနအထားလည္း မ်ားစြာရွိလာေနသည္။ လူငယ္မ်ားအၾကား အတူေနထိုင္ မႈမ်ားရွိေသာ္လည္း အိမ္ေထာင္ျပဳစုံတြဲဦးေရႏွင့္အတူ ကြာရွင္းစုံတြဲဦးေရသည္လည္း ရာခိုင္ႏႈန္းအားျဖင့္ အၿပိဳင္ အဆိုင္ျဖစ္လာသည္။ အိမ္ေထာင္ၿမဲသူမ်ားအၾကားတြင္လည္း ကေလးယူျခင္းကို အယုံအၾကည္ရွိသူက် ဆင္းလာၿပီး သားသမီးမယူသူ စုံတြဲ မ်ားျပားလာသည္။ တစ္ဖက္မွလည္း ကေလးတစ္ေယာက္ကို လက္ေတြ႕ က်က်ျပဳစုပ်ိဳးေထာင္ မည္ဆိုပါက စရိတ္ကလည္း မေတြးဝံ့ေလာက္စရာ ႀကီးမားလွသည္။ လူငယ္စုံတြဲမ်ားအၾကား ကေလးယူသည္မွာ စြန႔္စား မႈႀကီးတစ္ခုကဲ့သို႔ ျဖစ္လာသည္။ အစိုးရက ကေလးေမြးသူမ်ားကိုေပးေသာ ကေလးဆုေၾကး Baby Bonus စင္ကာပူေဒၚ လာ(၃၀ဝဝ)သည္လည္း ဆြဲေဆာင္မႈမရွိလွေပ။ ကေလးတစ္ေယာက္ အႀကီးအက်ယ္ဖ်ား၍ေဆး႐ုံတက္ ရလွ်င္ စင္ကာပူ ေဒၚလာ (၃၀ဝဝ)ဟာ တစ္ရက္စာ ေဆး႐ုံကုန္က်ရိတ္မ်ားကိုပင္ ကာႏိုင္ရန္ ခက္ခဲလွသည္။

အလုပ္အကိုင္ႏွင့္ ေနထိုင္မႈကုန္က်စရိတ္အခက္အခဲမ်ား (employment and cost of living)
စင္ကာပူႏိုင္ငံသည္ ေယဘုယ်အားျဖင့္ ဝင္ေငြႏွင့္ထြက္ေငြမွ်သည္ဆိုေသာ္ျငားလည္း ႀကိဳ တင္ငွားရမ္းေငြေပး ေခ်မႈစနစ္ျဖင့္သာ ဝယ္ယူရေသာ အိမ္၊ ကားႏွင့္ ေခ်းေငြမ်ားအတြက္ လစဥ္ျပန္လည္ ေပးေဆာင္ရေသာ ကုန္က်စရိတ္၊ ပင္စင္စုေငြ၊ အိမ္သန႔္ရွင္းေရးႏွင့္ ေရမီးခြန္၊ အိမ္ အသက္ အစရွိသည္ တို႔အတြက္ အာမခံ ပရီမီယံေပါင္းမ်ားစြာ၊ အစားအ ေသာက္ အစရွိေသာ စုစုေပါင္းကုန္က်စရိတ္မ်ား ႏုတ္ၿပီးပါက လူလြတ္ပင္လွ်င္ စုေဆာင္းႏိုင္ရန္ခက္ခဲ လွၿပီး ကိုဗစ္ကပ္ ေရာဂါကာလေနာက္ပိုင္း၌ ပိုမိုဆိုး႐ြားလာသည္။ ထို႔အတူ ႏိုင္ငံသား အလုပ္လက္မဲ့ဦးေရမွာလည္း (သိန္း) ဂဏန္းနားတြင္ အၿမဲရပ္တည္ေနသည္။ အာဆီယံႏိုင္ငံမ်ားမွလူငယ္မ်ားက ဘဝတိုး တက္မႈအတြက္ေသာ္လည္းေကာင္း၊ ဘဝသစ္စတင္ အေျခခ်ရန္လည္းေကာင္း စင္ကာပူႏိုင္ငံသို႔ အလုအယက္လာေရာက္ခ်င္ေနၾကဆဲျဖစ္ေသာ္လည္း၊ စင္ ကာပူႏိုင္ငံရွိ လူလတ္တန္းစား ပညာတတ္ လူငယ္အေတာ္မ်ားမ်ားကေတာ့ ပညာေရးဆုံးခန္းတိုင္သည္ႏွင့္ ေအာ္ဇီ၊ နယူးဇီလန္၊ ကေနဒါ၊ အေမရိကန္ျပည္ေထာင္စုႏွင့္ အျခားဥေရာပႏိုင္ငံမ်ားသို႔ ေျပာင္းေ႐ႊ႕ေနထိုင္သူ ႏိုင္ငံသားခံယူ သူမ်ားလည္း ပိုမိုမ်ားျပားလာၿပီး လူငယ္မ်ားအၾကားေရပန္းစားကာ စိတ္ဖိစီးမႈမ်ားေသာ စင္ကာပူႏိုင္ငံကို စြန႔္ခြာၾက သည့္ဦးေရ ႏွစ္စဥ္ တိုးတက္ မ်ားျပားလာသည္။

စိတ္ဖိစီးမႈႏွင့္ စိတ္က်န္းမာေရး (High Stress and Mental Health)
လြန္ခဲ့ေသာ ႏွစ္ေပါင္း (၂၀)ခန႔္ကစင္ကာပူႏွင့္ ယေန႔စင္ကာပူႏႈိင္းယွဥ္ၾကည့္ပါက လူငယ္စိတ္ က်န္းမာေရး ခ်ိဳ႕တဲ့သူဦးေရမ်ားျပားလာသည္။ စာသင္အ႐ြယ္တြင္လည္း စာသင္ၾကားမႈဆိုင္ရာ စိတ္ဖိစီးမႈမ်ားရွိသကဲ့သို႔ ဘြဲ႕ရၿပီး အလုပ္ဝင္ရန္ ၿပိဳင္ဆိုင္မႈ သည္လည္း လူငယ္မ်ားအၾကား ႀကီးမားေသာစိန္ေခၚမႈ ႀကီးျဖစ္ျပန္သည္။ အစစအရာရာကို ကုန္က်စရိတ္၊ စိတ္ဖိစီးမႈျဖင့္သာတိုင္းတာရင္း တစ္ဦးတည္းေန လူပ်ိဳႀကီး၊ အပ်ိဳႀကီးမ်ား၊ အိမ္ေထာင္ကြဲမ်ား ပိုမ်ားလာကာ စိတ္ထြက္ေပါက္ ေပ်ာက္သူ၊ တိုင္ပင္ေဖာ္တိုင္ပင္ဖက္ မဲ့သူ အမ်ားစုျဖစ္လာသည္။ ထို႔အတူ ကူရာမဲ့ သား ေထာက္သမီးခံေဆြမ်ိဳးမဲ့ကာ အိမ္အတြင္း တစ္ေယာက္တည္းဆုံးပါးသြားၿပီး ပုပ္မွအနံ႔ရ၍သိရွိရသည့္ ရင္ႏွင့္ဖြယ္ သက္ႀကီးေသဆုံးမႈမ်ားဟာလည္း တစ္ႏွစ္ထက္တစ္ႏွစ္ တိုးပြားလာသည္။ ကိုယ္အလုပ္ လုပ္မွ ကိုယ္ရပ္တည္ႏိုင္မည့္ လူေနမႈစနစ္တြန္းအားေၾကာင့္ ေမြးခ်င္းနည္းပါးသူမ်ားသည္ စိတ္မေကာင္း စြာျဖင့္ပင္ မိအိုဖအိုကို လူအို႐ုံ (သို႔) သက္ႀကီးေစာင့္ ေရွာက္ေရးေဂဟာသို႔ပို႔ေဆာင္ရမႈမွာလည္း ႏွစ္စဥ္ျမင့္ တက္လာၿပီး အစိုးရကပင္ လူအို႐ုံတိုးခ်ဲ႕ တည္ေဆာက္ျခင္းမ်ားကို တိုးကာလုပ္ေဆာင္လာၾကသည္။
အစိုးရက လူအို႐ုံျပဳစုသူ ႏိုင္ငံျခားသား သူနာျပဳငွားရမ္းရမႈမ်ားမွာလည္း မိအိုဖအိုမ်ားကို လူအို႐ုံသြားထားသူ သားသမီးမ်ားအဖို႔ လစဥ္ေပးသြင္းရေသာ လူအို႐ုံစရိတ္ကို ႀကီးေစသည္အထိ သက္ေရာက္မႈက ရွိျပန္သည္။ သဘာဝ သယံဇာတ တစ္ခုမွ် မရွိသည့္စင္ကာပူႏိုင္ငံသည္ တစ္နည္းအားျဖင့္ အစစအရာရာေငြေပးဝယ္ရသည့္အတြက္ လိုအပ္သည့္ ဝန္ေဆာင္မႈတိုင္း ႏိုင္ငံသားမ်ား၏ ကုန္က်စရိတ္မ်ား အျဖစ္ တိုက္႐ိုက္အခ်ိဳးက်ေစသည္။

မိမိကိုယ္မိမိ အဆုံးစီရင္မႈ ေသဆုံးႏႈန္း (Suicide Death Rate)
စင္ကာပူႏိုင္ငံသည္ ႏွစ္စဥ္ ေမြးဖြားႏႈန္း (၁)ရာခိုင္ႏႈန္းေအာက္က်ဆင္းေန႐ုံမွ်မက သာမန္ ေသဆုံးမႈမ်ားမပါ ႏိုင္ငံတြင္း ႏွစ္စဥ္မိမိကိုယ္မိမိ အဆုံးစီရင္ႏႈန္းဟာလည္း ဆယ္စုႏွစ္ႏွင့္ခ်ီကာ ႏိုင္ငံ သားလူဦးေရ၏(၁)ရာခိုင္ႏႈန္း ႏွင့္အထက္ အၿမဲရွိေနသည္။ အဆုံးစီရင္သူမ်ားထဲတြင္ ႏိုင္ငံျခားသားေနထိုင္ သူမ်ားပါသည္ဆိုေသာ္ျငားလည္း အနည္း ငယ္သာ ျဖစ္ၿပီး ႏိုင္ငံသားမွာ အမ်ားဆုံးျဖစ္သည္။ အစိုးရက ထုတ္ျပန္ေသာ ႏိုင္ငံတြင္း မိမိကိုယ္မိမိ အဆုံးစီရင္သူ မွတ္တမ္းအခ်က္အလက္မ်ားအရ (၂၀၁၄) ခုႏွစ္တြင္ (၄၁၅) ဦး၊ (၂၀၁၅) ခုႏွစ္တြင္ (၄၃၁) ဦး၊ (၂၀၁၆) ခုႏွစ္တြင္ (၄၁၅) ဦး၊ (၂၀၁၇) ခုႏွစ္တြင္ (၃၈၄) ဦး၊ (၂၀၁၈) ခုႏွစ္တြင္ (၃၉၆) ဦး၊ (၂၀၁၉) ခုႏွစ္တြင္ (၄၀ဝ) ဦး၊ (၂၀၂၀) ျပည့္ႏွစ္တြင္ (၄၅၂) ဦး၊ (၂၀၂၁) ခုႏွစ္တြင္ (၃၇၈) ဦး၊ (၂၀၂၂) ခုႏွစ္တြင္ (၄၇၆) ဦး၊ (၂၀၂၂) ခုႏွစ္တြင္ (၃၂၂) ဦးရွိၿပီး (၂၀ဝဝ)ျပည့္ႏွစ္မွစ၍ ႏွစ္စဥ္သတ္ေသမႈမ်ားႏွင့္ႏႈိင္း ယွဥ္ပါက အနည္းဆုံးေသာႏွစ္ျဖစ္သည္။ (၂၂၂)ေယာက္ေသာအဆုံးစီရင္သူမွာ အမ်ိဳးသား မ်ားျဖစ္ၿပီး ရာခိုင္ႏႈန္းအားျဖင့္ (၆၈.၉)ရာခိုင္ႏႈန္းျဖစ္သည္။ စိတ္မေကာင္းစရာမွာ (၂၉.၂) ရာခိုင္ႏႈန္းေသာ အဆုံးစီရင္ သူမ်ားမွာ အသက္ (၁၀)ႏွစ္မွ (၂၉)ႏွစ္ၾကားရွိသူမ်ား ျဖစ္သည္။ (၂၀၂၄)ခုႏွစ္အတြက္ တရားဝင္သတ္ေသ အဆုံးစီရင္သူ စာရင္း မေၾကညာေသးေသာ္လည္း ရာခိုင္ႏႈန္းမ်ားေၾကာင္း သတင္းမ်ားထြက္ေပၚလ်က္ရွိ သည္။
ထို႔အတြက္ ႏွစ္စဥ္ေမြးဖြားႏႈန္းမွာ ႏိုင္ငံ လူဦးေရ၏ (၁)ရာခိုင္ႏႈန္းေအာက္က်ဆင္းေနၿပီး သာမန္ေသဆုံးမႈမ်ား မပါဘဲ ႏွစ္စဥ္ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္သူမွာ ႏိုင္ငံ့လူဦးေရ၏ (၁)ရာခိုင္ႏႈန္းအၿမဲ ေက်ာ္ေနေသာ ႏွစ္ေပါင္း(၆၀) သက္တမ္းသာရွိေသးသည့္ စင္ကာပူႏိုင္ငံ၏ ႏွစ္(၁၀ဝ) အနာဂတ္သက္ တမ္းႏွင့္ ႏိုင္ငံ့လူဦးေရကို မွန္းဆၾကည့္မည္ဆို ပါက အီလြန္မက္စ္ စိုးရိမ္စြာခန႔္မွန္းသည့္ေဟာကိန္းသည္ မွားဖို႔ရန္ ခက္ခဲလွသည္။ က်န္ရွိသည့္ ႏွစ္ေပါင္း(၄၀)တြင္ စင္ကာပူႏိုင္ငံ ေပ်ာက္မသြားေလာက္ေသာ္လည္း၊ ေခတ္မီလက္နက္မ်ားရွိေသာ္ျငားလည္း ႏိုင္ငံကာကြယ္ ေရးစိတ္ဓာတ္ ျပည့္ဝသည့္ႏိုင္ငံသားမ်ားမရွိလွ်င္ အင္အားေတာင့္တင္းသူႏိုင္ငံမ်ား၏အႏိုင္က်င့္ခံရႏိုင္ေျခ အလားအလားမ်ားစြာအျပင္ ျပင္ပၿခိမ္းေျခာက္မႈ (Ex­ternal Threat)မ်ားစြာႏွင့္လည္း ရင္ဆိုင္ရႏိုင္ ေျခရွိသည္။
ထိုအေရးကို ႀကိဳတင္တြက္ဆထားေသာ စင္ကာပူႏိုင္ငံ့ေခါင္းေဆာင္မ်ားသည္ အ႐ြယ္ေရာက္ ပညာတတ္ ႏိုင္ငံျခားသားေနထိုင္သူမ်ားႏွင့္ ၎တို႔၏ သားသမီးမ်ားကို အၿမဲတမ္းေနထိုင္ခြင့္ႏွင့္ ႏိုင္ငံသား ေျပာင္းလဲဆက္ခံခြင့္ မ်ားကို စိစစ္ခ်ေပးကာ ႏိုင္ငံသား လိုအပ္ခ်က္ကြက္လပ္မ်ားကို ျဖည့္တင္းလာေနသည္။ သို႔ေသာ္ ထိုမဟာဗ်ဴဟာမွာ စီးပြားေရး၊ ကုန္ထုတ္ လုပ္ငန္းႏွင့္ အရည္အခ်င္း၊ လူ႔စြမ္းအားအရင္းအျမစ္ လိုအပ္ခ်က္ကိုသာ ျဖည့္တင္းႏိုင္မည္ျဖစ္ၿပီး ႏိုင္ငံႏွင့္ တစ္သားတည္းက်မႈ၊ ႏိုင္ငံခ်စ္စိတ္၊ ႏိုင္ငံေတာ္ကာ ကြယ္ေရးတာဝန္မ်ားအတြက္မူ အစိုးရေခါင္းေဆာင္ မ်ားအဖို႔ ႀကီးမားသည့္စိန္ေခၚမႈႀကီးမ်ား ရွိေနဆဲျဖစ္သည္။
ႏိုင္ငံတည္ၿမဲရန္ တည္ၿငိမ္ေရးႏွင့္ ကာကြယ္ေရး၊ သတင္းအခ်က္အလက္လုံၿခဳံေရးမွာ အဓိကက်လွၿပီး ေရၾကည္ရာ ျမက္ႏုရာကို ဘဝေရွ႕ေရးအ တြက္ မိမိေမြးဖြားရာႏိုင္ငံ၏ ႏိုင္ငံသားျဖစ္ခြင့္ကိုေတာင္ စြန႔္လႊတ္ခဲ့သူမ်ားသည္ စင္ကာပူႏိုင္ငံတြင္ အစစသာ၍ ႏိုင္ငံသားခံယူလာၾကေသာ္လည္း စင္ကာပူႏိုင္ငံသာ ႏိုင္ငံေတာ္ကာကြယ္ေရး အေရးေပၚအေျခအေန ျဖစ္လာပါက ထိုႏိုင္ငံသားသစ္မ်ား စင္ကာပူကို တကယ္အသက္စြန႔္ကာကြယ္ၾကမလား၊ ေခါင္း ေရွာင္ စြန႔္ခြာသြားၾကမလားဆိုသည္ကေတာ့ ေလးနက္ေသာ စိုးရိမ္ဖြယ္ေမးခြန္းထုတ္စရာပင္။
အထက္ပါေလ့လာမႈမ်ားကို စာေရးသူ အေနျဖင့္ အမိျမန္မာျပည္အတြက္ သင္ခန္းစာ ယူရပါက မိမိတို႔ႏိုင္ငံတြင္ ေျဖရွင္းမရႏိုင္ေသးေသာ သမိုင္းျပႆနာမ်ားစြာရွိေနဆဲႏွင့္ ယေန႔ျပႆနာမ်ား စြာေပၚေနဆဲျဖစ္လင့္ကစား စင္ကာပူကို လည္း မ်က္ျခည္မျပတ္ သင္ခန္းစာယူသင့္သည္။ ႏိုင္ငံစုံက Talent မ်ားျဖင့္ဖြဲ႕စည္းထားသည့္ Multi National country ပါဆိုေသာ တိုးတက္ခ်မ္းသာသည့္ႏိုင္ငံမ်ားပင္ လူသားမ်ားရွိေန႐ုံျဖင့္ တိုင္းျပည္မတည္ၿမဲ ႏိုင္ပါ။ လုံေလာက္သည့္ ႏိုင္ငံသားဦးေရရွိမွ ႏိုင္ငံဆိုသည္မွာ တင့္တယ္ေတာင့္တင္းသည္ကို သတိခ်ပ္သင့္သည္။ မ်ိဳးဆက္မျပတ္မွ အစဥ္အလာႀကီး မားသည့္ ျမန္မာႏိုင္ငံ အမ်ိဳး၊ ဘာသာ၊ သာသနာ၊ ယဥ္ ေက်းမႈ၊ ဓေလ့ထုံးတမ္းအစဥ္အလာဆိုသည္မွာ ကမာၻတည္သေ႐ြ႕ တည္ရွိေနမည္ျဖစ္သည္။ ျမန္မာ ႏိုင္ငံသားမွဖြားေသာ ျမန္မာကေလးမ်ား ဆက္လက္ ေမြးဖြားရမည္၊ လူငယ္တို႔ က်န္းမာႀကံ့ခိုင္ရမည္၊ ပညာတတ္ရမည္၊ သမိုင္းေဟာင္းကို သိရမည္၊ ထိုအေပၚ တြင္ သင္ခန္းစာယူ တတ္ရမည္၊ သမိုင္းသစ္ေရးေသာ သူမ်ားျဖစ္ရမည္၊ ႏိုင္ငံႏွင့္ႏိုင္ငံ့အေမြအႏွစ္မ်ားကို သမိုင္းေပးတာဝန္ကဲ့သို႔ ကာကြယ္ေစာင့္ေရွာက္ၾက ရမည္။ စည္းလုံးၿပီးက်စ္လ်စ္ေသာ လူမ်ိဳး၊ ႏိုင္ငံသား မရွိလွ်င္ ႏိုင္ငံဆိုသည္မွာမရွိႏိုင္။ မည္သူ လာေနေန၊ ထြက္သြားသြား ရၿပီ။ ထိန္းသိမ္းမႈမဲ့သည့္ ကုန္းေျမ၊ ေရျပင္ သက္သက္သာျဖစ္သြားပါလိမ့္မည္။

Related news

© 2021. All rights reserved.